Thursday, December 5, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၁၂)

သစ်ထူးလွင်



Posted: 05 Dec 2013 06:33 AM PST
Posted: 05 Dec 2013 06:28 AM PST

ဒီဇင်ဘာလ(၅)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၄၊

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Dec 2013 06:24 AM PST

ဒီဇင်ဘာလ(၅)ရက်နေ့ ထုတ် အားကစားမြင်ကွင်း - အတွဲ ၂ အမှတ် ၄၈

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Dec 2013 06:06 AM PST

ယီမင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနမှာ အသေခံ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ အဲဒီ ပေါက်ကွဲမှုကြောင့် လူ ၂၉ ယောက် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာ ရခဲ့တယ်လို့ Sanaa မြို့တော်က အရာရှိတွေက ပြောပါတယ်။ စစ်ယူနီဖောင်း ဝတ်ထားတဲ့ အမျိုးသားတွေက ဝန်ကြီးဌာနရုံး ဂိတ်ပေါက်မှာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြပြီး မရှေးမနှောင်းမှာ ကားဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပေါက်ကွဲမှုအပြီး ထွက်ပေါ်လာတဲ့ မီးခိုးလုံးကြီး

Posted: 05 Dec 2013 05:44 AM PST

အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော လက်နက် ခဲယမ်း  အ မြောက်အများကို ဒေသခံရဲ နှင့် အာသံစစ်တပ်တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၀၂ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့သည် ဟု သိရသည်။ ကြိုတင်သတင်းရရှိချက်အရ Serchhip မြို့နယ် ရဲအဖွဲ့ နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ Champhai မှ ထွက်ခွါလာသော Pick-up ကားတစီးကို Serchhip မြို့နယ် Khawlailun ကျေးရွာနားမှာ ရှာဖွေစစ်ဆေးကာ  အဆိုပါလက်နက်များကို ကားသမား ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု Serchhip ရဲစခန်းမှူး Pu Ramhluna ကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Dec 2013 03:36 AM PST

သီရိလင်္ကာ ပြည်တွင်းစစ် ဖြစ်ပွားနေစဉ် ၂၀၀၆ ခုနှစ် အတွင်းက လူမှုအကူအညီပေးရေး လုပ်သား ၁၇ ဦးကို သီရိလင်္ကာ စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ပြင်သစ် လူမှုကူညီရေး အဖွဲ့အစည်းက စွပ်စွဲ ပြောဆိုလိုက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ပြုရန်လည်း တောင်းဆို လိုက်ကြောင်း BBC သတင်းတစ်ရပ်က ဆိုသည်။ ဆာလောင်မှု တိုက်ဖျက်ရေး ACF ဟု အမည်ပေးထားသည့် အဆိုပါ အဖွဲ့အစည်းသည် သီရိလင်္ကာ အစိုးရက စုံစမ်း စစ်ဆေးပေးမှုကို စောင့်ဆိုင်း နေခဲ့သော်လည်း ထွက်လာသည့် ရလဒ်မှာ အဓိပ္ပာယ် မရှိသဖြင့် အလားတူ နိုင်ငံတကာ စုံစမ်းမှုကို လိုအပ်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Dec 2013 03:29 AM PST

လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် သေဆုံးသူ အမျိုးသမီးက အိပ်မက်ပေးကာ ရှာဖွေခိုင်းသော ၎င်း၏ ရုပ်အလောင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီး ပျောက်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဓမ္မကျင့် လူသတ်ကာ အလောင်းဖျောက်သည်ဟု ယူဆရသူ အမျိုးသား သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ငါးဆူတောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Dec 2013 03:22 AM PST
'ကျွန်မတို့လင်မယား မစား ရရင်နေပါစေ ကလေးတွေ အတွက် နို့မှုန့်ဘူးလေး လှူပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်'' အထက်ပါ စကား ကို ညှိုးငယ်သောမျက်လုံး တုန်ယင်သော အသံနဲ့ ပြောလာသူကတော့ မွန်ပြည် နယ် ပေါင်မြို့နယ် ဝတ်ကြီးကျေးရွာ မှ မသီတာဖြစ်သည်။ သူမသည် လွန်ခဲ့သော ခုနစ်လ ခန့်က ထူးထူးခြားခြား လေးမြွှာပူး ကို မွေးဖွားခဲ့သော (တိုးတိုး၊ နှင်းနှင်း၊ ထွန်း ထွန်းနဲ့ နွေးနွေး) လေးမြွှာ ပူးမောင်နှမ တို့ ၏ မွေးသမိခင်ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လေးမြွှာပူးကလေးငယ်များကို မိဘများနှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ - မင်းညီ


Posted: 05 Dec 2013 02:48 AM PST

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အိမ်မဲမြို့နယ် သရက်ကုန်းနယ်မြေရဲစခန်းပိုင်တွ
င် လင်ယောက်ျား နှင့် ရန်ဖြစ်စိတ်ကောက်ပြီး အမျိုးသမီးတစ်ဦး အဆိပ်သောက်သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိ ရသည်။ ဖြစ်စဉ်မှာ ယခုလ ၁ ရက်က အိမ်မဲမြို့နယ် သရက်ကုန်းနယ်မြေရဲစခန်းပိုင် သပေါင်းကျေးရွာအုပ်စု ကွင်းကြီးကွင်း၌ လယ်လုပ်နေထိုင်သူ မထက်ထက်နွယ် အသက်(၁၈နှစ်)သည် နေအိမ်၌ အဆိပ်သောက် သေဆုံးကြောင်း သတင်းကြားသိရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးက သရက်ကုန်း ရဲစခန်းသို့ သတင်းပို့ တိုင်ကြားခဲ့သည်။ ထို့ကြောင့် ရဲစခန်းမှတာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ မရှိကြောင်း တွေ့ရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 Dec 2013 02:31 AM PST

အင်းစိန်မြို့နယ်ရှိ ရပ်ကွက်တစ်ခု၏ လမ်းထဲတွင် ရုတ်တရက် လူများစုပြုံ ရောက်လာသည်။ ”ဟာ .. ဖြစ်မှဖြစ်ရလေ”၊  ”ဘယ် လိုဖြစ်တာလဲ”၊ ”မြန်မြန်ဆွဲထုတ်မှ ဖြစ် မယ်”၊ ”ငယ်ငယ်လေးပဲရှိသေးတယ်”ဆို သော အာမေဋိတ်နှင့် မေးခွန်းတွေက လူ အယောက် ၂ဝ ခန့် ရှိသော နေရာမှပေါ် ထွက်လာခြင်းဖြစ်သည်။ သူလည်း ဈေးရောင်းလက်စကိုထား ခဲ့ကာ ထိုနေရာသို့ ပြေးသွားခဲ့သည်ဟု အသီးအနှံရောင်းချသည့် ဒေါ်သန်းသန်း က ပြန်ပြောင်းပြောကြားသည်။ ဘာဖြစ် တာလဲလို့ သူမေးကြည့်တော့ ကလေးတစ် ယောက်ကို ကားဘီးနဲ့ကြိတ်မိသွားလို့ဆို သည့် အသံကလူအုပ်ထဲက ပြောခြင်းဖြစ် သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Dec 2013 09:52 PM PST

စံနှုန်းသတ်မှတ်အပြီး အောက်တိုဘာလမှ စ၍ သုံးလဆက်တိုက် အရောင်းအဝယ် အေးစက်သွားသော အိမ်၊ ခြံ၊ မြေဈေးကွက်မှာ ယခုနှစ် ပွင့်လင်းရာသီ ရောက်သော်လည်း ယခင်နှစ်ကထက် ၇၀ ရာခိုင်နှုန်းခန့် အရောင်းအဝယ် ကျဆင်းနေဆဲ ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းမှ သိရသည်။ လက်ရှိ အိမ်၊ ခြံ၊ မြေဈေးကွက် တစ်ခုလုံးမှာ အရောင်းအဝယ် မရှိသလောက် နီးပါး ဖြစ်နေကြောင်း အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးနေမျိုးအောင်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Dec 2013 09:16 PM PST

လယ်/ဆည်ဝန်ကြီးဌာန၏ စိုးရိမ်မှုကြောင့် တောင်သူလယ်သမား အဖွဲ့များ ဖွဲ့စည်းခွင့်အတွက် အဟန့် အတားဖြစ်နေသည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း(ယာယီ)မှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က တယ်လီဖုန်းမှတစ်ဆင့် မဇ္ဈိမကို ပြောသည်။ ဒေါက်တာစိုးထွန်း ဦးဆောင်သည့် တောင်သူ လယ်သမား အသင်း ဖွဲ့စည်းခွင့်ကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ အတွင်း ဖွဲ့စည်းခွင့် ပြုခဲ့သော်လည်း ဖွဲ့စည်းခွင့်ရရှိပြီး နောက်တစ်နေ့တွင်ပင် ပြန်လည် ဖျက်သိမ်းခံခဲ့ရ ခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း(ယာယီ)မှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း ။ ဓါတ်ပုံ - ဒီဗွီဘီ

Posted: 04 Dec 2013 09:03 PM PST
နိုင်ငံ့ဝန်ထမ်းများအား ပြည်ပသို့ ပညာသင်စေလွှတ်ရာတွင် ပညာသင်ကြားပြီးနောက် မိခင်နိုင်ငံသို့ ပြန်လာရန် ပျက်ကွက်ပါက ပညာသင်အာမခံလျော်ကြေး ကျပ်သိန်းငါးဆယ် ပေးဆောင်ရန် ကတိခံဝန်ချက်ချုပ်ဆိုခြင်းကို ပယ်ဖျက်လိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ထုတ်ပြန်သည်။ ထိုနည်းတူ နိုင်ငံခြားပညာတော်သင် နိုင်ငံ့ဝန်ထမ်းများအား နောက်ကြောင်းရာဇ၀င်စစ်ဆေးခြင်းနှင့် ကျန်းမာရေးဆေးစစ်ချက်များလည်း ပြုလုပ်ရန်မလိုအပ်တော့ပေ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Dec 2013 08:28 PM PST
ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ခလောက်ချိုက် ကျေးရွာအုပ်စု၊ ပန်းလှိုင် မြစ်ကမ်း တစ်လျှောက်ရှိ မြေများပေါ်သို့ လူအင်အား ၂၀၀ ဝန်းကျင်က ဝင်ရောက် ခုတ်ထွင် ရှင်းလင်းကာ နေအိမ်များ ဆောက်လုပ်မှုကြောင့် မူလ မြေပိုင်ရှင်များနှင့် နှစ်ဖက် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း မြေကွက်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးသာဆိုင်က ပြောကြားသည်။ ဦးကျော်ထက်နိုင် အပါအဝင် လူခြောက် ဦးခေါင်ဆောင်သော လူ ၂၀၀ ဝန်းကျင်က ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Dec 2013 08:24 PM PST

နာမည်ကျော် အနုပညာရှင်များဖြစ်သော စိုးမြတ်သူဇာ၊ န၀ရတ်တို့၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့ သည်ဟုဆိုသော ရဲစစ်ချက်မှတ်တမ်းများဟု ယူဆရသော အချက်အလက်များကို လူမှုကွန်ရက်စာမျက် နှာ ဖေ့စ်ဘွတ်တွင် ဖော်ထုတ်ခဲ့သော Moe Zay Nyein (မိုးဇေငြိမ်း) အကောင့်ပိုင်ရှင်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ခင်မောင်သိန်းက ဒီဇင် ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိုးဇေညိမ်း ဖေ့ဘုတ်

Posted: 04 Dec 2013 07:49 PM PST

သတိလစ်နေသည့် ဇနီးသည်ကို ကားနောက်ခန်းတွင်ထားပြီး ဆေးရုံသို့ပို့ဆောင်စဉ် ကားနောက်ခန်းတံခါး ရုတ်တရက်ပွင့်၍ ပြုတ်ကျကာ အမျိုးသမီးမှာ ဦးခေါင်းဒဏ်ရာရရှိပြီး သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ယခုလ ၂ ရက် နံနက်အစောပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်း ဖြစ်ပွားကြောင်း သတင်းရရှိသည်။ ယခုလ ၁ ရက်က မြစ်ကြီးနားမြို့တွင် တာဝန်ကျသည့် အသက်(၃၉)နှစ်အရွယ် တပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ ရန်ကုန်မြို့နေ အသက်(၂၆)နှစ် အရွယ် အမျိုးသမီးတို့သည် နေပြည်တော်မှ ပြင်ဦးလွင်မြို့သို့ အဖြူရောင်ပါရာဒိုကားဖြင့် လာရောက်လည်ပတ်စဉ် ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Dec 2013 07:46 PM PST

ဗုဒ္ဓဘာသာဝင် ​မြန်မာ ​၈ ​ဦးကို ​ရိုက်သတ်ခဲ့တဲ့ ​အမှုနဲ့ ​ရိုဟင်ဂျာ ​၁၄ဦးကို ​အင်ဒိုနီးရှား ​တရားရုံးက ​ထောင်ဒဏ် ​၉ ​လစီ ​ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ​ဧပြီလက ​အင်ဒိုနီးရှားနိုင်ငံ ​ဆူမာတြာ ​ကျွန်း ​ထိန်းသိမ်းရေးစခန်းမှာ ​ထားရှိတဲ့ ​ခိုလုံခွင့်တောင်းခံသူ ​ရိုဟင်ဂျာတွေနဲ့ ​ဗုဒ္ဓဘာသာဝင် ​မြန်မာတွေကြား ​အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး ​ရိုဟင်ဂျာတွေကနေ ​ဗုဒ္ဓဘာသာဝင် ​မြန်မာလူမျိုးတွေကို ​ရိုက်သတ်ခဲ့တာဖြစ်ပါတယ်။ --

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Dec 2013 07:07 PM PST

မြန်မာစစ်တပ်ကို အကန့်အသတ်နဲ့ ဆက်ဆံရေး အိုဘားမား အစိုးရရဲ့ အစီအစဉ်တွေကို ကွန်ဂရက်လွှတ်တော်မှာ ရှိတဲ့ ရီပတ်ဘလီကန် အမတ်တွေကရော ဒီမိုကရက်အမတ်တွေကပါ ပြင်းပြင်းထန် ကန့်ကွက်လိုက်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဝင်ရောက် စွက်ဖက်မှုတွေ ရှိနေပေမယ့် မြန်မာ စစ်တပ်ကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ပေးတာမျိုး၊ ဒီမိုကရေစီ စနစ်မှာ စစ်တပ်က ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားသင့်သလဲ ဆိုတာကို ပညာပေးတာမျိုးတွေ လုပ်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေးသမားတွေ အားကောင်းလာစေလိမ့်မယ်လို့ အိုဘားမား အစိုးရ အဖွဲ့ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဗုဒ္ဒဟူးနေ့က ကွန်ဂရက်လွှတ်တော်မှာ တိုက်တွန်း ပြောသွားခဲ့ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မြန်မာ စစ်တပ်ဟာ ပြုပြင်ပြောင်းလဲရေးမှာ သိပ်လိုလိုလားလား မရှိဘူးလို့ အမေရိကန် ကွန်ဂရက် အမတ်တွေက ယူဆနေ

Posted: 04 Dec 2013 06:52 PM PST

အမေရိကန်အစိုးရက မြန်မာနိုင်ငံနဲ့ စစ်ရေးဆက်ဆံမှုတွေကို အကန့်အသတ်နဲ့ တိုးမြှင့်ခွင့်ရဖို့အတွက် အမေရိကန်လွှတ်တော်မှာ မနေ့ကတိုက်တွန်းခဲ့ပေမယ့် ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမေရိကန်လွှတ်တော်မှာ မနေ့ကကျင်းပတဲ့ မြန်မာပြည်ဆိုင်ရာ အောက်လွှတ်တော်ကြားနာပွဲမှာ သမ္မတ အိုဘားမားအစိုးရအဖွဲ့ ထိပ်တန်းအရာရှိတွေက ဒီမိုကရေစီနိုင်ငံတွေမှာ စစ်တပ်ကပါဝင်တဲ့ အခန်းကဏ္ဍနဲ့ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ပို့ချခြင်းအားဖြင့် မြန်မာအစိုးရနဲ့ အမေရိကန်အကြား ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Dec 2013 06:54 PM PST
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး အတွက် လေးပွင့် ဆိုင်တွေ့ဆုံဖို့ တောင်းဆို ခဲ့တာကို နိုင်ငံတော် သမ္မတကြီးဘက်က အချိန်အခါ မသင့်သေးဖူးလို့ ပြောဆို နေတာဟာ အဲဒီလိုတွေ့ဆုံ လိုတဲ့ ဆန္ဒမရှိလို့ သာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြား လိုက်ပါတယ်။ "တွေ့ရမယ့် အချိန်က ဒီအချိန်လေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို လွှတ်တော်အတွင်းက ကော်မတီကနေပြီးတော့ လုပ်နေတဲ့အချိန်မှာ တပြိုင်နက်ပေါ့နော်၊ ဆွေးနွေးသင့်တာတွေကို ဆွေးနွေးသွားလို့ရှိရင် ပိုပြီးတော့အဆင်ပြေမှာပေါ့၊ အဲဒီလို အဆင်ပြေချင်လို့ကို ဒီအချိန်မှာ ဆွေးနွေးဖို့ကို တောင်းဆိုတာပဲ၊ တွေ့ချင်ရင် အလွယ်လေးပါ၊ မတွေ့ချင်ရင်တော့ အကြောင်းပြချက်တွေကတော့ ပြနိုင်တာပေါ့" ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Dec 2013 02:10 PM PST

ဟဇ်ဘိုလာ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဟာဆန် လာကစ်ဟာ မနေ့ည သန်းခေါင်ယံ အချိန်တဝိုက်က လက်ဘနွန်နိုင်ငံ ဟာဒတ်သ် မြို့ရှိ သူ့အိမ်ကို အပြန်မှာ လုပ်ကြံ ခံခဲ့ရကြောင်း ဟစ်ဘိုလာ အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ သူဟာ လူသိနည်းသူ ဖြစ်ပေမယ့် ဟဇ်ဘိုလာ ခေါင်းဆောင် ဟာဆန် နာ့စ်ရာလာနဲ့ နီးစပ်သူ ဖြစ်ပြီး လက်နက်ထုတ်လုပ်ရေး အပိုင်းမှာ ကျွမ်းကျင်သူ လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

လုပ်ကြံခံရသူ ရှီးယား မွတ်ဆလင် အုပ်စုဝင် ဟဇ်ဘိုလာ ခေါင်းဆောင်

Posted: 04 Dec 2013 02:05 PM PST

မြန်မာနိုင်ငံမှာ အာဏာပိုင်တွေက တရားစီရင်မှုတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ ရှိနေတာကြောင့် ရှေ့နေတွေအနေနဲ့ ဥပဒေအကျိုးဆောင်ရာမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်မရှိသေးသလို တရားစီရင်မှုတွေမှာလည်း လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေဆဲဖြစ်တယ်လို့ မနေ့ကရက်စွဲနဲ့ ထုတ်ဝေတဲ့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင် ICJ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Dec 2013 02:03 PM PST

အခုနှစ်မေလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ မြန်မာသံရုံးကို ဗုံးဖောက်ခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့သူ ၂ ဦးကို ဒီကနေ့ ရုံးထုတ်စစ်ဆေးရာမှာ အဖမ်းခံရသူတစ်ဦးက သူဟာ ဖောက်ခွဲတိုက်ခိုက်ဖို့ ဦးဆောင်ကြံစည်ခဲ့သူဖြစ်ကြောင်း ဒီကနေ့တရားရုံးမှာ ဝန်ခံဖြောင့်ချက်ပေးလိုက်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဆီဂစ် အင်ဒရာဂျစ် Sigit Indrajid က သူဟာ မေလက ဂျာကာတာမှာရှိတဲ့ မြန်မာအစိုးရသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ လူမှုရေးစာမျက်နှာပေါ်ကနေ အစွန်းရောက် အစ္စလာမ်ဘာသာဝင်တချို့ကို ဦးဆောင်စည်းရုံးခဲ့သူဖြစ်ကြော
င်း ဂျာကာတာခရိုင် တရားရုံးမှာ အခုလိုဝန်ခံထွက်ဆိုလိုက်တာဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 04 Dec 2013 02:00 PM PST

မောပန်း နွမ်းနယ်ပုံပေါက်နေသည့် အဖွဲ့သားများက မြေပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချ လိုက်ကြသည်။ သူတို့ချထားခဲ့သည့် ပေါက်တူးကိုကိုင်ကာ ကိုတင်ထွန်းအောင်တစ်ယောက် မြေကျင်းကိုဆက်တူးရန် ပြင်ဆင်လိုက်သည်။ ဆောင်းအကုန်နွေအကူးဖြစ်သော်လည်း တောတောင်ထူထပ်သောနေရာ ဖြစ်သည့်အတွက် ရာသီဥတုက အေးစိမ့်စိမ့်ပင်ရှိနေသည်။ သို့သော်လည်း သူ့အနားက လူများရင်ထဲမှ ပူလောင်မှုကိုတော့ မျက်နှာများက သက်သေပြနေခဲ့သည်။ လပေါင်းများစွာ အတူတကွသွားလာခဲ့ရသည့် လူတစ်ဦး မကြာမီတွင် တောတွင်းတစ်နေရာ၌ ထားခဲ့ရတော့မည်ဖြစ်သည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- တင်ထွန်းအောင် ဖေ့စ်ဘွတ်ခ်


Posted: 04 Dec 2013 01:54 PM PST
နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်က တရုတ် သံရုံးရှေ့မှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်တဲ့ အနေနဲ့ တရုတ် အလံကို မီးရှို့ ဆန္ဒပြခဲ့တဲ့ မျိုးဆက်သစ် လူငယ်များအဖွဲ့(GY) က ကိုတင်ထွဋ်ပိုင်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အာမခံ မပေးဘဲ ဖမ်းဆီး လိုက်ပါတယ်။ ကိုတင်ထွဋ်ပိုင်ကို ဒီဇင်ဘာ ၃ ရက် မနေ့ညက ဒဂုံရဲစခန်းက ဖမ်းဆီးသွားပြီး ဒီမနက်မှာ ရုံးတင်စစ်ဆေးပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပါတယ်။ ဒီမနက် ရုံးထုတ်ချိန်မှာ ကိုတင်ထွဋ်ပိုင်ကို မိသားစုက တွေ့ခွင့်မရခဲ့ကြောင်း ကိုတင်ထွဋ်ပိုင်ရဲ့ မိခင် ဒေါ်ငယ် ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကြေးနီစီမံကိန်းကို ကန့်ကွက်ကြသူများ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...