Thursday, January 17, 2013

အသက် ၅၅ ကျော်- သက်ကြီးရွယ်အို ဆရာဝန်များ၏ အခက်အခဲ

နိုင်ငံတော်အစိုးရသည် ဆရာဝန်များ၏ နိုင်ငံကူးလက်မှတ် ပြုလုပ်ရာ တွင် အောက်ပါ စည်းမျဉ်းများကို ဆိုရှယ်လစ်ခေတ်မှစ၍ ချမှတ်ခဲ့ပါသည်။
(၁) နိုင်ငံခြားသို့ အပြီးအပိုင်သွားရောက်မည့် ဆရာဝန် (အစိုးရဝန်ထမ်း မဟုတ်သူ) များသည် ပညာသင်လျှော်ကြေးငွေ ကျပ်တစ်ဆယ် သိန်း ပေးလျှော်ကြောင်းထောက်ခံချက်။
(၂) ယာယီနိုင်ငံခြားသို့သွားရောက်သည့်ဆရာဝန် (မည်သည့်အသက်အရွယ်မဆို) များသည် ...
 ၂.၁ ပြန်တမ်းဝင်အရာရှိ နှစ်ဦး၏ ထောက်ခံချက်၊ ထိုထောက်ခံချက် သည် နေပြည်တော်ကျန်းမာရေးဦးစီး ညွှန်ကြာရေးမှုး ရှေ့မှောက် တွင် ပြန်တမ်းဝင်အရာရှိနှစ်ဦးမှ တပြိုင်နက်ထည်း လက်မှတ်ရေးထိုးရ သည့် ထောက်ခံစာ၊
၂.၂ ဆရာဝန်မှတ်ပုံတင် မူရင်းမိတ္တူ ပြရသည့်အပြင် မိမိဆရာ ဝန်ဖြစ်ကြောင်းကို နေပြည်တော်ဝန်ထမ်း ဆရာဝန်များထဲမှ နေပြည်တော်ရုံးရှိ ရုံးအုပ်ရှေ့မှောက်တွင် လိုက်လံ သက်သေထွက်ဆိုပေးရသည့် ထွက်ဆိုချက်၊

အထက်ပါအချက်များနှင့် ပညာရေးကင်းရှင်းကြောင်း ထုတ်ယူရခြင်းဟူသည့် စည်းမျဉ်းဖြစ်ပါသည်။။ ထုပ်ယူသည့်အခါ နှစ်ပတ်ကြာမှရရှိပါသည်။ ထို့ကြောင့်နေပြည်တော်ကျန်းမာရေး ထောက်ခံစာရရှိရန် ထပ်မံသွားရောက်ရပါသည်။
ထိုသို့သတ်မှတ်ခဲ့သည့် အချိန်အခါက ဆရာဝန်များသည် နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်ကိုင်ခြင်းဖြင့် နိုင်ငံတွင်း ပညာတတ်ဆရာဝန်ဦးရေ နည်းပါးမည်ကိုစိုးရိမ်ခြင်း၊ နိုင်ငံခြားတွင်သွားရောက်အလုပ် လုပ်ကိုင်ပြီး အခွန်တိမ်းရှောင်မည်ကို စိုးရိမ်သဖြင့်အထက်ပါ စည်းမျဉ်းများကို သတ်မှတ်သည်ဟု ယူဆရပါသည်။

ယခုအခါနိုင်ငံတော်အစိုးရသည်နိုင်ငံခြားသို.သွားရောက်အလုပ်လုပ်ကိုင်သူများ အပေါ်အခွန်ကင်း လွတ်ခွင်.ပြုခြင်း၊ နိုင်ငံတော်အတွင်းလုပ်ကိုင်သည့် ဆရာဝန်များအပေါ်ခံစား ခွင့်အမျိုးမျိုးပေးခြင်း၊ ဒီမိုကရေစီအသွင်ဆောင်သော လုပ်ဆောင်ချက်များရှိလာသည်ကို တွေ့ရှိရပါသည်။ နိုင်ငံခြားသို့သွားရောက်အလုပ်လုပ်ကိုင်သည့် ဆရာဝန်များနည်းပါးလာခြင်း၊ ဖြစ်နိုင်ပါက မိမိနိုင်ငံ အတွင်းတွင်သာ မိမိမိသားစုဆွေမျိုးများအတွင်းတွင်သာ လုပ်ကိုင်လိုစိတ်ရှိသဖြင့် ပညာတတ် ယိုစီးမှု နည်းပါးသည်ကို တွေ့ရပါသည်။
နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် မှတ်ပုံတင်နှင့် ပုံစံတစ်ဆယ်၏ အလုပ်အကိုင်တွင် ဆရာဝန်ဟုရေး သွင်းထားသည့်သူများသာ အထက်ပါအခက်အခဲ များကိုရင်ဆိုင်ရပါသည်။ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားဧ။် အလုပ်အကိုင်တွင် ဆရာဝန်ဟုအမှန်အကန် မှတ်ချက်ရေးသည့်ဆရာဝန်များသာ အထက်ပါအခက်အခဲများကို ရင်ဆိုင်ရပါသည်။ မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားဧ။် အလုပ်အကိုင်တွင် ဆရာဝန်ဟု မပါရှိသူများသည် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အထက်ပါထောက်ခံချက် ယူစရာမလိုဘဲ လွယ်ကူသည်ကို တွေ့ရပါသည်။

ထို့ကြောင့် မမှန်မကန်နည်းလမ်းများ ပေါ်ပေါက်ပြီး သတ်မှတ်ထားသည့် ၄င်းစနစ်ကိုဖြတ်ကျော်ရန် မသမာနည်းလမ်းကို အသုံးပြုသဖြင့် ပြည်သူများကို လိမ်လည်ရန်တွန်း အားပေးသလိုဖြစ်နေပါသည်။
အသက် ၅ဝ ကျော်သောသူများကို မည်သည့်နိုင်ငံခြားတိုင်းပြည်များမှ လက်မခံသလို အလုပ်လည်း မပေးလိုပါ။ ဆရာဝန်များကိုယ်တိုင်လည်း မိမိနိုင်ငံမှခွာလိုသူများ မဟုတ်ကြပါ။ အခြားတိုင်းပြည်များမှ Visa ကိစ္စတွင် အသက် ၅ဝ ကျော်များအတွက် မည်သည့် Recommend မှ မလို။ လွယ်လင့်တကူရရှိနိုင် သော် လည်း နိုင်ငံအတွင်း နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ခက်ခဲနေကြောင်းတွေ့ရှိပါသည်။
ယခုအခါအသက်အရွယ်ကြီးသူ၊ ကျန်းမာရေးချို့တဲ့သူများကို အိမ်တိုင်ရာရောက် နိုင်ငံကူး လက်မှတ် ပြုလုပ်ပေးနေသည်ကို တွေ့ရှိနေရသော်လည်း အသက် ၅ဝ ကျော် ဆရာဝန်များမှာ ယခုတိုင်
(က) နေပြည်တော်သွားရသည့် အခက်အခဲ (အသက်အရွယ်ကြီးခြင်း၊ ရောဂါခံစားနေရ၍ သွားလာ ရန်ခက်ခဲခြင်း)
(ခ) အာမခံပေးမည့် ပန်တမ်းဝင်အရာရှိ နှစ်ဦးရှာရသည့်အခက်အခဲ၊ ၄င်းတို့နှစ်ဦးကို နေပြည်တော် သို့ ခေါ်ယူရသည့် အခက်အခဲ၊ ပြန်တမ်းဝင်အရာရှိ နှစ်ဦးသည်လည်း မိမိအစိုးရတာဝန်ဝတ္တရား များကြောင့် နေပြည်တော်သို့မလိုက်နိုင်ခြင်း၊ နေပြည်တော်ရှိပြန်တမ်းဝင်အရာရှိများနှင့် ကျွမ်းဝင်မှုမရှိက ရုံးသို့လိုက်ပါ အာမခံလက်မှတ်ထိုးမပေးနိုင်သည့်အခက်အခဲ၊
(ဂ) ဆရာဝန်ဖြစ်ကြောင်း ဆရာဝန်မှတ်ပုံတင်မူရင်း (အစိုးရကျန်းမာရေးဦးစီးဌာနမှ စီစစ် ထုပ်ပေး ထားခြင်း) တင်ပြပြီးသော်လည်း ဆရာဝန်အမှန်ဖြစ်ကြောင်းကို ထောက်ခံမည့်သူတဦး (နေပြည်တော် ဆရာဝန်များထဲမှ) ထပ်မံရှာရသည့်အခက်အခဲ၊ နေပြည်တော်တွင် မိမိနှင့်မသိသည့် ဆရာဝန်ဖြစ်ပါက လိုက်လံ၍ ဆရာဝန်ဖြစ်ကြောင်း သက်သေလိုက်ပေးမည်မဟုတ်ပေ။
မှတ်ချက်-မိမိဒေသဆေးရုံအုပ်ကြီး၏ ဆရာဝန်ဖြစ်ကြောင်းထောက်ခံချက်ကို လက်မခံ-
နေပြည်တော်မှ မိမိနှင့် သိသိမသိသိ ဆရာဝန်ထောက်ခံချက်ကိုသာ အတည်ယူခြင်း၊
အသက် ၅ဝ ကျော်ဆရာဝန်များသည် အစိုးရဝန်ထမ်း မလုပ်ကိုင်သော်လည်း ရပ်ရွာအကျိုး၊ နိုင်ငံအကျိုး လူမှုရေးကိစ္စရပ်များတွင် ဆောင်ရွက်ရင်း အသက် ၅ဝ ကျော်ခဲ့ပါသည်။ ရပ်ရွာပြည်သူလူထု၏ ကျန်းမာရေး ကို ကုသပေးသော်လည်း မိမိကိုယ်တိုင်နာမကျန်းဖြစ်သည့်အခါ နိုင်ငံရပ်ခြားသွားရောက် ကျန်းမာရေး စစ်ဆေးလိုခြင်း၊ ကုသလိုခြင်း၊ နိုင်ငံခြားဘုရားဖူးခရီးစဉ်များ၊  Sponsor မရှိသဖြင့် နိုင်ငံခြားသို့ အလည် အပတ်သွားရောက်လိုခြင်း၊ နိုင်ငံရပ်ခြားတွင် သွားရောက်ဆေးကုသလိုခြင်းစသည့် သက်ရွယ်ကြီးရင့်သူ ဆရာဝန်များသူများသည် နေပြည်တော် ကျန်းမာရေးဦးစီးဌာန၏ ထောက်ခံ ချက်မရရှိသဖြင့် မသွားရောက် နိုင်သူအများ အပြားရှိပါသည်။

သာမာန်လူများ Passport ၃ နှစ်ကိုင်ဆောင်နိုင်ခွင့် ရရှိထားသော်လည်း နိုင်ငံခြားမှကိစ္စပြီးမြောက် ၍ ပြန်လာပါက (နိုင်ငံရပ်ခြားမနေဘဲ မိမိနိုင်ငံပြန်လာခြင်း) Passport ကိုလေဆိပ်မှ သိမ်းဆည်းထားပြီး ထိုသို့သိမ်းဆည်းထားကြောင်းထောက်ခံစာကို ရန်ကုန် Passport ရုံးတွင် ရရှိရန် တပတ်ကြာသဖြင့် ပြည်ပ ခရီးမှပြန်လာသော်လည်း နယ်ဒေသတွင်နေထိုင်သည့်သူများသည် ရန်ကုန်တွင် တည်းစရာခိုစရာ မရှိ တပတ် နေထိုင်ရပြီး ထုပ်ယူရခြင်း) နောက်တခါနိုင်ငံခြားသို့ သွားရောက်လိုပါက နေပြည်တော်ဧ။် အထက်ပါ ပုံစံထပ်မံပြုလုပ်ပြီး Passport ရရှိရန် ထပ်မံလျှောက်ထား ရန်လို ခြင်းစသည့် စည်းမျဉ်းဘောင် များကြောင့် သက်ရွယ်ကြီးဆရာဝန်များသည် သာမာန်ပြည်သူများ ပြင်ပနိုင်ငံများသို့ အလွယ်တကူ သွားရောက်နိုင်သော်လည်း သက်ရွယ်ကြီးဆရာဝန်များသည် သွားရောက်ရန်အခက်အခဲများ စွာ တွေ.ကြုံရပါသည်။
အသက်ကြီးဆရာဝန်များ(၁) နေပြည်တော်သို.အကြိမ်ကြိမ်သွားရသည့် အခက်အခဲ
(၂) အသက်ကြီး၍ အကြိမ်ကြိမ်မသွားနိုင်သည့် အခက်အခဲ
(၃) အကြိမ်သွားရ၍ ကုန်ကျစားရိတ် ပိုမိုခြင်း အခက်အခဲ
(၄) ပြန်တမ်းဝင်အရာရှိ နှစ်ဦးရှာရသည့်အခက်အခဲ
(၅) ဆရာဝန်မှတ်ပုံတင်ပြသော်လည်း ဆရာဝန်ဖြစ်ကြောင်း နေပြည်တော်တွင် ဝန်ထမ်းဆရာဝန်တဦး ထပ်မံရှာရသည့် အခက်အခဲများနှင့် တွေ့ ကြုံရပါသည်။
(၆) ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာထုပ်ယူရန် နှစ်ပတ်ကြာမှထုပ်ယူရသဖြင့် နေပြည်တော်သို့ ထပ်မံသွားရသည့်အခက်အခဲ များစွာတို့ကို ရင်ဆိုင်ရပါသည်။

ယခုအခြားနိုင်ငံများတွင် Internet နှင့် Passport ကို လွယ်လွယ်ကူကူ လုပ်ဆောင်၍ရသည့် Passport & Visa ခေတ်တွင် မြန်မာပြည်အသက် ၅ဝ ကျော် ဆရာဝန်များဧ။် Passport ရရှိရန် ထောက်ခံချက်နှင့် လုပ်ဆောင်ချက်များ၏ အဆင့်များကို အမျိုးသားလွှတ်တော်မှ ပြန်လည်စဉ်းစားပေးစေလိုကြောင်း လေး စားစွာ တင်ပြပါသည်။
ယခုအခါ စင်္ကာပုနိုင်ငံ၏ Visa မှာ အသက် ၅ဝ ကျော် မည်သူမဆိုမည်သည့်  Recommendation (တာဝန်ယူထောက်ခံချက်) မလိုဘဲ အလွယ်တကူ ထုပ်ပေးသည်မှာ အသက် ၅ဝ ကျော်သူများကို အလုပ်ခန့်သည့်စနစ်မရှိသောကြောင့် ၅ဝ ကျော်သူများ နိုင်ငံခြားတွင် အလုပ်မလုပ်နိုင်ခြင်း၊ မနေထိုင် နိုင်ခြင်းစသည့် အချက်များကြောင့် ဖြစ်ပါသည်။ အခြားနိုင်ငံများမှ အသက် ၅ဝ ကျော်သူများကှို အလွယ် တကူလက်ခံသော်လည်း မိမိနိုင်ငံအတွင်းတွင် မည်သည့်အကြောင်းကြောင့် ခက်ခဲသည်ကို စဉ်းစားမရ ပါ။ ပြန်လည်ဖြေလျှော့ စဉ်းစားပေးရန် မေတ္တာရပ်ခံပါသည်။

အသက် ၅၅ နှစ်ကျော် ဆရာဝန်တဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...