Sunday, December 1, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁-၁၂)

သစ်ထူးလွင်



Posted: 30 Nov 2013 07:34 PM PST

သပိတ်ကျင်း နိုဝင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် စမ္ပာယ်ရဂိုရ်ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ပူဇော် ကိုးကွယ် ထားသော ရှေးဟောင်း ဘုရားဆင်းတုတော်များ ပျောက်ဆုံးကြောင်းသိရသည်။

အဆိုပါ ဆင်းတိုတော်များကို စမ္ပာယ်ရဂိုရ်ကျေးရွာ ရွာဦးဘုန်းကြီး ကျောင်းအတွင်း ထားရှိရာမှ ဥာဏ်တော် ၂၀ လက်မ၊ ပဉ္စလာဟာဆင်းတု တော်တစ်ဆူ၊ ၁၈ လက်မရှိ ကျွန်းသား ဆင်းတုတော်တစ်ဆူ၊ ၁၀ လက်မရှိ ကြေးဆင်းတုတော်တစ်ဆူ စုစုပေါင်း သုံးဆူကို နိုဝင်ဘာ ၂၈ ရက်က ပျောက်ဆုံးသွားကြောင်း၊ ဆင်းတု တော်များမှာ နိုဝင်ဘာ ၁၁ ရက်က မြေငလျင်လှုပ်ခဲ့ခြင်းကြောင့် ပြိုကျခဲ့ပြီး ဘုရားစေတီ အတွင်းမှ ရရှိခဲ့သော ဌာပနာများ ဖြစ်ပြီး ရှေးဟောင်းသုတေသန အဖွဲ့ငယ် လေ့လာတွေ့ရှိမှု မှတ်တမ်းများအရ ရှေးဟောင်း ဘုရား ဆင်းတုတော်များ ဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar
Posted: 30 Nov 2013 07:22 PM PST

ထိုင်းနိုင်ငံ မှာ အတိုက်အခံတွေက ဆော်သြထားတဲ့ ဒီကနေ့ ကျင်းပမယ့် လူထုအုံကြွမှု မတိုင်ခင် ဘန်ကောက်မြို့က အဓိက နေရာတွေကို ကာကွယ် စောင့်ရှောက် နေရတဲ့ ရဲတွေကို လာရောက် အကူအညီပေးဖို့ စစ်သားတွေကို ပန်ကြားထားပါတယ်။ ၀န်ကြီးချုပ် ယဉ်လပ် ရှင်နာဝပ် ရာထူးက ဆင်းပေးအောင် ကြိုးပမ်းချက် တရပ် အနေနဲ့ ဒီနေ့ တနင်္ဂနွေနေ့မှာ အစိုးရ ဌာနချုပ်တွေ အပါအ၀င် ရုံးအဆောက်အဦတွေမှာ အင်နဲ့အားနဲ့ ၀င်ရောက် နေရာယူဖို့ ပြင်ဆင် နေတယ်လို့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အစိုးရ ထောက်ခံသူတွေပါတဲ့ ဘတ်စကား ပြုတင်းပေါက် တွေကို အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေက တိုက်ခိုက်

Posted: 30 Nov 2013 07:17 PM PST
ရန်ကုန် ကားဈေးကွက် အတွင်း မော်တော်ယာဉ် အရောင်းအဝယ်များ အေးစက်လျက် ရှိသည့်အပြင် ဈေးနှုန်းများပါ ဆက်တိုက် ကျဆင်း လျက် ရှိကြောင်း မော်တော်ယာဉ် အကျိုးဆောင်များ ထံမှ သိရသည်။ မော်တော်ယာဉ် ဝယ်ယူလိုသူများ အနေဖြင့် လက်ငင်းငွေချေ စနစ်ဖြင့် ပြင်ပကား ဈေးကွက်နှင့် ကားအရောင်း ပြခန်းများတွင် ဝယ်ယူခြင်း မရှိတော့ဘဲ အရစ်ကျ စနစ်ဖြင့် ရောင်းချသော နေရာများတွင်သာ ဝယ်ယူလျက် ရှိကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 30 Nov 2013 05:50 PM PST

ဒီနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာ ၃၁ စောင်ထုတ် ဝေခွင့်ပြုခဲ့ရာမှာ ဒီကနေ့ထိ ထုတ်ဝေခြင်းမပြုနိုင်တဲ့ သတင်းစာ ၁၅ စောင်ကို လာမဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ဝေကြဖို့ အကြောင်းကြားမှာဖြစ်ပြီး မထုတ်ဝေရင် လိုင်စင်ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။ ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန မဏိရတနာ ကျောက်စိမ်းခန်းမမှာကျင်းပတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲနဲ့ ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထောက်တွေနဲ့တွေ့ဆုံတဲ့ သတင်းစာရှင်းလင်းပွဲမှာ မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဦးစီးဌာန ညွှန်ကြားရေမှူး ဦးအောင်ကျော်ဦးက ထည့်သွင်းပြောကြားတာဖြစ်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 30 Nov 2013 05:39 PM PST

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် ကန့်ကွက်ဆန္ဒပြခဲ့တာတစ်ခုနဲ့ ဆက်စပ်ပြီး ပြည်ထဲရေး ၀န်ကြီးဌာနက အရေးယူဖို့လုပ်နေပါတယ်။ ဆန္ဒပြသူတွေက ခွင့်ပြုချက်မယူထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ပြီး အဲဒီဆိုင်းဘုတ်ဟာ ဘာသာရေးယုံကြည်မှုကို စော်ကားရာရောက်တဲ့ ဆိုင်းဘုတ်ဖြစ်တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို အရေးယူဖို့ လုပ်သလို ပြဿနာတွေရဲ့ တကယ့် အခြေခံအကြောင်းရင်းတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းဖို့ တိုက်တွန်းတာမျိုးရှိပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်သွယ်စုံစမ်း တင်ပြပေးထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

OIC အဖွဲ့အား ဆန့်ကျင်ကန့်ကွက်နေကြသော ဗုဒ္ဓဘာသာ သံဃာတော်များ။ (အောက်တိုဘာ ၁၅၊ ၂၀၁၃)

Posted: 30 Nov 2013 05:34 PM PST
သြစတြေးလျနိုင်ငံကိုရောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး မရှိမဖြစ် အရေးတကြီးလိုအပ်နေတယ်လို့ မီးမောင်းထိုး ပြောဆိုသွားခဲ့ပါတယ်။သူမရဲ့ခရီးစဉ် လေးရက်မြောက်နေ့မှာ Monash တက္ကသိုလ်က ပေးအပ်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ နောက်တစ်ခုကို လက်ခံရယူချိန် အခုလို ပြောဆိုလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြစတြေးလျခရီးစဉ်နောက်ဆုံးရသတင်းတွေကို မဆုမွန်က တင်ပြပေးထားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဒေါ်အောင်ဆန်းစုကြည်၊ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Monash တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားစဉ်။ နိုဝင်ဘာ ၃၀၊ ၂၀၁၃။
သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ Monash တက္ကသိုလ်မှာ ဥပဒေဂုဏ်ထူးဆောင်ဘွဲ့ ယူစဉ်။

Posted: 30 Nov 2013 05:22 PM PST

ဒီဇင်ဘာလ (၁)ရက်နေ့ ထုတ်  မြန်မာ့အလင်းနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Nov 2013 05:14 PM PST

ဒီဇင်ဘာလ (၁)ရက်နေ့ ထုတ်  ကြေးမုံနေ့ စဉ် သတင်းစာ

သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Nov 2013 10:12 AM PST

ထက်အောင်ကျော်

စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ မီဒီယာ လွတ်လပ်ခွင့် အတော်တိုးတက်နေပြီလို့ထင်ရပေမဲ့ Self Censorship (အစိုးရက ဆင်ဆာမဖြတ်ပေမဲ့ ကိုယ့်အသိနဲ့ကိုယ်ဆင်ဆာဖြတ်နေရ) ရှိနေဆဲဖြစ်ပြီး Investigative Journalism (စုံစမ်းထောက်လှမ်း ဖေါ်ထုတ်ရတဲ့ သတင်းပညာ) ဖက်မှာ လုံးဝမလုပ်နိုင် သေးဘူးလို့ နော်ဝေးနိုင်ငံရောက် မြန်မာသတင်း စာဆရာတွေကပြောပါတယ်။

အော်စလိုမြို့မှာ ၂၁ နှစ်တာ အခြေစိုက်ပြီး ''လူ့အခွင့်ရေးနဲ့ဒီမိုကရေစီ ရအောင်တိုက်မယ် ဒီဗွီဘီ'' ဆိုတဲ့ ကြွေးကြော်သံအဖွင့်သီးချင်းနဲ့ အသံလွှင့်ခဲ့တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ ရုံးပိတ်ပွဲအခန်းနားဆီ တက် လာတဲ့ ဆရာဖေမြင့်၊ ဆရာကျော်မင်းဆွေနဲ့ ဆရာမြင့်ကျော်တို့က အခုလိုပြောသွားတာပါ။ နိုဝင်ဘာလ ၂၂ ရက်နေ့ ကပြုလုပ်တဲ့ နော်ဝေးမီဒီယာနဲ့တွေ့ဆုံပွဲအတွ
င်း ''မီဒီယာလွတ်လပ်ခွင့်ရပြီဆိုတော့ ရေးချင် တာအားလုံး ရေးလို့ရပြီးလား'' လို့ နော်ဝေးသတင်းထောက်တဦးရဲ့အမေးကို သူတို့ကအခုလိုဖြေသွား တာ ဖြစ်ပါတယ်။

တလောကဖြစ်ပွါးခဲ့တဲ့ ဘာသာရေး၊ လူမှုရေးမငြိမ်သက်မှုတွေ၊ နိုင်ငံခြားကုပ္ပဏီကြီးတွေရဲ့ရင်
းနှီးမြှုပ်နှံမှု တွေ၊ စစ်တပ်၊ အစိုးရ၊ အာဏာပိုင်တွေနဲ့ဆက်စပ်နေတဲ့ကိစ္စတွေမှာ self censorship လုပ်ပြီးရေးနေရ ဆဲ၊ Investigative Journalism ဖက်ကို လုံးဝမလှည့်နိုင်သေးဘူးလို့ သူတို့ကပြောပါတယ်။ ''သတင်း ဖြစ်စဉ်ကိုရေးလို့ရပေမဲ့ နောက်ကွယ်ကအချက်လက်တွေ၊ Background အခြေနေတွေကို အသေးစိပ် ဖေါ်ထုတ်ရေးသားဖို့ခက်နေဆဲ'' လို့ ဆရာကျော်မင်းဆွေကပြောပါတယ်။

ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပါဝင် စစ်တပ်တွင်းကအကြောင်း ရေးခွင့်ရပြီလား ဆိုတဲ့ အမေးကိုတော့ ''သူ့ အကြောင်းမပြောနဲ့၊ သူမြေးအကြောင်းတောင် လွပ်လပ်စွာ ရေးခွင့်မရသေးဘူး'' လို့ တလောက ဖြစ်ပွါး ခဲ့တဲ့ သူရိယအလင်းဂျာနယ်ကိစ္စကို ဥပမာပေးပြီး ဆရာဖေမြင့်က ရှင်းပြပါတယ်။ ''သူ ကိုယ်တိုင် မီဒီ ယာကို တခါမှအင်တာဗျုးမပေးတော့ သူ့အကြောင်းရေးဖို့က ခက်နေဆဲပါ'' လို့လဲ ဆိုပါတယ်။ နောက် တခါ Investigative Journalism ကို မြန်မာ့မီဒီယာလောကမှာ သုံးလေ့သုံးထ သိပ်မရှိသေးဘူးလို့လဲ ဆရာ ၃ ဦးကပြောပါတယ်။

''အဲဒါမျိုးလုပ်ဖို့မပြောနဲ့ဦး
။ လက်ပံတောင်းဆန္ဒပြပွဲ သတင်းဓာတ်ပုံရိုက်တာကိုတောင် သတင်းထောက် ကိုဖမ်းပြီး ဓာတ်ပုံတွေဖျက်ခိုင်းလို့ ကျနော်တို့ MJN (Myanmar Journalists Network) က မြန်မာနိုင် ငံ ရဲတပ်ဖွဲ့မှုးဆီ ကန့်ကွက်စာပို့ထားရတယ်'' လို့ MJN ရဲ့အတွင်းရေးမှုး ကိုမြင့်ကျော်ကပြောပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၉ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်ရွာအနီး သတင်း ထောက်နှစ်ဦးရဲ့ ဓာတ်ပုံတွေကို အာဏာပိုင်တွေက အခုလိုဖျက်ဆီးခိုင်းခဲ့တာလို့ သိရပါတယ်။

ဒါက ၂၁ ရက်နေ့ နေ့လည်ပိုင်း နော်ဝေးမီဒီယာလောကနဲ့တွေ့ဆုံပွဲ
မှာ ကြားခဲ့ရတဲ့ မြန်မာ့မီဒီယာ တိုး တက်မှုအခြေနေပါ။ ညနေပိုင်းမှာတော့ နော်ဝေးရောက်မြန်မာတွေနဲ့ ဖိတ်ကြားခံ မြန်မာမီဒီယာသမား အားလုံးတို့ရဲ့ တွေ့ဆုံပွဲကိုဆက်လုပ်ပါတယ်။ အဲဒီပွဲမှာတော့ မီဒီယာလွတ်လပ်ခွင့်ဆိုတာထက် တနိုင်ငံ လုံးရဲ့အပြောင်းအလဲအခြေနေကို ခြုံပြီးဆွေးနွေးကြတာတွေ့ရပါတယ်

''အခုအခြေနေက Freedom (လွတ်လပ်ခွင့်) အဆင့်ကိုမရောက်သေးဘူး။ Liberate (အချုပ်အနှောင် ကနေ ကင်းလွတ်) အဆင့်မှာပဲရှိသေးတယ်ဗျ။ လေနဲ့ပေးနေတဲ့ လွတ်လပ်ခွင့်ကို ဥပဒေအရ အတိ အ ကျ အာမခံနိုင်တဲ့ Law တွေအဆင့်ထိဖြစ်လာအောင်လုပ်ပေးဖု
ိ့ လိုနေဆဲဖြစ်ပါတယ်'' လို့ ဆရာ ဇော် သက်ထွေး ကပြောပါတယ်။ ဆရာမော်လင်းကတော့ ရေဘူယျအားဖြင့် ပြောင်းလဲနေတယ်လို့ပြော နေကြပေမဲ့ အတိအကျလိုက်ရှာမယ်ဆိုရင် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး ဘာမှ အသေချာ ပြောင်းတာ မတွေ့ရသေးဘူးလို့ဆိုပါတယ်။

ဆရာဖေမြင့်ကတော့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဟာ အခုမှ အစပဲရှိသေးပြီး ဥပဒေပြုအမတ်တွေ ကိုယ်တိုင် ဘာအတွေ့အကြုံမှမရှိ၊ ဘာမှမလုပ်တတ်မကိုင်တတ်သေးတဲ့အတွ
က် သင်တန်းတက်နေရ ဆဲ အဆင့်မှာပဲရှိသေးတယ်လို့ ပြောပါတယ်။ ''ဘတ်ဂျက်မူကြမ်းကိစ္စ ဘယ်လိုဆွေးနွေးရမှန်းမသိလို့ စီးပွါးရေးတက္ကသိုလ် ပါမောက္ခကို လွတ်တော်ထဲဖိတ်ပြီး သင်ယူနေရတယ်။ ဥပဒေပညာရှင်တွေကို ဖိတ်ပြီး သင်ယူနေရတယ်'' လို့ သူက ထောက်ပြပါတယ်။ အတွေ့အကြုံရှိတဲ့အမတ်တချို့ကလဲ ခေတ် ဟောင်းကနည်းကိုသာသိတဲ့အတွက် စနစ်ဟောင်းကအကျင့်တွေကို မဖျေက်နိုင်ပဲရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဆရာကျော်မင်းဆွေကတော့ ခေတ်ပြောင်းကာလကို အမှီလိုက်နိုင်ဖို့ ခေတ်မှီပညာတွေ လေ့လာသင် ယူထားဖို့လိုတယ်လို့ ဆိုပါတယ်။ ''ခေတ်ပြောင်းကာလမှာ ကားဟောင်းတွေကြား ကားသစ်တွေဝင် လာပါတယ်။ အဲဒီအချိန်မှာ workshop ဆရာတွေပွဲပြီးသွားတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကား သစ်ကို ဘယ်ကနေ စဖွင့်ရမှန်း ဒီဆရာတွေ မသိတော့ဘူး။ ကားတွေအားလုံးက computerized ဖြစ် သွားပြီ။ အရင်က သုံးနေကြ ဂွတွေ၊ ဂျိုင့်တွေ၊ ပလာယာတွေနဲ့ အဲဒီကားကိုပြင်လို့မရတော့ဘူး'' လို့ ပြောသွားပါ တယ်။

ဆရာဖျာပုံနီလုံဦးတော့ ကားကောင်းဖို့၊ ဒရိုင်ဘာကျွမ်းကျင်ဖို့လိုတဲ့အြ
ပင် လမ်းကလဲကောင်းဖို့လိုသေး တယ်လို့ ပြောပါတယ်။ လက်ရှိသွားနေတဲ့ ချိုင့်ခွက်တွေများပြီး ဖာထေးရာတွေများလှတဲ့ လမ်းဟောင်း ကြီး သို့မဟုတ် ဖွဲစည်းပုံအခြေခံဥပေဒဟောင်းကြီးကို ပြင်နိုင်မှ ဒီမိုကရေစီပန်းတိုင်ဆီ ချောမောစွာ အ ရောက်မောင်းနိုင်ဖြစ်တယ်လို့ ပြောပါတယ်။

နာမည်ကြီး သတင်းဆောင်းပါးရှင်တဦးဖြစ်တဲ့ ဆရာကျော်ရင်မြင့်ကတော့ လက်ရှိအပြောင်းအလဲကို ပြေးလမ်းပေါ်က လေယဉ်နဲ့နှိုင်းယှဉ်ပြောဆိုပါတယ်
။ ''ကျနော်တို့က လေယဉ်ထဲမှာရောက်နေသူတွေ ဗျ။ ခင်ဗျားတို့ နိုင်ငံတကာက ပုဂ္ဂိုလ်တွေကတော့ အပြင်ကနေကြည့်နေသူပေါ့။ လေယဉ်ထဲမှာတော့ အရင် အတိုင်းပဲ။ ဘာမှမပြောင်းလဲသေးဘူးဆိုတာ ကျနော်တို့ကောင်းကောင်းသိတယ်။ ဒါပေမဲ့ အပြင် ကကြည့်နေသူတွေကတော့ အထဲမှာအတော်ပြောင်းလဲနေပြီလို့ထင်နေတယ်။ ဒီလေယဉ်ကြီး အရှိန် အဟုန် ကောင်းကောင်းနဲ့ ဒီမိုကရေစီပြေးလမ်းသစ်ပေါ်မှာ စပြေးနေပြီလို့ မြင်နေကြတာမျိုးဖြစ်နေပါ တယ်'' ဆိုပြီး ပြောဆိုသွားပါတယ်။    ။
Posted: 30 Nov 2013 10:10 AM PST

သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို Melbourne မြို့မှာရှိတဲ့ Monash တက္ကသိုလ်ကြီးက ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ကို ဒီကနေ့ အပ်နှင်းလိုက်ပြီး Desmond Tutu လူမှုထူးချွှန်ဆုကိုလည်း ချီးမြှင့်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့နဲ့ ပတ်သက်လို့ ဘွဲ့နှင်းသဘင်မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 30 Nov 2013 10:08 AM PST

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးထားပေမယ့် ထိလွယ်ရှလွယ်နိုင်တဲ့ကိစ္စရပ်တွေ
မှာ ထိပ်တိုက်ရင်ဆိုင်တာတွေ ရှောင်ဖို့လိုတယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ သတိပေးပြောကြားလိုက်ပါတယ်။ ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမမှာ သမ္မတ ဦးသိန်းစိန်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...