Thursday, January 17, 2013

အစားထိုးမရတဲ့ ဆုံးရှုံးမှု

Htoo Aung and 2 other friends shared May Popa's photo.
အစားထိုးမရတဲ့ ဆုံးရှုံးမှု
မနေ့ကကျမသူငယ်ချင်းတွေနဲ့ပုဂံကို ဘုရားဖူးရောက်ခဲ့ရာမှာ အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးကိုတွေ့ခဲ့ရပါတယ်။ငယ်ငယ်က မကြာခဏရောက်ပေမဲ့ သတိမထားမိခဲ့ပါ ယခုအခေါက်မှမျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရလို့ဝမ်းနည်းပက်လက်ဖြစ်ခဲ့ ရပါတယ်။
နာမည်ကြီးလှတဲ့ သမိုင်းဝင် အာနန္ဒာဘုရားကမြင်ကွင်းလေးပါ ဓာတ်ပုံထဲကပညာရှင်များကိုကျေးဇူးတင်ရှိပါတယ်
ယခင်အစိုးရ နဝတ လက်ထက်က ပုဂံဘုရားများအားလုံးကို လှပအောင် နိုင်ငံခြားသားများစိတ်ဝင်စားအောင် အသစ်ဖြစ်သွားအောင် ဆိုပြီး ဆေးသုတ်ခဲ့ ပါတယ်။ ဦးခင်ညွန့်အမိန့်အရဟုထင်ပါသည်၊ ရှေးဟောင်းဌာနမှ ပညာရှင်များကလည်း ပြန်ပြောရဲခဲ့ မည်မထင်ပါ
"ယခုအခါကျမှ ပြည်သူတွေတွေ့ရှိ တာကတော့ သူတို့သုတ်လိုက်တဲ့ ခေတ်သစ်အိမ်သုတ်ဆေးများအောက်ကပေါ်ထွက်လာတဲ့  နှစ်ပေါင်းတစ်ထောင်လောက်က နံရံဆေးရေးပန်းချီများပါပဲ၊ "
ယခုအခါကျမှ ပြန်လည်ပြီးဆေးအဟောင်းများကိုတစ်ဖတ်ချင်း အနုစိတ်ပြန်လည် ခွါယူနေရပါတယ်။ နိုင်ငံရဲ့သမိုင်း ယဉ်ကျေးမှုအမွေအနှစ်များကိုဖျက်ဆီးခဲ့တဲ့ နဝတ အစိုးရပါ၊ နိုင်ငံရဲ့ဘဏ္ဍာငွေ တွေလည်း အများကြီးဆုံးရှုံးရပါတယ်။
အသစ်စက်စက်ဖွဲ့လိုက်တဲ့ ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်တဲ့ ကော်မတီ ကြီးရယ် တာဝန်ရှိသူတွေကိုထောင်ချပစ်လိုက်စမ်းပါ တစ်နိုင်ငံလုံး တစ်ကမဘာလုံး ကိုဝန်ချတောင်းပန်လိုက်စမ်းပါ မြန်မာ့ယဉ်ကျေးမှုရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးခဲ့တဲ့စစ်အာဏာရှင်ကြီးများရယ် ဘိုးဘေးတွေနဲ့ နောင်လာနောက်သားတွေကို  ဦးခိုက်ကန်တော့လိုက်ကျပါဦး။ ပုဂံ ဘုရားတွေကကျိန်စာတွေ ကရော မစူးလေရော့သလား မသိ၊
ဆေးသုတ်ခဲ့တဲ့ဘုရားပေါင်း မြောက်များစွာကို ဘယ်လိုများပြန်လည်ထိန်းသိမ်းရမလဲမသိ။ ဂျာနယ်၊မီဒီယာတွေ ကရော ပေါချောင်ကောင်းသတင်း တွေပဲလိုက်ရေးနေသလားရန်ကုန်လောက်မှာပဲ ရပ်နေတော့မှာလား ပုဂံဆိုတာ ပထမမြန်မာ နိုင်ငံတော်ကြီး ပါ၊ မြန်မာဆို ပြီးလက်မထောင်ရမဲ့ နေရာပါ ဝိုင်းဝန်းထိန်းသိမ်း ကြပါရှင်၊တာဝန်ရှိသူတွေကို ပြစ်တင်ရှုတ်ချကျပါရှင်၊ 
ဒီဓာတ်ပုံ တွေကိုလည်း ရှယ်ပေးကြပါရှင်

မေပုပ္ပား

မနေ့ကကျမသူငယ်ချင်းတွေနဲ့ပုဂံကို ဘုရားဖူးရောက်ခဲ့ရာမှာ အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးကိုတွေ့ခဲ့ရပါတယ်။ငယ်ငယ်က မကြာခဏရောက်ပေမဲ့ သတိမထားမိခဲ့ပါ ယခုအခေါက်မှမျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရလို့ဝမ်းနည်းပက်လက်ဖြစ်ခဲ့ ရပါတယ်။
နာမည်ကြီးလှတဲ့ သမိုင်းဝင် အာနန္ဒာဘုရားကမြင်ကွင်းလေးပါ ဓာတ်ပုံထဲကပညာရှင်များကိုကျေးဇူး တင်ရှိပါတယ်။
ယခင်အစိုးရ နဝတ လက်ထက်က ပုဂံဘုရားများအားလုံးကို လှပအောင် နိုင်ငံခြားသားများစိတ်ဝင်စားအောင် အသစ်ဖြစ်သွားအောင် ဆိုပြီး ဆေးသုတ်ခဲ့ ပါတယ်။ ဦးခင်ညွန့်အမိန့်အရဟုထင်ပါသည်၊ ရှေးဟောင်းဌာနမှ ပညာရှင်များကလည်း ပြန်ပြောရဲခဲ့ မည်မထင်ပါ။
"ယခုအခါကျမှ ပြည်သူတွေတွေ့ရှိ တာကတော့ သူတို့သုတ်လိုက်တဲ့ ခေတ်သစ်အိမ်သုတ်ဆေးများအောက်ကပေါ်ထွက်လာတဲ့  နှစ်ပေါင်းတစ်ထောင်လောက်က နံရံဆေးရေးပန်းချီများပါပဲ၊ "
ယခုအခါကျမှ ပြန်လည်ပြီးဆေးအဟောင်းများကိုတစ်ဖတ်ချင်း အနုစိတ်ပြန်လည် ခွါယူနေရပါတယ်။ နိုင်ငံရဲ့သမိုင်း ယဉ်ကျေးမှုအမွေအနှစ်များကိုဖျက်ဆီးခဲ့တဲ့ နဝတ အစိုးရပါ၊ နိုင်ငံရဲ့ဘဏ္ဍာငွေ တွေလည်း အများကြီးဆုံးရှုံးရပါတယ်။
အသစ်စက်စက်ဖွဲ့လိုက်တဲ့ ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်တဲ့ ကော်မတီ ကြီးရယ် တာဝန်ရှိသူတွေကိုထောင်ချပစ်လိုက်စမ်းပါ တစ်နိုင်ငံလုံး တစ်ကမဘာလုံး ကိုဝန်ချတောင်းပန်လိုက်စမ်းပါ မြန်မာ့ယဉ်ကျေးမှုရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးခဲ့တဲ့စစ်အာဏာရှင်ကြီးများရယ် ဘိုးဘေးတွေနဲ့ နောင်လာနောက်သားတွေကို ဦးခိုက်ကန်တော့လိုက်ကျပါဦး။ ပုဂံ ဘုရားတွေကကျိန်စာတွေ ကရော မစူးလေရော့သလား မသိ၊
ဆေးသုတ်ခဲ့တဲ့ဘုရားပေါင်း မြောက်များစွာကို ဘယ်လိုများပြန်လည်ထိန်းသိမ်းရမလဲမသိ။ ဂျာနယ်၊မီဒီယာတွေ ကရော ပေါချောင်ကောင်းသတင်း တွေပဲလိုက်ရေးနေသလားရန်ကုန်လောက်မှာပဲ ရပ်နေတော့မှာလား ပုဂံဆိုတာ ပထမမြန်မာ နိုင်ငံတော်ကြီး ပါ၊ မြန်မာဆို ပြီးလက်မထောင်ရမဲ့ နေရာပါ ဝိုင်းဝန်းထိန်းသိမ်း ကြပါရှင်၊တာဝန်ရှိသူတွေကို ပြစ်တင်ရှုတ်ချကျပါရှင်၊
ဒီဓာတ်ပုံ တွေကိုလည်း ရှယ်ပေးကြပါရှင်။

မေပုပ္ပား

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...