Saturday, December 7, 2013

မိန်းမကောင်းတို့  ရွံရှာသော ယောက်ျားများလည်း ရှိပါသည်...

Mee Nge Lay December 6, 2013 at 12:06am
 
အောက်ပါ မိန်းကလေးတို့ ကို ယောက်ျား တို့ ရှောင်ကြလေသည် တဲ့ ....မိန်းမကောင်းတို့  ရွံရှာသော ယောက်ျားများလည်း ရှိပါသည်... ထိုယောက်ျားများမှာ
(၁) အချိန်မတိကျ မလေးစားသော ယောက်ျား
(၂) တကိုယ်ကောင်းဆန်သော ယောက်ျား
(၃) တာဝန်မယူ ခေါင်းရှောင်တတ်သော ယောက်ျား

(၄) ကိုယ့်ဂုဏ်သိက္ခာကိုယ် မထိန်း၊သူတပါးအားလည်း တန်ဖိုးထားလေးစားမှု မရှိသော ယောက်ျား
(၅) အားငယ်တတ်သော ယောက်ျား
(၆) သနားညှာတာမှုမရှိသော ယောက်ျား
(၇) ကိုယ်ချင်းမစာတတ်သော ယောက်ျား
(၈) ဆုံးဖြတ်ချက်မချရဲသော ယောက်ျား
(၉) အအိပ်မက် ပျင်းရိသော ယောက်ျား
(၁၀) ဦးမဆောင်ချင် ဦးမဆောင်တတ် အမြဲ နောက်ကနေတတ်သော ယောက်ျား
(၁၁) ပွင့်လင်းရန်ဝန်လေး၍ မြုံစိစိ လုပ်နေတတ်သော ယောက်ျား
(၁၂) ဇွဲမရှိ စိတ်ဓါတ်ကျလွယ်သော ယောက်ျား
(၁၃) သူတပါးအား မှီခိုတတ်သော ယောက်ျား
(၁၄) သူတပါးမိဘကို ပေါ့ပေါ့တန်တန် စော်ကားပြောဆိုတတ်သော ယောက်ျား
(၁၅) မိန်းကလေးများ ကို လိုတာထက် ပို၍ စိတ်ဝင်စားသော ယောက်ျား
(၁၆) ဖြဲကား၍ ထိုင်တတ်၊ အိပ်တတ်သော ယောက်ျား ( စရိုက် မကောင်းကြောင်း အလိုလိုပြပြီးသားဖြစ်၍ )
(၁၇) အကြွားသန် လေလုံးကြီးသော ယောက်ျား
(၁၈) ဟီရိသြတပ္ပ အရှက်တရားမရှိသော ယောက်ျား
(၁၉) သူတပါးဆီက အချောင်ရချင်စိတ်ရှိသော ယောက်ျား
(၂၀) သောက်စားမူးယစ်နေတတ်သော ယောက်ျား  စသည်တို့ ဖြစ်ပါသည်။သတိချပ် ပြင်ဆင်နိုင်ကြပါစေ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...