Sunday, January 13, 2013

သမ္မတရုံးကလူ

 
ထွန်းရွှေဆိုတာ ဒီရပ်ကွက်မှာ ဆိုက်ကားသမား။ ဖင်ပေါ့တယ်။ ရပ်ရေး ရွာရေးလက်မ
နှေးဘူး။ရပ်ကွက်ကချစ်တယ်။သူ့ဆိုက်ကား ပုံမှန်စီးတာ ဆရာဆယ်။ အခုတလော
ဆရာဆယ်ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်။ထုံးစံအတိုင်း ဖေစ့်ဘုတ်ပေါ့။ ကြာတော့
ထွန်းရွှေလည်း အင်တာနက်ကို စိတ်ဝင်စားလာတယ်။ သိချင်လာတယ်။

ဆရာဆယ်ကိုအကူအညီတောင်းတယ်။သူလည်းပါချင်တယ်။အဲဒါနဲ့ မေးတော့
အိမ်ကရိုးရိုးဖုန်းကို အန်းဒရွိုက်ဖုန်းပြောင်းကိုင်လိုက်တယ်။ဖေ့စ်ဘုတ်အကောင့်
လည်းရပီ။ဆရာဆယ် အပ်ပေးတာ နည်းနည်းလေး..အယောက်၆၀ လောက်ပဲ
ရှိတယ်။ဒါပယ်မဲ့..သတင်းစုံတယ်။နာမည်ကြီးတွေချည်းပဲအပ်ပေးထားတာ။တက်
လိုက်တဲ့သတင်း..အချိန်နဲ့တပြေးညီပဲ။ဟုတ်တာတွေရော၊မဟုတ်တာတွေရောပဲ။

ဒါပယ်မဲ့ ထွန်းရွှေ ကြိုက်တာ လိုင်းပေါ်မှာသမ္မတရုံးကမှုးဇော်နဲ့ ရဲထွဋ်ပဲ။အာဏာ
ပိုင်အဖွဲ့အစည်းကဆိုတော့ နဂိုကတည်းကလေးစားတာလည်းပါတယ်။ဆိုက်ကားသ
မားဆိုတာ ဆယ်အိမ်မှုးတောင်အထာထားရတဲ့ခေတ်မှာ သမ္မတရုံးဆိုတော့ ဘာပြော
ကောင်းမလဲ..တင်သမျှလွှတ်ယုံပေါ့။ထွန်းရွှေဆိုတာကလည်းအပြင်မှာငဖွလေ။
သူဖတ်မိသမျှ ဆိုက်ကားဂိတ်ရော၊စီးနေကျဖောက်သည်ရော သူသိသမျှ သတင်း
ပြောတာခင်ဗျ။

အခုဆိုဂိတ်မှာဂိတ်မှုးတောင် ထွန်းရွှေကိုလေးစားနေရပြီ။သမ္မတရုံးကဒီနေ့တော့
ဘယ်သို့ဘယ်ချမ်းသာ၊ဘယ်လိုအမိန့်ထုတ်တယ်...လို့ပြောလိုက်ရင် ဆိုက်ကား
ဂိတ်တစ်ခုလုံး ပါးစပ်အဟောင်းသားနဲ့ ငြိမ်ဆင်းသွားတာ..လှုပ်တောင်မလှုပ်ရဲဘူး။
ကြာလာတော့ ဆိုက်ကားသမားတွေ ကထွန်းရွှေကို နာမည်အရင်းမခေါ်ကြတော့ဘူး။
သမ္မတရုံးကလူ ဆိုပြီးခေါ်ကြတယ်။နောက်တော့ တရပ်ကွက်လုံးကလိုက်ခေါ်ကြ
တယ်။ထွန်းရွှေကလည်း ဒီလိုအခေါ်ခံရတာကိုသဘောကျတယ်။အခုဆို သမ္မတရုံး
ကဆိုက်ကားကိုတောင်ဌားစီးတဲ့သူတွေ တဖြည်းဖြည်းများလာတယ်။

ရပ်ကွက်ထဲမှာ ခိုင်းစရာရှိရင်လည်း ဟဲ့..သမ္မတရုံးလူကိုခေါ်ပါဟဲ့..ခိုင်းပါဟဲ့.ဖြစ်ကုန်ပြီ။
ဟုတ်တယ်လေ သမ္မတရုံးကလူက ခိုင်းလို့ကောင်းတယ်။ပြန်မမေးဘူး။ခိုင်းရင်စိတ်
ချရတယ်။လက်တို၊လက်တောင်းကတော့ လှည့်ကြည့်စရာ မလိုဘူး။တစ်ခုခုဖြစ်ရင်
လည်း သူပဲဒိုင်ခံရှင်းတာ။ဟုတ်တာတွေရော၊မဟုတ်တာတွေရော.ခပ်တည်တည်ပဲ။
ကဲဗျာ..ခင်ဗျားတို့လည်းလိုအပ်လို့ဆိုက်ကားဌားမယ်ဆိုရင် သမ္မတရုံးကလူကိုပဲ
ဌားစေချင်ပါတယ်။သူ့ဆိုက်ကားစီးရင် သတင်းစုံလည်းကြားရမယ့်အပြင် ဈေးနှုန်း
လည်းသက်သာတယ်ဗျ..သိတယ်မဟုတ်လား။တစ်ခေါက်တစ်ခါတော့ စီးဖူးစေချင်
တယ်ဗျာ....:))

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...