Friday, December 6, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၆-၁၂)

သစ်ထူးလွင်



Posted: 06 Dec 2013 03:54 AM PST
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် နတ်မော်ခြေလျှင်တပ်ရင်း (၁၈)မှ ရဲဘော်တစ်ဦးက သူမကို အဓမ္မပြုကျင့်ခဲ့ပါသည်ဟု ထွက်ဆိုထားသော အမျိုးသမီးသည် ယနေ့နံနက် (၁၀:၃၀) အချိန်ခန့်က ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာနေ မသူဇာ အသက် (၃၈) နှစ်သည် သူမနှင့် ရည်ငံနေသော နတ်မော်ရှိ အမှတ် (၁၈) ခြေလျှင်တပ်ရင်းမှ ဒုတပ်ကြပ် မောင်ဌေးထံသို့ တွေ့ဆုံရန်လာရောက်စဉ် ဤကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယနေ့နံနက် ၆ နာရီအချိန်ခန့်က နတ်မော်ဒေသခံများမှ နတ်မော်စစ်တပ်ရှေ့ရှိ လမ်းဘေးတွင် သူမကို သတိလစ်မေ့မြောလျှက်တွေ့ရှိခဲ့သောကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Dec 2013 03:42 AM PST

ဂျပန်အကူအညီဖြင့် Sumitomo Corporation၊ NEC Corporation နှင့် NTT Communications Corporation တို့ ပူးတွဲ တည်ဆောက်နေသော မြန်နှုန်းမြင့် အင်တာနက်လိုင်း တည်ဆောက်မှု ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများက ထုတ်ပြန် ကြေညာသည်။ အဆိုပါ အင်တာနက် ဆက်ကြောင်းကို ဒီဇင်ဘာလ ၄ ရက်နေ့က ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံသို့ နေပြည်တော်တွင် တရားဝင် လွှဲအပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီ လလယ်အထိ နည်းပညာပိုင်း ဆိုင်ရာများကို ဆက်လက်ကူညီမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီများထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 06 Dec 2013 03:38 AM PST

ပုဂ္ဂလိ က သတင်းစာ များ အပေါ် အစိုးရက နှစ် ငါးဆယ်ကျော်ကြာ ပိတ် ပင်မှုကို ရုပ်သိမ်း ပေးလိုက်သည့် အခါ မြန်မာ သတင်းစာ ဆရာ များအဖို့ ယခု နှစ်သည် အထိမ်း အမှတ် နှစ်တစ်နှစ် ဖြစ်လာသည်။ သို့ရာတွင် တစ်ဒါဇင် မျှသော နေ့ စဉ် သတင်းစာ များကို တက်သုတ်နှင် ထုတ်ဝေပြီး ခြောက်လခန့် အကြာမှာ စစ် အစိုးရ၏ အမျက် ဒေါသနှင့် ရက် စက်မှု အောက်မှာ ကြံ့ကြံ့ ခံနေသား ကျသည့် မြန်မာ သတင်းစာ ဆရာများသည် အများသူငါ ကြုံတွေ့နေကျ ဖြစ်သော ဈေးကွက် ပြိုင်ဆိုင်မှုတွေနှင့် ရုန်းကန်နေ ကြရပေသည်။ အနှစ်နှစ် အလလက မျိုသိပ်ခဲ့ ရသည့် ခံစားချက် များကို ထုတ် ဖော်ဖွင့်ချလိုသည့် မျှော်လင့်ချက်များ ရှိနေသော် ငြားလည်း ကြော်ငြာ ရရှိမှု နည်းပါးခြင်း နှင့် အတူ Internet ရဲ့ ပခုံးချင်း ယှဉ်မှုကိုလည်း ခံစားနေကြောင်း ထုတ်ဝေသူများ က ဆိုကြ သည်။ ----

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Dec 2013 01:40 AM PST

စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်း မြို့နယ် ထမံသီ နယ်မြေ ရဲစခန်းတွင် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီခွဲက ချင်းတွင်း မြစ်ကြောင်း အတွင်း ခရီးသည်များ တင်ဆောင် လာသည့် ရေယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ၍ ရေယာဉ်များ နစ်မြုပ်ကာ လူတချို့ ပျောက်ဆုံး နေသည့်အတွက် ရေယာဉ် မောင်းနင် လာသူများကို အမှုဖွင့် အရေးယူ ထားကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။ အဆိုပါ ရေယာဉ်နှစ်စီး မျက်နှာချင်း ဆိုင် တိုက်မိသည့် နေရာမှာ ဟုမ္မလင်း မြို့နယ် မှန်ကင်း ဆိပ်ကမ်း အနီး ချင်းတွင်း မြစ်ကြောင်း အတွင်း ဖြစ်သည်ဟု စစ်ကိုင်းတိုင်း ဒေသကြီး ရေယာဉ် ကြီးကြပ်ရေး အဖွဲ့၏ မှတ်တမ်း များက ဖော်ပြထား ကြောင်း သိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Dec 2013 01:02 AM PST

ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ ပါဝင်သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ၏ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး လုပ်ငန်းအဖွဲ့က ရေးဆွဲထားသော သင်ရိုးညွှန်းတမ်း မျှော်မှန်းချက် (Vision) နှင့် မူဝါဒ မူကြမ်းတို့ကို NLD ပညာရေးကော်မတီ အပါအဝင် ပြင်ပ ပညာရှင်အချို့ထံ ပထမဆုံးအကြိမ် ဖြန့်ဝေပြီး အကြံဉာဏ် တောင်းခံ ခဲ့ကြောင်း အဆိုပါ လုပ်ငန်း အဖွဲ့ဝင်တစ်ဦးက The Voice သို့ ပြောကြားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Dec 2013 12:25 AM PST

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် အမှတ်(၅) ရပ်ကွက် ၊ ဥက္ကလာလမ်း (လေဆိပ်လမ်း) ၌ ယမန်နေ့ နံနက် ၇ နာရီ မိနစ် ၅၀ တွင် ယာဉ်တိုက်မှု တ်စခု ဖြစ်ပွားခဲ့ရာ အမျိုးသမီး သုံးဦး အခင်းဖြစ်ပွား ရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးပြီး တစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယာဉ်မောင်း ညီစိုး ၃၇ နှစ် (ဘ) ဦးအောင်ချိန် ( ခရေဖြူလမ်း (၁၀) ရပ်ကွက် ၊ ရွှေပြည်သာ နေသူ ) မောင်းနှင် လာသော ခရီးသည်တင် ( ၄၈ အထူး ယာဉ်လိုင်း ) ဇူးစီးတီးဘတ် အမျိုးအစား ( အဖြူ/ အစိမ်း ) ရောင်မှန်လုံ ( ကားကြီး ) ယာဉ်သည် ဥက္ကလာလမ်း (လေဆိပ်လမ်း) အတိုင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Dec 2013 12:20 AM PST

မှောင်ခိုတင်သွင်းမှု ရှိနေသော စက်သုံးဆီကိုသက်သေဖြင့် ဖမ်းမမိနိုင် သေး၍ ရှာဖွေတားဆီးရေးအဖွဲ့က နောက်ထပ် နည်းလမ်းတစ်မျိုးကို အသုံး ပြုနေရသည်ဟု ရန်ကုန် မှောင်ခိုတား ဆီးရေးအဖွဲ့ထံမှ သိရသည်။ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ဝင်ရောက်မစစ်ဆေးမီ ပြုလုပ်သော စက်သုံးဆီ ရှာဖွေရေး တားဆီးရေးအဖွဲ့ သည် ရန်ကုန်သီလဝါ ပင်လယ်ဝ၌ အထိုင်အဖွဲ့တစ် ခု ထားကာ နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်စစ်ဆေးနေသော် လည်း မတွေ့၍ ၄င်းနည်းလမ်း အပြင် နောက်ထပ်နည်းလမ်းကို အသုံးပြုရ ခြင်း ဖြစ်သည်ဟု စီးပွား/ ကူးသန်း ဒုတိ ယ ညွှန်ချုပ် ဦးညွန့်အောင်က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Dec 2013 12:16 AM PST

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ဆီးဂိမ်းပြိုင်ပွဲဝင် ဗီယက်နမ် အားကစားသမားများ အနေဖြင့် တည်းခိုရန် စီစဉ်ပေး ထားသည့် နေအိမ်များ၌ မျှော်လင့် မထားသော ခြင်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဗီယက်နမ် နိုင်ငံနှင့် ပတ်သက်သည့် သတင်းများ အား ဖော်ပြပေးလျက်ရှိသော http://www.talkvietnam သတင်း စာမျက်နှာ၌ ဖော်ပြထားသည်။ ပြိုင်ပွဲဝင် ဗီယက်နမ် ကစားသမားများမှာ ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည်တော်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး ကစားသမားများ တည်းခိုရန် နေရာအား သစ်တောမြေပေါ်တွင် ဆောက်လုပ် ပေးထားခြင်းဖြစ်ပြီး အနီးပတ် ၀န်းကျင်တွင်လည်း ရွှံ့ဗွက်များ၊ ရေကန်များဖြင့် ၀န်းရံလျက်ရှိကြောင်း ကစားသမားများအား ကိုးကား၍ အဆိုပါ သတင်း၌ ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 06 Dec 2013 12:03 AM PST
ကြို့ပင်ကောက်မြို့နယ် အတွင်းရှိ ရှေးဟောင်း စေတီ တစ်ဆူတွင် ရွှေသင်္ကန်း ကပ်လှူရန် ပြင်ဆင်နေစဉ် ထီးတော် အောက်ဘက်မှ နှစ်ရက်တိုင် ရေများ အလိုအလျောက် ပန်းထွက်နေသောကြောင့် အနီး ပတ်ဝန်းကျင်ရှိ ဒေသများမှ လူဦးရေ ငါးရာခန့် လာရောက်ဖူးမြော်ကာ ယင်းရေများကို ရေမန်းအဖြစ် သယ်ဆောင် နေကြကြောင်း အဆိုပါဒေသမှ ဒေသခံများကပြောသည်။ ဒီဇင်ဘာ ၄ ရက် နံနက်က ဘုရားအား ရွှေသင်္ကန်းကပ်လှူရန် ရောင်တော်ဖွင့်ရာမှ ထီးတော်အောက်ဘက်တွင် လက်မ၀က်ခန့် အပေါက်ပေါက်ကာ ရေများ ထွက်လာခြင်းဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် အထိ ရေများ ဆက်လက်ပန်းထွက်လျက်ရှိကြောင်း သတင်းရရှိသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရှေးဟောင်းစေတီ တဆူးအားတွေ့ ရစဉ်

Posted: 05 Dec 2013 11:28 PM PST

မွန်ပြည်နယ် မုတ္တမမြို့ ဇာကဒွန်း ရပ်ကွက်ရှိ ဦးစိုးတင်၏ မုန့်တီ၊ မုန့်ဖတ် လုပ်စက်ရုံတွင် စက်ရုံထွက် အညစ်အကြေးများ စွန့်ပစ်ရန် မြေကျင်းတူးရာမှ ပုဂံခေတ်နှင့် ခေတ်ပြိုင် ထင်ရှားခဲ့သည့် မာတဘန်ဂျား (မုတ္တမအိုး) နှင့် ဆဲလီဒွန်ခေါ် စဥ့်စိမ်း အကြည်ရောင် ပန်းကန်ပြားများကို ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်တွင် တူးဖော် ရရှိခဲ့ကြောင်း မုတ္တမမြို့ဟောင်းများနှင့် ရှေးဟောင်း အမွေအနှစ်များ ရှာဖွေဖော်ထုတ် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ သန်းဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Dec 2013 11:02 PM PST

ကျိုက်လတ်မြို့နယ်၊ အထက် ဆင်ကူး ကျေးရွာ အုပ်စု၊ ကျောင်းချောင်း ကျေးရွာတွင် ဦးလေးဝမ်းကွဲ မှ အသက်(၁၆)နှစ်ရှိ တူမ၀မ်းကွဲ တော်စပ်သူအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့ရာ ကာယ ကံရှင်မှ ကျေနပ်မှု မရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအား တိုင်ကြားရာ ၎င်းအုပ်ချုပ်ရေးမှူး မှ ပြစ်မှုကျူး လွန်သူအား အရေးယူခြင်း မရှိသည့်အပြင် အုပ်ချုပ်ရေးမှူး အာဏာ အလွဲသုံးစားလုပ် ခြိမ်းခြောက်၍ အလိုမတူ သူနှင့် ပေါင်းသင်းရန် အဓမ္မစေခိုင်းမှု ဖြစ်ပေါ်ခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Dec 2013 10:58 PM PST

မန္တလေး တိုင်းဒေသကြီး စဉ့်ကိုင်မြို့အ နောက်ဘက် ငါးမိုင်ခန့်အကွာ ကသဲကုန်းကျေးရွာရှိ ဆားတောင် ပဋိပတ္တိရိပ်သာဝင်းအတွင်း ထာ ဝရဗိမာန်တော်ဖြင့် အပူဇော်ခံ ထားရှိသည့် ဆားတောင်ဆရာ တော်ကြီး ဦးပညာဏိက ၏ ဥတုဇ ရုပ်ကလာပ်တော်အား ယခုရက် ပိုင်းအတွင်း လာရောက်ဖူးမြော် လေ့လာသူများ များပြားလျက်ရှိ ကြောင်း သိရသည်။  ဆရာတော်ကြီးသည် ခန္ဓာ ဝန်ချသွားသည်မှာ ခြောက်နှစ် ကျော်ရှိပြီဖြစ်သော်လည်း ဥတုဇ ရုပ်ကလာပ် တော် သည် ယနေ့အ ချိန်အထိ မပုပ်မသိုးဘဲ တည်ရှိ နေရာ အသားအရည်မှာလည်း ဝင်းအိနေဆဲဖြစ်ကာ အကြော စိမ်းများကိုပင် မြင်တွေ့ရသဖြင့် ထူးခြားမှုများ ဖြစ်ပေါ်နေသည့် ဆရာတော်ကြီးအကြောင်းကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 05 Dec 2013 10:51 PM PST

ဒေါ်အောင်ဆန်းစုကြည်သည် အာရှတော်ဝင်အထူးကုဆေးရုံ၌ ဒီဇင်ဘာ၅ ရက် တွင် ကျန်းမာရေးစစ်ဆေးမှုခံယူ ခဲ့ကြောင်း သိရသည်။ ''အခုကျန်းမာရေးစစ်ဆေး မှုလုပ်တာက ကျန်းမာရေးမကောင်းလို့ လုပ်ရတာမျိုးမဟုတ်ပါဘူး။ ပုံမှန်စစ်ဆေးတဲ့သဘောပါ။ အန်တီက အခုလက်ရှိမှာကျန်းမာရေးအလွန်ကော
င်းပါတယ်''ဟု ဒေါ် အောင်ဆန်း စုကြည် ၏ ကျန်းမာရေးအား အနီးကပ်စောင့်ရှောက် မှုပေးနေသူ ဒေါက်တာတင်မျိုးဝင်း (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အမျိုးသားကျန်းမာရေး ကွန်ရက်ဥက္ကဌက ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာသို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ Women's Forum 2013 အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့
ပါတယ်။ photo: RFA/ Thiha Tun


Posted: 05 Dec 2013 10:01 PM PST
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် ဖုန်းဘီလ်ဖြတ် မှု နှုန်းထားများသည် ယခင်လများ ကထက် ယခုလတွင် ဖုန်းငွေဖြည့်ကတ်များမှ တယ်လီဖုန်းေ ခ်ါဆိုမှု နှုန်းထားများ ပိုမို ကုန်ကျသည်ဟု ဖုန်းသုံးစွဲသူ ပြည်သူများ က ဝေဖန် လျက်ရှိသည်။ ““သမီးတို့ရဲ့ ဖုန်းဘီလ်တွေက ဒီလမှာ အရမ်းစားပြီး ဘီလ်ဖြတ် တာတွေ များများနေတယ်။ ၁ မိနစ်ကို နည်းနည်းလေး စွန်းသွားနဲ့ ၁၀၀ ဖြတ်နေတယ် ပေါ့နော်။ ပြီးတော့ အင်တာနက် လိုင်းတွေမှာလည်း ၁ မိနစ် ၂ ကျပ်လောက် ကျရမှာကို အခု ၄ ကျပ်လောက် ဖြစ်နေတယ်။ ခါတိုင်းဆို သမီးတို့ GSM တွေက ၂ ကျပ်ပဲကျတာ အခုတော့ ၄ ကျပ် ဖြစ်နေတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Dec 2013 09:54 PM PST

ဗဟန်းမြို့နယ် ကြားတောရလမ်း၌ အစ္စလာမ်(မစ်)နိုင်ငံများ ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ (OIC) အား ဆန္ဒဖော်ထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဗဟန်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်းတွင် အမှုဖွင့် အရေးယူဆောင် ရွက်ထားသော သတင်းအား မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းဂျာနယ် အပါအ၀င် ပြည်တွင်း မီဒီယာ အချို့တွင် ဖော်ပြပေးပါရန် ပြန်ကြားရေး ၀န်ကြီး ဌာန ညွှန်ကြားချက်ဖြင့် မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန (ယခင်စာပေစိစစ်ရေး) ဌာနစု ၆၊ ဦးစီးအရာ ရှိ ဒေါ်သိင်္ဂီဇင်က နိုဝင်ဘာ ၂၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ ဆက် သွယ် ပြောကြားခဲ့သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Dec 2013 09:50 PM PST

ဆီးဂိမ်းအားကစားပြိုင်ပွဲဝင် ဧည်သည်နိုင်ငံနှင့် လူမျိုးများ၏ ဘာသာနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားလိုက်နာကြရန် အပါအ၀င် ပြိုင်ပွဲကာလအတွင်း ဆောင်ရန်၊ ရှောင်ရန်များကို အစိုးရက ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာလိုက်သည်။ ပြိုင်ပွဲကာလအတွင်းတွင် လာရောက်ကြည့်ရှုသူများအနေဖြင့် မူးယစ်ဆေးဝါး၊ အရက်သေစာသောက်စားပြီး ကြည့်ရှုခြင်း၊ မပြုရန်၊ ဆဲဆိုအော်ဟစ်မှုပြုသူများကို ၀ိုင်းဝန်းထိမ်းသိမ်းပေးရန်နှင်
့ တာဝန်ရှိသူများထံ အကြောင်းကြားပေးရန်လည်း အဆိုပါကြေညာချက်တွင် တိုက်တွန်းထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 7day Daily 

Posted: 05 Dec 2013 09:46 PM PST


ပုဇွန်တောင်မြို့နယ် အမှတ် (၉) ရပ်ကွက်၊ ရေကျော် သဇင်လမ်း၊ တိုက်အမှတ် (၉) ရှိ ငါးလွှာအခန်းတွင် ဒီဇင်ဘာလ ၄ ရက် ည ၈ နာရီခွဲခန့်က အသက် ၃၅ နှစ်အရွယ် စိတ်ကျန်းမာရေး ချို့တဲ့သူက ၎င်း၏အိမ်၌ လာရောက် တည်းခိုသူ အမျိုးသားကို အသားလှီးဓားဖြင့် ဝင်ခုတ်ပြီး ထွက်ပြေးစဉ် ရပ်ကွက်နေသူများက လူသတ်မှု ဖြစ်ပွားရာ တိုက်၏ တံခါးကို ပိတ်ထားသောကြောင့် အဆိုပါဓားဖြင့် ခုတ်သူကို ဖမ်းမိခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Dec 2013 09:40 PM PST

မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာနှင့် ထန်းဇလုတ်ရေတံခွန်သွားရာလမ်းအနီ
းရှိ လယ်တဲနေ မိသားစု များမှ ကလေးငယ်များသည် အဆိပ်သင့်၍ ကလေးငယ်နှစ်ဦး သေဆုံးကာ သုံးဦးဆေးရုံတက်နေရ ကြောင်း ကျောက္ကာနယ်မြေရဲကင်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒီဇင်ဘာ ၅ ရက် တွင် မဇ္ဈိမကို ပြောသည်။ သေဆုံးသူ ကလေးနှစ်ဦးမှာ မလေပြေဦး အသက် ၆ နှစ်နှင့် မဆုဝေနှင်း အသက် ၄ နှစ်တို့ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Dec 2013 09:34 PM PST

တိုင်းရင်းသားမဟုတ်ဘဲ နိုင်ငံ သားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ အား အရေးယူမည်မဟုတ်ဘဲ တည့်မတ် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီး ကြပ်ရေးနှင့်ြ ပည်သူ့အင်အားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့် က ပြော သည်။ ”နိုင်ငံသား စိစစ်ရေးကတ်ပြား အရေးယူမယ့်ကိစ္စ မဟုတ်ပါဘူး။ စိစစ် ပြီးတော့မှ မဖြစ်လည်း တည့်ပေးလိုက် တာ မျိုးပါ။ ဖမ်းပြီး အရေးယူတဲ့ ကိစ္စက မဟုတ်ပါဘူးခင်ဗျ” ဟု ၂ဝ၁၄ ခုနှစ် လူ ဦးရေနှင့် အိမ်အကြောင်း အရာ သန်း ခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ဆိုင်ရာ ရှင်းလင်းပွဲတွင် ဒုတိယဝန်ကြီး က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Dec 2013 09:27 PM PST

အသက် ၆၈ နှစ်အရွယ် လေဖြတ်ရောဂါ ဝေဒနာရှင် အမျိုးသားတစ်ဦး အိပ်ရာပေါ်တွင် ဆေးလိပ်သောက်ရာမှ ဆေးလိပ်မီးပွား ဂွမ်းကပ်ပေါ်ကျ၍ ခန္ဓာကိုယ် တစ်ခုလုံး မီးလောင် သေဆုံးမှု တွံတေးမြို့နယ် ရွှေဆံတော် ရပ်ကွက် ၁၁ လမ်းတွင် ဒီဇင်ဘာလ ၅ ရက် နံနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။ အဆိုပါတဲတွင် လေဖြတ်ဝေဒနာ ခံစားနေရသူ အသက် ၆၈ နှစ်အရွယ် ဦးသက် (ခ) ဦးတိုးမြင့်မှာ အိပ်ရာထဲတွင် လဲနေကြောင်း၊ မီးလောင်ကျွမ်းချိန်တွင် အမျိုးသားကြီးက အော်ဟစ်ကာ အကူအညီ တောင်းခံသောကြောင့် အနီးတွင် နေထိုင်သူများက ၁၀ မိနစ် အကြာတွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း တွံတေးမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Dec 2013 09:24 PM PST

လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်ရှိ တပ်ကြပ်ကလေး မောင်တင် (တပ်မတော် မှတ်ပုံတင်အမှတ်- ၀၉၀၃၇) ၏ ဇနီးဟုဆိုကာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ ဒေါ်တင်ရီကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ (၁၈) ဖြင့် ကျောက်တံတား ရဲစခန်းက တရားစွဲဆိုထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။ အသက် ၇၂ နှစ် ရှိပြီဖြစ်သော လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် တပ်ကြပ် မောင်တင်၏ ဇနီးဖြစ်သူ ဒေါ်တင်ရီသည် နေထိုင်စရာ အိမ်ရာမရှိသဖြင့် အစိုးရထံ အကူအညီ တောင်းလိုသောကြောင့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ကာယကံရှင် ဒေါ်တင်ရီက ပြောဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Dec 2013 09:20 PM PST

ဌာနတွင်း အကျင့်ပျက်ခြစားမှုများကို ပြည်နယ်နှင့်တိုင်းဒေသကြီး သာသနာရေးမှူးများ ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွား
ရန်နှင့် အဆိုပါကိစ္စရပ်များကို သိလျက်နှင့် ထိန်ချန်ဖုံးကွယ်ပေးထားပါက ဥပဒေကြောင်းအရ အရေးယူမည်ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်က ပြောကြားသည်။ ““ဒီနေ့အခြေအနေဟာ ပွင့်လင်းမြင်သာမှုရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် အကျင့်ပျက်ခြစားမှုအပိုင်းမှာလည်း ဖုံးကွယ်ရှောင်ပုန်းနေလို့မရပါဘူး။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 05 Dec 2013 09:13 PM PST

အစိုးရတပ်နှင့် ကေအိုင်အေတို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ခလရ (၄၀၅) အပါအ၀င် အစိုးရတပ်များနှင့် ကေအိုင်အေ တပ်မဟာ (၄) လက်အောက် တပ်ရင်း(၈)တို့ ကွတ်ခိုင်မြို့နယ် နမ်လိတ်တောင်ကုန်းတွင် ဒီဇင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခန့်မှ စတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Dec 2013 09:08 PM PST

ကမ္ဘာအေးဘုရားလမ်းရှိ အင်းလျားကန်စောင်းတွင် ရေနစ်သေဆုံးသည့် လူသေအလောင်းတစ်ခုကို ဒီဇင်ဘာ ၃ ရက် ညကတွေ့ရှိခဲ့ရာတွင် ဒဏ်ရာများပါတွေ့ရှိခဲ့သဖြင့် သွေးရိုးသားရိုး သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် မရမ်းကုန်းရဲစခန်းက အမှုဖွင့် စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန် လိုက်သည်။ ယင်းနေ့ည ၁၀ နာရီက မရမ်းကုန်းမြို့နယ် (၁၀) ရပ်ကွက်ရှိ အင်းလျားကန်စောင်းတွင် လူတစ်ဦးသေ ဆုံးနေကြောင်း သတင်းအရမြို့နယ်စခန်းမှူးနှင့်
အဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Dec 2013 09:05 PM PST

ဈေးကွက်အတွင်း မိုဘိုင်းဖုန်းငွေဖြည့်ကတ်အတုမျ
ား ပေါ်ပေါက်နေ၍ ၀ယ်ယူရာတွင် သတိထားဝယ် ယူသင့်ကြောင်း ဈေးကွက်အတွင်းရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့က မဇ္ဈိမကို ပြောသည်။ ထိုသို့ဖြစ်ပေါ်ခြင်းမှာ ငွေဖြည့်ကတ်များဝယ်ယူ၍ Pin Code နံပါတ်ရိုက်ထည့်ရာတွင် ဖုန်းဘီလ်ဝင်သွားခြင်းမရှိဘဲ အသုံးပြုပြီးသားငွေဖြည့်ကတ်ဖြစ်နေခြင်းဖြစ်သည်ဟု အရောင်းဆိုင်များက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဖုန်းငွေဖြည့်ကတ်အတုများမှာ ခဲခြစ်နေရာတွင် အမှတ်အသားတစ်စုံတစ်ရာမပါရှိ၍ ဝယ်ယူသူများအနေဖြင့် သတိပြုဝယ်ယူသင့်ကြောင်း မိုဘိုင်းဖုန်းဆိုင်များက သတိပေးလိုက်သည်။ (ဓာတ်ပုံ - ဟောင်ဆာ)


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...