Wednesday, March 9, 2016

နောက်ထပ်သမိုင်း မရိုင်းစေချင်

Tin Nyunt

သမ္မတဘယ်သူဖြစ်မလဲ ကျွန်တော် စိတ်မဝင်စားပါဘူး။ သမ္မတ ဒေါ်အောင်ဆန်းစုကြည်ဆိုတာပဲ စိတ်ဝင်စား တယ်။ ဒါပေမဲ့ စစ်တပ်ကဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဘူး။ အဲဒါကို အစိုးရအဖွဲ့ဟောင်းက လူညစ်တွေက ဟိုလိုလုပ်ပါလား … သည်လိုလုပ်ပါလား … မြောင်း ဖော်ကြတယ်။ တကယ်တော့ အဲဒီ မြောင်းအတိုင်း လိုက်စီးရင် တွေ့တယ်မဟုတ်လား သမ္မတဖြစ်ချင်တော့ ဥပဒေကို အမျိုးမျိုးလုပ်တယ်ဆိုပြီး ဝေဖန်နိုင်အောင် အကျင့်ယုတ်နေကြတာ။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲလေ။ စစ်ရေးအမြင်ပဲရှိတဲ့သူတွေလို ခပ်တုံးတုံးမှ မဟုတ်တာ။ ဒါကြောင့် သမ္မတ ဘယ်သူဖြစ်သင့်တယ်ဆိုတာ၊ ဘယ်လို ဖြစ်သင့်တယ်ဆိုတာ အကောင်းဆုံး အဖြေထုတ်သွားမယ်လို့ ယုံကြည်တယ်။
တိုင်းပြည်ကလည်း သူ့ကို ယုံကြည်လို့ အားလုံး ပုံအပ်ပြီးနေမှ သူတင်တဲ့သမ္မတ ကျွန်တော်တို့ လူထု သမ္မတပေါ့။ သူကိုယ်တိုင်သမ္မတဖြစ်ရင်တော့ ဘာပြောကောင်းမလဲ။ မနေ့ကညနေခင်း လက်ဖက်ရည်ဆိုင်ထိုင်တော့ မျက်နှာချင်းဆိုင်တိုက်ပေါ်ကနေ ဝန်ကြီးစာရင်းတွေ အော်ဖတ် ပြနေတယ်။ ပြည်သူတွေ နိုင်ငံရေးကို စိတ်ဝင်စားလာတာ အားရတယ်။ သူတို့ဖတ်နေတဲ့ စာရင်းတွေကလည်း Facebook ပေါ်က စာရင်းတွေဆိုတာ သိနေတာပဲ။ တကယ်ထုတ်ပြန်တဲ့ စာရင်း မဟုတ်မှန်းသိလည်း ပြည်သူ တွေက ကိုယ့်အတွေးနဲ့ကိုယ် မှတ်ချက်တွေပေးပြီး ကြည်နူးနေကြတာ။
အစိုးရသစ်အပြောင်းအလဲကတော့ ရက်ပိုင်းပဲ လိုတော့တယ်။ အာဏာ လွှဲပြောင်းပွဲကို NLD က လွှတ်တော်မှာ ကျင်းပဖို့ ဆန္ဒရှိတယ်။ အာဏာလွှဲပြောင်းပွဲကို သမ္မတဟောင်းမတက်ဘူးဆိုတဲ့ သတင်းတွေလည်း ကြားနေရ တယ်။ အာဏာလွှဲပြောင်းပွဲကို သမ္မတဟောင်းကိုယ်တိုင် သမ္မတသစ်ကို ကြည်ဖြူစွာ လာပြီး မလွှဲပြောင်းနိုင်ရင် သဘောထားသေးသိမ်မှုတွေဟာ အလိုလို ပေါ်လွင်သွားတော့မှပဲ။ ခုတောင် ဝန်ကြီးဟောင်းအချို့က ကြိတ်မနိုင် ခဲမရ ရင်ထဲက အမုန်းတရားတွေကို ထုတ်ဖော်ပြနေတာ။
ဗိုလ်ချုပ်အောင်ဆန်းကို ဦးစောသတ်တုန်းက အဲဒီလို အမုန်းတရားတွေကနေ အခြေခံလာတာပဲဗျ။ သဘောထား သေးသိမ်မှုတွေ၊ အောက်တန်းကျမှုတွေ၊ ယုတ်မာမှုတွေနဲ့ ပေါင်းလိုက်တော့ ပိုဆိုးသွားတော့ တာပဲ။ မြန်မာနိုင်ငံသမိုင်း တစ်ခါပဲ ရိုင်းသင့်ပါတယ်။
၇.၃.၂၀၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...