*** အမေ့လျော့ခံဧရိယာထဲမှ နိုင်ငံ့ရတနာလေးများသို့မဟုတ် အနာဂတ်စိန်ခေါ်သံ ***
မြန်မာနိုင်ငံတွင်ပညာသင်ကြားခွင့်မရှိသောကလေးပေါင်းများစွာရှိနေသည့်အနက် အချို့မှာ ကျောင်း မတက်နိုင်ဘဲ မိမိတို့ဝမ်းရေးအတွက်ကိုယ်တိုင်ရုန်းကန်နေရမှုများရှိနေ ပြီး ကလေးသူငယ်များရဲ့ အသက်မွေးမှု များမှာလည်း ရေရာသေချာမှုမရှိသောအနေအထားများစသွာနှင့်ပြည့်နှက်နေခဲ့ သည်။ အိမ်ခြေရာခြေမဲ့များ ၊သာမာန်လက်လုပ်လက်စားလူတန်း စားများ၏ ရင်သွေးငယ်ကလေးများ၏ အနာဂတ်များသည်လည်းကူညီမည့် သူမရှိဘဲ လွင့်မျောလို့သာနေပါတော့တယ် ။ စာသင်ရမည့်အရွယ် ကလေးငယ်များသည် စာသင်ခန်းများကိုကျောခိုင်း လိုက်ပြီးနောက် ဘူတာရုံတွေမှာ ၊ ကားလမ်းမှတ် တိုင်တွေရဲ့ထိုင်စရာခုံတန်းလေးတွေမှာ ၊ ဆိပ်ခံဗောတံတားတွေပေါ်မှာ ဆိပ်ကမ်းတွေမှာ လူသူကင်း ဆိတ်တဲ့အဆောက်အဦပျ က်တွေထဲမှာ သူတို့ရဲ့ဘ၀ရှင်သန်မှုအတွက်လှုပ်ရှားရုန်းကန်မှုတွေကို ရင်နင့်စွာတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီလိုစာသင်ခန်းတွေကိုကျော ခိုင်းလိုက်ပြီးသည့်နောက်မှာကလေးငယ်လူမမယ်လေးတွေအတွက်ေ ၇ွးချယ်စရာလမ်းတွေဟာ သိပ်များများစားစားမရှိခဲ့ပါဘူး ။ သီရိမင်္ဂလာဈေး ၊ ဗဟိုစံပြငါးဈေးလိုနေရာတွေဟာ ကလေးငယ်များအတွက် ကယ်တင်ခြင်းတပ်မတာဖြစ်လို့လာပါတယ်။ ဈေးတွေ ကုန်ဒိုင်တွေ ဈေးဆိုင်ငယ်လေးတွေက ခိုင်းတဲ့တောက်တိုမယ်ရအလုပ် ကလေးတွေကို နေ၀င်မိုးချုပ်အထိသိမ်းကြုံးလုပ် ၊ ရလာတဲ့ ၁၀၀ မျိုး ၅၀ မျိုး မုန့်ဖိုးလေး နဲ့အသက်ဆက် ထမင်းငတ်တဲ့နေ့တွေ ၊ အိပ်စရာအိပ်ယာမရှိတဲ့ညတွေကို ကျော်ဖြတ်နေရဆဲပါ။ ကလေးငယ်တွေဘ၀မှာမိရယ်ဖရယ် အကိုရယ်အမရယ်လို့လုံခြုံနွေးထွေးမှုသတ်သတ်မှတ်မတ်မပေးနိုင်တဲ့အခါ လွဲမှားသောနည်းလမ်းတွေနဲ့ထွ က်ပေါက်ရှာလာကြတာကိုတွေ့နို င်ပါတယ်။ အဆိုးဝါးဆုံးကတော့ ယနေ့မြတ်မာနိုင်ငံမှာ အရှေ့တောင်အာရှ က လေလွင့်နေတဲ့ကလေးငယ်များအကြားရြေပန်းစသားနေတဲ့ ကော်ရှုမှု ပြဿနာပါပဲ ။
အလုပ်ချိန်ရယ် ၊ ပုံမှန်ဝင်ငွေရယ် ၊ နားချိန်ရယ်လို့သတ်သတ်မှတ်မှတ်မရှိဘဲတွေ့တဲ့ ရတဲ့ အလုပ်ကလေးကိုရတုန်းမှာအားစိုက်လုပ်ဖန်များလာတော့ အရွယ်နဲ့လုပ်ရတဲ့အလုပ်ပင်ပန်းမှု ၀န်နဲ့အားမမျှတာတွေဖြစ်လာတဲ့ အခါ ကလေးငယ်တွေဟာ ပင်ပန်းမှုတွေကိုဖြေဖျောက်စေ နိုင်တဲ့ဆေးဝါးနည်းလမ်းတခုအ နေနဲ့ ကော်ရှုမှုကိုပြုလုပ်လာကြပါတယ်။ ယခင့်ယခင်နှစ်များမှာတော့ကော်ရှုတဲ့ကလေးသတော်တော်များများဟာ လူမြင်သူမြင်နေရာတွေမှာမဟုတ်ဘဲ ဆိပ်ကမ်းနေရာလို ၊ ဂိုဒေါင်အပျက် လူသူရှင်းတဲ့လမ်းကြိုလမ်းကြားတွေထဲမှာကော်ရှုနေရာကနေ ၊
ဒီနေ့မှာတော့လှည်းတန်းကားဂိ တ်လို လူမြင်သူမြင် မြင်မြင်ထင်ထင်နေရာတွေမှာပါ ပြုလုပ်လာကြပါတယ်။ ကလေးငယ်တွေဟာအသက်အားဖြင့်နု ငယ်လွန်းပြီး ၅ နှစ်ကနေစပြီးကော်ကိုမက်မက်စ က်စက်ရှုတတ်နေတာဟာ အနာဂတ်ကိုစိန်ခေါ်နေတဲ့ပြယုဂ်တွေအဖြစ်လည်းတွေ့မြင်နိုင် မှာပါ။
‘လေထုမြေထု လူသားထုကိုစောင့်ရှောက်ပါ။ ထို့အတူ အနာဂတ်များကိုလည်းပျိုးထော င်ပါ ’ ဆိုတဲ့စကားရှိပါတယ်။ ကနေ့မြန်မာနိုင်ငံရဲ့မြေထု လေထု ရေထုဟာ စောင့်ရှောက်မှုအောက်မှာရှိေ နသလား ? ဘယ်လိုအခြေစိုက်နေသလဲ ဆိုတာကတော့ ပြန်ပြောပြဖို့အတော်ခက်ပါလိ နမ့်မယ် ။ သေချာတာကတော့ လမ်းမပေါ်တွေ ၊ ဘူတာရုံတွေ ၊ ကားဂိတ်တွေမှာ ပေပေတေတေလွင့်နေတဲ့လူမမယ်လေးတွေဟာဆိုရင် အနာဂတ်ကိုစောင့်ရှောက်မှုပြု နေလား ၊ ခြိမ်းခြောက်မှုပြုနေလားဆိုတဲ့မေးခွန်းကို စောကြောစရာမလိုအောင်ထောက်ပြ ထားခြင်းဖြစ်တယ်လို့ကျမအနေနဲ့ရှုမြင်ပါတယ်။
‘ ယနေ့လူငယ်နောင်ဝယ်လူကြီး ၊အနာဂတ်ဟာကလေးတွေလက်ထဲမှာရှိတယ်’ ဆိုတဲ့စကားတွေရှိပါတယ်။ နောက်တခေတ်မှာနေ့သစ်ရဲ့ အနာဂတ်တွေဖြစ်လာမယ့် ခေါင်းဆောင်တွေဖြစ်လာမယ့် လူမမယ်လေးတွေဟာအသက်ရွယ်အာြး ဖင့် လူမမယ်သာသာ ကလေးတွေဟာ ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့လမ်းမတွေပေါ်မှာ ကော်ရှုခြင်းပြုလုပ်နေကြတယ်။ အဲဒီလိုအပြုအမူတွေ အတွက်လည်း မည်သူတဦးတယောက်ကမှ တားဆီးရကောင်းမှန်း ကာကွယ်ရကောင်းမှန်း မသိဘဲလျစ်လျူပြု မသိကျိုးကျွံလုပ်မှုတွေရှိလာ နေပါတယ်။ အဲဒီကလေးငယ်တွေဟာတနေ့လုံးရှာဖွေထားတဲ့ငွေတွေကိုအဟာရပြည့်အောင်ထမင်းအစသဖြင့်ဝယ်စား ဖို့စိတ်ကူးမရှိတော့ဘဲ ကော်ရှုဖို့သာ ပထမ ၊ ကော်ရှုရေးက ဒုတိယ ၊ ကော်ရဖို့အရေးဒို့အရေးဖြစ်ေ နပြီး ကော်တဗူးဟာ 100 လောက်တန်ပါတယ်။ ကလေးတယောက်ရှုရင် တဗူးပျမ်းမျှကုန်ပါတယ်။ ဒီရှုလိုက်တဲ့ကော်တွေဟာဘယ်နေ ရာမှာမှ ပြန်သုံးလို့မရပါဘူး။ ကော်ဖိုးအတွက်သုံးလိုက်တဲ့ေ ငွတွေဟာ ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုတား ဆီးမှာဖြစ်သလို ခန္ဒာကိုယ်ကြီးထွားမှုလည်းနှေးကွေးသွားစေပါတယ်။ ကလေးဖြစ်တာကြောင့်အတုခိုးမှားလည်းလွယ်ကူပါတယ်။
ခုနကပြောတဲ့အသိုင်းသအ၀ိုင်း ရပ်ဝန်းမှာကြီးပြင်းလာမယ့် ကလေးတယောက်ဟာ အုပ်ထိန်းကွပ်ကဲမှုမရှိတာကြောင့်မဝေးတဲ့ကာလမှာ ကော်ရှုခြင်းစွဲတဲ့ကလေးတယောက်ဟာ အုပ်ထိန်းကွပ်ကဲမှုမရှိတာကြောင့် ကော်ရှုခြင်းစွဲတဲ့ဝေဒနာ သူများနည်းတူစွဲကပ်လာမှာအသေ အချာပါပဲ ။
ကနေ့အထိ ထိုကလေးလေးတွေအတွက် လုံလောက်တဲ့ ထောက်ပံ့ကူညီမှု ၊ မှီခိုနားနေဖို့၇ိပ်သာ ၊ ကျောင်း ၊ အစရှိသဖြင့် ပညာပေးမှုတွေလည်းလျှော့ပါးနေ ခြင်းကြောင့် တိုင်းပြည်ရဲ့အနာဂတ်ဖြစ်လာမ ယ့်နိုင်ငံ့ရင်သွေးများကို အမေ့လျော့ခံဧရိယာထဲမှာဆက်ထားနေကြဦးမယ်ဆိုရင် ကျမတို့ရဲ့အနာဂတ်တွေဟာ စိန်ခေါ်မှု ၊ ခြိမ်းခြောက်မှုများစွာနဲ့မလွဲမသွေကြုံလာမှာဖြစ်သလို မျိုးဆက်ကွာဟမှုဝန်ထုပ်ဝန်ပိုးများလည်းရှိလာဦးမှာဖြစ်ပါတယ်။
အဲဒီလိုစာသင်ခန်းတွေကိုကျော
အလုပ်ချိန်ရယ် ၊ ပုံမှန်ဝင်ငွေရယ် ၊ နားချိန်ရယ်လို့သတ်သတ်မှတ်မ
ဒီနေ့မှာတော့လှည်းတန်းကားဂိ
‘လေထုမြေထု လူသားထုကိုစောင့်ရှောက်ပါ။ ထို့အတူ အနာဂတ်များကိုလည်းပျိုးထော
‘ ယနေ့လူငယ်နောင်ဝယ်လူကြီး ၊အနာဂတ်ဟာကလေးတွေလက်ထဲမှာရှ
ခုနကပြောတဲ့အသိုင်းသအ၀ိုင်း
ကနေ့အထိ ထိုကလေးလေးတွေအတွက် လုံလောက်တဲ့ ထောက်ပံ့ကူညီမှု ၊ မှီခိုနားနေဖို့၇ိပ်သာ ၊ ကျောင်း ၊ အစရှိသဖြင့် ပညာပေးမှုတွေလည်းလျှော့ပါးနေ
0 comments:
Post a Comment