မိန်းကလေးတွေ သတိထားမိစေဖို့
Author: lubo601 |
10:30 AM |
No မှတ်ချက် |
နတ်သားလေး နေလှိုင်း Posted by လင်းယုန်ဖြူလေး on January 13, 2013 at 11:06pm
၁ ။ ယောကျာ်းလေးတွေက ခေတ်ဆန်တဲ့ မိန်းကလေးမျိုးကို သဘောကျတတ်ပေမဲ့ အရမ်း Sexy ဖြစ်လွန်းပြီး အမြဲတမ်း Club မှာ ယောကျာ်းလေးတွေကြားထဲ တွဲကနေတတ်တဲ့
မိန်းကလေးမျိုး ဆိုရင် မလေးစားတတ်ကြပါဘူး အဲ့လိုမိန်းကလေးမျိုးကို ခဏတာ အဖြစ်သာ တွဲတတ်ကြတယ်။
၂ ။ ယောကျာ်းလေးတွေရဲ့ 80% လောက်က အရမ်းရိုးရိုးကြီးတွေဆိုရင် သဘောမကျတတ်ပေမဲ့
ကိုယ့်ချစ်သူကောင်မလေးက သနပ်ခါး ပါးကွက်ကျားလေး (သနပ်ခါးလိမ်းတတ်သူတွေအတွက်) နဲ့
ရိုးရိုးလေး ထမိန်လေးကိုပဲ တစ်ခါတစ်လေ ၀တ်လာရင် ဒီလိုလေးလဲ ငါ့ချစ်သူလေးက ရိုးရိုးလေး
ကျတော့လဲ ချစ်စရာကောင်းလိုက်တာ ဆိုပြီး ပါးစပ်က မပြောရင်တောင် စိတ်ထဲက ထင်မိကြတယ်
၃။ ယောကျာ်းလေးတွေကမိန်းကလေးတွေစိတ်ကောက်တတ်တာလေးကိုသဘောကျတတ်ပေမဲ့အမြဲ
တမ်းကြီးစိတ်ကောက်နေတတ်ပြီးအတူတူရှိချိန်လေးမှာ ပျော်ရွှင်ရတဲ့အချိန်နဲလာပြီးလို့ထင်လာရင်
စိတ်ပျက်လာတတ်ပါတယ်
၎။ ယောကျာ်းလေးတွေကလူအများကသူ့ကိုအထင်မြင်လွဲနေတဲ့အချိန်အဆူအပူတွေကြားထဲမှာရောက်
နေချိန်မှာ ယောကျာ်းတစ်ယောက်ဆိုပေမဲ့လဲ အနည်းငယ် အားနည်းနေတတ်တဲ့အတွက် ကိုယ့်ချစ်သူရဲ့
အားပေးမှု ယုံကြည်မှုလေးကိုတော့ လိုချင်တတ်ကြတယ်
၅ ။ ယောကျာ်းလေးတွေက ကိုယ့်ချစ်သူကောင်မလေးဟာ အရင်တုန်းကရည်းစားဒါဇင်မကထားခဲ့ပါစေ
ခွင့်လွှတ်နိုင်ပေမဲ့ ကိုယ့်ချစ်သူဖြစ်ပြီးနောက်မှဆိုရင်ထပ်ပြီးစိတ်ကစားတာမျိုးဆိုရင်တောင်မှခွင့်လွှတ်ဖို့
ခက်ခဲတတ်ကြတယ်
၆ ။ ယောကျာ်းလေးတွေက ချွဲနွဲ့တတ်တဲ့ မိန်းကလေးမျိုးဆိုရင်ချစ်စရာကောင်းတယ်ထင်တတ်ကြပေမဲ့
အမြဲတမ်းချွဲပစ်နေပြီ ကိုယ့်ကို အရာရာ လုပ်ခိုင်းတတ်တဲ့ မိန်းကလေးမျိုးဆိုရင် မကြိုက်တတ်ကြဘူး
၇။ ယောကျာ်းလေးတွေကမုန့်တူတူစားရင် ယောကျာ်းဖြစ်တဲ့အတွက်ပိုက်ဆံကိုသူတို့ပဲရှင်းချင်တတ်ကြ
တယ်မိန်းကလေးကသတိရှိရှိနဲ့အစားအသောက်ကို ယောကျာ်းလေးရဲ့တတ်နိုင်တဲ့အခြေနေမျိုးပဲမှာကြ
ဖို့ လိုတယ်
၈ ။ ယောကျာ်းလေးတွေက မိမိကိုယ်တိုင် ဘုရားရှိခိုး မှန်ချင်မှမှန်လိမ့်မယ် ဒါပေမဲ့ ကိုယ့်ချစ်သူကိုတော့
ဘာသာတရားကိုင်းရှိုင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေရင် အရမ်းလေးစားတတ်ပါတယ်
၉ ။ ယောကျာ်းလေးတွေက ဖုန်းပြောရင်းနဲ့ မိန်းကလေးက စိတ်ကောက်ပြီဆိုရင်ဘယ်လိုဖြေရှင်းရမှန်း
မသိကြဘူးအနားမှာရှိတုန်းစိတ်ကောက်ရင် သေချာချော့လို့ရပေမဲ့စကားသိပ်မကြွယ်တဲ့လူတွေအတွက်
တော့ ဖုန်းပြောနေတုန်း စိတ်ကောက်ခံရရင် ဒုက္ခရောက်တတ်ပါတယ်
၁၀။ ယောကျာ်းလေးတွေက (တစ်ချို့လူပျင်းတွေမှအပ) ယခုအချိန်မှာ အလုပ်အကိုင်ကောင်း မရှိနိုင်သေးရင်တောင် အလုပ်အကိုင်ကောင်းရရှိအောင် ပြည့်စုံအောင် ကြိုးစားချင်ကြတဲ့ လူတွေကြီး ပါပဲ။ ဒါကိုခုချိန်ထိ အလုပ်က မရသေးဘူးလား ဘာညာလို့ ကိုယ့်ချစ်သူကပါ ပြောလာရင် စိတ်ထင်ရာ ဆိုင်းပြီး လုပ်ချင်ရာ လုပ်တတ်ကြပါတယ်။ စိတ်နဲနဲတော့ ရှည်ပေးကြဖို့လိုပါတယ်။
ချစ်သူတိုင်း အဆင်ပြေကြပါစေ
လင်းယုန်ဖြူလေး
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment