သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁)
သစ်ထူးလွင်
|
- သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် တကယ်ပဲ သဘောထား ကွဲလွဲနေသလား
- လိုင်ဇာသွားမည့် ငြိမ်းချမ်းရေးယာဉ် တားမြစ်ခံရ
- ကလေးစစ်သား ၈ ဦး ကေအိုင်အေ ပြန်လွှတ်ပေးဟု အိုင်အယ်လ်အိုပြောကြား
- နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၂၀၁၃ တွင် ဒေါ်လာ ငါးဘီလီယံ အထိရှိမည်ဟု ၀န်ကြီးဦးစိုးသိန်း မျှော်မှန်း
- ပညာရေးကဏ္ဍအတွက် ဘတ်ဂျက်များ လိုအပ်သောနေရာသို့ ရောက်ရှိရန်လိုအပ်
- ထိုးစစ်တွေ ထပ်လုပ်နိုင် တယ်ဆိုပြီး ကေအိုင်အေ ဘက်က ပြင်ဆင်နေ (ရုပ်/သံ)
- တိုင်ကြားသည်ကို အေ၇းမယူပါက အရေးမယူသည့် ဌာနကိုပါ အရေးယူမည်
- စက်ရုံမရောက်မီ KTV ရောက်သွားနိုင်သည့် နယ်ခံအမျိုးသမီးများ
- ကျောင်းသား ရိုက်တဲ့ ဆရာမ ထောင်တစ်လကျ
- ဘတ်စ်ကား
- ဟိရိသြတ္တပ္ပရှိဖို့ လက်ဦးဆရာ မိနဲ့ဖ
- ဇန်န၀ါရီလ (၂၆) ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၁ ၊ အမှတ် ၄၆
- ဇန်န၀ါရီလ (၂၄) ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၅၅
- ဇန်န၀ါရီလ (၂၃) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် ၄၂၁
- ရွှေလက်နဲ့ ခေါ်လို့မလာတဲ့ ကေအိုင်အေကို Bullet ပဲ ပေးလိုက်ရင်ကောင်း မယ်
- တပ်မတော်မှ အဆက်မပြတ်ထိုးစစ်ဆင် နေသော်လည်း လိုင်ဇာမကျသေးဟု KIO ဆို
- ယာဉ်တိုက်မှုတွင်ပါဝင်သော ရဲအရာရှိတစ်ဦးလွတ်နေ
- စာပေစိစစ်ဌာန ဖျက်သိမ်းပြီး မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာန အသစ်ဖွဲ့ စည်း
- အငြင်းပွားနေတဲ့ လယ်ယာတွေကို ဇေကမ္ဘာ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး
- ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ငွေလွှဲနိုင်ပြီ
- မြန်မာနိုင်ငံမှာ နူကလီးယား စွမ်းအင်လုပ်ငန်း ပြန်စတော့မလား
- ခရိုနီတွေ ကျောက်မျက် လုပ်ငန်းမှာ မရှိရင် ပိတ်ဆို့မှုတွေ လျော့မလား
- ဂျွန်ကယ်ရီ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်တော့မယ်
- မွန်ဘိုင်း တိုက်ခိုက်မှု အတွက် အမေရိကန်နိုင်ငံသားကို ထောက်ဒဏ်ချ
- အနောက်နိုင်ငံတွေရဲ့ သတိပေးချက် လစ်ဗျား အံ့ဩမိ
Posted: 25 Jan 2013 06:48 AM PST
မြန်မာနိုင်ငံမှာ
သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ သစ် တက်လာပြီး နောက်ပိုင်း
ကချင်ပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင် ကေအိုင်အေ တပ်ဖွဲ့တွေနဲ့
တိုက်ခိုက်မှုတွေ ပြန်ဖြစ်ပွားလာတဲ့အပေါ် နိုင်ငံရေး ဝေဖန်သူတွေနဲ့ ပြည်သူတွေ
အကြား ဝေဖန်သုံးသပ်မှု အမျိုးမျိုး ပေါ်ပေါက်နေပါတယ်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Jan 2013 05:46 AM PST
ကချင်လွတ်မြောက်ရေး
တပ်မတော် (ကေအိုင်အေ) ဌာနချုပ်အနီးက လိုင်ဇာဒေသကို မော်တော်ယာဉ် ၁ စီးနဲ့
ငြိမ်းချမ်းရေးခရီး သွားရောက်နေတဲ့ မြန်မာလူမှု ဖွံ့ဖြိုးတိုးတက်ရေး
ကွန်ရက်က ဦးနေမျိုးဇင်နဲ့အဖွဲ့ကို လုံခြုံရေး အကြောင်းပြချက်နဲ့ စစ်တပ်က
ဆက်မသွားဖို့ တားမြစ်ခဲ့တဲ့ အတွက် နောက်ကြောင်းပြန်လှည့် ခဲ့ရပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 25 Jan 2013 05:40 AM PST
ကချင်ပြည်နယ်က
တိုက်ပွဲတွေ အတွင်း ကချင် လက်နက်ကိုင် တပ်တွေက ဖမ်းဆီး ရမိထားတဲ့
အစိုးရတပ်ဖွဲ့ဝင် ကလေးစစ်သား ၈ ဦးကို မကြာသေးခင်က ပြန်လွှတ်ပေး
လိုက်တဲ့အကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (အိုင်အယ်လ်အို) က
ပြောပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၂၀၁၃ တွင် ဒေါ်လာ ငါးဘီလီယံ အထိရှိမည်ဟု ၀န်ကြီးဦးစိုးသိန်း မျှော်မှန်း
Posted: 25 Jan 2013 05:31 AM PST
တိုင်းရင်းသားတို
့နှင့် လက်နက်ကိုင် ပဋိပက္ခများ၊ လူမျိုးရေး တင်းမာမှုများ ရှိနေသော်လည်း
မြန်မာသို့ ဝင်ရောက်လာ နေသည့် နိုင်ငံခြား ရင်း နှီးမြုပ်နှံမှုများသည် ၂၀၁၂
တွင် ဒေါ်လာ တစ်ဘီလီယံရှိခဲ့ရာမှ ယခုနှစ် ၂၀၁၃ တွင် ဒေါ်လာ ငါးဘီလီယံ အထိ
ရှိလာမည်ဟု မျှော်လင့်ကြောင်း မြန်မာ သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်းက
ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့တွင် ပြုလုပ်သော ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Jan 2013 05:28 AM PST
နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေး ကဏ္ဍအတွက် ဘတ်ဂျက်
အဆပေါင်း များစွာ တိုးပေးရန် စီစဉ်ထားသည်ဟု ဇန်နဝါရီလ၂၃ရက်နေ့တွင်
ပြောဆိုထားသော်လည်း အမှန်တကယ် လိုအပ်နေသော ဒေသမှ ကျောင်းများ
ထံသို့ရောက်ရှိ စေလိုကြောင်း ပညာရေး ၀န်ထမ်းများက ပြောကြသည်။----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Jan 2013 04:32 AM PST
မိုင်ဂျာယန်
ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ရပ်တန့်  နေပေမယ့် အစိုးရဘက်က ထိုးစစ်တွေ
ထပ် လုပ်နိုင် တယ်ဆိုပြီး ကေအိုင်အေ ဘက်က ပြင်ဆင် နေပါတယ်။ ဒေါ်ခင်ရူပါ
တင်ဆက်။ ရိုက်ကူး ဖိုးကျော်။ အောင်ထွန်းမြင့်
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 25 Jan 2013 04:19 AM PST
ခရီးသွား
ပြည်သူများအနေ ဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက မခြေမငံ
ဆက်ဆံခြင်း၊ ရိုင်းပြစွာ ပြောဆို နေခြင်းများကို တိုင်ကြား လာသော်လည်း
တိုင် ကြားခံရသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား အရေး
ယူဆောင်ရွက် ပေးခြင်းမရှိပါက တိုင်ကြားခဲ့သည့် ဖုန်းနံပါတ်၊နေ့ ရက်၊
အချိန်ဌာနပါ ဖော်ပြ၍ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 11:11 PM PST
၂၀၁၃ခုနှစ်
မေလ အတွင်း ဖွင့်လှစ်သွား မည်ဖြစ်ကာ လူဦးရေ တစ်သိန်းခန့် အလုပ်ရ
ရှိနိုင်မည်ဟု တရားဝင် ကြေညာထားသော ပုသိမ်အထည်ချုပ် စက်ရုံကြီးမှာ အောက်ခံ
ဖောင်ဒေးရှင်း ပြီးစီးရုံသာရှိ သေးသော်လည်း အနီးဝန်းကျင်ရှိ နယ်မြို့များမှ
အလုပ်ရရှိရန် လာရောက်နေသော အမျိုးသမီးငယ်များ ရောက်ရှိ နေကြောင်း
ဒေသခံများထံမှ သိရှိရသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 11:01 PM PST
ဆရာမဖြစ်သူသည်
ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ ကိုကျူးလွန်ကြောင်း တွေ့ရှိသဖြင့်
ငွေဒဏ်တစ်ထောင် ကျပ်ပေး ဆောင်စေ၊ မဆောင်က ထောင် ဒဏ်တစ်လ ကျခံစေရန်
ဒဂုံမြို့ သစ်မြောက်ပိုင်းမြို့နယ် တရားရုံး က ဇန်န၀ါရီလ (၃)ရက်နေ့က
ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 10:53 PM PST
ရုံးသူ
ရုံးသားများ၊ လက်လုပ် လက်စားများ အဆုံး၊လူလတ်တန်း စားများနှင့်
အခြေခံလူတန်းစား များသည် ဘတ်စ်ကားများကို အားထားကာ သွားလာကြရသည်။
ရုံးဆင်းရုံးတက်၊ ကျောင်းဆင်း ကျောင်းတက်ကားပေါ်သို့ဈေးဗန်း ကြီးအတင်းထိုးတင်ကာ လူက နောက်မှပါလာသော ဈေးသည် များလည်း ထိုဘတ်စ်ကားများကို သာအားထားကြသည်။ သတင်းစာ ဂျာနယ်ရောင်းသည့် သူများဂျာနယ် အထုပ်များတင်ကာ ဘတ်စ်ကား ဖြင့် အဆင်ပြေနေကြသည်။ ထိုသို့လူတန်းစား အသီးသီး အားထားရသော ဘတ်စ်ကား များသည် ဈေးအမျိုးမျိုးဖြင့် ပြေးဆွဲ နေကြသည်။ ဒီလမ်းခရီး၅၀မှ ၂၀၀ ဂိတ်ဆုံးထိယူသည့် ဘတ်စ်ကား များရှိသလို ဘယ်ကတက်တက် ဘယ်စီးစီး ၂၀၀ဆိုတဲ့ကားလည်း ရှိပါသည်။ဘာပဲပြောပြောခရီးသွား ပြည်သူများက အိတ်ကပ်ထဲရှိသည့် ငွေဖြင့်တွက်၍ကြိုက်တဲ့ကားကို စီးနိုင်ပါသည်။ ရုံးတက်ရုံးဆင်း အချိန်များတွင် ကားတိုင်းလိုလို ပြည့်ကျပ်ညပ်ကာစီးနင်းနေရသည် မှာ ခရီးသွားများအတွက် ခေတ် အဆက်ဆက်မရိုးနိုင်သော အခြေ အနေဖြစ်သည်။ ဒဂုံတက္ကသိုလ် ကျောင်းဆင်းချိန်တက်ချိန် တွင် ခုံအပြည့်ကျောင်းသား/ကျောင်း သူများ၂၃၇ဘတ်စ်နှင့်ဘီအမ်ကား အားလုံးကျောင်းသားများအပြည့်။ ကျန်ခရီးသည်များဖြစ်သလိုစီးနင်း လိုက်ပါကြရသည်။ဗိုက်ပူအစား ၀င်လာသော ၃၁ဘတ်စ်များသည် ဒဂုံတက္ကသိုလ်ကျောင်းထဲတွင် ဂိတ်ထိုးသင့်သည်။ ဘေလီထိပ် ဘုန်းကြီးကျောင်းနားတွင် ဂိတ်ထိုး သဖြင့် စီးနင်းသူမရှိပါ။ဒီကားက ၅၀၊၁၀၀၊၂၀၀ပေး၍စီးရသဖြင့် ကျောင်းသားကျောင်းသူ၊ရုံးသား ရုံးသူနှင့်အခြေခံလူတန်းစားများ နှင့်ကိုက်ညီလှပါသဖြင့် ဒီကား လိုင်းကို ဒဂုံတက်္ကသိုလ်ကျောင်း ၀င်းတွင်ဂိတ်ထိုးလျှင်များစွာ အဆင်ပြေနိုင်ပါသည်။ မထသလက်အောက်ရှိကား များသည် ကားခတစ်ပြေးညီဖြစ်သင့် သည်။ သာမာန်ကားများကဲ့သို့ ဘာမှမထူးခြားဘဲဘယ်စီးစီး ၂၀၀ သတ်မှတ်ပေးခြင်းကို ပြည်သူတစ် ယောက်အနေနှင့်နားမလည်နိုင် အောင်ရှိပါသည်။ကားချင်းအတူတူ ဈေးခွဲခြားထားခြင်းသည် အခွင့် ထူးခံသက်သက်ဖြစ်သဖြင့် ဒီခေတ် ဒီစနစ်တွင်မရှိသင့်တော့ပါ။ ဘီအမ်ကားများသည် ၅၀ ပေး၍စီးမရသောကားများဖြစ်ပါ သည်။ဟိုနားဒီနား ၁၀၀၊ဒဂုံမြို့သစ် မှမိုးကောင်းဆိုလျှင် ၂၀၀ယူပါ သည်။ တစ်ခါတစ်ရံ ၁၀၀လို့အော် ချင်အော်ပြီး ၂၀၀ယူချင်ယူပါသည်။ မထသလက်အောက်ရှိ ခရီးသည် ကားများဖြစ်ပါလျက်ဈေးအမျိုးမျု ယနေ့ မြန်မာ့ ငွေကြေးပြည်တွင်းသုံးစွဲရာတွင် ၅၀သည် အခြေခံကျ၍အနည်းဆုံး တန်ဖိုးဖြစ်ပါသည်။ ၅၀တန်အောက် ကုန်ပစ်္စည်းမရှိပါ။မထသကားများ သည် အနည်းဆုံးခရီးကို ၅၀သတ် မှတ်ပေးမှသာ ၅၀အသုံးဝင်လာ မည်ဖြစ်ပါသည်။အနည်းဆုံးခရီးကို ၁၀၀၊၂၀၀ယူနေလျှင် ကြာလျှင် ၅၀တန်ခရီးသည် ပျောက်ဆုံးတော့ မည်ဖြစ်ပါသည်။ဒီအတိုင်းဆိုလျှင် ကုန်ဈေးနှုန်းသတ်မှတ်ချက်သည် အနည်းဆုံး ၁၀၀၊၂၀၀ဖြစ်လာပါ လိမ့်မည်။ယနေ့ဈေးထဲတွင် ကန် စွန်းရွက်တစ်စီး ၁၅၀ဖြစ်နေခြင်း သည် တစ်ခြားစားကုန်ဈေးနှုန်းမြင့် မှုကို ပြသနေခြင်းဖြစ်ပါသည်။ ပါရမီ ၁၇၄ဘတ်စ်သည် ၅၀ပေးလျှင်စီးလို့ရနိုင်ပါသည်။ မြောက်ဒဂုံမြို့တွင်းမှကေတုမာလာ ကွေ့အထိစီးနင်းလိုက်ပါနိုင်သေး သည်။ ဒီအတွက်ကုန်ဈေးနှုန်းကျ ဆင်းရေးအတွက်ဦးတည်ဆောင် ရွက်နေခြင်းအတွက်ပါရမီ ၁၇၄ဘတ်စ်ကားလိုင်းကဲံသို့သော ယာဉ်လိုင်းများကိုချီးကျူးဂုဏ်ြ ၀င်းမြင့်ထွန်း - The Hot News |
||
Posted: 24 Jan 2013 10:46 PM PST
ယနေ့မြန်မာ
အမျိုးသမီးတို့ ၏ ၀တ်စား ဆင်ယင်မှုတို့မှာ ခေတ်ရေ စီးကြောင်းကို အကြောင်း
ပြု တစ်နေ့တစ်ခြား အဆိုးဆုံး ၀တ်စား ဆင်ယင်လာခြင်းသည် အလွန်တိုတဲ့
ပေါင်အရင်းလောက် ဘောင်း ဘီတို၊ စကတ်တိုလေး များ ၀တ်နေကြခြင်းမှာ မြန်မာတို့
၏ အမျိုးသားယဉ်ကျေးမှု ပျောက် ကွယ်လာနိုင်ဖွယ်ရာ ----
ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 10:35 PM PST
ဇန်န၀ါရီလ (၂၆) ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ ၁ ၊ အမှတ် ၄၆
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 10:34 PM PST
|
||
Posted: 24 Jan 2013 10:33 PM PST
ဇန်န၀ါရီလ (၂၃) ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် ၄၂၁
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 10:25 PM PST
"ရွှေလက်နဲ့
ခေါ်လို့မလာတဲ့ ကေအိုင်အေကို Bullet ပဲ ပေးလိုက်ရင်ကောင်း မယ်" လို့
ဇန်ဝါရီ ၂၄ရက်က ကျင်းပခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ အာဏာရ ကြံ့ခိုင်ရေးပါတီက
ဆွေး နွေးသွားခဲ့ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ နှစ်ဦးနှစ်ဘက် ယုံကြည်မှု ရ ရှိ မယ့် ခိုင်မာတဲ့ အခြေခံမူများချမှတ်ပေးရေးအဆိုကိ ဦးလှဆွေဟာ တပ်မတော်မှာ ဒုတိယဗိုလ်မှုးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလဲ ဖြစ်ပါ တယ်။ ဦးလှဆွေကို ဒီဗွီဘီ သတင်းထောက် ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 24 Jan 2013 10:17 PM PST
ရန်ကုန် ဇန်န၀ါရီ ၂၅
ယနေ့နံနက် အင်တာနက်ပေါ်၌ ပျံ့နှံ့နေသည့် KIA ဌာနချုပ် လိုင်ဇာ အားသိမ်းယူပြီး ဖြစ်ဟူသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း KIO ဘက်မှ အတည်ပြုပြောကြားသည်။ လက်ရှိတွင် KIA ဌာနချုပ်မှာလည်း သိမ်းယူခဲ့ရ ခြင်းမရှိသေး သော်လည်း အဆိုပါ ဌာနချုပ် စခန်းသို့ တပ်မတော်မှ ထိုးစစ်ဆင်နေမှုများ ဆက်လက်ဖြစ်ပွား နေကြောင်း KIO မှ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်ကဆိုသည်။ KIA နှင့်တပ်မတော် တို့မှာ ပြည်နယ်အဆင့်သုံးကြိမ် ၊ ပြည်ထောင်စုအဆင့် သုံးကြိမ် ၊ အလွတ်သဘော သုံးကြိမ်နှင့် တရားဝင်နှစ်ကြိမ် စုစုပေါင်း ၁၁ ကြိမ်တွေ့ဆုံဆွေးနွေးမှုပြုခြဲ့ သုတလင်း -Popular Myanmar News Journal
|
||
Posted: 24 Jan 2013 10:06 PM PST
ဇန်န၀ါရီလ
၂၃ ရက် ည ၇ နာရီ အချိန်ခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊
ကျခတ်ငူကျေးရွာအုပ်စု၊ လက်ပန်ရွာခြံကြီးစုနေ ဦးလှအောင်၏သား
မောင်အောင်သိန်းနိုင် စီးနင်းလာသော ၁၃ယ/ ၅၃၃၅၂ Wave ၁၀၀ အမျိုးအစား
မော်တော်ဆိုင်ကယ်၏ အနောက်ဘက်မှနေ၍ မော်လမြိုင်-ရန်ကုန်လမ်းမကြီး
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 09:46 PM PST
စာပေကင်ပေတိုင်
လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ပြန်ကြားရေး ၀န်ကြီးဌာန စာပေစိစစ်နဲ့
မှတ်ပုံတင်ဌာနခွဲကို တရားဝင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်
သတင်းစာတွေကနေ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 09:26 PM PST
ဇေကမ္ဘာကုမ္ပဏီနဲ့
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက လယ်သမားတွေအကြား ပိုင်ဆိုင်မှု
အငြင်းပွားနေတဲ့ စက်မှုဇုန် ၄ က လယ်ယာမြေ ကန်သင်းတွေကို မနေ့က ဇေကမ္ဘာ ကုမ္ပဏီ
ဘက်ကလူတွေ ဝင်ရောက်ဖျက်ဆီး ခဲ့တဲ့အတွက် လယ်သမားတွေနဲ့ ဇေကမ္ဘာကုမ္ပဏီ
တာဝန်ရှိသူတွေအကြား ထိပ်တိုက်တွေ့ဆုံ မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါတယ်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 24 Jan 2013 09:20 PM PST
ဂျပန်နိုင်ငံရောက်
မြန်မာနိုင်ငံသားတွေ အတွက် လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး
မြန်မာနိုင်ငံ ကို ငွေလွှဲနိုင်တော့မယ်လို့ ဂျပန် Seven ဘဏ်က
ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံ ကို ငွေလွှဲရင် တစ်ကြိမ်ကို ဂျပန်ယန်းငွေ ၅
သိန်း အထိ လွှဲနိုင်တယ်လို့ ဆိုပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 06:52 PM PST
မြန်မာအစိုးရအနေနဲ့
နူကလီးယားကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖို့ အဆိုကို ဆွေးနွေးဖို့
အမျိုးသားလွှတ်တော်မှာ မနေ့တုန်းက လက်ခံလိုက်ပါတယ်။ နူကလီးယားကနေ
လျှပ်စစ်ထုတ်လုပ်ဖို့အပါအဝင် ကျန်းမာရေးအတွက်ကို အသုံးပြုဖို့အဆိုကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 24 Jan 2013 06:38 PM PST
မြန်မာ
နိုင်ငံရဲ့ အကြီးဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ထဲက တစ်ယောက်
ဖြစ်တဲ့ ဦးတေဇ ဟာ မြန်မာ နိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း
ဥက္ကဌ အဖြစ် ကနေ နှုတ်ထွက်လွှာ တင်သွင်း လိုက်တဲ့ အတွက် မြန်မာ့ ကျောက်မျက်
ရတနာတွေ အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ ပေးဖို့
နောက်တဆင့် နီးလာပြီလို့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 24 Jan 2013 06:31 PM PST
အမေရိကန်
ပြည်ထောင်စု မှာတော့ လွှတ်တော် အမတ် ဂျွန်ကယ်ရီက အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ဖို့ ဆီးနိတ် လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာ
ကော်မတီရဲ့ အတည်ပြုချက်ကို တောင်းခံ ရယူ ခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 24 Jan 2013 06:26 PM PST
အသက်
၅၂နှစ်အရွယ်ရှိ David Coleman Headley ဆိုသူကို ပါကစ္စတန်စစ်သွေးကြွ
LeTအဖွဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပူးပေါင်း ကြံစည်မှု အပါအဝင် စွဲချက်
၁၂ခုနဲ့ ပစ်ဒဏ် ချမှတ်လိုက်ပါတယ်။ သူဟာ သေဒဏ်မှ လွတ်ကင်းအောင်နဲ့ အိန္ဒိယကို
အပို့မခံရအောင် အစိုးရ သက်သေ အဖြစ် ပူးပေါင်း ဆောင်ရွက် ခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 24 Jan 2013 06:20 PM PST
လစ်ဗျားနိုင်ငံက
ဘင်ဂါဇီ မြို့မှာ ရှိနေတဲ့ ဗြိတိန်၊ ဂျာမနီနဲ့ နယ်သာလန် နိုင်ငံသား တွေကို
မြို့ထဲ ကနေ ထွက်သွားဖို့ သက်ဆိုင်ရာ နိုင်ငံအသီးသီး က သတိပေး ခဲ့တဲ့
ကိစ္စနဲ့ ပတ်သက်လို့ လစ်ဗျား အစိုးရက အံ့ဩ မိတဲ့ အကြောင်း ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment