“ ထိပ်တိုက်ဘယ်ခါတွေ့သနည်း “
The Voice Weekly Myanmar
။။……သည်စကားများသည် လက်ရှိမြန်မာ့နိုင်ငံရေး အနေအထားများနှင့် စပ်လျဉ်းသည့်သမ္မတအစိုးရ၏ သဘောထားနှင့်ရပ်တည်ချက်များကို တစ်စွန်းတစ်စ ဖော်ပြလျှက်ရှိသည်။
တစ်စွန်းတစ်စဟုဆိုရသည်က သည်စကားတွေအားလုံးမြန်မာလို ပြောသွားတာဖြစ်သော်လည်း ခက်ဆစ် အဓိပ္ပာယ်ဖွင့်သလို၊ အဲ သည်စကားလုံးက ဘာကိုဆိုလိုတာလဲဟု မေးမြန်းစရာတွေ အများကြီး ပါနေသောကြောင့်ဖြစ်သည်။
ဥပမာ။ ။” လက်တွေ့နိုင်ငံရေးအခြေအနေ ကိုထင်ဟပ်စေတဲ့ စဉ်းစားတွေးခေါ်မှု “ဆိုတာ ဘာကိုဆိုလိုသနည်း။ ဘယ်လိုစဉ်းစားလျှင် လက်တွေ့နှင့်ကိုက်ညီ၍ ဘယ်စဉ်းစားမှုတွေက လက်တွေ့နှင့် မကိုက်ညီဟု ဆိုချင်သနည်း။
သည်လိုပဲ၊ “ ဒီမိုကရေစီ အရေးကိုနှောင့်နှေး စေသောအစွန်း “ နှင့်“ မြန်လွန်းသည့်အတွက်အလှမ်းကျ ယ် အလယ်လပ်သည့်အစွန်း “ ဆိုတာ ဘာတွေကို ဆိုလိုသနည်း။ အမြန်အနှေးကိုဘာနှင့်တိုင်း တာ၍၊ဘယ်သူတွေလုပ်လျှင် အစွန်းရောက်သည်ဟု ဆိုမည်နည်း။ အဲသည်နောက်၊
“ ၂၀၁၅ အထွေအထွေရွေးကောက်ပွဲများ အပြီး ပိုမိုပီပြင်လာရမည့် အသွင်ကူးပြောင်းရေးလုပ်ငန်း များ “ဆိုတာကကော ဘာကိုဆိုလိုသလဲ။ ၂၀၁၅ မတိုင်မီအထိ သည်အတိုင်းသွား၊ပြီးတဲ့အခါကျမှ အသွင်ကူး
ပြောင်းရေး ပိုပီပြင်အောင် စတင်လုပ်ဆောင်မှာလား၊ အဲသည်အခါမှာကော ဘယ်သူတွေဆက်လုပ်မည်ဟုမြင်ယောင်ထားသလဲ….။စသည်ဖြင့် တွေးတောစရာတွေရှိနေသည်။
တကယ်ဆိုတော့၊ပွင့်လင်းလွတ်လ ပ်သော လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးကို တိုက်တွန်းနှိုးဆော်သောသမ္မတအ နေနှင့်အများပြည်သူနှင့်စကားပြောသည့်အခါ၊ယခုထက် ပို၍ ရှင်းလင်းတိကျစွာပြောဆိုဖို့ ကောင်းပါသည်။
အထက်ကမိန့်ခွန်းများထဲမှာ တွေ့လိုက်ရသည့် စကားများအနက် အစိုးရ၏ သဘောထားကိုလှစ်ဟပြရာရောက်သည့် အသုံးအနှုန်းတစ်ခုက “ ထိပ်တိုက်ရင်ဆိုင်ရေးနည်းလမ်းများကိုရှောင်ရှားပြီး …” ဟူသောစကားဖြစ်သည်။
ဤသည်က ယခင်ရှိခဲ့သည့် သဘောထားဟောင်း ရပ်တည်ချက်ဟောင်း ကိုပြောင်းလဲနိုင်ခြင်း မရှိသေးကြောင်း ဖော်ပြရာ ရောက်သည့် အသုံးအနှုန်းတစ်ခုဖြစ်သည်။
။။…………သည်အချိန်မျိုးမှာ ထိပ်တိုက်ရင်ဆိုင်ရေး မလုပ်ဖို့ပြောဆိုခြင်းက စဉ်းစားစရာဖြစ်နေသည်။
ဘာကိုဆိုလိုချင်သလဲ။ဘာမလုပ် ဖို့ သတိပေးနေခြင်းလဲ။
အခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာလက်တွေ့ကိုစဉ်းစားပါလို့ ပြောခဲ့တာလည်းရှိသည်။
ဘယ်ဟာသည်လက်တွေ့လဲ၊ဘယ်အတိုင်းအတာအထိသည် ပြင်ဆင်ဖို့စဉ်းစားနိုင်သည့်  လက်တွေ့လဲ၊ဘယ်အတိုင်းအတာထက် ကျော်ပြီး ပြင်ဆင်ဖို့ပြောလျှင် လက်တွေ့မကျဘူးလဲ။
အဲဒါမျိုးကို ထိပ်တိုက် ရင်ဆိုင်ရေးလုပ်သည်ဟု ဆိုမည်လား။
။။…………..မျက်နှာချင်းဆိုင် လာနေသူနှစ်ဦး မတိုက်မိ လိုလျှင် သူကတစ်ဖက်သို့နည်းနည်းရှောင်၍ ကိုယ်ကလည်း အခြားတစ်ဖက်သို့ နည်းနည်းတိမ်းပေးဖို့လိုပါသ ည်။သို့မဟုတ်ဘဲငါကသည်လမ်းအတိုင်းတည့်တည့်လာနေသည်၊ မင်းက မရှောင်ရင် အဲဒါထိပ်တိုက် ရင်ဆိုင်တာပဲဟုပြောလျှင်ကား မျှတလိမ့်မည် ဟု မထင်ပါ။
ဖေမြင့် (အတ္တနောမတိများ )
ပြည်သူ့ခေတ်ဂျာနယ် (၂.၁၂.၂၀၁၃)
တစ်စွန်းတစ်စဟုဆိုရသည်က သည်စကားတွေအားလုံးမြန်မာလို
ဥပမာ။ ။” လက်တွေ့နိုင်ငံရေးအခြေအနေ ကိုထင်ဟပ်စေတဲ့ စဉ်းစားတွေးခေါ်မှု “ဆိုတာ ဘာကိုဆိုလိုသနည်း။ ဘယ်လိုစဉ်းစားလျှင် လက်တွေ့နှင့်ကိုက်ညီ၍ ဘယ်စဉ်းစားမှုတွေက လက်တွေ့နှင့် မကိုက်ညီဟု ဆိုချင်သနည်း။
သည်လိုပဲ၊ “ ဒီမိုကရေစီ အရေးကိုနှောင့်နှေး စေသောအစွန်း “ နှင့်“ မြန်လွန်းသည့်အတွက်အလှမ်းကျ
“ ၂၀၁၅ အထွေအထွေရွေးကောက်ပွဲများ အပြီး ပိုမိုပီပြင်လာရမည့် အသွင်ကူးပြောင်းရေးလုပ်ငန်း
ပြောင်းရေး ပိုပီပြင်အောင် စတင်လုပ်ဆောင်မှာလား၊ အဲသည်အခါမှာကော ဘယ်သူတွေဆက်လုပ်မည်ဟုမြင်ယေ
တကယ်ဆိုတော့၊ပွင့်လင်းလွတ်လ
အထက်ကမိန့်ခွန်းများထဲမှာ တွေ့လိုက်ရသည့် စကားများအနက် အစိုးရ၏ သဘောထားကိုလှစ်ဟပြရာရောက်သည
ဤသည်က ယခင်ရှိခဲ့သည့် သဘောထားဟောင်း ရပ်တည်ချက်ဟောင်း ကိုပြောင်းလဲနိုင်ခြင်း မရှိသေးကြောင်း ဖော်ပြရာ ရောက်သည့် အသုံးအနှုန်းတစ်ခုဖြစ်သည်။
။။…………သည်အချိန်မျိုးမှာ ထိပ်တိုက်ရင်ဆိုင်ရေး မလုပ်ဖို့ပြောဆိုခြင်းက စဉ်းစားစရာဖြစ်နေသည်။
ဘာကိုဆိုလိုချင်သလဲ။ဘာမလုပ်
အခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှ
ဘယ်ဟာသည်လက်တွေ့လဲ၊ဘယ်အတိုင
အဲဒါမျိုးကို ထိပ်တိုက် ရင်ဆိုင်ရေးလုပ်သည်ဟု ဆိုမည်လား။
။။…………..မျက်နှာချင်းဆိုင် လာနေသူနှစ်ဦး မတိုက်မိ လိုလျှင် သူကတစ်ဖက်သို့နည်းနည်းရှောင
ဖေမြင့် (အတ္တနောမတိများ )
ပြည်သူ့ခေတ်ဂျာနယ် (၂.၁၂.၂၀၁၃)
0 comments:
Post a Comment