Sunday, December 1, 2013

အလုပ်မြန်မြန်ရရန် နည်းလမ်း

အလုပ်မြန်မြန်ရရန် နည်းလမ်း

လိုအပ်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ၊ အထူးသဖြင့် ရန်ကုန်လို့ မြို့ ကြီးမှာ အလုပ်ရှာနေသူတို့ အခက်အခဲ အများစွာ ရှိနေပါတယ်။ ဒါကတော့ အလုပ်မြန်မြန် မရခြင်းပါ။ ဒီတော့ အလုပ်မြန်မြန်ရမယ့် နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။

1. Keep your resume updated

အလုပ်ရှာနေသူတစ်ယောက်က သူ့ CV ဟာ အမြဲ Update ဖြစ်နေ ဖို့လိုအပ် ပါတယ်။ အချို့ က အတော်လေးအလွယ်လိုက်ပါတယ်။ CV form တစ်မျိုး ထဲကိုပဲ တစ်နှစ်လုံးသုံးရလောက်အောင် အတော်လေး နမော်နမဲ့ နိုင် ပါတယ်။ CV က အမြဲ Update ဖြစ်နေရပါမယ်။ ကိုယ်လျှောက်လိုတဲ့ ကုမ္မဏီအလိုက်လဲ ပြုပြင်သင့်တာ ပြုပြင်ဖို့ လိုအပ်ပါတယ်။

2. Continue Your Education

ဒီအလုပ်တစ်ခုကနေ အခြားအလုပ်တစ်ခုကိုပြောင်းတယ်။ CV form ထဲမှာ တိုးတက်လာမှုက အလုပ်လုပ်ခဲ့တဲ့ သက်တမ်း Experience တစ်ခုတည်းဆိုရင် Higer rank တစ်ခုရဖို့ Chance နည်းသွား နိုင်ပါတယ်။ ဒီတော့ အလုပ်ရှိနေသည် ဖြစ်စေ၊ မရှိနေသည် ဖြစ်စေ မိမိရဲ့  အရည်အချင်း ကို ဘယ်အသက်အပိုင်းခြား ရောက်ရောက် ဆက်လက် မြင့် တက်ပေးနေ ရမှာ ဖြစ်ပါတယ်။ မိမိရဲ့  အရည်အချင်းကို အမြဲတမ်း မြင့်တင်နေမှ အလုပ်ကောင်း ရဖို့ သေချာ ပါလိမ့်မယ်။

3. Keep Networking

အလုပ်လုပ်နေစဉ်မှာတော့ မိတ်ဆွေအပေါင်းအသစ် ကွန်ရက်ကျယ်ပြန့်ဖို့က သိပ်အရေးမကြီးဘူး။ သို့ပေမယ့် အလုပ်အပြောင်းအလွဲ လုပ်တဲ့အခါကျ Network ရဲ့ တန်ဖိုးကို ပိုသိလာကြပါတယ်။ အချို့ ဆိုရင် အလုပ် တစ်ခု ကနေ တစ်ခုကိုပြောင်းဖို့ Network ကိုပဲ အသုံးချသွားတာပါ။ တစ်ဆင့်စကား တစ်ဆင့် ကြားတာကစလို့ ကိုယ့် မိတ်ဆွေက ဟိုဘက်အလုပ်ရှင်နဲ့ ပေးတွေ့အထိ ကျယ်ပြန့်တဲ့ ကွန်ရက်တစ်ခုကို ပိုင်ဆိုင်ထားခြင်းကလည်း အလုပ်ရှာသူတို့အတွက် အားသာချက် ဖြစ်ပါတယ်။

5. Stay Inspired

ကိုယ့်ကိုယ်ကို လှုံ့ဆော်၊ စေ့ဆော်နေဖို့ လိုအပ် ပါတယ်။ အလုပ် တစ်ခု ရှာဖို့မနက် ညမအိပ်မှီလည်း မနက်ဖန် အလုပ် ရှာရမယ် ဆိုတဲ့စိတ်၊ မနက်အိပ်ယာထတာအောင် ဒီနေ့အလုပ်ရ ရမယ်ဆိုတဲ့စိတ်၊ ပြီးတော့ အချိန်တိုင်းလည်း အလုပ် တစ်ခု ရကိုရရမယ်လို့ ကိုယ့်ကိုယ် ကို စေ့ဆော် တိုက်တွန်းနေဖို့ လိုအပ်ပါတယ်။ ဒီအတွက်လည်း ပြင်ဆင် ထားပြီးသား ဖြစ် ရပါမယ်။ ယုံကြည်ချက် ရှိရပါမယ်။ ဆန္ဒရဲ့  ဦးဆောင်မှုကြောင့် ကိုယ်လိုချင် တဲ့ ပန်းတိုင်တစ်ခုရောက်အောင် တစ်နည်းမဟုတ် တစ်နည်းတော့ တွန်းပို့ပေးပါတယ်။

အနှစ်ချုပ်

ယနေ့ခေတ်အလုပ်ရှာဖို့အတွက် မခက်တော့ပါဘူး။ အလုပ်ရှာဖို့အတွက် ဂျာနယ်၊ စာဆောင်ပေါင်းများစွာလည်း ရှိနေပါပြီ။ ဝဘ်ဆိုဒ်များစွာလည်း ရှိနေပါတယ်။ Facboook, LinkedIn တို့လို Social Media တို့ကိုလည်း အပျော်အတွက်တင် မဟုတ်တော့ပဲ အလုပ်အတွက်လည်း အကျိုးရှိရှိ အသုံးချဖို့ လိုအပ်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်းများဆီကလည်း တစ်ဆင့်မေးမြန်းလို့ အလွယ်တကူ ရှာနိုင်ပါတယ်။ ဒီတော့ လူတိုင်း အလုပ်ကို ခပ်မြန်မြန် ရှာတွေနိုင်အောင် စေတနာနဲ့ ယခုလို မျှဝေ ရေးသားတင်ပြ လိုက်ရ ပါတယ်။
.

Ref:mashable

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/book/article/38987-get-job-first

.

လိုအပ်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ၊ အထူးသဖြင့် ရန်ကုန်လို့ မြို့ ကြီးမှာ အလုပ်ရှာနေသူတို့ အခက်အခဲ အများစွာ ရှိနေပါတယ်။ ဒါကတော့ အလုပ်မြန်မြန် မရခြင်းပါ။ ဒီတော့ အလုပ်မြန်မြန်ရမယ့် နည်းလမ်းလေး ကို မျှဝေ ပေးလိုက် ရပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...