“ မိဘ ”
ကျွန်တော့်အိမ်မှာတီဗွီမရှိပေမယ့်
တစ်နှစ်နဲ့လေးလတိတိ ကျွန်တော်ကြည့်စရာ
သမီးလေးဆီမှာတီဘီတစ်လုံးရှိပါတယ် ။
တီဘီအမျိုးအစားက
အရိုးတီဘီ တဲ့ ။
မိမွေးတိုင်း
ဖမွေးတိုင်း လူစဉ်မှီအောင်
သမီးလေးတီဘီကိုပြုပြင်တပ်ဆင်ဖို့
INH-100 mg
Rifanpicin – 300 mg
PZA – 500mg
ကြက်ဥအကာကျက်သုံးလုံး
ငှက်ပျောသီးဖီးကြမ်းတစ်လုံး
ရောဂါကုထုံးဆေးနဲ့ ဓါတ်စာမြားချက်က
ကျွန်တော့်ရင်ဝကိုထုတ်ချင်းပေါက်လဲ
နောက်ကျောမှာတော့ချစ်ခြင်းမေတ္တာပန်းတွေပွင့်လို့ ။ ။
နောင်ဝင်းထွန်း
0 comments:
Post a Comment