Tuesday, March 8, 2016

ထားခဲ့လိုက်ပါ

သိန်း မြင့်

တစ်ခါတုန်းက ပညာရှိကြီးတစ်ဦးက ဟောပြောတဲ့ခန်းမတစ်ခုအတွင်းမှာ နားထောင်နေတဲ့ ပရိတ်သတ်ကို ဟာသ တစ်ခုပြောနေတယ် ။
နားထောင်သူတွေအကုန်လုံးက ကျယ်လောင်စွာ အားလုံး ရယ်မောလိုက်ကြတယ် ။ ရယ်မောသံတွေ တိတ်သွားတဲ့အခါ သူက အဲဒီဟာသကိုပဲ ထပ်ပြောတယ် ။ အဲဒီအချိန်မှာ လိုက်ပြီးရယ်မောတဲ့သူ အနည်းငယ်ပဲရှိခဲ့တယ် ။

နောက်တစ်ကြိမ် ပညာရှိကြီးက အဲဒီဟာသကိုပဲ ထပ်ပြီးပြောပြန်တယ် ။ အဲဒီအခါမှာတော့ ခန်းမတစ်ခုလုံးမှာ ရယ်မောတဲ့သူတစ်ယောက်မှမရှိတော့ပါဘူး ။ ပညာရှိကြီးကပြုံးပြီးပြောတယ် ။
“ ခင်ဗျားတို့ ဟာ သတစ်ခုကို ကြားတဲ့အခါ ပထမအကြိမ်ရယ်မောကြတယ် ဒုတိယနဲ့ တတိယအကြိမ်တွေ ထပ်ခါထပ်ခါ ကြားရတဲ့အခါ မရယ်ကြတော့ဘူး ဟာသကိုတောင် ထပ်ခါ ထပ်ခါ မရယ်မောချင်ကြတဲ့ ခင်ဗျားတို့ဟာ ၀မ်းနည်းစရာကိစ္စတွေကိုရော ဘာကြောင့် ထပ်ခါထပ်ခါ ငိုကြွေးနေကြမလဲ ”
@@@@@@@@@@@@@@@@@@@@@@@@@@2

လောကကြီးမှာ ဖြစ်ပျက်တဲ့ကိစ္စတွေက တစ်ကြိမ်တစ်ခါမှာပဲ ပျော်ဖို့ကောင်းသလို မျက်ရည်ကျဖို့ကောင်းတယ် ။ တစ်ကြိမ်ထက်ပိုပြီး ဖြစ်ပျက်တဲ့ကိစ္စမှန်သမျှ မှာ ၀မ်းနည်းစရာမရှိသလို ပျော်ရွှင်စရာလည်းမရှိတော့ဘူး ။ ၀မ်းနည်းပူဆွေးးစရာတွေကို ပစ္စုပ္ပန်ကို သယ်ဆောင်မလာပါနဲ့ ။ ဖြစ်ပြီးခဲ့တဲ့ ပူလောင်သောကတွေကို ဖြစ်ပျက်ခဲ့တဲ့အချိန်အခိုက်အတန့်လေးမှာပဲ အားပါးတရ ငိုကြွေးပြီး ထားခဲ့လိုက်ပါ ။
ယခုလက်ရှိ အချိန်ထိ သယ်ဆောင်မလာပါနဲ့ ။ အလားတူပဲ အတိတ်မှာ မှားခဲ့တဲ့အမှားတွေကိုလည်း ယခုအချိန်ထိ သယ်ဆောင်မလာပါနဲ့ ။ ကျွန်တော်တို့အားလုံးမှာ မနက်ဖြန်အတွက် လုပ်စရာတွေ အများကြီးရှိသေးတယ်မဟုတ်လား ။

Credit ; သက်တန့်ချို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...