Saturday, December 21, 2013

Myanmar Youth Media Club - MYMHOT 19 Dec 2013

MYMC - MYMHOT



Posted: 19 Dec 2013 01:32 AM PST
Check Your Cholesterol Level with smartphoneနေ့စဉ် သုံးစွဲနေတဲ့ SmartPhone တွေကို Application တစ်ခု၊ အပိုပစ္စည်း အချို့နဲ့ပါင်းပြီး လူ့ကိုယ်ထဲက ကိုလက်စ ထ ရော (Cholesterol) ပမာဏကို တိုင်းတာလို့ ရပါပြီတဲ့။
ကျွန်တော်တို့ နေ့စဉ်ထိတွေ့ သုံးစွဲနေတဲ့ SmartPhone တွေကို အခုဆိုရင် ကျန်းမာရေးတိုင်း ပစ္စည်းအနေနဲ့ သုံးလို့ ရလာ ခဲ့ပါပြီ။
အခု ဆိုရင် လည်း SmartPhone Application တစ်ခုကို သုံးပြီး SmartPhone နဲ့ အပိုပစ္စည်း အချို့ အသုံးချကာ ကိုလက် စထရော (Cholesterol) ပမာ ဏကို တိုင်းတာလို့ ရပါပြီတဲ့။ ကိုလက် စထရော ဆိုတာ တကယ်တော့ အသည်းက ထုတ်တဲ့ အဆီပါပဲ။ သူက ကျွန်တော်တို့ ခန္ဒာကိုယ် ကြီးရဲ့ Cell (ဆဲလ်) တိုင်းရဲ့ အပြင်ဘက် အလွှာမှာ နေရာ ယူထားပြီး ခန္ဒာကိုယ်ရဲ့ နေ့စဉ် လည်ပတ်နေတဲ့ လုပ်ငန်းစဉ် တွေမှာ အဓိက ကျပါတယ်။ ဒါပေမယ့် တန်ဆေး၊ လွန်ဘေး ဆိုသလို ပမာဏ များရင်တော့ အန္တရာယ် ရှိပါတယ်။ သွေးထဲက ကိုလက် စထရော ပမာဏ များလာရင် နောက်ဆက်တွဲ ရောဂါ အနေနဲ့ နှလုံး ရောဂါ၊ ဆီးချို၊ သွေးချို စတဲ့ ရောဂါ ကြီးကြီး မားမားတွေ၊ အသက်နဲ့ နီးတဲ့ ရောဂါတွေ၊ နာတာရှည် ရောဂါတွေ ရနိုင် ပါတယ်။ ကိုလက် စထရော ပမာဏကို တိုင်းတာတဲ့ ကိရိယာ တွေတော့ သီးသန့် ရှိပါတယ်။ ဒါပေမယ့် လူသုံး မများသေး ပါဘူး။ အထူးသဖြင့် လူငယ်တွေနဲ့ အလှမ်း ဝေးလွန်း ပါတယ်။ အခုလို SmartPhone လိုနေ့စဉ် သုံးပစ္စည်း တစ်ခုနဲ့ တိုင်းတာ လို့ရပြီ ဆိုတော့ အတိုင်းထက် အလွန် လူတိုင်းကို ကျန်းမာရေး တိုင်းတာဖို့ အသိ တိုးပွားစေမှာ အမှန်ပါပဲ။



ဒီ SmartPhone နဲ့ ကိုလက် စထရော တိုင်းနည်းပညာ တီထွင်တဲ့ သူတွေ ကတော့ New York က Cornell University မှလေ့လာ စမ်းစစ်သူ အင်ဂျင် နီယာ အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။ ဒီနည်း ပညာကို လက်တွေ့ အသုံးချ ဖို့ကတော့ သွေးတိုင်းတဲ့ Application သွင်းထားတဲ့ Smart Phone ရယ်၊ သွေးတိုင်း ပေးတဲ့ အကူပစ္စည်း လေးရယ် ပါပဲ။ နောက် လိုအပ်တာ တစ်ခုကတော့ ကိုယ့်သွေး အနည်းငယ်ကို ဖောက်ပြီး အကူ ပစ္စည်းလေးပေါ် တစ်စက်၊ နှစ်စက် လောက်ချ နိုင်တဲ့ သတ္တိလေး ပါပဲ။ သွေးတိုင်း ပေးတဲ့ အကူ ပစ္စည်းဟာ SmartPhone ရဲ့ Camera ပေါ်မှာ တပ်ဆင် ရပါတယ်။ အဆိုပါ ပစ္စည်းမှာ ပါရှိတဲ့ လျှာလေးလို အပြားလေး ပေါ်မှာ သွေးချ ပြီးတာနဲ့ ကိုယ့်သွေး မှာပါတဲ့ ကိုလက် စထရော ပ မာဏ ပေါ်မူတည်ပြီး အရောင် ပြောင်းသွားမှာ ဖြစ်ပါတယ်။ အဆိုပါ အရောင်းပြောင်း တာကို SmartPhone Camera က မှတ်တမ်း တင်ပြီး ကိုယ့်ရဲ့ ကိုလက် စထရော ပမာဏကို တွက်ချက်ပေးမှာ ဖြစ်ပါတယ်တဲ့။ Cornell University ကအင်ဂျင်နီယာ တွေဟာ ကိုလက် စထရော တိုင်း တာတဲ့ နည်းပညာ အပြင် Vitamin D ပမာဏ တိုင်းတာတဲ့ နည်းပညာ တွေကိုပါ တီထွင်နေ ကြပါ သေးတယ်။ ဈေးကွက် ဖြန့်ဖို့လဲ ဆက် လက် လုပ်ဆောင် နေတာ ဖြစ်ပေမယ့် တရားဝင် ခွင့်ပြုချက် စသော အခြေအနေ အမျိုးမျိုးကြောင့် တစ်နှစ် လောက်တော့ အချိန် ယူရဦး မယ် လို့ ဆိုပါတယ်။ SmartPhone တွေအသုံး ချပြီး မိမိ ကျန်းမာရေး တိုင်းတာတဲ့ နည်းပညာ တွေဟာ အခုမှ စတာ မဟုတ်ပါဘူး။ နှလုံး ခုန်စက် တိုင်းတာတဲ့ နည်းပညာလို ဟာမျိုး တွေဟာ ထွက်ရှိပြီး ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူတွေနဲ့ နီးစပ်တဲ့ SmartPhone ကိုအသုံး ချပြီး ကိုလက် စထရော တိုင်းတာတဲ့ နည်းပညာ မျိုးဟာ လွယ်ကူပြီး ကုန်ကျ စရိတ်လည်း နည်းမှာမို့ နှစ်သစ် အတွက် မျှော်လင့် စောင့်စား သင့်တဲ့ အရာ တစ်ခု ဖြစ်ကြောင်း သတင်း ကောင်းပါးရင်း နိဂုံး ချုပ်အပ် ပါတယ်ဗျာ။

Check Your Cholesterol Level with smartphone

Images from nogarlicnoonions, androidheadlines, cornell, mshcdn. Source: mashable.com


Author

Paing Hmu Ko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...