Sunday, December 1, 2013

ဟာသ အတိုအထွာများ ....

*** အိုဘယ့် မိန်းမ ***
===============
ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊
ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊
နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊
ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊
မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊
ချွေတာစုဆောင်းတတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊
ခေတ်မှီတာကျတော့ စိတ်မချရ၊
စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။

ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ

အိုဘယ့် ယောက်ျား
===========
အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊
ရုပ်ချောရင် ငွေမရှာတတ်ဘူး၊
ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊
အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊
အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊ အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊ အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေတစ်ယောက်လိုနေမယ်။

ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ

ဒါကြောင့်..
======
ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး
ဖြစ်လာနိုင်တယ်။
ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ
ဖြစ်လာနိုင်တယ်။
ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။
ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်...တဲ့..။

ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ ဟာသ

ပြီးတော့....
=======
မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။ ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။ အောင်မြင်တဲ့ယောက်ျား ဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက်ပိုရှာနိုင်တဲ့လူကိုခေါ်တာ။ အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူ ကို ခေါ်တာ တဲ့။

Credit > ဟိုးဟိုး ဟားဟား ဟီးဟီး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...