သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၁၂)
သစ်ထူးလွင် |
|
- မြန်မာ - ၆ ၊ မလေး - ဝ
- မြန်မာအမျိုးသမီးအသင်းက မလေးရှားကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိနေ (ပထမပိုင်း)
- ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသည့် အမျိုးသမီးများကို အိမ်တွင်းမှု သင်တန်းပေးမည်
- မြန်မာ-အမေရိကန်ပူးပေါင်းပြီး မဟာဘွဲ့လွန်သင်တန်းဖွင့်မည်
- တနိုင်းမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၈ ဦးကို ဖမ်းမိ
- မုံရွာအကျဉ်း ထောင်တွင် ရမန်ယူ ချုပ်နှောင်ထားသော အမျိုးသမီးတစ်ဦး သေဆုံး
- မြ၀တီမြို့ နာရေးကူညီမှု အသင်း အား KNLA တပ်ရင်း (၇၀၉) မှ သားကြီး နှင့် အပေါင်းအပါများက ရိုက်နှက်ခြင်း
- ဦးခေါင်းကြီးရောဂါ ခံစားနေရသည့် စစ်ဘေးဒုက္ခသည် ကလေးငယ် ခွဲစိတ်ကုသရန် အကူအညီလို
- ဒီဇင်ဘာလ(၁၉)ရက်နေ့ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၇၆၊
- ခွင့်ပြုမိန့် မရသောကြောင့် ကချင်ပြည်နယ်က ရှမ်းမျိုးနွယ်စုများ တနေရာတည်း၌ စုဝေး၍ လူထုအခမ်းအနားနဲ့ KIO,KIA အဖွဲ့ကို ဆန္ဒထုတ်ဖေါ်
-
အဖျက်အမှောင့်လုပ်ရန်အဖွဲ့သုံး
ဖွဲ့ က ကြံစည်နေဟုဆို - တရုတ်နိုင်ငံအလံ မီးရှို့ဆန္ဒပြသူတစ်ဦး ရဲစခန်းတွင် လာရောက် အဖမ်းခံ
-
ဘားအံမြို့တွင်အမိုးနီးယားဂက်စ်
ငွေ့များ လျှပ်တစ်ပြက် ပြန်နှံ့လာခြင်းကြောင့်ထွက်ပြေး ခဲ့ရ - ကျပ် ၁၀ သိန်းပမာဏအထိ မိုဘိုင်းဖုန်းအချင်းချင်းငွေ လွှဲပြောင်းပေးပို့နိုင်သည့် မိုဘိုင်းဘဏ်စနစ် စတင်အသုံးပြုနိုင်ပြီ
- ခင်ပွန်းဖြစ်သူက အလိုမတူဘဲ သားမယားပြုကျင့်ဟု လက်ထပ်ပြီးခါစ ဇနီးသည်က ရဲစခန်းတွင် အမှုဖွင့်
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၁၆)ဦး လာရာ လမ်းအတိုင်း ပြန်လည် စေလွှတ်
- ထွန်းထွန်းမင်းနှင့် တူးတူး အပါအဝင် မြန်မာ့မွေလက်ရွေးစင် ခုနစ်ဦး ဗိုလ်လုပွဲတက်
- အစိုးရမနိုင်၊ လွှတ်တော်မနိုင် တရုတ်ဆေးကုခန်း ပြဿနာ
- ထိုင်းရောက် မြန်မာလုပ်သား ၈၀ ရာခိုင်နှုန်း နေရပ်ပြန်လို
- ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်ခရီးစဉ်အတွင်း လူထုတွေ့ဆုံပွဲများ လုပ်ရန်ရှိ
- မြောက်နဲ့ တောင်ကိုးရီးယား တွေ့ဆုံ စကားပြောခဲ့ကြ
- ထိုင်း ဝန်ကြီးချုပ် ပြုတ်ကျရေး ဆန္ဒပြပွဲ ပြန်စ
- နယ်လှည့် ရွှေတွင်းလုပ်သားများအကြောင်း (ရုပ်/သံ)
- KIA ရဲ့ တပ်သား စုဆောင်းခံရသူတွေ ပြန်လွတ်လာ
- မိုးထိမိုးမိ ဆန္ဒပြသူတွေကို ရဲက ဖြိုခွင်း
Posted: 20 Dec 2013 03:32 AM PST
ဆီးဂိမ်း
အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယ နေရာလုပွဲကို ဒီနေ့ ညနေ ၄ နာရီ
မန္တလာသီရိကွင်းမှာ အိမ်ရှင် မြန်မာနဲ့ မလေးရှား အမျိုးသမီး
ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက ၆- ၀ ဂိုးနဲ့
အနိုင်ရရှိသွားပြီး ကြေးတံဆိပ် ရရှိသွားပါတယ်။
|
||
Posted: 20 Dec 2013 02:31 AM PST
ဆီးဂိမ်း
အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဒီနေ့ ညနေ ၄ နာရီ
မန္တလာသီရိကွင်းမှာ အိမ်ရှင် မြန်မာနဲ့ မလေးရှား အမျိုးသမီးဘောလုံးအသင်းတို့
ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက ပထမပိုင်းမှာ ၃-၀ ဂိုးနဲ့
အနိုင်ရရှိနေပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ပွဲချိန် ၂၄ မိနစ်မှာ ကျောနံပါတ် ၉ ရီရီဦးက ၁ ဂိုး၊ ပွဲချိန် ၃၇ မိနစ်မှာ ကျော်နံပါတ် ၁၁ ခင်မိုးဝေက ၁ ဂိုးနဲ့ ပွဲချိန် ၃၉ မိနစ်မှာ ကျောနံပါတ် ၇ သန်းသန်းထွေးက ၁ ဂိုး သွင်းယူပြီး ၃-၀ ဂိုးနဲ့ အနိုင်ရရှိနေတာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်တဲ့ မြန်မာအမျိုးသမီး ကစားသမားတွေက ဂိုး မြဖူးငုံ၊ ရီရီဦး၊ ဖြူပွင့်ခိုင်၊ ခင်မာလာထွန်း၊ ခင်သန်းဝေ၊ မိုးမိုးဝါ၊ ဇင်မာဝင်း၊ သန်းသန်းထွေး၊ နော်အယ်လိုဝါဖော၊ ခင်မိုးဝေနဲ့ စန်းစန်းမော် တို့ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး တတိယ လုပွဲကို ယှဉ်ပြိုင်ကစားရတာ ဖြစ်ပါတယ်။ မလေးရှားအသင်းကလည်း ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ ၄-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး တတိယလုပွဲကို ယှဉ်ပြိုင်ကစားရတာ ဖြစ်ပါတယ်။ By ဒီဗွီဘီ |
||
Posted: 20 Dec 2013 02:09 AM PST
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ
ထွက်ပြေးလာပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ခိုလှုံနေသည့်
ရခိုင်မျိုးနွယ်စုဝင် အမျိုးသမီးများနှင့် ဒေသခံ အမျိုးသမီးများကို
မောင်တောမြို့ အိမ်တွင်းမှု သိပ္ပံကျောင်းတွင် သင်တန်း ပေးသွားမည်
ဖြစ်ကြောင်း တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ ရခိုင် လူမှုကူညီ
စောင့်ရှောက်ရေး အသင်းထံမှ သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 20 Dec 2013 02:05 AM PST
ရန်ကုန်တက္ကသိုလ်နဲ့
အမေရိကန်ပြည်ထောင်စုက ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်တို့ဟာ နိုင်ငံတကာဆက်ဆံရေး
ဘာသာရပ် မဟာဘွဲ့လွန်သင်တန်း ဖွင့်လှစ်ဖို့ နားလည်မှုစာချွန်လွှာ
လက်မှတ်ရေးထိုးမယ့်ကိစ္စ ဒီဇင်ဘာ ၁၉ ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်နဲ့ ဂျွန်ဟော့ပ်ကင်း
တက္ကသိုလ်ရဲ့ အာရှရေးရာ ဒါရိုက်တာ ပရော်ဖက်ဆာ ဒေါက်တာ ကားလ်ဂျက်ဆန်တို့
ရန်ကုန် တက္ကသိုလ်နယ်မြေက International centre of Excellence ဌာနမှာ
နှစ်နိုင်ငံ တက္ကသိုလ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ
ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 20 Dec 2013 01:59 AM PST
ကချင်ပြည်နယ်အတွင်း
နိုင်ငံခြားသားများ သွားလာခွင့် ကန့်သတ်ထားသော တနိုင်းမြို့နယ်သို့
ခွင့်ပြုချက်မပါဘဲ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၁၈ ဦးကို
တနိုင်းမြို့နယ် ကောင်ရာကျေးရွာ စစ်ဆေးရေးဂိတ်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့်
အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၈ ရက်နေ့က
ဖမ်းဆီးမိခဲ့ကြောင်း မြစ်ကြီးနားမြို့ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းမှ
စုံစမ်းသိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 20 Dec 2013 01:53 AM PST
မူးယစ်ဆေးဝါး
မှုဖြင့် ရမန်ယူ၍ ချုပ်နှောင်ထား သော အမျိုးသမီးကြီးတစ်ဦး ဒီဇင်ဘာ ၁၉ရက်
နံနက် ၁၁ နာရီခန့်က သွေးတိုးရောဂါ ခံစား ရသဖြင့် မုံရွာပြည်သူ့ဆေးရုံကြီး
သို့ပို့ဆောင်ကုသစဉ် သေဆုံး သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယင်းနေ့က
မုံ ရွာအကျဉ်းဦးစီးဌာန အကျဉ်း ထောင်တွင် မုံရွာခရိုင်တရားရုံး ၏ အမှုအမှတ်
၁၃/၂၀၁၃ မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေတတ်သော ဥပဒေပုဒ်မ
၁၅/၁၉(က)၂၁ဖြင့် အချုပ်ရမန် ပေး၍ ချုပ်နှောင်ထားသော ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
မြ၀တီမြို့ နာရေးကူညီမှု အသင်း အား KNLA တပ်ရင်း (၇၀၉) မှ သားကြီး နှင့် အပေါင်းအပါများက ရိုက်နှက်ခြင်း
Posted: 19 Dec 2013 11:32 PM PST
မြ၀တီမြို့ စေတနာ နာရေး ကူညီမှု အသင်းမှ ဥက္ကဌ ဦးလှထွန်း အပါအ၀င် အသင်းသူ အသင်းသားများသည် ၁၆-၁၂-၂၀၁၃ ရက်နေ့ ၂၀း၀၀ခန့်က အမှတ်(၄)ရပ်ကွက်ရှိ လူနာတစ်ဦးအား တစ်ဖက်နိုင်ငံသို့ ဆေးကုသရန် သွားရောက် ကြိုဆိုရာ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ တပ်ရင်း(၇၀၉)မှ အမှန်တကယ် မငြိမ်းချမ်းသေးသော သားကြီးနှင့် အပေါင်းပါများက Toyota Hilux Surf အနက်ရောင်ယာဉ်ဖြင့်လိုက်လာပြီး နာရေး ကူညီမှု ယာဉ်မောင်းနှင့် အပေါင်းပါများအား ရိုက်နှက်ခြင်း ကားအား ရိုက်နှက်ခြင်းတို့ပြုလုပ်ကြပြီ BY THIT HTOO LWIN |
||
Posted: 19 Dec 2013 11:08 PM PST
ဗန်းမော်ခရိုင်
မိုးမောက်မြို့ရှိ ကက်သလစ် ခရစ်ယာန် အသင်းတော် စစ်ရှောင်စခန်းတွင် ခိုလှုံ
နေထိုင်လျက်ရှိသည့် အသက် ၁၁ နှစ်အရွယ် ဒုက္ခသည် ကလေးငယ်တစ်ဦးမှာ မွေးရာပါ
ဦးခေါင်းကြီး ရောဂါ ခံစားနေရသဖြင့် ခွဲစိတ်ကုသမှု ပြုလုပ်ရန်အတွက် အကူအညီ
လိုအပ်လျက် ရှိကြောင်း ကာယကံရှင်၏ မိသားစုဝင်များနှင့် စစ်ရှောင်စခန်း
တာဝန်ခံများထံမှ သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Dec 2013 11:06 PM PST
|
||
Posted: 19 Dec 2013 10:50 PM PST
ကချင်ပြည်နယ်၊
မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်၊ ၀န်းသိုကျောင်းတိုက်အတွင်း၌
ဒီဇင်ဘာလ ၂၀ ရက်၊ နံနက် ၈ နာရီအချိန်မှ စတင်ကာ မြစ်ကြီးနား၊ မိုးညှင်း၊
မိုးကောင်း၊ ဗန်းမော်၊ ဖားကန့်၊ ဟိုပင်၊ အင်းတော်ကြီး၊ ၀ိုင်မော်၊ ခက်ချို၊
မိုင်းနား၊ တာလောကြီး၊ ဇီးကျွန်း၊ နောင်ခမ်းရှမ်း စသည့်မြို့ရွာများမှ
ရှမ်းမျိုးနွယ်စု (၁၀၀၀၀) ၀န်းကျင်ခန့် စုဝေးခဲ့ကြပြီး စီတာပူရပ်ကွက်၊
KIO,KIA ငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအထောက်အကူပြုအဖွဲ့၊
ဆက်ဆံရေးရုံးရှေ့အထိ ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒဖေါ်ထုတ်ဖို့
စီစဉ်ခဲ့ကြသော်လည်း ပြည်နယ်-ရဲမှူးကြီး ဦးမြင့်လွင်မှ
ခွင့်ပြုမိန့်မပေးခဲ့သောကြောင့် ဓမ္မရက္ခိတ၀န်းသိုကျောင်းတိုက်အတွ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Dec 2013 10:41 PM PST
ပထမအဖွဲ့''နိုဝင်ဘာ
၂ဝ ရက်မှာ မူဆလင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မိုဟာမက်အလီ ခေါင်းဆောင်တဲ့
အင်အား ငါးဦးခန့် (ဖောက်ခွဲရေး ကြေးစားအဖွဲ့)က စစ်ကိုင်းတိုင်း ဒေသကြီး၊
ရှမ်းပြည်နယ် ဒေသတွေ မှာဖောက်ခွဲဖို့ ရန်ကုန်မြို့ကထွက် လာတယ်။
အဆိုပါအဖွဲ့က ထိုင်း နိုင်ငံ မဲဆောက်မြို့ တောင်ဘက် ဘန်ကောက်မြို့
သွားရာလမ်း တောင်ဘက်မှာရှိတဲ့ (ဖုန်ပုံရှန်) ဒုက္ခ သည်စခန်းကနေ
မြဝတီမြို့ကို ဖြတ်ပြီး နိုဝင်ဘာ ၂ဝရက်မှာ ရန်ကုန်မြို့ကို ရောက်ရှိတယ်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Dec 2013 09:37 PM PST
တရုတ်နိုင်ငံအလံကို
မီးရှို့ဆန္ဒထုတ်ဖော် ခဲ့သူများတွင် ပါဝင်ခဲ့ပြီး တရားစွဲဆို ခံရမှုကြောင့်
ထွက်ပြေး တိမ်းရှောင်နေသူ Genera- tion Youth အဖွဲ့မှ ဦးစည်သူသည် ဒီဇင်ဘာလ
၁၉ ရက်နေ့ ညနေပိုင်းက ဒဂုံမြို့နယ် ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း
အဆိုပါ မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်သည့် သပိတ်စခန်းကို အကြမ်းဖက်
ဖြိုခွင်းခြင်းနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၉ ရက်နေ့က ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Dec 2013 09:34 PM PST
ကရင်ပြည်နယ်၊
ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ မာန်အောင် ဈေးအတွင်း ဒီဇင်ဘာ(၁၇)ရက် နေ့
နံနက်(၈)နာရီခန့်အချိန် ဈေး သူဈေးသားများ ရောင်းဝယ်စည် ကားနေခိုက်
အမိုးနီးယားဂက်စ် ငွေ့များလျှပ်တစ်ပြက် ပြန့်လွင့် လာပြီး
ဈေးသူဈေးသားများ မျက် လုံးမခံနိုင်အောင်စပ်ခြင်း၊ အနံ့
များမခံနိုင်ဘဲခေါင်းမူးခြင်းမျ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Dec 2013 09:27 PM PST
ကျပ်
၁၀ သိန်းပမာဏအထိ မိုဘိုင်းဖုန်း အချင်းချင်း ငွေအပြန်အလှန်
လွှဲပြောင်းပေးပို့နိုင်သည့် မို ဘိုင်းဘဏ်စနစ် (Myanmar Mobile
money)စတင်အသုံး ပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယင်းမိုဘိုင်း ဘဏ်စနစ်မှာ
ဘဏ်ဖြင့်ချိတ်ဆက်ရန်မလို အပ်ဘဲ ဖုန်းမက်ဆေ့ခ်ျပေးပို့ရုံ ဖြင့်
တိုင်းနှင့်ပြည်နယ်ဒေသ အသီးသီးသို့ ငွေပေးပို့နိုင်သည့်
ဝန်ဆောင်မှုဖြစ်ပြီး ငွေသား ထုတ်ယူရာတွင်လည်း ဘဏ် တွင်ဖြစ်စေ၊
သတ်မှတ်ပေးထား သည့် ကိုယ်စား လှယ် (Agent) များတွင်ဖြစ်စေ ငွေထုတ်ယူ
နိုင်ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Dec 2013 09:17 PM PST
လက်ထပ်
ပြီးခါစဇနီးသည်က ယောက်ျားဖြစ်သူအား အလို မတူဘဲ သားမယားအဖြစ်ပြု
ကျင့်သည်ဟုဆိုကာ ကမာရွတ် မြို့နယ်တွင် တိုင်တန်းခဲ့ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းအရ သိရ သည်။ အမျိုးသမီးမှာ
ခင်ပွန်း ဖြစ်သူနှင့် ဒီဇင်ဘာ ၅ရက်တွင် လက်ထပ်ခဲ့သူဖြစ်ပြီး ဇနီးဖြစ်
သူ၏မိဘများ သဘောမတူ သည်ကို မကျေမနပ်ဖြစ်ကာ ခင်ပွန်းဖြစ်သူမှ အရက်ပုလင်း
နှင့် ရိုက်နှက်ခြင်း၊ အခန်းတံခါး သော့ ပိတ်ထားပြီး အပြင် သို့ အော် ဟစ်
အကူအညီ တောင်းခံပါက မီးဖိုချောင်မှ ဓားဖြင့်ထိုးသတ် မည်ဟု
ခြိမ်းခြောက်ခြင်းများပြု ကာ ဒီဇင်ဘာ ၈ရက်မှ ၁၄ရက် အထိ အလိုမတူဘဲ သားမယား
ပြုကျင့်ခဲ့သည့်အတွက် ဒီဇင် ဘာ ၁၈ရက်တွင် ကမာရွတ်ရဲ စခန်း၌ တိုင်ချက်
ဖွင့်ခဲ့ ကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Dec 2013 09:12 PM PST
သံတွဲမြို့နယ်တွင်
ခေတ္တ ထိန်းသိမ်း ထားရှိသော ရေမျော ကမ်းတင် ဘင်္ဂလားဒေ့ရှ်
နိုင်ငံသား(၁၆)ဦးသည် F.B FARZ- AN SHARMIN ဖြင့် မြန်မာပင်လယ်ပြင်တွင်
စက်ပျက်၍ မျှောပါရာမှ သံတွဲမြို့နယ်တွင် ခေတ္တ ထိန်းသိမ်း ထားခဲ့ခြင်း
ဖြစ်သည်။ ယင်းစက်လှေမှာ ပြုပြင်၍ မရလောက်အောင် ပျက်စီးခဲ့၍
မြို့နယ်ရဲတပ်ဖွဲ့မှူး၏ အစီအစဉ်ဖြင့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Dec 2013 09:03 PM PST
မြန်မာနိုင်ငံက
အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင်
ပါဝင်သည့် မွေ (အာဆီယံမွေ) ပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲများကို ဒီဇင်ဘာ ၁၈
ရက်နေ့ ညနေပိုင်းက ဆက်လက် ကျင်းပခဲ့ရာ ထွန်းထွန်းမင်းနှင့် တူတူးတို့
နှစ်ဦးအပါအဝင် မြန်မာ့မွေ လက်ရွေးစင် ခုနစ်ဦး ဗိုလ်လုပွဲသို့
တက်ရောက်နိုင်ခဲ့ပြီး ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Dec 2013 08:58 PM PST
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က လုပ်တဲ့ ရန်ကုန်တိုင်း လွှတ်တော်အစည်း အဝေးမှာ စမ်းချောင်း(၂)
အမတ် ဦးမျိုးမင်းအောင်က ရန်ကုန်က တရုတ် ဆေးကုခန်းတွေ၊ တရုတ်ဆေးကု ဆရာတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ပါတယ်။ သူက ခေတ်မီနည်းနဲ့ ကုတယ် ဆိုတဲ့ အဲဒီ တရုတ်ဆေးကုခန်းတွေဟာ ရန်ကုန်မှာ ဖွင့်တာများလာ တဲ့ အကြောင်း၊ လူနာတွေ ဆေးကုခန်းကို ရောက်လာတုန်း တစ်မျိုး၊ ဆေးကုနေစဉ်မှာ တစ်မျိုး ငွေကြေးအများကြီး တောင်းတဲ့အကြောင်း၊ ကုသရာမှာလည်း အဆင်မပြေလို့ ရောက်သွားကြတဲ့ လူနာတွေ စိတ်ဆင်းရဲကြတဲ့ အကြောင်း၊ စာနယ်ဇင်းတချို့က ထုတ်ဖော်ခဲ့ပေမယ့် သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူနိုင်မှု အားနည်းနေတဲ့ အကြောင်း ထောက်ပြပြီးမှ အဲဒီ တရုတ်ဆေး ဆရာဝန်တွေဟာ တတ်ကျွမ်းမှု အထောက်အထား လိုင်စင် ရှိမရှိ၊ ဆေးကုသခွင့်ပြုရာမှာ ဘယ်ဌာန က တရားဝင်ခွင့်ပြုပေးနေသလဲ ဆိုပြီး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ --- ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Dec 2013 08:10 PM PST
ထိုင်းနိုင်ငံရှိ
မြန်မာရွှေ့ပြောင်း အလုပ်သမားအများစုမှာ နေရပ်သို့ ပြန်လိုကြောင်းနှင့်
၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အလုပ်သမား ငါးသန်းကျော် လိုအပ်မှုနှင့်
ရင်ဆိုင်ရနိုင်ကြောင်း စစ်တမ်းတစ်ခုအရ သိရှိရ သည်ဟု ဒီဇင်ဘာ ၁၈ ရက်တွင်
ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှု
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 19 Dec 2013 07:56 PM PST
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၆ ရက်မှ ၁၀
ရက်အထိ ချင်း ပြည်နယ်ခရီးစဉ် သွားရောက်မည်ဟု အဖွဲ့ချုပ် ပြန်ကြားရေး
တာဝန်ခံ ဦးကြည်တိုးက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။ “ချင်းပြည်နယ်
ခရီးစဉ်အတွက် ၆ ရက်မှာ ကလေးကို အရင်သွားပြီး ကလေးမှာ ညအိပ်မယ်။ ၇ ရက်မှာ
ချင်းပြည်နယ်ကို ဆက်သွားမှာပါ”ဟု ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Dec 2013 07:57 PM PST
မြောက်ကိုးရီး
ယားနိုင်ငံက လူတွေကို အံ့သြ တုန်လှုပ် စေခဲ့တဲ့ ကွပ်မျက်သတ်ဖြတ်မှု
နောက်ပိုင်း မြောက်ကိုး ရီးယားနဲ့ တောင်ကိုးရီး ယားနိုင်ငံတို့
ပထမအကြိမ် တွေ့ဆုံ စကားပြော ခဲ့ကြပါတယ်။
ကမ္ဘာ့စက်မှု ထိပ်သီး အသင်း ၀င်နိုင်ငံက အစိုးရ ကိုယ်စား လှယ်တွေက တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီး ယားနှစ်နိုင်ငံ ပူးတွဲ စက်မှုဇုံကို သွားရောက်လည် ပတ်ခဲ့စဉ်အတွင်း တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 19 Dec 2013 04:37 PM PST
ထိုင်းဝန်ကြီးချုပ်
ရင်လတ် ရှင်နာဝပ်(Yingluck Shinawatra) ကိုဖြုတ်ချဖို့
ထပ်ပြီးကြိုးပမ်းတဲ့အနေနဲ့ အတိုက်အခံတွေဟာ ကြာသပတေးနေ့က
ဘန်ကောက်မြို့တော်တလွှားမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူက ၂၅၀၀
ဝန်းကျင်လောက်ရှိပါတယ်။ အရင်တုန်းက လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ နဲ့
ရွေးကောက်ပွဲ အသစ်ကျင်းပပေးပြီး နိုင်ငံရေးပြဿနာပြေလည်အောင် လုပ်ပေးဖို့
တောင်းဆိုကြတဲ့ လူအုပ်လောက် မများလှပါဘူး။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Dec 2013 03:20 PM PST
မွန်ပြည်နယ်နဲ
့ကရင်ပြည်နယ်က ရွှေထွက်တဲ့ဒေသတွေမှာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား
အဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက်မှာ
ဘီးလင်းချောင်းတစ်လျှောက် နယ်လှည့် ရွှေကျင်လုပ်ငန်းလုပ်ကိုင်သူ
အများအပြားရှိလာနေပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။ RFA
Burmese
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 19 Dec 2013 03:10 PM PST
ကချင်ပြည်နယ်
ဗန်းမော်ခရိုင် မန်စီမြို့နယ် နားတဝိုက်မှာ ပြီးခဲ့တဲ့သီတင်းပတ်က ကချင်
လွတ်မြောက်ရေး တပ်မတော် (KIA)က တပ်သား စုဆောင်းဖို့ ခေါ်သွားခံရတဲ့
ဒေသခံတခိျု့ ပြန်လွတ်မြောက် လာခဲ့ပါတယ်။ မန်စီမြို့နယ်နား တဝိုက်က
ရွာတွေမှာ KIAရဲ့ ဖမ်းဆီး ခေါ်ဆောင်ခံရသူ ၅၀ကျော် ရှိပြီး အဲဒီထဲက ရှမ်းနီ
လူမျိုး ၂၆ဦး ပြန်လည် လွတ်မြောက်လာခဲ့တယ် လို့ ကချင်ပြည်နယ် ဗန်းမော်ခရိုင်
အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က BBC ကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 19 Dec 2013 01:45 PM PST
ရမည်းသင်းမြို့နယ်
မိုးထိမိုးမိ တောင်ပေါ် ရွှေတွင်းလုပ်ကွက်မှာ ဆန္ဒပြခဲ့တဲ့ အသေးစား
လုပ်ငန်းရှင်တွေကို နယ်မြေခံ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့လို့ ဆန္ဒပြသူ ၉ ယောက်
ဆေးရုံတင်ထားရပါတယ်။ အစိုးရဆီက ရွှေတူးခွင့် တရားဝင် လုပ်ပိုင်ခွင့် ရထားတဲ့
အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီနဲ့ တနိုင်တပိုင် ရွှေတူး
လုပ်သားတွေကြား သဘောတူထားတဲ့ အသေးစား ရွှေတူးခွင့်ကို တစ်နှစ်ပေးခဲ့တဲ့
ရက်ဟာ ပြည့်သွားလို့ ကုမ္ပဏီဘက်က ရပ်နားခိုင်းရာကနေ အရင်းမကျေ
အလုပ်လက်မဲ့ဖြစ်သွားတဲ့ အသေးစား လုပ်ငန်းရှင်နဲ့ အလုပ်သမား ၁၀၀ ကျော်
ဆန္ဒပြမှု ဖြစ်ခဲ့ရာက နယ်မြေခံ ရဲရဲ့ ဖြိုခွင်းတာ ခံခဲ့ရတာ ဖြစ်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment