Sunday, March 6, 2016

တစ္ဆေအမတ်

ကျွန်တော် ရုပ်ရှင်ကြည့်ရင် အစအဆုံး ကြည့်ရတယ်မရှိပါဘူး။ စာဖတ် စာရေးရင်းက မျက်လုံးညောင်း စိတ်ညောင်းရင် ကောက်ဖွင့်လိုက်ပြီး ကြုံတဲ့အပိုင်းကောက်ကြည့်တာ။ ညက Bhoothnath Returns ရုပ်ရှင် ကြည့်ဖြစ်လိုက်တယ်။ အိန္ဒိယကားပါ။ ဇာတ်လိုက်ကြီးက အမီတာ ဘချမ်းပေါ့။
ဖြစ်နိုင်တာမျိုးတွေ မဟုတ်ပေမယ့် စိတ်ကူးယ ဉ်ဇာတ်လမ်းတွေထဲမှာတော့ အတော်လေးကြည့် ကောင်းတဲ့ ဇာတ်ကားလို့ ဆိုရမယ်။ နိုင်ငံရေးလေးရော စွက်ထားတော့ ဇာတ်ကားက ပိုပြီး သွက်လာတယ်။ အိန္ဒိယ နိုင်ငံရဲ့ဒီမိုကရေစီ အမည်ခံ နိုင်ငံရေးသမားတွေ ကလိမ်ကျတဲ့ ဖြစ်ချင်တိုင်းဖြစ် ရွေးကောက်ပွဲနဲ့ စုတ်ပြတ်နေတဲ့ ဝန်ထမ်းတွေရဲ့ စရိုက်ဆိုးတွေကို ကောင်းစွာ သရုပ်ဖော်ပြသွားနိုင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလို့ ဆိုချင်ပါ တယ်။
ဒီဇာတ်ကားမှာ သဘောကျမိတာက “တစ္ဆေအမတ်” အကြောင်းပါ။ သေသွားတဲ့ သူတောင် အိန္ဒိယနိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုနဲ့ မခိုင်မာတဲ့ ဥပဒေကြောင့် ရွေးကောက်ပွဲဝင်နိုင်တယ်ဆိုတာကို မီးမောင်းထိုးပြတယ်။
တစ္ဆေက ရွေးကောက်ပွဲဝင်တော့ နိုင်တယ်ပဲထား ဘယ်လိုလုပ်ပြီး အမတ်ဖြစ်နိုင်မှာလဲ။ တစ္ဆေက အမတ်နေရာ ကနေ ပါလီမန်ထဲထိုင်ချင်လို့မှမဟုတ်တာ။
စုတ်ပြတ်နေတဲ့ နိုင်ငံရေးစနစ်နဲ့ ပြည်သူတွေကို အမှန်တကယ် ကိုယ်စားမပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ဖော်ထုတ်ပြချင်လို့ ရွေးကောက်ပွဲ ဝင်လိုက်တာ။
ဇာတ်ကားထဲမှာ အကြိုက်ဆုံး အကွက်က မြေပဲတောင့်လေး ၁၀ တောင့်ကိုယူပြီးတော့ အိန္ဒိယရွေးကောက်ပွဲကို သရုပ်ဖော်ပြသွားတယ်။ မြေပဲ ၁၀ တောင့်မှာ ၅ တောင့်ကို ဖယ်လိုက်ပြီး ကျန် ၅ တောင့်ထဲမှာ ၃ တောင့်ဖြစ် သွားတဲ့ အုပ်စုက တိုင်းပြည်ကို အုပ်ချုပ်နေကြတာ။ မဲလာပေးရကောင်းမှန်မသိတဲ့ ၅ တောင့် (ထက်ဝက်သော လူများစု) တွေရဲ့ ဆန္ဒမပါဘဲ တိုင်းပြည်ကို အုပ်ချုပ်နေကြတာ မှန်ကန်ရဲ့လားလို့ မေးခွန်းထုတ်ထားတယ်။
ဒီဇာတ်ကားကို ကျွန်တော်တို့ နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီက ကြည့်ရရင် အရမ်းကောင်းမှာ။ လူများစု ပါဝင်လာမှ ရွေးကောက်ပွဲဟာ မှန်ကန်လာမှာ၊ သဘာဝကျမှာဆိုတာ ဒီကားကပေးချင်တဲ့အကြောင်းအရာ။
မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်က အများစု ရွေးကောက်ပွဲကို စိတ်ဝင်စားအောင်လုပ်ပြီး၊ စစ်တပ်နဲ့ အာဏာရှင်စိုးမိုးမှုကို ပြုတ်ကျအောင် လုပ်နိုင်ခဲ့တာမှန်တယ်။ ဒါပေမဲ့ ရုပ်ရှင်ထဲကလို တစ္ဆေအမတ်မျိုးများ ဖြစ်နေမလား စိုးရိမ်မိတယ်။
ဘာဖြစ်ဖြစ် စစ်အာဏာရှင်စနစ်နဲ့ အကျင့်ပျက်စရိုက်ဆိုးတွေကို ရိုက်ချိုးပြီးတော့ ရွေးကောက်ပွဲမှာ နိုင်ခဲ့တာ တော့မှန်တယ်။ ပြည်သူအားလုံးကလည်း သမ္မတအဖြစ် မျှော်လင့်နေကြတာလည်းမှန်တယ်။ တစ်နိုင်ငံလုံး ပြည်သူတွေ တောင်ပြို ကမ်းပြို မိုးပြိုလုမတတ် ထောက်ခံပြီး မဲပေးခဲ့ကြလို့ အောင်ပွဲတွေ ခံနိုင်ခဲ့တာတောင် တစ္ဆေဘဝလိုမျိုးနေရမယ်ဆိုရင်တော့ မြန်မာ့ ဒီမိုကရေစီ ဆိုတာ သေနတ်ပြောင်းအောက်မှာပဲ ရှိနေသေးတယ် ဆိုတာ ထင်ရှားနေပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တစ္ဆေအမတ်လိုနေရာမျိုးက နေဆိုလည်း နေမယ်ဆိုတာ ယုံကြည်ပြီးသားပါ။ ဘာကြောင့်လည်းဆိုတော့ သူ့ဘဝမှာ ရယူလိုခြင်းဆိုတာ ထက် ပေးဆပ်ခဲ့မှုပေါင်းများစွာနဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုသွားမယ့်သူလို့ ယုံကြည်နေလို့ပါ။ သူ့မှာရှိတဲ့ အစွမ်းတွေနဲ့ အားလုံးကို ထိန်းချုပ်ပြီး လုပ်ဆောင်ခွင့်ရနေတယ်ဆိုတာက ပိုပြီးတော့ ပီတိဖြစ်စရာကောင်းတာပေါ့။ ကြုံကြိုက်ရင် အဲဒီဇာတ်ကားလေး ကြည့်စေချင်ပါတယ်။
၂၈.၂.၂၀၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...