Thursday, March 24, 2016

ဝါကျတွေမှာ stress ကို နေရာပြောင်းတဲ့အခါ (3)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

ရေးပြီဆိုမှတော့ တော်တော်လေးရောက်အောင် ရေးလိုက်ချင်တဲ့အတွက် တင်ဆက်လိုက်ရခြင်းဖြစ်ပါတယ် ၊ အတော်အသင့် လေ့လာသူအဆင့်မှာတော့ မလိုအပ်သေးပါဘူး ။ သိချင်သူများ အတွက်တော့ သိဖို့ကောင်းတဲ့ ဗဟုသုတဆိုတာ ပိုတယ်မရှိပါဘူး ။
ဝါကျထဲမှာ ရှိတဲ့ ဖိပြီးရွတ်ဆိုရမယ့် စကားလုံးတွေ (content/lexical words) နဲ့ ဖော့ပြီးရွတ်ဆိုရမယ့် စကားလုံးတွေ (structure/function words) အကြောင်းကို ပြောခဲ့သလို ၊ ဖိသံတစ်ခုနဲ့တစ်ခုကြား အချိန်အတိုင်းအတာ ညီတူဖြစ်သင့်တယ်ဆိုတဲ့ အကြောင်းကို ပြောခဲ့ပါတယ် ။

ဆက်လက်ပြီး ယေဘူယျ စည်းစနစ်လေးတွေကို ပြောပါရစေ..
...
(1) ၀ါကျထဲက အရေးကြီးတဲ့စကားလုံး .. ကျနော်တို့ အသားပေးပြီး ပြောချင်တဲ့စကားလုံးကို ဖိပြီးရွတ်ဆိုရပါမယ် ။ နောက်တစ်ချက်ကတော့ ၀ါကျတစ်ခုရဲ့ နောက်ဆုံးဖိသံကို အမြင့်ဆုံး အကျယ်ဆုံး ဖိပြီး ရွတ်ဆိုရမှာ ဖြစ်ပါတယ် ။ The most important words in the sentence receive stronger stress. The last stressed word in the sentence receives the strongest stress.
.
နမူနာကြည့်ပါ
.
DOES she LIKE the /BOOK?
( Book ဆိုတဲ့စာလုံးဟာ နောက်ဆုံးဖိသံ ဖြစ်တဲ့အတွက် အမြင့်ဆုံးဖြစ်ရပါမယ် ၊ like မှာရွတ်ဆို တုန်းကထက် အသံပိုမြင့်ရမယ်လို့ ဆိုလိုပါတယ်)
.
WHAT BOOK is she \READing?
(ဒီမှာကတော့ reading ကို အမြင့်ဆုံးရွတ်ဆိုရမှာ ဖြစ်ပေမယ့် မူလ verb ဖြစ်တဲ့ read ကိုသာ မြင့်ရမှာဖြစ်ပြီး ---ing ကိုတော့ မြှင့်ဆိုဖို့ မလိုပါဘူး )
...................................................
(2) ဖိပြီးရွတ်ဆိုသံတွေက အဓိပ္ပါယ်ကို ဘယ်လိုပြောင်းလဲသွားစေသလဲ ကြည့်ပါဦး
Changes in stress can affect the meaning of a sentence. Compare:
..
1. John is leaving Paris NEXT WEEK. (Emphasize the time)
( အချိန်ကို အသားပေးပြီး ပြောတဲ့သဘော)
.
2. John is leaving PARIS next week. (Emphasize the place)
(နေရာကို အသားပေးပြီး ပြောတာ)
.
3. John is LEAVING Paris next week. (Emphasize the action)
(လုပ်ဆောင်မှုကို အသားပေးတာ)
.
4. John IS leaving Paris next week. (Emphasize the truth)
( ဖြစ်ရပ်ကို ပေါ်လွင်စေချင်တာ)
.
5. JOHN is leaving Paris next week. (Emphasize the person)
(JOHN ကို ပေါ်လွင်စေချင်တာ)
..
တစ်ခါ အသားပေးတော့ ဘာထူးသွားလဲ .. ဘယ်လို ဖြစ်သွားလဲဗျာလို့ မရှင်းလျှင် နမူနာထပ်ကြည့်ပါဦး Oxford Practical English Usage စာအုပ်ထဲကပါ ၊ စာကြောင်းကပေးတဲ့ မူလအဓိပ္ပါယ်အပြင် stress က ပေးတဲ့ အဓိပ္ပါယ်တွေလည်း ရှိလာပါတယ် ။
.
1. JANE phoned me yesterday. (Not somebody else.)
(တစ်ခြားသူဆက်တာ မဟုတ်ဘူး Jane ဆက်တာ)
.
2. Jane PHONED me yesterday. (She didn’t come to see me.)
(သူမက ဖုန်းပဲဆက်တာ ၊ လာမတွေ့ဘူး)
.
3. Jane phoned ME yesterday . (She didn't phone you.)
(Jane က ကျနော့်ကို ဖုန်းဆက်ခဲ့တာ ၊ ခင်ဗျားကို မဟုတ်ဘူး)
.
4. Jane phoned me YESTERDAY. (Not today.)
(မနေ့က ဖုန်းဆက်တာဗျ ၊ ဒီနေ့ မဟုတ်းဘူးရယ်)
............
ဒီလောက်ဆို stress ကိုသုံးပြီး emphasis လုပ်တတ်လောက်ပါပြီ ။ သို့သော်လည်း ကျန်တဲ့မှတ်သားစရာ လေးတွေကလည်း ရှိနေပြန်ပါတယ်
....................................................
(3) ပုံမှန်အားဖြင့် ဖိရွတ်ဖို့ မလိုတဲ့ အကူကြိယာ လေးတွေကို ဖိရွတ်လိုက်တဲ့အခါ အဲဒီဝါကျတစ်ခုလုံးကို အသားပေးပြောဆိုရာ ရောက်ပါသတဲ့ ။ ၀ါကျတွေက တစ်ခုထက်ပိုပြီး အများကြီး ရှိတဲ့အခါ .. အဲဒီ အကူကြိယာကို ဖိရွတ်လိုက်တဲ့ ၀ါကျဟာ ကျနော်တို့ အသားပေး ပြောချင်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားပြီပေါ့
When we want to give a sentence positive emphasis in English, we normally put stress on the auxiliary verb (including the normal use of the verb BE).
.
ဥပမာ :
She IS happy.
I WILL finish my homework. I promise.
.
အကူကြိယာကို ဖိရွတ်ရမှာဆိုတော့ သူ့ကို အတိုကောက် ပုံစံနဲ့ သုံးလို့ မရတော့ဘူးနော်
Notice that if we want to stress the auxiliary, we cannot contract it. For example in the first emphatic sentence we see "She is", not "she's".
She's happy. ဆိုလျှင် IS ကို ဖိရွတ်လို့ မရတော့ဘူး ။ ဒါကြောင့် အသားပေးတဲ့ပုံစံမှာ သုံးလို့ မရပါဘူး ။
.
ကဲ..အဲသည်တော့ တကယ်လို့များ ရှီ(စ်)ဟက်ပီ လို့ မထွက်ပဲ ရှီ “အစ်(စ်)” ဟက်ပီ .. လို့များကြားရလျှင် တောကျတာလား ၊ တကယ်သိလို့ အသားပေးပြောချင်တာလားဆိုတာ ခွဲရခက်သွားပါပြီ ။ tongue emoticon
.............................................................
(4) အကူကြိယာ မပါတဲ့ ၀ါကျတွေမှာတော့ အဲဒီ အသားပေးတဲ့ သဘောကို ရဖို့အတွက် V-do ကို ပေါင်းထည့်ရပါတယ် ၊ V-do ကို stress ဖြင့် ရွတ်ဆိုရပါမယ် ။
In emphatic sentences without auxiliary verbs we add do to carry stress.
ဥပမာ ..
DO sit down.
She DOES like you. စသည်ဖြင့် ရှိပါတယ်
.
ကျနော်တို့ သိလိုက်ရတဲ့ အချက်ကတော့ do ထည့်ရခြင်းဟာ stress လုပ်ဖို့အတွက်ဆိုတဲ့ အချက်တစ်ခုပါပဲ ။ do ထည့်တာနဲ့ဘာလို့ emphasis ဖြစ်သွားတာလဲ ဆိုတဲ့အချက်ကိုလည်း ရှင်းပြဖို့ လုံလောက်သွားပါပြီ ။ အခြား အကူကြိယာ တစ်ခုခု ပါပြီးနေလျှင် do ထည့်ဖို့ မလိုတော့ဘူး ဆိုတာလည်း သိနိုင်လောက်ပါပြီနော်
..
ဒီနေရာမှာ တစ်ခုကွဲပြားစေချင်တာက Main verb ကို stress လုပ်တာနဲ့ ၀ါကျ တစ်ခုလုံး အကျုံးဝင်စေတဲ့ Auxiliary verb ကို stress လုပ်တာ မတူပါဘူး ..
ဆိုပါစို့
SIT down. (ထိုင်ပဲထိုင်ပါ ၊ ရပ်မနေပါနဲ့) ..ဆိုတဲ့သဘောမျိုးဖြစ်ပြီး
DO sit down. (ထိုင်ဖြစ်လောက် ထိုင်လိုက်ပါဗျာ ၊ ထိုင်စေချင်လို့ပါ ) ဆိုတဲ့သဘောဖြစ်ပါတယ်
.........................................
(5) အကူကြိယာတွေကို Stress လုပ်မယ်ဆိုလျှင် စကားလုံး အစီအစဉ်ကိုလည်း ပြောင်းနိုင်ပါတယ်
With stressed auxiliary verbs, word order can change .
..
Compare:
You have certainly grown.
(ဒါက certainly ဟာ grown ကို အထူးပြုထားတာ ဖြစ်တယ်)
.
You certainly HAVE grown!
(ဒီမှာတော့ certainly က have ကို အထူးပြုထားတာဖြစ်တယ် ၊ ဒါကြောင့် ဒီပုံစံက အကူကြိယာ have ကို stress လုပ်ဖို့ကောင်းတဲ့ ပုံစံ ဖြစ်ပါတယ် ၊ ၀ါကျတစ်ခုလုံးကို stress နဲ့ အထူးပြုချင်လျှင် ဒီပုံစံ ဖြစ်ရပါမယ်)
....................................................
(6) Weak and strong forms
တချို့သော အင်္ဂလိပ်စာလုံးများကတော့ stress လုပ်တဲ့အခါနဲ့ မလုပ်တဲ့အခါ အသံထွက် နှစ်မျိုး ရှိကြတယ်
Some English words - for example at, for, have, and, us - have two
pronunciations: one is used when they are not stressed, and the other when
they are. Compare:
.
I'm looking at / ət / you. (အာ့ထ်..ဆိုတဲ့သံနဲ့ နီးပါတယ်)
What are you looking AT / æt /? (အက်ထ် ဖက်ကို ပိုနီးပါတယ်)
at က ၀ါကျနောက်ဆုံးမှာ ဖြစ်လို့ ဖိရွတ်ရမယ် ။ အသံထွက်လည်း မတူပါဘူး ။
.
I was /waz/ late. (၀ါ့စ်..လိုမျိုး)
Yes, it was / wɒz /. (ဝေါ့ဇ်...လိုမျိုး)
was က ၀ါကျနောက်ဆုံး ရောက်သွားတဲ့အခါ ဖိသံ အသံပြင်း ဖြစ်သွားပါတယ်
...........................................................
(7) အကူကြိယာ အဖြစ်သုံးတဲ့အခါ နဲ့ အဓိက ကြိယာ အဖြစ်သုံးတဲ့အခါ မှာ အသံထွက်လည်း မတူတာကိုလည်း သတိထားပါ ။
Where have /av/ you been? (ဟာ့ဖ် အသံမျိုး)
What did you have /hæv/ for breakfast? (ဟက်ဖ် အသံမျိုး)
ဒီမှာက စားသည်ဆိုတဲ့ အဓိက ကြိယာအဖြစ်သုံးလို့ အကူကြိယာ အဖြစ်သုံးတဲ့ အသံထွက်နဲ့ မတူတာ ဖြစ်ပါတယ် ..
.....
အသံထွက်တွေကို မှန်အောင် မြန်မာလို ရေးပြဖို့က မဖြစ်နိုင်ပါဘူး ၊ မတူတဲ့ သဘောလောက်ကို ပေါ်လွင်စေဖို့ ရေးပြခဲ့ခြင်းသာဖြစ်ပါတယ် ။ မြန်မာလိုရေးတဲ့အသံထွက်တွေဟာ လွှဲချော်မှု ရှိနိုင်ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် သိစေချင်တာကတော့ ကျနော့်စေတနာသာ ဖြစ်ပါကြောင်း
.
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...