ဒူ့ကိုမှ မပြောနဲ့နော်..
တစ်ခါက..
သား။။ အဖေ.. သား ဟိုကောင်မလေးကို အရမ်းကြိုက်နေတယ်..
အဖေ။။ ဟုတ်လား ဘယ်သူ့ကို ကြိုက်တာလဲ..
သား။။ ဘေးအိမ်က ကောင်မလေး ဥမ္မာ
အဖေ။။ သားကို အဖေပြောစရာရှိတယ်.. ဘယ်သူ့ကိုမှမပြောနဲ့ကွာ.. ဥမ္မာက သားနဲ့ မောင်နှမတော်တယ်... ဆေားရီးပဲသားရာ..
၃ လကြာသောအခါ
သား။။ အဖေ.. သား ဟိုကောင်မလေးကို အရမ်းကြိုက်နေတယ်..
အဖေ။။ ဟုတ်လား ဘယ်သူ့ကို ကြိုက်တာလဲ..
သား။။ ဘေးအိမ်က ကောင်မလေး ဥမ္မာ
အဖေ။။ သားကို အဖေပြောစရာရှိတယ်.. ဘယ်သူ့ကိုမှမပြောနဲ့ကွာ.. ဥမ္မာက သားနဲ့ မောင်နှမတော်တယ်... ဆေားရီးပဲသားရာ..
၃ လကြာသောအခါ
သား။။ အဖေ.. ဒီတစ်ခါ ဥမ္မာထက် ချောပြီး မိုက်တဲ့ ကောင်မလေးကို ကျနော် ချစ်နေမိပြီ..
အဖေ။။ ဟုတ်လား သား.. ဘယ်သူလေးတုန်း..
သား။။ တစ်အိမ်ကျော်က သီတာ
အဖေ။။ သားကို အဖေပြောစရာရှိတယ်.. သူလည်း သားနဲ့ မောင်နှမတော်တယ် သားရယ်.. ဘယ်သူ့ကိုမှမပြောနဲ့ကွာ
နောက်ထပ် ၆ လ ကြာသောအခါ
သား။။ လမ်းထိပ်က မိချော ကရော သားနဲ့ မောင်နမတော်တာပဲလားအဖေ..
အဖေ။။ ဆေားရီးပဲသားရယ်.. သူလည်း မင်းနဲ့ မောင်နှမတော်နေတယ်..
သားခမှာ ရှိုက်ကြီးတငင် ငိုယိုပြီး မိးဖိုခန်းထဲက သူ့အမေကို သွားတိုင်ပြောလေတော့သည်။ "မေမေ.. သား ကောင်မလေးတွေကို ကြိုက်နေတာ ၆ ယောက်လောက် ရှိပြီ.. ဒါပေမဲ့ သူတို့ကို ကြိုက်လို့မရဘူးတဲ့.. သူတို့နဲ့သားနဲ့က အဖေ အတူတူ ဖြစ်နေလို့တဲ့.. အီးဟီးဟီး" ဟု တိုင်တန်းလေသည်။
ထိုအခါမိခင်က သားကို ယခုကဲ့သို့ ဖြေသိမ့်လိုက်လေသည်။
"သားကြိုက်ချင်တဲ့ လူနဲ့ စိတ်ကြိုက် ချစ်လို့ရတယ်။ သားအဖေက သူမဟုတ်ဘူး" ..
"ဒူ့ကို်မှ မပြောနဲ့နော်.."
Credit: ရယ်စရာ ဓါတ်ပုံများ
0 comments:
Post a Comment