ပြုံးပါ ~ Thich Nhat Hanh
Author: lubo601 |
7:17 PM |
No မှတ်ချက် |
ဘဝကား ဒုက္ခနှင့် ပြည့်နေသည်။ ဒါပေသိ ကောင်းကင်ပြာ၊ နေရောင်ခြည်၊
ကလေးသူငယ်၏ မျက်လုံး စသော တအံ့တဩ တထူးတဆန်း တို့လည်း ဘဝ၌ ရှိသည်။ ဘဝကတော့
ဒုက္ခချည်းပဲ ဟု ခံစားနေလျှင်တော့ မနိပ်။ ဘဝ၏ တအံ့တဩ တထူးတဆန်းများနှင့်လည်း
ကျုပ်တို့ တွေ့ ထိနေရလိမ့်မည်။
တကယ်တော့ ကျုပ်တို့ အတွင်းထဲ၊ ကျုပ်တို့
ပတ်ပတ်လည်၊ နေရာတကာ၊ ဘယ်အချိန်မဆို တအံ့တဩ ဖြစ်စရာများ ရှိနေသည်။
ကျုပ်တို့ မပျော်ရွှင်၊ ကျုပ်တို့ မငြိမ်းချမ်းက ပျော်ခြင်းနှင့်
ငြိမ်းချမ်းခြင်းကို တခြားသူတို့နှင့် မဝေမျှနိုင်၊ ချစ်သူတို့ကိုသော်မှ
တမိုးအောက် နေသူ တို့ကိုသော်မှ မပေးနိုင်။ ကျုပ်တို့ ပျော်ရွှင်၊ ကျုပ်တို့
ငြိမ်းချမ်းပါမှ ကျုပ်တို့ ပြုံးနိုင်၍ ပန်းတစ်ပွင့်ကဲ့သို့ ပွင့်နိုင်သည်။
ထိုအခါ ကျုပ်တို့ မိသားစု ကျုပ်တို့ အသိုက်အဝန်း အကျိုး ရှိသည်။
ကောင်းကင်ပြာ၏ အလှအပကို ကျုပ်တို့ အရသာခံဖို့များ ကျုပ်တို့ အားထုတ်နေဖို့
လိုပါသလား။ လေ့ကျင့်နေဖို့ကော လိုပါသလား။ အရသာ ခံလိုက်ရုံမျှသာ၊
စက္ကန့်တိုင်း မိနစ်တိုင်း အဲသလို နေလို့ ရသည်။ ဘယ်နေရာ မဆို၊ ဘယ်အချိန်
မဆို၊ နေရောင်ကို အရသာ ခံနိုင်စွမ်း ကျုပ်တို့မှာ ရှိသည်။ အသက်ရှူနေသည်ကို
သိနေခြင်းမှပင် အရသာခံနိုင်စွမ်း ကျုပ်တို့မှာ ရှိသည်။
ကောင်းကင်ပြာကို ကြည့်ရန် အမေရိကန်ကို သွားစရာ မလိုပါ။ အသက်ရှူသည်ကို
သိနေခြင်းမှ အရသာခံရန် အနာဂတ်သို့ သွားစရာ မလိုပါ။ ယခုချက်ချင်းပင်
ထိုအရာများကို တွေ့နိုင်ပါသည်။ ဒုက္ခချည်းသာ သိနေရလျှင်ကား ကျုပ်တို့ခမျာ
သနားစရာ ကောင်းလှသည်။
ကျုပ်တို့ ချစ်ခင်သော သူများကိုမှ
မကြည့်နိုင်လောက်အောင် ကိုယ့်ကိုယ်ကိုယ်မှ ငဲ့မကြည့်နိုင်လောက်အောင်
ကျုပ်တို့မှာ ကိုယ့်အိမ်ထဲ၌ပင် အချိန်ရှားပါး၊ အလုပ်ရှုပ်နေကြသည်။
လူ့အဖွဲ့အစည်းက ထိုသို့ ဖြစ်နေသည်။ အားလပ်လျှင်သော်မှ ကိုယ့်ကိုယ်ကိုယ်
ပြန်ထိတွေ့ဖို့ အချိန် အသုံးပြုရကောင်းမှန်း မသိကြတော့။ အဖိုးတန် အချိန်ကို
ဖြုန်းပစ်ဖို့ နည်းတစ်ရာ ရှိနေသည်။ တီဗွီဖွင့်သည်။ တယ်လီဖုန်း ဆက်သည်။
ကားမောင်း၍ တစ်နေရာရာ သွားသည်။ ကိုယ်က "ကိုယ်၏ ဖြစ်တည်ခြင်း" နှင့်
အကျွမ်းတဝင် မရှိလှ။ မိမိက မိမိကိုယ်ကို မကြိုက်သကဲ့သို့ ဖြစ်နေလျက် မိမိက
မိမိကိုယ်မှ ထွက်ပြေးဖို့ ကြိုးစားနေကြသည်။
တရားထိုင်ခြင်းကတော့
ဘာဖြစ်နေသည်ကို သိဖို့ ဖြစ်သည်။ ကျုပ်တို့ ခန္ဓာမှာ၊ ကျုပ်တို့ စိတ်မှာ၊
ကျုပ်တို့ ဝေဒနာမှာ၊ ပြီးတော့ ကမ္ဘာမှာ... ။ နေ့တိုင်း နေ့တိုင်း ကလေး
လေးသောင်း အစာငတ်မွတ်၍ သေသည်။ နျူကလိယား ထိပ်ဖူး ငါးသောင်းက ကမ္ဘာကို
လေးငါးဆယ်ခါထိ ဖျက်နိုင်သည်။ ပသို့ဆိုစေ နေအရုဏ်တက်မှာ လှသည်။ နံရံပေါ်မှ
မနက်က ပွင့်သော နှင်းဆီပွင့်မှာ အံ့ဖွယ်သရဲ။ ဘဝသည် စိုးရွံ့ဖွယ်လည်း
ကောင်း၍၊ ရွှင်လန်းစရာလည်း ဖြစ်သည်။ တရားထိုင်ခြင်းကား ထိုနှစ်ခု စလုံး
ထိတွေ့ဖို့ ဖြစ်လေသည်။ တရားထိုင်ဖို့ ဣနြေ္ဒကြီးနှင့် နေမှ ရမည်ဟု
မမှတ်နှင့်။ ကောင်းကောင်း တရားထိုင်ဖို့ အများကြီး ပြုံးရမည်။
မကြာခင်က ကလေးတစ်စုနှင့် ထိုင်နေခဲ့ရာ "တင်" ဟူသော သူငယ်လေး အပြုံးက
ချစ်စရာ ကောင်းလှကြောင်း တွေ့ရသည်။ "တင်.... မင်းအပြုံးက တယ်ချစ်စရာ
ကောင်းတာကိုး" ဟု ကျုပ်က ပြောသောအခါ၊ "ကျေးဇူးတင်ပါတယ်" ဟု 'တင်' က
ပြန်ပြောသည်။ "မင်းကျေးဇူးတင်စရာ မလိုပါဘူး။ ကျုပ်ကသာ ကျေးဇူးတင်ရမှာ။
မင်းအပြုံးကြောင့် ပိုပျော်စရာ ကောင်းသွားသကွ၊ ကျေးဇူးတင်ပါတယ် လို့
ပြောမယ့် အစား ရပါတယ်ဗျာ လို့ ပြော။ ဒါမှမဟုတ် သာဓု၊ သာဓု လို့ ပြောကွာ"
ကလေးတစ်ယောက်၏ အပြုံး ဖြစ်စေ၊ လူကြီးတစ်ယောက်၏ အပြုံး ဖြစ်စေ
အပြုံးများကား အရေးကြီးသည်။ ပြုံးနိုင်သည် ရှိသော် ငြိမ်းချမ်း၍၊
ပျော်နေသည် ရှိသော် ကျုပ်တို့သာမက လူတိုင်း အတွက် ကောင်းလို့ ဖြစ်၏။
ယင်းအရာကား ငြိမ်းချမ်းရေး လုပ်ငန်း၏ အခြေခံ အကျဆုံး ဖြစ်လေသည်။
တစ်ခါတစ်ရံမှာ ဖြေလျော့ဖို့၊ ငြိမ်းချမ်းဖို့၊ ရိပ်သာသွားဖို့
အချိန်ယူရမလား အောက်မေ့ကြလိမ့်မည်။ သတိသမာဓိ ရှိတဲ့ တစ်ရက်တလေပေါ့။
ဖြည်းဖြည်းဆေးဆေး၊ လမ်းလျောက်၊ ပြုံးပြ၊ မိတ်ဆွေ တစ်ယောက်နဲ့ ရေနွေးကြမ်း
တစ်ခွက်သောက်၊ ကမ္ဘာပေါ်မှာ တို့လောက် ပျော်တဲ့သူ ရှိမယ် မထင်ဘူးကွ လို့
စကားအတူပြောဖို့ပေါ့။ တကယ်တော့ ဒါမျိုးဟာ နောက်ဆုတ်တာ မဟုတ်၊ ရှေ့တိုးတာ။
စင်္ကြံလျောက်နေစဉ် ဖြစ်စေ၊ စားဖိုဆောင်မှာ၊ ဥယျာဉ်ထဲမှာ အလုပ်လုပ်နေစဉ်
ဖြစ်စေ၊ တင်ပလ္လင်ခွေပြီး တရားရှုမှတ်စဉ်ပဲ ဖြစ်စေ တစ်နေ့ခင်းလုံး
ပြုံးရယ်ဖို့ လေ့ကျင့်နိုင်သည်။ ပထမတော့ ပြုံးဖို့ ခက်မှာပဲ။ ဘာကြောင့်လဲ
စဉ်းစားရုံပါပဲ။ ပြုံးရယ်ခြင်းရဲ့ အဓိပ္ပာယ်က ကျုပ်တို့က ကျုပ်တို့ ပါပဲ။
ကျုပ်တို့က ကျုပ်တို့ ကိုယ်အပေါ်မှာတော့ ပိုင်ပိုင်နိုင်နိုင် ရှိသတယ်။
ပြီးတော့ မမေ့မလျော့တဲ့ အပ္ပမာဒ တရား ရှိသူတွေပဲ၊ အဲသလို အဓိပ္ပာယ် ရှိသည်။
အဲသလို အပြုံးကို ဘုရားကိုယ်တော်တိုင်နဲ့ ရဟန်းတော်တွေမှာရဲ့
မျက်နှာတော်မှာ တွေ့နိုင်သည်။
တစ်ခါတစ်လေမှာ ခင်ဗျား ရွတ်ချင် ရွတ်ဖို့ ကဗျာတိုလေးတစ်ပုဒ် ကျုပ်ပေးချင်သည်။ အသက်ရှူရင်း၊ ပြုံးရင်း ရွတ်ပါ။
"ရှူသွင်းလျက် ငါ ခန္ဓာကို ငြိမ်စေသည်၊
ရှူထုတ်လျက် ငါ ပြုံးနေသည်၊
ပစ္စုပ္ပန်ခဏမှာ ငါနေသည်၊
ဤခဏကား အံ့ဖွယ်သရဲဟု ငါ သိသည်။"
"ရှူသွင်းလျက် ငါ ခန္ဓာကို ငြိမ်စေသည်" ဤဝါကျကို ရွတ်သည်မှာ ရေအေးအေး
တစ်ခွက် သောက်သည်နှင့် တူမည်။ အေးမြခြင်း၊ လန်းဆန်းခြင်းတို့ ခန္ဓာတစ်လျောက်
ပြန့်သွားသည်ဟု ခင်ဗျား ခံစားရမည်။ အသက်ရှူသွင်းပြီး ဒီဝါကျကို
ကျုပ်ရွတ်လျှင်... အသက်ရှူခြင်းက ကျုပ်ခန္ဓာ၊ ကျုပ်စိတ်ကို တည်ငြိမ်စေသည်ဟု
ခံစားရသည်။
"ရှူထုတ်လျက် ငါ ပြုံးနေသည်" ခင်ဗျားလည်း အပြုံး
အာနိသင်ကို သိသည်။ အပြုံးတစ်ခုဟာ မျက်နှာက ကြွက်သားများကို လျှော့၊
ခင်ဗျားရဲ့ အာရုံကြော အဖွဲ့ကို ပြေစေသည်။ ပြုံးလိုက်သည်နှင့် ခင်ဗျားဟာ
ခင်ဗျားကိုယ်ကို နိုင်သူ ဖြစ်သွားသည်။ ဒါကြောင့် ဗုဒ္ဓနှင့် သူ၏ သာဝကများ
အမြဲပြုံးနေကြခြင်း ဖြစ်သည်။ ပြုံးကြည့်စမ်းပါ။ အပြုံး၏ တအံ့တဩ
တထူးတဆန်းကို ခင်ဗျား သိမည်။
"ပစ္စုပ္ပန် ခဏမှာ ငါနေသည်" ဒီမှာ
ထိုင်နေဆဲ တခြားနေရာကို ကျုပ် မစဉ်းစား၊ အတိတ် ဖြစ်ပါစေ၊ အနာဂတ် ဖြစ်ပါစေ။
ကျုပ် ဒီမှာ ထိုင်သည်၊ ကျုပ် ဘယ်မှာဟု ကျုပ်သိသည်။ ထိုဟာကား အရေးကြီးလှသည်။
အနာဂတ်မှာ ကျုပ်တို့ ရောက်ရောက် နေတတ်သည်။ ယခု (ဝါ) ပစ္စုပ္ပန်မှာ မရှိတတ်။
ကျုပ်တို့က ပြောလေ့ ရှိသည်။ "ဘွဲ့ရအောင် စောင့်ဦးမယ်။ ဒေါက်တာဘွဲ့ရတဲ့
အခါမှ၊ အဲသည်တော့မှာ ကျုပ် တကယ် လူစဖြစ်မှာ" ရပြီးတဲ့ အခါမလည်း
ပြောလေ့ရှိသည်။ "အလုပ်ရအောင် စောင့်မှ ဖြစ်မယ်။ အဲသည်တော့မှ ကျုပ် လူစ
လုပ်ရမှာ။" အလုပ်ရပြီးတော့လည်း ကား၊ ကားပြီးတော့ အိမ်။ အကယ်စင်စစ်
ပစ္စုပ္ပန်မှာ ကျုပ်တို့ အသက်ရှင် နေထိုင်ကြသည် မဟုတ်။ ဘယ်တော့မှန်း မသိသော
အနာဂတ်။ ထိုအနာဂတ် ဆီသို့ ကျုပ်တို့၏ ရှင်သန်နေထိုင်ခြင်းကို ရွှေ့ထားလေ့
ရှိသည်။ "အခု" ဆိုသော ခဏမှာ မနေ။ တစ်ဘဝလုံး ဘယ်အချိန်မှာမှ ကျုပ်တို့
ရှင်သန် နေထိုင်ဟန် မတူ။ ထို့ကြောင့် နေနည်း... ဘဝနေပုံထိုင်ပုံနည်း .. ကို
ပြောရလျှင်၊ ယင်းနေနည်းကား ပစ္စုပ္ပန်မှာ တည်ရှိခြင်း၊ "ဒီမှာ" "ယခု" မှာ
ကျုပ်တို့ ရှိနေခြင်း၊ ဒီခဏသည်သာ ကျုပ်တို့ ရှင်သန်သော အချိန်ဟု
သိမှတ်နေခြင်း ဖြစ်သည်။
"ဤခဏကား အံ့ဖွယ်သရဲဟု ငါ သိသည်" ဤခဏသာ
အစစ်အမှန် ဖြစ်သည်။ "ဒီမှာ" နှင့် "ယခုမှာ" သာ ရှိလျက်၊ ပစ္စုပ္ပန် ဆတ်ဆတ်ကို
ခံစားရန်၊ ဤသည်ကား ကျုပ်တို့၏ အရေးအကြီးဆုံး ကိစ္စ ဖြစ်သည်။ "တည်ကြည်၊
ပြုံး၊ ယခုခဏ၊ တထူးတဆန်း အံ့ဖွယ်သရဲ တစ်ခဏ"
ခင်ဗျား ကြိုးစားကြည့်စမ်းမည်ဟု ကျုပ် မျှော်လင့်ပါသည်။
~ သစ်ခ်နက်ဟန်
..................................................
ကိုတာ ပြန်ဆိုမူ၊ စင်ကြယ်သောစိတ် - မှ
...................................................
With My Beloved Ma, Lin Lin Latt .
Dec 19th 2013 at 2:50 PM
ဘဝကား ဒုက္ခနှင့် ပြည့်နေသည်။ ဒါပေသိ ကောင်းကင်ပြာ၊ နေရောင်ခြည်၊ ကလေးသူငယ်၏ မျက်လုံး စသော တအံ့တဩ တထူးတဆန်း တို့လည်း ဘဝ၌ ရှိသည်။ ဘဝကတော့ ဒုက္ခချည်းပဲ ဟု ခံစားနေလျှင်တော့ မနိပ်။ ဘဝ၏ တအံ့တဩ တထူးတဆန်းများနှင့်လည်း ကျုပ်တို့ တွေ့ ထိနေရလိမ့်မည်။
တကယ်တော့ ကျုပ်တို့ အတွင်းထဲ၊ ကျုပ်တို့ ပတ်ပတ်လည်၊ နေရာတကာ၊ ဘယ်အချိန်မဆို တအံ့တဩ ဖြစ်စရာများ ရှိနေသည်။
ကျုပ်တို့ မပျော်ရွှင်၊ ကျုပ်တို့ မငြိမ်းချမ်းက ပျော်ခြင်းနှင့် ငြိမ်းချမ်းခြင်းကို တခြားသူတို့နှင့် မဝေမျှနိုင်၊ ချစ်သူတို့ကိုသော်မှ တမိုးအောက် နေသူ တို့ကိုသော်မှ မပေးနိုင်။ ကျုပ်တို့ ပျော်ရွှင်၊ ကျုပ်တို့ ငြိမ်းချမ်းပါမှ ကျုပ်တို့ ပြုံးနိုင်၍ ပန်းတစ်ပွင့်ကဲ့သို့ ပွင့်နိုင်သည်။ ထိုအခါ ကျုပ်တို့ မိသားစု ကျုပ်တို့ အသိုက်အဝန်း အကျိုး ရှိသည်။
ကောင်းကင်ပြာ၏ အလှအပကို ကျုပ်တို့ အရသာခံဖို့များ ကျုပ်တို့ အားထုတ်နေဖို့ လိုပါသလား။ လေ့ကျင့်နေဖို့ကော လိုပါသလား။ အရသာ ခံလိုက်ရုံမျှသာ၊ စက္ကန့်တိုင်း မိနစ်တိုင်း အဲသလို နေလို့ ရသည်။ ဘယ်နေရာ မဆို၊ ဘယ်အချိန် မဆို၊ နေရောင်ကို အရသာ ခံနိုင်စွမ်း ကျုပ်တို့မှာ ရှိသည်။ အသက်ရှူနေသည်ကို သိနေခြင်းမှပင် အရသာခံနိုင်စွမ်း ကျုပ်တို့မှာ ရှိသည်။
ကောင်းကင်ပြာကို ကြည့်ရန် အမေရိကန်ကို သွားစရာ မလိုပါ။ အသက်ရှူသည်ကို သိနေခြင်းမှ အရသာခံရန် အနာဂတ်သို့ သွားစရာ မလိုပါ။ ယခုချက်ချင်းပင် ထိုအရာများကို တွေ့နိုင်ပါသည်။ ဒုက္ခချည်းသာ သိနေရလျှင်ကား ကျုပ်တို့ခမျာ သနားစရာ ကောင်းလှသည်။
ကျုပ်တို့ ချစ်ခင်သော သူများကိုမှ မကြည့်နိုင်လောက်အောင် ကိုယ့်ကိုယ်ကိုယ်မှ ငဲ့မကြည့်နိုင်လောက်အောင် ကျုပ်တို့မှာ ကိုယ့်အိမ်ထဲ၌ပင် အချိန်ရှားပါး၊ အလုပ်ရှုပ်နေကြသည်။ လူ့အဖွဲ့အစည်းက ထိုသို့ ဖြစ်နေသည်။ အားလပ်လျှင်သော်မှ ကိုယ့်ကိုယ်ကိုယ် ပြန်ထိတွေ့ဖို့ အချိန် အသုံးပြုရကောင်းမှန်း မသိကြတော့။ အဖိုးတန် အချိန်ကို ဖြုန်းပစ်ဖို့ နည်းတစ်ရာ ရှိနေသည်။ တီဗွီဖွင့်သည်။ တယ်လီဖုန်း ဆက်သည်။ ကားမောင်း၍ တစ်နေရာရာ သွားသည်။ ကိုယ်က "ကိုယ်၏ ဖြစ်တည်ခြင်း" နှင့် အကျွမ်းတဝင် မရှိလှ။ မိမိက မိမိကိုယ်ကို မကြိုက်သကဲ့သို့ ဖြစ်နေလျက် မိမိက မိမိကိုယ်မှ ထွက်ပြေးဖို့ ကြိုးစားနေကြသည်။
တရားထိုင်ခြင်းကတော့ ဘာဖြစ်နေသည်ကို သိဖို့ ဖြစ်သည်။ ကျုပ်တို့ ခန္ဓာမှာ၊ ကျုပ်တို့ စိတ်မှာ၊ ကျုပ်တို့ ဝေဒနာမှာ၊ ပြီးတော့ ကမ္ဘာမှာ... ။ နေ့တိုင်း နေ့တိုင်း ကလေး လေးသောင်း အစာငတ်မွတ်၍ သေသည်။ နျူကလိယား ထိပ်ဖူး ငါးသောင်းက ကမ္ဘာကို လေးငါးဆယ်ခါထိ ဖျက်နိုင်သည်။ ပသို့ဆိုစေ နေအရုဏ်တက်မှာ လှသည်။ နံရံပေါ်မှ မနက်က ပွင့်သော နှင်းဆီပွင့်မှာ အံ့ဖွယ်သရဲ။ ဘဝသည် စိုးရွံ့ဖွယ်လည်း ကောင်း၍၊ ရွှင်လန်းစရာလည်း ဖြစ်သည်။ တရားထိုင်ခြင်းကား ထိုနှစ်ခု စလုံး ထိတွေ့ဖို့ ဖြစ်လေသည်။ တရားထိုင်ဖို့ ဣနြေ္ဒကြီးနှင့် နေမှ ရမည်ဟု မမှတ်နှင့်။ ကောင်းကောင်း တရားထိုင်ဖို့ အများကြီး ပြုံးရမည်။
မကြာခင်က ကလေးတစ်စုနှင့် ထိုင်နေခဲ့ရာ "တင်" ဟူသော သူငယ်လေး အပြုံးက ချစ်စရာ ကောင်းလှကြောင်း တွေ့ရသည်။ "တင်.... မင်းအပြုံးက တယ်ချစ်စရာ ကောင်းတာကိုး" ဟု ကျုပ်က ပြောသောအခါ၊ "ကျေးဇူးတင်ပါတယ်" ဟု 'တင်' က ပြန်ပြောသည်။ "မင်းကျေးဇူးတင်စရာ မလိုပါဘူး။ ကျုပ်ကသာ ကျေးဇူးတင်ရမှာ။ မင်းအပြုံးကြောင့် ပိုပျော်စရာ ကောင်းသွားသကွ၊ ကျေးဇူးတင်ပါတယ် လို့ ပြောမယ့် အစား ရပါတယ်ဗျာ လို့ ပြော။ ဒါမှမဟုတ် သာဓု၊ သာဓု လို့ ပြောကွာ"
ကလေးတစ်ယောက်၏ အပြုံး ဖြစ်စေ၊ လူကြီးတစ်ယောက်၏ အပြုံး ဖြစ်စေ အပြုံးများကား အရေးကြီးသည်။ ပြုံးနိုင်သည် ရှိသော် ငြိမ်းချမ်း၍၊ ပျော်နေသည် ရှိသော် ကျုပ်တို့သာမက လူတိုင်း အတွက် ကောင်းလို့ ဖြစ်၏။ ယင်းအရာကား ငြိမ်းချမ်းရေး လုပ်ငန်း၏ အခြေခံ အကျဆုံး ဖြစ်လေသည်။ တစ်ခါတစ်ရံမှာ ဖြေလျော့ဖို့၊ ငြိမ်းချမ်းဖို့၊ ရိပ်သာသွားဖို့ အချိန်ယူရမလား အောက်မေ့ကြလိမ့်မည်။ သတိသမာဓိ ရှိတဲ့ တစ်ရက်တလေပေါ့။ ဖြည်းဖြည်းဆေးဆေး၊ လမ်းလျောက်၊ ပြုံးပြ၊ မိတ်ဆွေ တစ်ယောက်နဲ့ ရေနွေးကြမ်း တစ်ခွက်သောက်၊ ကမ္ဘာပေါ်မှာ တို့လောက် ပျော်တဲ့သူ ရှိမယ် မထင်ဘူးကွ လို့ စကားအတူပြောဖို့ပေါ့။ တကယ်တော့ ဒါမျိုးဟာ နောက်ဆုတ်တာ မဟုတ်၊ ရှေ့တိုးတာ။ စင်္ကြံလျောက်နေစဉ် ဖြစ်စေ၊ စားဖိုဆောင်မှာ၊ ဥယျာဉ်ထဲမှာ အလုပ်လုပ်နေစဉ် ဖြစ်စေ၊ တင်ပလ္လင်ခွေပြီး တရားရှုမှတ်စဉ်ပဲ ဖြစ်စေ တစ်နေ့ခင်းလုံး ပြုံးရယ်ဖို့ လေ့ကျင့်နိုင်သည်။ ပထမတော့ ပြုံးဖို့ ခက်မှာပဲ။ ဘာကြောင့်လဲ စဉ်းစားရုံပါပဲ။ ပြုံးရယ်ခြင်းရဲ့ အဓိပ္ပာယ်က ကျုပ်တို့က ကျုပ်တို့ ပါပဲ။ ကျုပ်တို့က ကျုပ်တို့ ကိုယ်အပေါ်မှာတော့ ပိုင်ပိုင်နိုင်နိုင် ရှိသတယ်။ ပြီးတော့ မမေ့မလျော့တဲ့ အပ္ပမာဒ တရား ရှိသူတွေပဲ၊ အဲသလို အဓိပ္ပာယ် ရှိသည်။ အဲသလို အပြုံးကို ဘုရားကိုယ်တော်တိုင်နဲ့ ရဟန်းတော်တွေမှာရဲ့ မျက်နှာတော်မှာ တွေ့နိုင်သည်။
တစ်ခါတစ်လေမှာ ခင်ဗျား ရွတ်ချင် ရွတ်ဖို့ ကဗျာတိုလေးတစ်ပုဒ် ကျုပ်ပေးချင်သည်။ အသက်ရှူရင်း၊ ပြုံးရင်း ရွတ်ပါ။
"ရှူသွင်းလျက် ငါ ခန္ဓာကို ငြိမ်စေသည်၊
ရှူထုတ်လျက် ငါ ပြုံးနေသည်၊
ပစ္စုပ္ပန်ခဏမှာ ငါနေသည်၊
ဤခဏကား အံ့ဖွယ်သရဲဟု ငါ သိသည်။"
"ရှူသွင်းလျက် ငါ ခန္ဓာကို ငြိမ်စေသည်" ဤဝါကျကို ရွတ်သည်မှာ ရေအေးအေး တစ်ခွက် သောက်သည်နှင့် တူမည်။ အေးမြခြင်း၊ လန်းဆန်းခြင်းတို့ ခန္ဓာတစ်လျောက် ပြန့်သွားသည်ဟု ခင်ဗျား ခံစားရမည်။ အသက်ရှူသွင်းပြီး ဒီဝါကျကို ကျုပ်ရွတ်လျှင်... အသက်ရှူခြင်းက ကျုပ်ခန္ဓာ၊ ကျုပ်စိတ်ကို တည်ငြိမ်စေသည်ဟု ခံစားရသည်။
"ရှူထုတ်လျက် ငါ ပြုံးနေသည်" ခင်ဗျားလည်း အပြုံး အာနိသင်ကို သိသည်။ အပြုံးတစ်ခုဟာ မျက်နှာက ကြွက်သားများကို လျှော့၊ ခင်ဗျားရဲ့ အာရုံကြော အဖွဲ့ကို ပြေစေသည်။ ပြုံးလိုက်သည်နှင့် ခင်ဗျားဟာ ခင်ဗျားကိုယ်ကို နိုင်သူ ဖြစ်သွားသည်။ ဒါကြောင့် ဗုဒ္ဓနှင့် သူ၏ သာဝကများ အမြဲပြုံးနေကြခြင်း ဖြစ်သည်။ ပြုံးကြည့်စမ်းပါ။ အပြုံး၏ တအံ့တဩ တထူးတဆန်းကို ခင်ဗျား သိမည်။
"ပစ္စုပ္ပန် ခဏမှာ ငါနေသည်" ဒီမှာ ထိုင်နေဆဲ တခြားနေရာကို ကျုပ် မစဉ်းစား၊ အတိတ် ဖြစ်ပါစေ၊ အနာဂတ် ဖြစ်ပါစေ။ ကျုပ် ဒီမှာ ထိုင်သည်၊ ကျုပ် ဘယ်မှာဟု ကျုပ်သိသည်။ ထိုဟာကား အရေးကြီးလှသည်။ အနာဂတ်မှာ ကျုပ်တို့ ရောက်ရောက် နေတတ်သည်။ ယခု (ဝါ) ပစ္စုပ္ပန်မှာ မရှိတတ်။ ကျုပ်တို့က ပြောလေ့ ရှိသည်။ "ဘွဲ့ရအောင် စောင့်ဦးမယ်။ ဒေါက်တာဘွဲ့ရတဲ့ အခါမှ၊ အဲသည်တော့မှာ ကျုပ် တကယ် လူစဖြစ်မှာ" ရပြီးတဲ့ အခါမလည်း ပြောလေ့ရှိသည်။ "အလုပ်ရအောင် စောင့်မှ ဖြစ်မယ်။ အဲသည်တော့မှ ကျုပ် လူစ လုပ်ရမှာ။" အလုပ်ရပြီးတော့လည်း ကား၊ ကားပြီးတော့ အိမ်။ အကယ်စင်စစ် ပစ္စုပ္ပန်မှာ ကျုပ်တို့ အသက်ရှင် နေထိုင်ကြသည် မဟုတ်။ ဘယ်တော့မှန်း မသိသော အနာဂတ်။ ထိုအနာဂတ် ဆီသို့ ကျုပ်တို့၏ ရှင်သန်နေထိုင်ခြင်းကို ရွှေ့ထားလေ့ ရှိသည်။ "အခု" ဆိုသော ခဏမှာ မနေ။ တစ်ဘဝလုံး ဘယ်အချိန်မှာမှ ကျုပ်တို့ ရှင်သန် နေထိုင်ဟန် မတူ။ ထို့ကြောင့် နေနည်း... ဘဝနေပုံထိုင်ပုံနည်း .. ကို ပြောရလျှင်၊ ယင်းနေနည်းကား ပစ္စုပ္ပန်မှာ တည်ရှိခြင်း၊ "ဒီမှာ" "ယခု" မှာ ကျုပ်တို့ ရှိနေခြင်း၊ ဒီခဏသည်သာ ကျုပ်တို့ ရှင်သန်သော အချိန်ဟု သိမှတ်နေခြင်း ဖြစ်သည်။
"ဤခဏကား အံ့ဖွယ်သရဲဟု ငါ သိသည်" ဤခဏသာ အစစ်အမှန် ဖြစ်သည်။ "ဒီမှာ" နှင့် "ယခုမှာ" သာ ရှိလျက်၊ ပစ္စုပ္ပန် ဆတ်ဆတ်ကို ခံစားရန်၊ ဤသည်ကား ကျုပ်တို့၏ အရေးအကြီးဆုံး ကိစ္စ ဖြစ်သည်။ "တည်ကြည်၊ ပြုံး၊ ယခုခဏ၊ တထူးတဆန်း အံ့ဖွယ်သရဲ တစ်ခဏ"
ခင်ဗျား ကြိုးစားကြည့်စမ်းမည်ဟု ကျုပ် မျှော်လင့်ပါသည်။
~ သစ်ခ်နက်ဟန်
..................................................
ကိုတာ ပြန်ဆိုမူ၊ စင်ကြယ်သောစိတ် - မှ
...................................................
With My Beloved Ma, Lin Lin Latt .
Dec 19th 2013 at 2:50 PM
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment