Monday, December 2, 2013

`` ရွှေသမင် ဘယ်ကထွက် ´´

`` ရွှေသမင် ဘယ်ကထွက် ´´


အမျိုးသားညီလာခံအား အင်အားအလုံးအရင်းဖြင့် ၁၉၉၃ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့မှ ၁၉၉၆ခုနှစ် မတ်လ ၃၀ ရက်နေ့အထိကျင်းပနိုင်ခဲ့ပြီး ထိုညီလာခံမှ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံမူ ၁၀၄ ချက်၊ နိုင်ငံတော်အခန်း၊ နိုင်ငံတော် တည်ဆောက်ပုံအခန်းနှင့် နိုင်ငံတော်အကြီးအကဲ အခန်းများအတွက် အသေးစိတ်အခြေခံရမည့်အချက်များ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ ဖွဲ့စည်းမှု အပိုင်းများအတွက် အသေးစိတ်အခြေခံရမည့် မူများအား ချမှတ်နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

ထို့နောက် အမျိုးသားညီလာခံတက်ရောက်လျှက်ရှိသော ပါတီတစ်ခုမှ ညီလာခံကိုယ်စားလှယ်များသည် ညီလာခံအတွင်း သဘောထားကွဲလွဲမှုကြောင့် အမျိုးသားညီလာခံမှ မိမိဆန္ဒအလျောက် ထွက်ခွါသွားခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ဤသို့ဖြင့် အမျိုးသားညီလာခံအား ယာယီရပ်ဆိုင်းထားခဲ့ရပြီး ၂၀၀၃တွင် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် ၇ ရပ်အား အတည်ပြု၍ နိုင်ငံတော်သို့ ကြေငြာပေးခဲ့ကြောင်း၊ ထို့နောက် ယာယီရပ်ဆိုင်းထားခဲ့သော အမျိုးသားညီလာခံအား ၂၀၀၄ခုနှစ် မေလ ၁၇ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အထိ ပြန်လည်ကျင်းပနိုင်ခဲ့ပါသည်။

ထို့နောက် ၂၀၀၄ခုနှစ် နှောင်းပိုင်းတွင် နိုင်ငံရေး စနစ်ကူးပြောင်းမှုတွင် အဟန့်အတားဖြစ်စေသော အခြေအနေများအား ပြန်လည်တည့်မတ်ခြင်းဖြစ်သည့် တပ်တွင်းထိန်းချုပ်မှုအခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၀၅ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ကျင်းပခဲ့သော အမျိုးသား ညီလာခံတွင် ဥပဒေပြုရေးဆိုင်ရာ အာဏာခွဲဝေမှုအပိုင်းများအတွက် အသေးစိတ် အခြေခံရမည့်မူများ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အသေးစိတ်အခြေခံရမည့် မူများအား ချမှတ်နိုင်ခဲ့ကြောင်းလေ့လာ တွေ့ရှိရပါသည်။

ထို့နောက် ဆက်လက်၍ စစ်အစိုးရ၏ အစီအစဉ်များအတိုင်း အမျိုးသားညီလာခံကို ကျင်းပခဲ့ပြီး ရွေးကောက်ပွဲများ ကျင်းပကာ နိုင်ငံတော်အာဏာအား အရပ်သားအစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

===============================

အထက်က စာလေးက ကျွန်တော် တစ်ခါက FB ပေါ်မှာ ရေးခဲ့တဲ့ စာလေးထဲက ထုတ်နှုတ်ထားတာပါ-

အဲဒီတော့ ဒီနေ့ ဒီအချိန်အခါမှာ အခြေခံဥပဒေ ပြင်ဆင်ဖို့လိုတယ်... အချက်ပေါင်း ရာကျော်အောင် ပြင်ကို ပြင်ရမယ်။ 

ဒါကို မပြင်နိုင်ရင် ဒီမိုကရေစီနိုင်ငံ မဖြစ်ဘူး...။

ပြင်ချင်လား မပြင်ချင်ဘူးလား မေးနေ... ဆော်သြနေ.... လံှု့  ဆော်နေကြပါတယ်..။ ပြင်းပြင်းထန်ထန်ပါပဲ.....။

မေးစရာလေး ရှိလာတယ်ဗျ....

အမျိုးသားညီလာခံကနေ ကိုယ့်သဘောကိုယ်ဆောင်ပြီး ထွက်ခွါသွားတာ  ဘယ်ပါတီလဲ ?????

ဘာကြောင့် ထွက်သွားတာလဲ ?????

အဖြေကတော့ အဆင်သင့်ရှိမှာပါ.....။

`` စစ်အစိုးရရဲ့ စစ်တပ်အကျိုးကိုသာ ကြည့်ရှုပြီး  မတရားရေးဆွဲထားတဲ့ အမျိုးသားညီလာခံကို သဘောမတူလို့.... အယုံအကြည် မရှိလို့ ´´ ဆိုတဲ့ အဖြေပါ။

================================

ဒါဆိုရင် အဲဒီအချိန်က အမျိုးသားညီလာခံတက်နေကြတဲ့ အသိပညာရှင်... အတတ်ပညာရှင်တွေ.... တိုင်းရင်းသား၊ လယ်သမား စတဲ့ အစုအဖွဲ့တွေ... ဥပဒေပညာရှင်တွေ... ငြိမ်းချမ်းရေး အဖွဲ့တွေ.... တိုင်းရင်းသားကိုယ်စားလှယ်တွေ အားလုံးက ယုံကြည်ထိုက်တဲ့သူတွေ မဟုတ်ဘူးဆိုတဲ့ သဘောပေါ့....

အမျိုးသားညီလာခံကို စွန့်ခွါသွားပြီး အခုပြင်ဆင်ဖို့ သည်းကြီးမည်းကြီးလုပ်နေတဲ့ ပါတီတစ်ခုတည်းသာလျှင် နိုင်ငံတော်ကို အမှန်တကယ် ချစ်မြတ်နိုးသူတွေလို့ သဘောထား သက်ရောက်တာပေါ့...။

================================

သေသေချာချာ တွေးကြည့်တော့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ကလည်း ဦးကိုနီဖြစ်နေတယ်....။ ဒီပုဂ္ဂိုလ်က ဦးဆောင်လှုပ်ရှားနေတယ်...။

လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခကြီးတွေ ဖြစ်ပြီး... နိုင်ငံခြားမှာ သွားရောက်လုပ်စားနေတဲ့ ပြည်သူပြည်သားတွေအတွက်ပါ အန္တရာယ်ဖြစ်စေတဲ့ ပဋိပက္ခကြီးတွေ ဖြစ်နေတဲ့ အချိန်မှာ... အဲဒီပါတီတဲ့ ရပ်တည်မှုက တစ်ခြမ်းကပ်နေလေရဲ့(တိုင်းပြည်နဲ့ လူမျိုးအတွက်တော့ မဟုတ်ပါဘူး)....။

အဲဒီပါတီကတော့ အခုလက်ရှိ အတိုက်အခံပါတီလို့ အမည်တပ်ထားတဲ့  NLD ပါ။ 

===================================

ကဲ... အဲဒီတော့ဗျာ

အမျိုးသားညီလာခံကနေ ဘာကြောင့် ထွက်ခွါသွားခဲ့တယ်ဆိုတာလေးကို  ကလေးကလား အဖြေ မဟုတ်ပဲ လေးနက် တိကျတဲ့ အကြောင်းအရာလေးနဲ့... ဥပမာ... ဘယ်အခန်း... ဘယ်ခေါင်းစဉ်အောက်က ဘယ်အကြောင်းအရာလေးကို သဘောမတူလို့ ညှိနှိုင်းမရလို့ စွန့်ခွါခဲ့ပါတယ်ဆိုတဲ့ အဖြေမျိုးကို မှတ်တမ်း မှတ်ရာလေးနဲ့ တိုင်းပြည်ကို အသိမပေးသင့်ဘူးလား ??????

အမျိုးသားညီလာခံတက်ရောက်၍ အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရန် ပျက်ကွက်ခဲ့ခြင်း... စွန့်ပစ်ခဲ့ခြင်းသည် တိုင်းပြည်ကို စွန့်ပစ်ခဲ့ခြင်းပင် မဟုတ်ပါလား ?????

====================================

တကယ်တော့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ မှားယွင်းနေတယ်...
ဒါကြောင့် တာဝန်ရှိသူကို ပြပါဆိုရင်တော့.....  အခြေခံဥပဒေရေးဆွဲနေစဉ်မှာ အမျိုးသားညီလာခံကိုရော.... တိုင်းပြည်ရဲ့ အနာဂတ်ကိုပါ စွန့်ပစ်ခဲ့တဲ့... မာမီကြီးရဲ့ NLD ပါတီမှာသာ တာဝန်ရှိကြောင်းဖော်ပြလိုပါတယ်...။

ဘုန်းကြီးပျံပွဲတွင် ကိုယ်တိုင် မင်းသားကြီးအဖြစ် မကရလျှင် ပတ်မကြီး ထိုးဖောက်မည်ဟူသော ရွာလူမိုက် ဆန်သည့် ကြမ်းတမ်းသော စိတ်ခံစားမှုဖြင့် ရှင်သန်နေထိုင်မည့်အစား တစ်တိုင်းတစ်ပြည်လုံးအကျိုး.... မိရိုးဖလာ သမိုင်းအဆက်ဆက် ကိုးကွယ်ခဲ့သော ဘာသာသာသနာ၏ အကျိုး၊ မိမိအား မျှော်လင့်တကြီး နှစ်ပေါင်းများစွာ စောင့်စား အားပေးရင်း ဖြစ်သမျှ ဒုက္ခအပေါင်းအား ရင်စည်းခံခဲ့သော (သံဃာတော်များ အပါအ၀င်) ယုံကြည်သူ ပြည်သူများ၏ အကျိုးအား စောင်းငဲ့ ကြည့်ရှုရန်တိုက်တွန်းလိုပါတယ်.....

တိုင်းပြည်၊ လူမျိုးနှင့် ဘာသာ/သာသနာသည် လူတစ်ဦးချင်းစီ၏ စိတ်ခံစားချက်များ ဖြေသိမ့်ရာ.... အသက်သွင်းရာ.... ယှဉ်ပြိုင်ရာ... ကစားကွင်း တစ်ခု မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

(ကွန်ဆူးမား)(၂၉-၁၁-၂၀၁၃)
အမျိုးသားညီလာခံအား အင်အားအလုံးအရင်းဖြင့် ၁၉၉၃ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့မှ ၁၉၉၆ခုနှစ် မတ်လ ၃၀ ရက်နေ့အထိကျင်းပနိုင်ခဲ့ပြီး ထိုညီလာခံမှ အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံမူ ၁၀၄ ချက်၊ နိုင်ငံတော်အခန်း၊ နိုင်ငံတော်တည်ဆောက်ပုံ အခန်းနှင့် နိုင်ငံတော် အကြီးအကဲ အခန်းများအတွက် အသေးစိတ်အခြေခံရမည့်အချက်များ၊
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ ဖွဲ့စည်းမှု အပိုင်းများအတွက် အသေးစိတ်အခြေခံရမည့် မူများအား ချမှတ်နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

ထို့နောက် အမျိုးသားညီလာခံတက်ရောက်လျှက်ရှိသော ပါတီတစ်ခုမှ ညီလာခံကိုယ်စားလှယ်များသည် ညီလာခံအတွင်း သဘောထားကွဲလွဲမှုကြောင့် အမျိုးသားညီလာခံမှ မိမိဆန္ဒအလျောက် ထွက်ခွါသွားခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ဤသို့ဖြင့် အမျိုးသားညီလာခံအား ယာယီရပ်ဆိုင်းထားခဲ့ရပြီး ၂၀၀၃တွင် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် ၇ ရပ်အား အတည်ပြု၍ နိုင်ငံတော်သို့ ကြေငြာပေးခဲ့ကြောင်း၊ ထို့နောက် ယာယီရပ်ဆိုင်းထားခဲ့သော အမျိုးသားညီလာခံအား ၂၀၀၄ခုနှစ် မေလ ၁၇ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အထိ ပြန်လည်ကျင်းပနိုင်ခဲ့ပါသည်။

ထို့နောက် ၂၀၀၄ခုနှစ် နှောင်းပိုင်းတွင် နိုင်ငံရေး စနစ်ကူးပြောင်းမှုတွင် အဟန့်အတားဖြစ်စေသော အခြေအနေများအား ပြန်လည်တည့်မတ်ခြင်းဖြစ်သည့် တပ်တွင်းထိန်းချုပ်မှုအခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၀၅ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ကျင်းပခဲ့သော အမျိုးသား ညီလာခံတွင် ဥပဒေပြုရေးဆိုင်ရာ အာဏာခွဲဝေမှုအပိုင်းများအတွက် အသေးစိတ် အခြေခံရမည့်မူများ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အသေးစိတ်အခြေခံရမည့် မူများအား ချမှတ်နိုင်ခဲ့ကြောင်းလေ့လာ တွေ့ရှိရပါသည်။

ထို့နောက် ဆက်လက်၍ စစ်အစိုးရ၏ အစီအစဉ်များအတိုင်း အမျိုးသားညီလာခံကို ကျင်းပခဲ့ပြီး ရွေးကောက်ပွဲများ ကျင်းပကာ နိုင်ငံတော်အာဏာအား အရပ်သားအစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

===============================

အထက်က စာလေးက ကျွန်တော် တစ်ခါက FB ပေါ်မှာ ရေးခဲ့တဲ့ စာလေးထဲက ထုတ်နှုတ်ထားတာပါ-

အဲဒီတော့ ဒီနေ့ ဒီအချိန်အခါမှာ အခြေခံဥပဒေ ပြင်ဆင်ဖို့လိုတယ်... အချက်ပေါင်း ရာကျော်အောင် ပြင်ကို ပြင်ရမယ်။

ဒါကို မပြင်နိုင်ရင် ဒီမိုကရေစီနိုင်ငံ မဖြစ်ဘူး...။

ပြင်ချင်လား မပြင်ချင်ဘူးလား မေးနေ... ဆော်သြနေ.... လံှု့ ဆော်နေကြပါတယ်..။ ပြင်းပြင်းထန်ထန်ပါပဲ.....။

မေးစရာလေး ရှိလာတယ်ဗျ....

အမျိုးသားညီလာခံကနေ ကိုယ့်သဘောကိုယ်ဆောင်ပြီး ထွက်ခွါသွားတာ ဘယ်ပါတီလဲ ?????

ဘာကြောင့် ထွက်သွားတာလဲ ?????

အဖြေကတော့ အဆင်သင့်ရှိမှာပါ.....။

`` စစ်အစိုးရရဲ့ စစ်တပ်အကျိုးကိုသာ ကြည့်ရှုပြီး မတရားရေးဆွဲထားတဲ့ အမျိုးသားညီလာခံကို သဘောမတူလို့.... အယုံအကြည် မရှိလို့ ´´ ဆိုတဲ့ အဖြေပါ။

================================

ဒါဆိုရင် အဲဒီအချိန်က အမျိုးသားညီလာခံတက်နေကြတဲ့ အသိပညာရှင်... အတတ်ပညာရှင်တွေ.... တိုင်းရင်းသား၊ လယ်သမား စတဲ့ အစုအဖွဲ့တွေ... ဥပဒေပညာရှင်တွေ... ငြိမ်းချမ်းရေး အဖွဲ့တွေ.... တိုင်းရင်းသားကိုယ်စားလှယ်တွေ အားလုံးက ယုံကြည်ထိုက်တဲ့သူတွေ မဟုတ်ဘူးဆိုတဲ့ သဘောပေါ့....

အမျိုးသားညီလာခံကို စွန့်ခွါသွားပြီး အခုပြင်ဆင်ဖို့ သည်းကြီးမည်းကြီးလုပ်နေတဲ့ ပါတီတစ်ခုတည်းသာလျှင် နိုင်ငံတော်ကို အမှန်တကယ် ချစ်မြတ်နိုးသူတွေလို့ သဘောထား သက်ရောက်တာပေါ့...။

================================

သေသေချာချာ တွေးကြည့်တော့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ကလည်း ဦးကိုနီဖြစ်နေတယ်....။ ဒီပုဂ္ဂိုလ်က ဦးဆောင်လှုပ်ရှားနေတယ်...။

လူမျိုးရေးနဲ့ ဘာသာရေး ပဋိပက္ခကြီးတွေ ဖြစ်ပြီး... နိုင်ငံခြားမှာ သွားရောက်လုပ်စားနေတဲ့ ပြည်သူပြည်သားတွေအတွက်ပါ အန္တရာယ်ဖြစ်စေတဲ့ ပဋိပက္ခကြီးတွေ ဖြစ်နေတဲ့ အချိန်မှာ... အဲဒီပါတီတဲ့ ရပ်တည်မှုက တစ်ခြမ်းကပ်နေလေရဲ့(တိုင်းပြည်နဲ့ လူမျိုးအတွက်တော့ မဟုတ်ပါဘူး)....။

အဲဒီပါတီကတော့ အခုလက်ရှိ အတိုက်အခံပါတီလို့ အမည်တပ်ထားတဲ့ NLD ပါ။

===================================

ကဲ... အဲဒီတော့ဗျာ

အမျိုးသားညီလာခံကနေ ဘာကြောင့် ထွက်ခွါသွားခဲ့တယ်ဆိုတာလေးကို ကလေးကလား အဖြေ မဟုတ်ပဲ လေးနက် တိကျတဲ့ အကြောင်းအရာလေးနဲ့... ဥပမာ... ဘယ်အခန်း... ဘယ်ခေါင်းစဉ်အောက်က ဘယ်အကြောင်းအရာလေးကို သဘောမတူလို့ ညှိနှိုင်းမရလို့ စွန့်ခွါခဲ့ပါတယ်ဆိုတဲ့ အဖြေမျိုးကို မှတ်တမ်း မှတ်ရာလေးနဲ့ တိုင်းပြည်ကို အသိမပေးသင့်ဘူးလား ??????

အမျိုးသားညီလာခံတက်ရောက်၍ အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရန် ပျက်ကွက်ခဲ့ခြင်း... စွန့်ပစ်ခဲ့ခြင်းသည် တိုင်းပြည်ကို စွန့်ပစ်ခဲ့ခြင်းပင် မဟုတ်ပါလား ?????

====================================

တကယ်တော့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ မှားယွင်းနေတယ်...
ဒါကြောင့် တာဝန်ရှိသူကို ပြပါဆိုရင်တော့..... အခြေခံဥပဒေရေးဆွဲနေစဉ်မှာ အမျိုးသားညီလာခံကိုရော.... တိုင်းပြည်ရဲ့ အနာဂတ်ကိုပါ စွန့်ပစ်ခဲ့တဲ့... မာမီကြီးရဲ့ NLD ပါတီမှာသာ တာဝန်ရှိကြောင်းဖော်ပြလိုပါတယ်...။

ဘုန်းကြီးပျံပွဲတွင် ကိုယ်တိုင် မင်းသားကြီးအဖြစ် မကရလျှင် ပတ်မကြီး ထိုးဖောက်မည်ဟူသော ရွာလူမိုက် ဆန်သည့် ကြမ်းတမ်းသော စိတ်ခံစားမှုဖြင့် ရှင်သန်နေထိုင်မည့်အစား တစ်တိုင်းတစ်ပြည်လုံးအကျိုး.... မိရိုးဖလာ သမိုင်းအဆက်ဆက် ကိုးကွယ်ခဲ့သော ဘာသာသာသနာ၏ အကျိုး၊ မိမိအား မျှော်လင့်တကြီး နှစ်ပေါင်းများစွာ စောင့်စား အားပေးရင်း ဖြစ်သမျှ ဒုက္ခအပေါင်းအား ရင်စည်းခံခဲ့သော (သံဃာတော်များ အပါအ၀င်) ယုံကြည်သူ ပြည်သူများ၏ အကျိုးအား စောင်းငဲ့ ကြည့်ရှုရန်တိုက်တွန်းလိုပါတယ်.....

တိုင်းပြည်၊ လူမျိုးနှင့် ဘာသာ/သာသနာသည် လူတစ်ဦးချင်းစီ၏ စိတ်ခံစားချက်များ ဖြေသိမ့်ရာ.... အသက်သွင်းရာ.... ယှဉ်ပြိုင်ရာ... ကစားကွင်း တစ်ခု မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

(ကွန်ဆူးမား)(၂၉-၁၁-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...