Wednesday, March 9, 2016

ပန္းတစ္ပြင့္ရဲ႕ ခိုနားရာ (သို႔မဟုတ္) ထိုင္ဝမ္ေျမမွ ဖိနပ္ေလး



[zawgyi]

“နဖူးစာ ရြာလည္” ဆိုတဲ့အတိုင္း ခ်စ္သူႏွစ္ဦးေရစက္ဆံုႏိုင္ဖို႔ ဆန္းၾကယ္တဲ့ အလွည့္အေျပာင္းေတြ ရွိတတ္သလို မထင္မွတ္ဘဲ ေရစက္လြဲခဲ့ရတဲ့ ခ်စ္သူေတြလည္း ရွိတတ္ပါတယ္။ အဲဒီလို ေရွးေရစက္ေၾကာင့္တင္မက လက္ရွိဘဝတကယ့္ေရစက္ေၾကာင့္ပါ။ လက္ထပ္ပြဲဖ်က္သိမ္းခဲ့ရသူ ထိုင္ဝမ္မိန္းမပ်ိဳေလးတစ္ေယာက္ရဲ႕ က႐ုဏာသက္ဖြယ္ ဇာတ္လမ္းနဲ႔အတူ သူမကို အမွတ္ရတဲ့အေနနဲ႔ တည္ေဆာက္ခဲ့တဲ့ ေဒါက္ဖိနပ္ပံု Church ေက်ာင္း အေၾကာင္းကို ေရးသားေဖာ္ျပခ်င္ပါတယ္။

ဒီဇာတ္လမ္းေလးကေတာ့ ဝမ္ (Wang) လို႔ အမည္ရတဲ့ ထိုင္ဝမ္လူမ်ိဳး မိန္းမပ်ိဳေလးတစ္ေယာက္ရဲ႕ အခ်စ္ကံေခခဲ့တဲ့ ဇာတ္လမ္းျဖစ္ပါတယ္။ ၁၉၆၀ ႏွစ္ေတြတုန္းက ထိုင္ဝမ္အေနာက္ေတာင္ပိုင္း ကမ္း႐ိုးတန္းေဒသမွာ ေသာက္သံုးေရ ျပတ္လပ္ခဲ့တဲ့အတြက္ အာဆင္းနစ္ပါဝင္တဲ့ ေရကိုသာ ေသာက္သံုးခဲ့ရတာေၾကာင့္ ေဒသခံအမ်ားအျပား Blackfoot Disease လို႔ ေခၚတဲ့ ေျခပုပ္ေရာဂါ ျဖစ္ပြားခဲ့ၾကရပါတယ္။ ေျခေထာက္ေတြရဲ႕ ေသြးေၾကာငယ္ေတြကို ဆိုးရြားစြာထိခိုက္ပ်က္စီးေစၿပီး ေျခေထာက္ပုပ္သြားေစတဲ့ အဲဒီေရာဂါေၾကာင့္ သူမရဲ႕ ေျခႏွစ္ဖက္စလံုးဆံုး႐ႈံးခဲ့ရပါတယ္။
ဒါေၾကာင့္ အသက္ႏွစ္ဆယ့္ေလးႏွစ္အရြယ္ ပ်ဳိျမစ္ႏုနယ္တဲ႔ သတိုးသမီးေလာင္းေလးဟာ လက္ထပ္ပြဲကို ဖ်က္သိမ္းခဲ့ရပါတယ္။ အေၾကာင္းကေတာ့ ဝမ္မ်ိဳးႏြယ္႐ိုးရာလက္ထပ္ပြဲေတြမွာ သတို႔သမီးက လက္ထပ္ပြဲ မက်င္းပမီ ဖန္ေဒါက္ဖိနပ္စီးၿပီး လမ္းေလွ်ာက္ရပါတယ္။ အဲဒီလို လမ္းေလွ်ာက္ၿပီးရင္ ဖိနပ္ကို ႐ိုက္ခြဲလႊင့္ပစ္ေလ့ရွိပါတယ္။ အပ်ိဳဘဝ အဆံုးသတ္ခဲ့ၿပီး အိမ္ေထာင္သည္ဘဝ စတင္ရေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ပါ။ သူမတို႔မ်ိဳးႏြယ္ရဲ႕ ရိုးရာဓေလ့ဟာ ေျခေထာက္ႏွစ္ဖက္စလုံး ဆုံးရႈံးသြားခဲ့တဲ႔ မိန္းမပ်ိဳေလးအတြက္ေတာ့ ေၾကကြဲစရာျဖစ္ရပ္တစ္ခု ျဖစ္ခဲ့ရပါတယ္။ မိန္းမပ်ိဳေလးဟာ လက္ထပ္ပြဲပ်က္ခဲ့ရၿပီးေနာက္ပိုင္း သူမဘဝရဲ႕ လက္က်န္သက္တမ္းကို Church ေက်ာင္းတစ္ေက်ာင္းမွာ အထီးက်န္စြာ ကုန္ဆံုးခဲ့ရပါတယ္။
ဒီဇာတ္လမ္းေလးကို အေၾကာင္းျပဳၿပီး ထိုင္ဝမ္အေနာက္ေတာင္ပိုင္းမွာရွိတဲ့ Budai ၿမိဳ႕မွာ ေဒါက္ဖိနပ္ပံု Church ေက်ာင္းတစ္ေက်ာင္းကို တည္ေဆာက္ခဲ့ၿပီး ေဖေဖာ္၀ါရီ ၈ ရက္ တ႐ုတ္ႏွစ္သစ္ကူးမွာ ဖြင့္လွစ္ခဲ့ပါတယ္။ ဒီ Church ေက်ာင္းကို အျပာေရာင္ဖန္ခ်ပ္ေပါင္း သံုးရာ့ႏွစ္ဆယ္ေက်ာ္ အသံုးျပဳ တည္ေဆာက္ထားၿပီး ၅၅ ေပအျမင့္ရွိကာ ၃၆ ေပက်ယ္ပါတယ္။ ကုန္က်စရိတ္က အေမရိကန္ေဒၚလာ ၆၈၆,၀၀၀ ခန္႔ ျဖစ္ၿပီး အတြင္းပိုင္းအျပင္အဆင္မ်ားကို ဆက္လက္ေဆာက္ရြက္ေနဆဲ ျဖစ္ကာ maple ရြက္ေတြ၊ ခ်စ္သူစံုတြဲေတြအတြက္ ထိုင္ခံုေတြ၊ ဘီစကစ္နဲ႔ ကိတ္မုန္႔ေတြ စတဲ့ အမ်ိဳးသမီးထုအတြက္ ရည္ရြယ္တဲ့ အျပင္အဆင္ တစ္ရာေက်ာ္ခန္႔ ပါဝင္မွာ ျဖစ္ပါတယ္။

[unicode]
ပန်းတစ်ပွင့်ရဲ့ ခိုနားရာ (သို့မဟုတ်) ထိုင်ဝမ်မြေမှ ဖိနပ်လေး
=======================================
“နဖူးစာ ရွာလည်” ဆိုတဲ့အတိုင်း ချစ်သူနှစ်ဦးရေစက်ဆုံနိုင်ဖို့ ဆန်းကြယ်တဲ့ အလှည့်အပြောင်းတွေ ရှိတတ်သလို မထင်မှတ်ဘဲ ရေစက်လွဲခဲ့ရတဲ့ ချစ်သူတွေလည်း ရှိတတ်ပါတယ်။ အဲဒီလို ရှေးရေစက်ကြောင့်တင်မက လက်ရှိဘဝတကယ့်ရေစက်ကြောင့်ပါ လက်ထပ်ပွဲဖျက်သိမ်းခဲ့ရသူ ထိုင်ဝမ်မိန်းမပျိုလေးတစ်ယောက်ရဲ့ ကရုဏာသက်ဖွယ် ဇာတ်လမ်းနဲ့အတူ သူမကို အမှတ်ရတဲ့အနေနဲ့ တည်ဆောက်ခဲ့တဲ့ ဒေါက်ဖိနပ်ပုံ Church ကျောင်း အကြောင်းကို ရေးသားဖော်ပြချင်ပါတယ်။
ဒီဇာတ်လမ်းလေးကတော့ ဝမ် (Wang) လို့ အမည်ရတဲ့ ထိုင်ဝမ်လူမျိုး မိန်းမပျိုလေးတစ်ယောက်ရဲ့ အချစ်ကံခေခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ၁၉၆၀ နှစ်တွေတုန်းက ထိုင်ဝမ်အနောက်တောင်ပိုင်း ကမ်းရိုးတန်းဒေသမှာ သောက်သုံးရေ ပြတ်လပ်ခဲ့တဲ့အတွက် အာဆင်းနစ်ပါဝင်တဲ့ ရေကိုသာ သောက်သုံးခဲ့ရတာကြောင့် ဒေသခံအများအပြား Blackfoot Disease လို့ ခေါ်တဲ့ ခြေပုပ်ရောဂါ ဖြစ်ပွားခဲ့ကြရပါတယ်။ ခြေထောက်တွေရဲ့ သွေးကြောငယ်တွေကို ဆိုးရွားစွာထိခိုက်ပျက်စီးစေပြီး ခြေထောက်ပုပ်သွားစေတဲ့ အဲဒီရောဂါကြောင့် သူမရဲ့ ခြေနှစ်ဖက်စလုံးဆုံးရှုံးခဲ့ရပါတယ်။
ဒါကြောင့် အသက်နှစ်ဆယ့်လေးနှစ်အရွယ် ပျိုမြစ်နုနယ်တဲ့ သတိုးသမီးလောင်းလေးဟာ လက်ထပ်ပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။ အကြောင်းကတော့ ဝမ်မျိုးနွယ်ရိုးရာလက်ထပ်ပွဲတွေမှာ သတို့သမီးက လက်ထပ်ပွဲ မကျင်းပမီ ဖန်ဒေါက်ဖိနပ်စီးပြီး လမ်းလျှောက်ရပါတယ်။ အဲဒီလို လမ်းလျှောက်ပြီးရင် ဖိနပ်ကို ရိုက်ခွဲလွှင့်ပစ်လေ့ရှိပါတယ်။ အပျိုဘဝ အဆုံးသတ်ခဲ့ပြီး အိမ်ထောင်သည်ဘဝ စတင်ရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ သူမတို့မျိုးနွယ်ရဲ့ ရိုးရာဓလေ့ဟာ ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးသွားခဲ့တဲ့ မိန်းမပျိုလေးအတွက်တော့ ကြေကွဲစရာဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ရပါတယ်။ မိန်းမပျိုလေးဟာ လက်ထပ်ပွဲပျက်ခဲ့ရပြီးနောက်ပိုင်း သူမဘဝရဲ့ လက်ကျန်သက်တမ်းကို Church ကျောင်းတစ်ကျောင်းမှာ အထီးကျန်စွာ ကုန်ဆုံးခဲ့ရပါတယ်။
ဒီဇာတ်လမ်းလေးကို အကြောင်းပြုပြီး ထိုင်ဝမ်အနောက်တောင်ပိုင်းမှာရှိတဲ့ Budai မြို့မှာ ဒေါက်ဖိနပ်ပုံ Church ကျောင်းတစ်ကျောင်းကို တည်ဆောက်ခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက် တရုတ်နှစ်သစ်ကူးမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီ Church ကျောင်းကို အပြာရောင်ဖန်ချပ်ပေါင်း သုံးရာ့နှစ်ဆယ်ကျော် အသုံးပြု တည်ဆောက်ထားပြီး ၅၅ ပေအမြင့်ရှိကာ ၃၆ ပေကျယ်ပါတယ်။ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၆၈၆,၀၀၀ ခန့် ဖြစ်ပြီး အတွင်းပိုင်းအပြင်အဆင်များကို ဆက်လက်ဆောက်ရွက်နေဆဲ ဖြစ်ကာ maple ရွက်တွေ၊ ချစ်သူစုံတွဲတွေအတွက် ထိုင်ခုံတွေ၊ ဘီစကစ်နဲ့ ကိတ်မုန့်တွေ စတဲ့ အမျိုးသမီးထုအတွက် ရည်ရွယ်တဲ့ အပြင်အဆင် တစ်ရာကျော်ခန့် ပါဝင်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

စာမေရးျဖစ္ေတာ့တာေၾကာင့္ က်ေနာ္ႀကိဳက္ၿပီး ဖတ္ေစခ်င္တဲ့ စာေလးေတြကို တင္ထားပါတယ္ဗ်ာ

Followers

Total Pageviews

အမွာပါးစရာမ်ားရွိေနရင္

Pop up my Cbox

Blog Archive

အက္ဒမင္

အျခားက႑မ်ားကို ေလ့လာရန္

ရွာေဖြေလ ေတြ႔ရွိေလ

စာေပျမတ္ႏိုးသူမ်ား

free counters
Related Posts Plugin for WordPress, Blogger...