Sunday, January 13, 2013

ပြွန်တန်ဆာမြို့အကြောင်း တစ်စေ့တစ်စောင်း


‎ ပြွန်တန်ဆာမြို.အကြောင်းရေးရာတွင် မြို.နေလူထုမသိသေးသော လူများအတွက် အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက် သိရှိစေရန် ဗဟုသုတ အနေဖြင့် ရေးသားတင်ပြလိုက် ရပါသည်။ ပြွန်တန်ဆာမြို. ဖြစ်ပေါ်လာရာတွင် ........ပဲခူး-ဟံသာဝတီ မွန်ဘုရင်များ အုပ်ချုပ် မင်းလုပ်စဉ်အခါကမွန်အခေါ် (ပွန်တိုက်ဆံ) ဟူ၍ အမည်နာမ သမုဒ်ခဲ့ကြသည်။ အဓိပ္ပါယ်ကား စိုင်ကွချောင်း၊ဥတိုချောင်း၊အေးရွာချောင်း၊ရဲနွယ်ချောင်းဟူ၍ ချောင်းလေးချောင်း ဆုံသောအရပ် (ပွန်တိုက်ဆံ) ပြွန်တန်ဆာ ဟူ၍ ခေါ်တွင်ခဲ့ကြသည်။ နောက်တနည်းခေါ်တွင်ခဲ့ပုံကား ယခု ဆုပိုင်ပွဲရုံတည်ရှိရာနေရာတွင် ဟိုး...ယခင်အခါက ရေပိုက်ပြွန်လုံးကြီးများ ရှိခဲ့ဘူးသည်။
ထိုနေရာကိုအစွဲပြု၍ ပြွန်တန်ဆာဟု ခေါ်တွင်လာရသည်ဟု သက်ကြီးစကား သက်ငယ်ကြားခဲ့ရပါသည်။ မည်သိုပင် ဆိုစေကာမူ တောင်ဘက်၇မိုင်အကွာ ဒိုက်ဦးမြို.နယ် မြောက်ဘက်၅မိုင်အကွာ ညောင်လေးပင်မြို.နယ် မြို.နယ် နှစ်ခုကြားရှိသော တိုက်နယ်မြို. ဒါမှမဟုတ် မြို.ငယ်တစ်ခုအဖြစ် တည်ရှိပေခဲ့သည်မှာ ယနေ့သည့်တိုင်ပင်။ ရဲနွယ်ချောင်း၊အေးရွာချောင်း၊စိုင်ကွချောင်း(ယခု အောက်စုချောင်း)တို့မှာ ယနေ့ထိတိုင်တည်ရှိနေသော်လည်း ဥတိုချောင်းမှာပျောက်ကွယ်သွားရသည်။အကြောင်းမှာကား ယခု ဈေးကန်သည် ကုလားပိုင်းနှင့်သွယ်တန်လျှက်ရှိသော ဥတိုချောင်းသာဖြစ်သည်။ ဒါကြောင့်ဈေးကန်ဖြစ်လာရသည်။

ကန်နဖူးတွင် မြေဖို့၍ ရွှေဘုံသာ ဘုရားကို တည်ထားကိုးကွယ်ခဲ့ကြသည်။အမည်မှန်ကား ရွှေတပုံသာ ဘုရားဖြစ်သည်။ဘုရားတည်သော ပထမဦးဆုံး အလှုရှင်မည်သူဖြစ်သည်ကို မသိရှခဲ့ရပါ။ ရထားလမ်း ဂုန်းနဘေး တံတားပိုင်တိုင်များကိုတွေ့ရပါလိမ့်မည်။ထီုအရာများကား ဟိုးယခင် မွန်ဘုရင်များ လက်ထက် ကုလားဘောက်တူးဦးမော့လှေကြီးများစိုက်ကပ်သော ဆိပ်ကမ်း သို့မဟုတ် ဆိပ်ကမ်းတံတားဖြစ်ခဲ့သည်ဟု ရှေးပြောစကားများအရ ကြားသိခဲ့၇သည်။ ဆိပ်ပြန့်ကြီးရွာသည် ဟိုး...ရှေးယခင်က ရေဝန်းဒေသ ဆိပ်ပြန့်လွင်ပြင်ကြီးသာဖြစ်သည်။ဒါကိုအစွဲ ပြု၍ ဆိပ်ပြန့်ကြီးရွာ ဖြစ်လာခဲ့သည်ဟု ဆိုခဲ့ကြသည်။ ပြွန်တန်ဆာ အထက်တန်းကျောင်းရှေ့ ရှိနေသော ညောင်ပင်သည် ဆိပ်ပြန်ကြီးဓမ္မာရုံပရိယတ္တိစာသင်တိုက် ပထမဆရာတော်ဘုရားကြီး မီးသင်္ဂြိုလ်ရာ ကျန်ရစ်သော အရိုး ပြာ တို့နှင့် စိုက်ပျိုးခဲ့သော ညောင်ပင်ဖြစ်သည်။ ထိုနေရာတွင်ပင်ဆရာတော်ဘုရားကြီးအား မီးသင်္ဂြိုလ်ခဲ့သည်။ ပင်းတလဲခေါ်(သာသနသောဘနိကာရုံ ပရိယတ္တိ စာသင်တိုက်)သည် ဥူးသီလ တရားကျင့်ကြံအားထုတ်ခဲ့သော သာသနာပြန့်ပွားရာ မျိုးစေ့ ချခဲ့သော နေရာဖြစ်သည်။ပင်းတလဲကျောင်း၏ ပထမ ဆရာတော်မှာ ညာဏိဏ္ဍ ဖြစ်သည်။ ပြွန်တန်ဆာမြို့သည် ရေဝန်းဒေသ သားရဲရှိသော အရပ်ဒေသဖြစ်ခဲ့သည်။ ကာလရွေ့လျှားတာနှင့်အမျှ တိုးတက်ပြောင်းလဲလာရသည်။ ပြွန်တန်ဆာမြို့နေ လူအများ အသိပညာ အတက်ပညာ တိုးပွားကြပါစေ................ အမျိုး ဘာသာ သာသနာ အကျိုးကို လုံးလပြု အားထုတ်နိုင်သော အမျိုးကောင်းသား အမျူါးကောင်းသမီးများ ဖြစ်ကြပါစေ.................. ဆန္ဒပြုလျှက်...............................။ ။

Htet Noung

  2 comments:

  1. ပြွန်တန်ဆာမြို့အကြောင်းတင်ပြထားတဲ့အတွက် ကျေးဇူးတင်ပါတယ် ...
    ပွင့်အောင်(ရွှေဇာမြေ)

    ReplyDelete
  2. ရာဇဝင်နဲ့အပြည့်အစုံ သိရလို့ ကျေးဇူးပါ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...