အမှားများစွာကို ကျူးလွန်ခဲ့သူ တယောက်မဟုတ်ပါဘူး ... ဒါပေမယ့် ....
Aye Mya Ohn Khine shared Bran Sai's photo..
အဲဒီအချိန်က အကောင်းဆုံး ဓာတ်ခွဲခန်းလို့ သိရတဲ့ ... “ ..... ” ထဲကို ၀င်လိုက်တယ် ... အဲကွန်းလွှတ် ထားပေမယ့် ... ကျနော့် အင်းဂျီအောက်မှာ ချွေးပျံနေတာကို ကျနော်ပဲ သိတယ် ... ကဲ သွေးဖောက်လိုက်ရအောင် .... ကျနော့် လက်ကို စားပွဲပေါ် တင်လိုက်တယ် ... သွေး ၂ စီစီ လောက် ပုလင်းထဲ ရောက်သွားတယ် ...
ကျနော် အမြန်ဆုံး ရချင်တယ် ... ဟုတ်ကဲ့ အမြန်ကြေး ပေးမှာပါ ... ဟုတ်ကဲ့ နောက် ၁ နာရီလောက် ကြာရင် လာယူပါ့မယ် ... ထွက်သာ လာရ ... ဘယ်သွားမယ်လို့ စဉ်းစားထားတာ မရှိဘူး ... သေချာ စဉ်းစားကြည့်ချင်တယ် ... နောက်ပြီး ရဲဆေး တင်ချင်တယ် ... ဒီအချိန် ဘယ်ဆိုင်အေးဆေးမလဲ ... လူရှင်းတဲ့ ဘီယာဆိုင်ထဲမှာ တနာရီ အတွင်း ငါးခွက် ကုန် သွားတယ် ... ငါ ဘာမှားဖူးလဲ ... ကိုယ့်ကိုကိုယ် ပြန်အားပေး နေတယ် ... ဟုတ်သေးပါဘူး ... ငါ ဘာမှ မမှားဘူး ... လုံးဝ ငါ့ အဖြေ ကောင်းရမယ် ... တလောက ငါ ချောင်းဆိုးဖူးတယ် .. အာ မဆိုင်ပါဘူး ... အအေးမိတာနဲ့ ဆေးလိပ်သောက် များ သွားလို့ပဲ ဖြစ်မယ် ... ခဏခဏ ဖျားတာမျိုးလည်း မရှိပါဘူး ... ၆ လအတွင်းဆို လက္ခဏာ မပြဘူး ဆိုပဲ ... ဟာ ပိုမဖြစ်နိုင်သေး တယ် ... ငါ ဒီခြောက်လ အတွင်း လည်း ဘာဆို ဘာမှ မဘာတာ ပဲဟာကို .... ကဲ မပြောကောင်း မဆိုကောင်း ငါ့မှာ ဒါကြီး ရှိနေ ပြီ ဆိုပါစို့ ... ကဲ မင်းဘာလုပ်မလဲ ... ကားအောက်ကို ၀င်တိုး လိုက်မှာလား ... အာ ဟုတ်သေးပါဘူး ... ဒါဆို ဂုတ်ထိပ်တံတား ပေါ်က ခုန်ချလိုက်ရင်ကော ... အာ ... မတော် ကံဆိုးပြီး မသေဘဲ ... ကျိုးကန်းနေရင် ပိုဆိုးမှာ ... အိပ်ဆေးတွေ အများကြီးသောက်လိုက်ရင်ကော .. နယ်စပ်ထွက်သွား ပြီး ဘ၀ကို အတတ်နိုင်ဆုံး ပျော်အောင်နေပြီး ... သေခြင်း တရားကို ငါ စောင့်မလား ... ဟာ ... ခေါင်းရှုပ်တယ်ကွာ ရှိ ရှိ မရှိရှိ ... သွားမယ် အဖြေသွားယူမယ် ... ဂွတ်... နောက်ဆုံး လက်ကျန်ခွက် ချပြီး ထလိုက်တော့ လူက အတော် ယိုင်နေပြီ ... ဆေးခန်းထဲကို ရောက်တော့ ခဏလေးစောင့်ပါနော် တဲ့ စာရေးမလေးက ပြောတယ် ... တယောက်တည်း ဟိုဒီ ကြည့်ရင်း ကြော်ငြာစာတမ်းလေး တခုကို တွေ့တယ် ... “ AIDS ရောဂါ ရှိနိုင်သူ၏ ပုံ ” တဲ့ ... တံခါးတပ်ထားတဲ့ ပုံးကလေး စိတ်ဝင်စား သွားတယ် ...အနားမှာလည်း တယောက်မှ မရှိဘူး ... ဒါနဲ့ အသာလေးထပြီး ... တံခါးလေးကို ဖွင့်ကြည့်လိုက်တယ် ... ဖြတ်ကနဲ့ ဆို လန့်သွားတယ် ... ဟ ဘာကြီးလဲ ... နောက် ဒေါသတွေ အလိပ်လိုက် ထွက်သွားတယ် ... ကဲ လျှာရှည်ဦးဗျား .. တောက် ... အထဲမှာ မှန်တချပ်ပဲ ရှိတယ် ... ကိုယ့် သောက်ခွက် ကြီးက ပြူးလို့ ... ဟင်း ဟင်း စိတ်တိုလိုက်တာ ...လူမှ သွေး လာစစ်ရင်း ... ရင်ထိတ်နေပါတယ် ဆို ... တောက် ရပါပြီ ရှင် တဲ့ စာအိတ်လေး ပိတ်လို့ ... ပေးတယ် ... ဆေးခန်း ထဲက လူတွေက စိတ်မကောင်းတဲ့ ပုံနဲ့ ကိုယ့်ကို ကြည့်နေတယ် လို့ ထင်မိတယ် ... ချက်ချင်း မဖွင့်ရဲသေးဘူး ... ငါ မမှားဖူးပါဘူး ... မဖြစ်နိုင်ဘူး .. ဟာ ခုမှ သတိရတယ် ... ငါ ဟိုကောင်နဲ့ ဆိုင်ကယ်လဲ တုန်းက သူ့ ဒူးခေါင်းပွန်း တံတောင်ဆစ်ပွန်းတာတွေ ငါ ဆေးထည့် ပေးဖူးတယ် ... ငါ့မှာလဲ ပွန်းရာပဲ့ရာတွေနဲ့ ... ဒီကောင်က အခု လေးလုံးနဲ့ လစ်တာ ... နောက်တခါ ဟက်ပီး နယူးရီးယားမှာ ရိုက်ပွဲ ဖြစ်တုန်းက သူ့သွေး ကိုယ့်သွေးကို ရောလို့ ... နေမျိုးရဲ့ သွေးတွေဆို ငါ့ တကိုယ်လုံး နစ်လို့ ... ဒီကောင် မရှိလောက်ပါဘူး ... အာ မဖြစ်နိုင်ပါဘူးလေ ... သိဘူးကွာ ကဲ ... ( စိတ်ထဲကတော့ တတ်သမျှ မှတ်သမျှ ဘုရားစာတွေ ရွတ်လို့ ...) စာအိတ်လေးကို ဖောက်လိုက်တယ် .... အထဲက စာရွက်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်တယ် ... ဒီဖက် အစကတော့ Retro virus ... ဟိုဖက်ခြမ်းကို ရောက် အောင် ဆွဲထုတ်ဖို့ လက်တွန့်နေတုန်းပဲ ... P နဲ့ စရင် သေပြီ ... N နဲ့ စဖို့ လိုတယ် ... စာရွက်လေးကို ဖဲပွတ်သလိုပဲ ... ဖြည်းဖြည်းချင်း .... အဲဒီ အချိန်ဟာ တကမ္ဘာလောက် ကြာသလိုပဲ ... နာရီတွေ အားလုံး ရပ်တန့် ပတ်ဝန်းကျင်က အသံအားလုံးလဲ ရပ်တန့်သွားသလို ခေတ္တ အရာအားလုံး ဆိတ်ငြိမ် ...... “ ဟေး ... အောင်ပြီကွ ... အောင်ပြီ ... Negative ... ” အမှားများစွာကို ကျူးလွန်ခဲ့သူ တယောက်မဟုတ်ပါဘူး ... ဒါပေမယ့် ... ဒီ သွေးစစ်တဲ့ ခဏမှာတော့ ... အရမ်း လန့် နေခဲ့ရတယ် .... ဒီရောဂါက လူထုရဲ့ အပယ်ခံဘ၀ကိုလည်း ရောက်ရတာကိုး ... ခုချိန်ထိ အများစုက ဒီရောဂါရှင်ကို ရွံကြောက်ကြီး ဖြစ်နေကြတုန်းပဲလေ ... နောက် ... သိက္ခါနဲ့ ကိုယ်ကျင့်တရား ကို တိုက်ရိုက် ပွန်းတီးအောင် ဝေဖန်ခံရတော့မယ်လေ ...... ဒါကြောင့် ... လူငယ်တယောက်ရဲ့ ဖြတ်သန်း ရမယ့် ... ဖြတ်သန်း ခဲ့တဲ့ ဘ၀မှာ ... အမှားအယွင်း ကင်းကင်းနဲ့ ဖြတ်ကျော်နိုင်ကြပါစေ လို့ ဆုတောင်း လိုက်ပါတယ် ...
( ဒီဇင်ဘာ ၁ ၊ ကမ္ဘာ့ ADIS နေ့ အတွက် အမှတ်တရ )
0 comments:
Post a Comment