Thursday, December 5, 2013

ခရီးသည် ချားလ်စ်ဒါဝင်

ခရီးသည် ချားလ်စ်ဒါဝင်

 by R ကြီး(လမ်းမတော်)   in ခရီးသွား သတင်း, ဆောင်းပါးများ

၁၉ ရာစုစက်မှုတော် လှန်ရေးက ဥရောပလူ့အဖွဲ့အစည်းရဲ့လူမှုနေ ထိုင်မှု စနစ်ကို များစွာပြောင်းလဲခဲ့ပါတယ်။ သံထည်ခေတ်မီ ယန္တရားများထုတ်လုပ်နိုင် လာပြီးေ ရနွေးငွေ့ အင်ဂျင် တွေ၊ စက်ရက်ကန်းတွေ၊ ကျောက်မီးသွေးတွင်း ပေါ်ပေါက်လာရာက ကုန် ထုတ်လုပ်ငန်းတွေအတွက် လူအင်အားတွေ မလိုတော့ တဲ့အခါ လူ့အသို က်အအုံမှာ အလုပ်လက်မဲ့နှုန်းတွေ များလာပြီး ဘဝရပ်တည် ရေးအတွက် ဥရောပသား တွေဟာ ကမ္ဘာအနှံခရီး ထွက်ကြပါတော့တယ်။

သူတို့ဟာ စူးစမ်းလိုစိတ်၊ ရေကြည်ရာမြက်နုရာ ရှာ ဖွေလိုစိတ်၊စွန့်စားလိုစိတ် တွေနဲ့ ခရီးထွက်ခဲ့ကြတဲ့ travellers  ခရီးသည်တွေ၊ immigrants  ရေကြည်မြက်နု ရှာဖွေ သူတွေ၊ adventurers  စွန့်စားခဲ့သူတွေပါ။ဒီနေ့ တိုင်းပြည်ချမ်းသာလို့ပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင်ချမ်းသာလို့ပဲ ဖြစ်ဖြစ်အပန်းဖြေခရီးထွက်တဲ့ Tourist  တွေနဲ့ မတူပါဘူး။၁၉ ရာစုခရီးသည် တွေထဲက ကမ္ဘာအတွေးအ ခေါ်သမိုင်းအား ပြောင်းလဲ စေခဲ့တဲ့ချားလ်ဒါဝင်ကို အင်္ဂလန်နိုင်ငံ ရှရူးစဗာရီ မြို့မှာ ၁၈ဝ၉ခုနှစ်၊ ဖော်ဖော် ဝါရီ ၁၂ ရက်နေ့ က မွေးဖွားခဲ့ ပါတယ်။ဆရာဝန်တစ်ဦး ဖြစ်တဲ့ဖခင်ရောဘတ်ဝါရင်း ဒါဝင်ကသားဖြစ်သူကို ဆရာ ဝန်ဒါမှမဟုတ်ခရစ်ယာန် ဘုန်းကြီး ဖြစ်စေချင်ခဲ့ပေမယ့် ဒါဝင်က သဘာ ဝဗေဒကို သာစိတ်ဝင်စားခဲ့ပါတယ်။ ရုက္ခဗေဒပညာရှင် ဟင်ဆလိုး ဆိုသူကနေတစ်ဆင့် သဘာဝ ဗေဒပညာကို ဆည်းပူးခဲ့ကာ ဗြိတိသျှ စူးစမ်းရှာဖွေရေး အဖွဲ့နဲ့အတူ ဗီးဂယ် HMS Beagle သင်္ဘောဖြင့် ကမ္ဘာတစ်ပတ် ၅နှစ်ကြာမျှ လှည့် လည်ခဲ့ပြီး ၁၈၃၆ ခုနှစ်မှာ အင်္ဂလန်ပြည်ကို ပြန်လည် ရောက်ရှိပါတယ်။ ၁၈၅၉ခု နှစ်မှာ “မျိုးစိတ် တို့ရဲ့အစ” ဆိုတဲ့ The Origin of Speies  စာအုပ်ကိုရေးသားပြီး ကမ္ဘာကျော်သဘာဝသိပ္ပံပါရဂူတစ်ဦးဖြစ်လာကာ ဒါဝင်သီအိုရီလို့ နာမည်ကြီးတဲ့ ဆင့်ကဲဖြစ်စဉ် သီအိုရီကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။အဲဒီ သီအိုရီကကမ္ဘာပေါ်ရှိ အပင် နဲ့တိရစ္ဆာန်တို့ဟာ တစ်စ တစ်စ၊ တစ်ဆင့်တစ်ဆင့် ပြောင်းလဲလာခဲ့ပြီး မူလအစ မျိုးနွယ်တွေက အနည်းငယ် ဆီကွဲပြားလာခဲ့ရကာ နောက် ဆုံး ဘဝတည်မြဲရေးအတွက် ကြံ့ကြံ့ခိုင် ခိုင် ခံနိုင်ရည်ရှိတဲ့ အပင်နဲ့မျိုးနွယ်များသာ ကနေ့အထိ ဆက်လက်တည် ရှိနေပြီး ချို့တဲ့အားနည်း တဲ့ အပင်နဲ့ မျိုးနွယ်တွေကတော့ သေကျေပျက်စီး ပျောက်ကွယ် သွားတယ်လို့ ဆိုပါတယ်။

ဒီ့နောက် ၁၈၇၁ခုနှစ်မှာ ဒါဝင်ရေးတဲ့ ” လူတို့၏ဆင်းသက်ပေါက်ဖွားလာပုံ” The descent of Man ဆိုတဲ့စာအုပ်မှာ ” ရှေးနှစ်ပေါင်းများစွာက ကမ္ဘာပေါ်တွင် တည်ရှိခဲ့ ဖူးသော မျောက်နှင့်တူတဲ့ သတ္တဝါမျိုးမှ လူနှင့်မျောက်တို့ ဆင်းသက်လာသည်” လို့ ရေးသားဖော်ပြခဲ့တဲ့အတွက်လူအများက ဒါဝင်ကို ထာဝရဘုရားကို မယုံကြည် တဲ့သူ လို့စွပ်စွဲခဲ့ပြီး သိပ္ပံပညာရှင်များကမူ ဒါဝင်အား ချီးကျူးထောမနာပြုခဲ့ပါတယ်။

ခုအခါ ဒါဝင်ရဲ့ဆင့်ကဲ ဖြစ်စဉ်သီအိုရီ Evolution Theory ကို ယေဘုယျ လက်ခံကြပြီးဖြစ်သော်လည်း ငြင်းခုံနေရဆဲ၊သုတေသန လုပ်နေရဆဲ ဖြစ်ပါတယ်။ ခရီးသည် သဘာဝ သိပ္ပံ ပညာရှင် ဒါဝင်ဟာ ၁၈၈၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပေမယ့် ခရီးသွားအတွေ့အကြုံတွေက တစ်ဆင့် သူပေးခဲ့တဲ့အလင်း ရောင်ဟာ ကနေ့ထိ ထွန်းလင်းတောက်ပနေဆဲပဲဖြစ် ပါတယ်။

R ကြီး(လမ်းမတော်)
by R ကြီး(လမ်းမတော်) in ခရီးသွား သတင်း, ဆောင်းပါးများ

၁၉ ရာစုစက်မှုတော် လှန်ရေးက ဥရောပလူ့အဖွဲ့အစည်းရဲ့လူမှုနေ ထိုင်မှု စနစ်ကို များစွာပြောင်းလဲ ခဲ့ပါတယ်။ သံထည်ခေတ်မီ ယန္တရားများထုတ်လုပ်နိုင် လာပြီးေ ရနွေးငွေ့ အင်ဂျင် တွေ၊ စက်ရက်ကန်းတွေ၊ ကျောက်မီးသွေးတွင်း ပေါ်ပေါက်လာရာက ကုန် ထုတ်လုပ်ငန်းတွေအတွက် လူအင်အားတွေ မလိုတော့ တဲ့အခါ လူ့အသို က်အအုံမှာ အလုပ်လက်မဲ့နှုန်းတွေ များလာပြီး
ဘဝရပ်တည် ရေးအတွက် ဥရောပသား တွေဟာ ကမ္ဘာအနှံခရီး ထွက်ကြပါတော့တယ်။

သူတို့ဟာ စူးစမ်းလိုစိတ်၊ ရေကြည်ရာမြက်နုရာ ရှာ ဖွေလိုစိတ်၊စွန့်စားလိုစိတ် တွေနဲ့ ခရီးထွက်ခဲ့ကြတဲ့ travellers ခရီးသည်တွေ၊ immigrants ရေကြည်မြက်နု ရှာဖွေ သူတွေ၊ adventurers စွန့်စားခဲ့သူတွေပါ။ဒီနေ့ တိုင်းပြည်ချမ်းသာလို့ပဲ ဖြစ်ဖြစ်၊ ကိုယ်တိုင်ချမ်းသာလို့ပဲ ဖြစ်ဖြစ်အပန်းဖြေခရီးထွက်တဲ့ Tourist တွေနဲ့ မတူပါဘူး။၁၉ ရာစုခရီးသည် တွေထဲက ကမ္ဘာအတွေးအ ခေါ်သမိုင်းအား ပြောင်းလဲ စေခဲ့တဲ့ချားလ်ဒါဝင်ကို အင်္ဂလန်နိုင်ငံ ရှရူးစဗာရီ မြို့မှာ ၁၈ဝ၉ခုနှစ်၊ ဖော်ဖော် ဝါရီ ၁၂ ရက်နေ့ က မွေးဖွားခဲ့ ပါတယ်။ဆရာဝန်တစ်ဦး ဖြစ်တဲ့ဖခင်ရောဘတ်ဝါရင်း ဒါဝင်ကသားဖြစ်သူကို ဆရာ ဝန်ဒါမှမဟုတ်ခရစ်ယာန် ဘုန်းကြီး ဖြစ်စေချင်ခဲ့ပေမယ့် ဒါဝင်က သဘာ ဝဗေဒကို သာစိတ်ဝင်စားခဲ့ပါတယ်။ ရုက္ခဗေဒပညာရှင် ဟင်ဆလိုး ဆိုသူကနေတစ်ဆင့် သဘာဝ ဗေဒပညာကို ဆည်းပူးခဲ့ကာ ဗြိတိသျှ စူးစမ်းရှာဖွေရေး အဖွဲ့နဲ့အတူ ဗီးဂယ် HMS Beagle သင်္ဘောဖြင့် ကမ္ဘာတစ်ပတ် ၅နှစ်ကြာမျှ လှည့် လည်ခဲ့ပြီး ၁၈၃၆ ခုနှစ်မှာ အင်္ဂလန်ပြည်ကို ပြန်လည် ရောက်ရှိပါတယ်။ ၁၈၅၉ခု နှစ်မှာ “မျိုးစိတ် တို့ရဲ့အစ” ဆိုတဲ့ The Origin of Speies စာအုပ်ကိုရေးသားပြီး ကမ္ဘာကျော်သဘာဝသိပ္ပံပါရဂူတစ်ဦးဖြစ်လာကာ ဒါဝင်သီအိုရီလို့ နာမည်ကြီးတဲ့ ဆင့်ကဲဖြစ်စဉ် သီအိုရီကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။အဲဒီ သီအိုရီကကမ္ဘာပေါ်ရှိ အပင် နဲ့တိရစ္ဆာန်တို့ဟာ တစ်စ တစ်စ၊ တစ်ဆင့်တစ်ဆင့် ပြောင်းလဲလာခဲ့ပြီး မူလအစ မျိုးနွယ်တွေက အနည်းငယ် ဆီကွဲပြားလာခဲ့ရကာ နောက် ဆုံး ဘဝတည်မြဲရေးအတွက် ကြံ့ကြံ့ခိုင် ခိုင် ခံနိုင်ရည်ရှိတဲ့ အပင်နဲ့မျိုးနွယ်များသာ ကနေ့အထိ ဆက်လက်တည် ရှိနေပြီး ချို့တဲ့အားနည်း တဲ့ အပင်နဲ့ မျိုးနွယ်တွေကတော့ သေကျေပျက်စီး ပျောက်ကွယ် သွားတယ်လို့ ဆိုပါတယ်။

ဒီ့နောက် ၁၈၇၁ခုနှစ်မှာ ဒါဝင်ရေးတဲ့ ” လူတို့၏ဆင်းသက်ပေါက်ဖွားလာပုံ” The descent of Man ဆိုတဲ့စာအုပ်မှာ ” ရှေးနှစ်ပေါင်းများစွာက ကမ္ဘာပေါ်တွင် တည်ရှိခဲ့ ဖူးသော မျောက်နှင့်တူတဲ့ သတ္တဝါမျိုးမှ လူနှင့်မျောက်တို့ ဆင်းသက်လာသည်” လို့ ရေးသားဖော်ပြခဲ့တဲ့အတွက်လူအများက ဒါဝင်ကို ထာဝရဘုရားကို မယုံကြည် တဲ့သူ လို့စွပ်စွဲခဲ့ပြီး သိပ္ပံပညာရှင်များကမူ ဒါဝင်အား ချီးကျူးထောမနာပြုခဲ့ပါတယ်။

ခုအခါ ဒါဝင်ရဲ့ဆင့်ကဲ ဖြစ်စဉ်သီအိုရီ Evolution Theory ကို ယေဘုယျ လက်ခံကြပြီးဖြစ်သော်လည်း ငြင်းခုံနေရဆဲ၊သုတေသန လုပ်နေရဆဲ ဖြစ်ပါတယ်။ ခရီးသည် သဘာဝ သိပ္ပံ ပညာရှင် ဒါဝင်ဟာ ၁၈၈၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့မှာ ကွယ်လွန်ခဲ့ပေမယ့် ခရီးသွားအတွေ့အကြုံတွေက တစ်ဆင့် သူပေးခဲ့တဲ့အလင်း ရောင်ဟာ ကနေ့ထိ ထွန်းလင်းတောက်ပနေဆဲပဲဖြစ် ပါတယ်။

R ကြီး(လမ်းမတော်)

  1 comment:

  1. တန်ဖိုးနည်းအိမ်ယာများ ‌ေ ဖာေ ဆာင္‌ေ ပးှုကိုအထူးဘဲကျေးဇူးတင်ရှိပါတယ်

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...