Wednesday, December 4, 2013

တက္ကသိုလ်များတွင် ဆရာများသမဂ္ဂပေါ်ပေါက်ရန် ဆောင်ရွက်မည်ဟုဆို

    Category: မြန်မာ့ပညာရေးသတင်း 
    Tuesday, 03 December 2013 14:07 
    Written by ချိုချိုသန်း 

တက္ကသိုလ်များတွင် ဆရာများသမဂ္ဂပေါ်ပေါက်လာစေရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တက္က သိုလ်ဆရာအသိုင်းအဝိုင်းမှ သိရသည်။

ပညာရေးပြုပြင်ပြောင်းလဲရေးတွင် ဆရာများ၏ပါဝင်မှုအခန်းကဏ္ဍများနှင့် ပတ်သက်၍တက္ကသိုလ် တိုင်းတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်နိုင်မည့် အဆိုပါဆရာများ သမဂ္ဂများ၊ ပေါ် ပေါက်လာရေးနှင့် ပတ်သက်ပြီးဒီဇင်ဘာလဆန်းပိုင်းတွင် ညီလာခံတစ်ရပ် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းမှ ဥက္ကဋ္ဌဦးသန်းထိုက်အောင်က "ဒီညီလာ ခံတစ်နည်းအားဖြင့် အလုပ်ရုံဆွေးနွေးပွဲပေါ့။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ တက်ရောက်အမှာ စကားပြောပေးဖို့ ဖိတ်ကြားထားပါသေးတယ်။ ဒေါ်စုနိုင်ငံခြားခရီးစဉ်ကနေ ပြန်ရောက်လာတဲ့အခါ တခြားအစီအစဉ်တွေ မရှိသေးဘူးဆိုရင် တက်ရောက်ပေးဖို့ကို အတတ်နိုင်ဆုံး တောင်းဆိုထားပါ တယ်။ အဓိကဆွေးနွေးဖြစ်ကြမှာက ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါ တစ်ဖက်တစ်လမ်းက နေ ပါဝင်ကူညီမယ့်အဖွဲ့အစည်းတွေ တက္ကသိုလ်တိုင်းမှာ ပေါ်ပေါက်လာဖို့နဲ့ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အရေးပါမှုတွေကို စာတမ်းတွေအနေနဲ့ ဖတ်ကြားဆွေးနွေးသွားမယ်။ တက္ကသိုလ် ဥပဒေရေးဆွဲရေးနဲ့ပတ်သက်ပြီး တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းကနေ စစ်တမ်း ကောက်ယူထားတဲ့ တစ်နိုင်ငံလုံးက တက္ကသိုလ်တွေရဲ့ ဆန္ဒသဘောထား၊ နယ်ပယ်အသီးသီးက လူထုရဲ့ဆန္ဒ သဘောထားတွေကိုလဲ လေ့လာသုံးသပ်ပြီးသွားပြီ ဖြစ်တဲ့အတွက် ရာလဒ်ကိုလဲ စာတမ်း တစ်စောင်အနေနဲ့ ဖတ်ကြားဆွေးနွေးသွားပါမယ်" ဟု ပြောသည်။

အဆိုပါညီလာခံကို ဒီဇင်ဘာလဆန်းပိုင်းတွင် Asia Plaza ၌ ဆရာမများ သမဂ္ဂပေါင်းခြောက်ခု၊ EIA, UNESCO, ILO စသည့်အဖွဲ့အစည်းများ၊ တစ်နိုင်ငံလုံးရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ပါမောက္ခချုပ် ၃၀ ကျော်နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်မည်ဖြစ်ပြီး စာတမ်းပေါင်း ၁၀ ခုကျော် ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင်နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက်မှ ဒေါက်တာသိန်းလွင်ကလည်း ပညာရေးပြုပြင် ပြောင်း လဲရေးဆိုင်ရာနှင့် ပတ်သက်ပြီးစာတမ်းဖတ်ကြားနိုင်မည်ဖြစ်ပြီး အခြေခံပညာပိုင်းကိုလည်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ အင်န်ဂျီအိုအဖွဲ့အစည်းများဘက်ကလည်း ပြုပြင်ပြောင်းလဲရေးကို ပါဝင်အား ဖြည့်ကြမည့် အဖွဲ့အစည်းများပေါ်ပေါက်လာရေးနှင့် ပတ်သက်၍ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။

မန္တလေးတက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ ဒေါက်တာတင်နွဲ့ရီက "ကျွန်မတို့အနေနဲ့ကတော့ ဝင်ရောက်ဆွေးနွေးကြမှာပါ။ ခေါင်းစဉ်တစ်ခုနဲ့စာတမ်း ဖတ်ဖို့တော့မရှိပါဘူး။ အဓိကကတော့ တက္က သိုလ်တွေကို လွတ်လပ်ခွင့်ပေးမယ်ဆိုရင် အမှန်တကယ်စစ်မှန်တဲ့ လွတ်လပ်ခွင့်မျိုးပေးဖို့ လိုအပ်တယ် ဆိုတာကိုပါဝင်ဆွေးနွေးသွားမှာပါ" ဟုပြောသည်။

လက်ရှိတွင် ပညာရေးဝန်ကြီး ဌာနလက်အောက်တွင် တက္ကသိုလ်/ကောလိပ်ပေါင်း ၁၆၈ ခုဖွင့်လှစ် ထားကြောင်း သိရသည်။

The Yangon Times Daily

အတွဲ(၁)၊ အမှတ်(၁၇၇)၊ ဒီဇင်ဘာ ၂၊ ၂၀၁၃

Tuesday, 03 December 2013 14:07
Written by ချိုချိုသန်း

တက္ကသိုလ်များတွင် ဆရာများသမဂ္ဂပေါ်ပေါက်လာစေရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တက္က သိုလ်ဆရာအသိုင်းအဝိုင်းမှ သိရသည်။ ပညာရေးပြုပြင်ပြောင်းလဲရေးတွင် ဆရာများ၏ပါဝင်မှုအခန်း ကဏ္ဍများနှင့် ပတ်သက်၍တက္ကသိုလ် တိုင်းတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ဆောင်နိုင်မည့် အဆိုပါဆရာများ သမဂ္ဂများ၊ ပေါ် ပေါက်လာရေးနှင့် ပတ်သက်ပြီးဒီဇင်ဘာလဆန်းပိုင်းတွင် ညီလာခံ တစ်ရပ် ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းမှ ဥက္ကဋ္ဌဦးသန်းထိုက်အောင်က "ဒီညီလာ ခံတစ်နည်းအားဖြင့် အလုပ်ရုံဆွေးနွေးပွဲပေါ့။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ တက်ရောက်အမှာ စကားပြောပေးဖို့ ဖိတ်ကြားထားပါသေးတယ်။ ဒေါ်စုနိုင်ငံခြားခရီးစဉ်ကနေ ပြန်ရောက်လာတဲ့အခါ တခြားအစီအစဉ်တွေ မရှိသေးဘူးဆိုရင် တက်ရောက်ပေးဖို့ကို အတတ်နိုင်ဆုံး တောင်းဆိုထားပါ တယ်။ အဓိကဆွေးနွေးဖြစ်ကြမှာက ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါ တစ်ဖက်တစ်လမ်းက နေ ပါဝင်ကူညီမယ့်အဖွဲ့အစည်းတွေ တက္ကသိုလ်တိုင်းမှာ ပေါ်ပေါက်လာဖို့နဲ့ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး အရေးပါမှုတွေကို စာတမ်းတွေအနေနဲ့ ဖတ်ကြားဆွေးနွေးသွားမယ်။ တက္ကသိုလ် ဥပဒေရေးဆွဲရေးနဲ့ပတ်သက်ပြီး တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းကနေ စစ်တမ်း ကောက်ယူထားတဲ့ တစ်နိုင်ငံလုံးက တက္ကသိုလ်တွေရဲ့ ဆန္ဒသဘောထား၊ နယ်ပယ်အသီးသီးက လူထုရဲ့ဆန္ဒ သဘောထားတွေကိုလဲ လေ့လာသုံးသပ်ပြီးသွားပြီ ဖြစ်တဲ့အတွက် ရာလဒ်ကိုလဲ စာတမ်း တစ်စောင်အနေနဲ့ ဖတ်ကြားဆွေးနွေးသွားပါမယ်" ဟု ပြောသည်။

အဆိုပါညီလာခံကို ဒီဇင်ဘာလဆန်းပိုင်းတွင် Asia Plaza ၌ ဆရာမများ သမဂ္ဂပေါင်းခြောက်ခု၊ EIA, UNESCO, ILO စသည့်အဖွဲ့အစည်းများ၊ တစ်နိုင်ငံလုံးရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များမှ ပါမောက္ခချုပ် ၃၀ ကျော်နှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်မည်ဖြစ်ပြီး စာတမ်းပေါင်း ၁၀ ခုကျော် ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင်နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက်မှ ဒေါက်တာသိန်းလွင်ကလည်း ပညာရေးပြုပြင် ပြောင်း လဲရေးဆိုင်ရာနှင့် ပတ်သက်ပြီးစာတမ်းဖတ်ကြားနိုင်မည်ဖြစ်ပြီး အခြေခံပညာပိုင်းကိုလည်း ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ အင်န်ဂျီအိုအဖွဲ့အစည်းများဘက်ကလည်း ပြုပြင်ပြောင်းလဲရေးကို ပါဝင်အား ဖြည့်ကြမည့် အဖွဲ့အစည်းများပေါ်ပေါက်လာရေးနှင့် ပတ်သက်၍ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။

မန္တလေးတက္ကသိုလ် ဆရာ၊ ဆရာမများအသင်းမှ ဒေါက်တာတင်နွဲ့ရီက "ကျွန်မတို့အနေနဲ့ကတော့ ဝင်ရောက်ဆွေးနွေးကြမှာပါ။ ခေါင်းစဉ်တစ်ခုနဲ့စာတမ်း ဖတ်ဖို့တော့မရှိပါဘူး။ အဓိကကတော့ တက္က သိုလ်တွေကို လွတ်လပ်ခွင့်ပေးမယ်ဆိုရင် အမှန်တကယ်စစ်မှန်တဲ့ လွတ်လပ်ခွင့်မျိုးပေးဖို့ လိုအပ်တယ် ဆိုတာကိုပါဝင်ဆွေးနွေးသွားမှာပါ" ဟုပြောသည်။

လက်ရှိတွင် ပညာရေးဝန်ကြီး ဌာနလက်အောက်တွင် တက္ကသိုလ်/ကောလိပ်ပေါင်း ၁၆၈ ခုဖွင့်လှစ် ထားကြောင်း သိရသည်။

The Yangon Times Daily

အတွဲ(၁)၊ အမှတ်(၁၇၇)၊ ဒီဇင်ဘာ ၂၊ ၂၀၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...