Friday, December 20, 2013

"Second 1962"

- သက်တမ်းရှည်ကြာ၍ အင်အားတောင့်တင်းလွန်းသဖြင့် သူ့ ထက်ပို၍ခိုင်မာသော အင်စတီကျူးရှင်းမရှိတော့သည့် အမျိုးသားဝါဒီအုပ်စုကြီးများဖြစ်သည့် သံယာနှင့်စစ်တပ်၏ တင်းတင်းမာမာရပ်ခံချက်။

- ပုဂ္ဂိုလ်ရေးကိုးကွယ်မှု (personal politics) နိုင်ငံရေးခေါင်းဆောင်လည်းဖြစ်၊ စံဝါဒီ (Normative) လည်းဖြစ်သူ ဒေါ်စုနှင့်လစ်ဘရယ်သာဝကအပေါင်း ၏ ပြည်ပတန်ဖိုးကိုးကွယ်လိုမှု အာသီသများဖြင့် အတိပြီးသော နီယိုလစ်ဘရယ်လစ်ဇင် (Neo-liberalism)

- ဖက်ဒရယ်ခေါင်းစဉ်ဖြင့် အတွင်းပိုင်းကိုလိုနီပြုခြင်းဝါဒ (internal colonialism) အားကောင်းသော များလှစွာသော တိုင်းရင်းသား အုပ်စုများ၊ ဗမာ မုန်းတီးရေးဝါဒီများ



- ဤ အုပ်စု အသီးသီး တို့ ၏ထိပ်တိုက်တွေ့ တော့မည့်အခင်းအကျင်းကို ၂၀၁၅ မတိုင်မှီ မျက်ဝါးထင်ထင်တွေ့ ရဖို့ ရှိ၏။ စစ်မောင်းသံများ တခြိမ်းခြိမ်းမြည်လာနေသည်ကို SEA Games ပြိုင်ပွဲများဖြင့် မအလားလပ်သည့်ကြားကပင် ကြိုကြားကြိုကြား ကြားလာနေရပြီဖြစ်၏...။

- ရလဒ်အနေဖြင့် လက်နက်ကိုင်တိုက်ပွဲများ၊ လူမှုရေးပဋ္ဋိပက္ခများ (social conflicts)၊ တောင်းပွဲတိုက်ပွဲများ (strikes)၊ လူ့ အခွင့်အရေးခေါင်းစဉ်တပ် နိုင်ငံတကာဖိအားများ စသဖြင့် ၀ရုန်းသုန်းကား အခြေနေများအား ဒီမိုကရေစီဟူသော ပိတ်ကားထက်တွင် ခြယ်မှုန်းတင်ဆက်တော့မည်ဖြစ်၏။

- ဖဆပလ နေ၀င်ချိန် အခင်းအကျင်းများဖြင့် မြိုင်ဆိုင်လာနေသည့် ဤ ထောင်ချောက်မှ ရုန်းမထွက်နိုင်သော် နောက်ပြန်လည်ခြင်းဟူသည် ခေါင်းဆောင်မှုကောင်းကင်းမဲ့သော တိုင်းပြည်တစ်ပြည်၏ ကြမ္မာငင်ခြင်းမျိုးသာ။

- သို့ ဖြင့် ယနေ့ ခေတ်၏ အသီးသီး အသက အသက ပုရောဟိတ်အပေါင်း၏ ဒီမိုကရေစီတရားရေအေး သည် မဆလ ခေတ်၏ သံတူကြောင်းကွဲ ပြက်လုံးမျိုးအဖြစ်သို့ ဆိုက်ရောက်ဖို့ ရာရှိ၏။

- တောကြောင်၊ ပြည်ပနေကြောင်၊ နေပြည်တော်ကြောင်၊ ဒီမိုကြောင်...စသည်ဖြင့် လက်ခမောင်းခတ်လိုသူတို့ အတွက်မူ ပြောဆိုငြင်းခုန်တိုက်ပွဲဝင်စရာ ခေါင်းစဉ်ထောင်သောင်းပေါ်ထွက်လာမည်ဖြစ်သော်လည်း... ကျောမွဲ ငဘ တို့ အတွက်မူကား issues များများစားစားမရှိ။

- ဆာလလောင်နေသူအတွက် ပရိယေသနမီးတောက်မီးလျှံကို ပြေငြိမ်းရေးမှအပ အခြားမရှိ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...