Wednesday, March 16, 2016

သဘောထားထင်မြင်ချက်တွေ မေးချင် ပြောချင်တဲ့အခါ

‎ 
Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ


Asking for Opinions
ထင်မြင်ချက်များ မေးမြန်းခြင်း
............................
(1) What do you think?
ခင်ဗျား ဘယ်လိုထင်ပါသလဲ
.
(2) What's your opinion?
ခင်ဗျားရဲ့ ထင်မြင်ချက်က ဘာပါလဲ


.
(3) What are your ideas?
ခင်ဗျားရဲ့ အတွေးစိတ်ကူး အကြံညာဏ်တွေက ဘာတွေပါလဲ
.
(4) Do you have any thoughts on that?
ဒီကိစ္စအပေါ်မှာ ခင်ဗျားတွေးမိတဲ့ အတွေးတစ်ခုခု ရှိပါသလား
.
(5) How do you feel about that?
အဲဒါနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုခံစားမိပါသလဲ
.........................................................
Giving Opinions
ထင်မြင်ချက်များပေးခြင်း
....
(6) I think / we should have democracy.
ကျနော်တို့ ဒီမိုကရေစီ ရှိသင့်တယ်လို့ ထင်ပါတယ်
.
(7) I don't think / we need either autocracy or mobocracy.
တစ်စုံတစ်ဦးက ထိန်းချုပ်အမိန့်ပေးတဲ့ စနစ်ဖြစ်စေ လူအုပ်စုက ထိန်းချုပ်အမိန့်ပေးတဲ့ စနစ်ဖြစ်စေ ကျနော်တို့ လိုအပ်တယ်လို့ မထင်ပါဘူး
.
(8) I believe (that) / smoking should be restricted.
ဆေးလိပ်သောက်တာကို ကန့်သတ်ထိန်းချုပ်သင့်တယ်လို့ ထင်မြင်ယူဆပါတယ်
.
(9) I don't believe (that) / we should judge a book by its cover.
လူတစ်ယောက်ရဲ့ အသွင်အပြင်ကိုကြည့်ပြီး အကဲဖြတ်သင့်တယ်လို့ မယူဆပါဘူး
.
(10) In my opinion, Gone with the Wind is the best movie ever made.
ကျနော့် အထင်ကတော့ လေရူးသုန်သုန် ဟာ ထုတ်လုပ်ခဲ့ဖူးတဲ့အထဲက အကောင်းဆုံးကားတစ်ကားပါ
.
(11) I feel that / it's the right thing to do.
အဲဒါက လုပ်ရမယ့်ဟာလို့ ထင်မြင်မိပါတယ်
(အကျိုးအကြောင်းက ဘာကြောင့်ရယ်လို့မဟုတ်ဘဲ ခံစားရတဲ့အတိုင်း ထင်မြင်ချက်ကို ပြောတဲ့သဘော)
.
(12) I don't feel that / it's such a good idea.
အဲဒါက အကြံအစည်ကောင်းတစ်ခုလိုပဲ လို့ မထင်မိပါဘူး
...................................................
ဝေါဟာရများ
..
autocracy (n) တစ်စုံတစ်ဦးကသာ ထိန်းချုပ်အမိန့်ပေးသော အစိုးရစနစ်
mobocracy (n) အင်အားများသော အုပ်စုတစ်စုက တစ်ဦးချင်းအခွင့်အရေး ၊ ဥပဒေတို့ကို အလေးမထားပဲ အုပ်ချုပ်သော အစိုးရစနစ်
thought (n) အတွေး စိတ်ကူး ထင်မြင်ချက်
feel (v) ခံစားသည် ၊ သိသည် ၊ ထင်မြင်သည် ၊ ယူဆသည် ၊ တွေးသည်
judge a book by its cover စာအုပ်ကို အဖုံးကြည့်၍ အကဲဖြတ်သည် ၊ ကောင်းမကောင်းခန့်မှန်းသည်
(လူ..ပစ္စည်းဝတ္ထုစသည်တို့ကို အသွင်အပြင်ကြည့်၍ ခန့်မှန်းသည်)
..
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...