Sunday, May 17, 2015

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၅)

သစ်ထူးလွင်


Posted: 17 May 2015 06:04 AM PDT
အစိုးရစစ်တပ်ဟာ ကိုးကန့်နဲ့တိုက်ပွဲမှာ ရှိသမျှ လက်နက်လူသူအင်အား အကုန်ထုတ်သုံးပြီး တိုက်နေတယ်လို့ ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။ အခုရက်ပိုင်း စစ်တပ်ဘက်က ကိုးကန့်တိုက်ပွဲအတွင်း အချက်အချာကျတဲ့ တောင်းကုန်းတွေ တခုပြီးတခု သိမ်းပိုက်နိုင်ပြီလို့ အဆက်မပြတ်သတင်းထုတ်ပြန်နေတဲ့အပေါ် ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “ကျနော် သုံးသပ်မိတာတော့ သူတို့ အမြစ်ပြတ်ချေ
Posted: 17 May 2015 06:02 AM PDT
၆ ပွင့်ဆိုင် ထိပ်သီး ဆွေးနွေးပွဲတွေကို ခပ်စိပ်စိပ် အလေးအနက်ထား လုပ်ပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။ မေလ ၁၇ ရက်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ရာပြည့်အထိမ်း အမှတ်လူထုဟောပြောပွဲမှာ တက်ရောက်လာတဲ့ ပြည်သူတယောက်ရဲ့မေးခွန်းကို ဖြေကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ “၆ ပွင့်ဆိုင်ဆွေးနွေးပွဲဟာ လုပ်တာလည်း အ
Posted: 17 May 2015 05:51 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာရှိတဲ့ ဓနသဟာယ စစ်သချိုင်္င်း အနီးက ကြာကန် ဘောလုံးကွင်းမှာ မြို့ခံတွေနဲ့တွေ့ဆုံပြီး မိန့်ခွန်းပြောကြား ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းနဲ့ ကိုကျော်လွင်ဦးတို့က သံဖြူဇရပ်မြို့ကနေ ပေးပို့ပြီး ကိုကျော်ထွန်းနိုင်က ကောက်နှုတ်တင်ပြထားပါတယ်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်သူက ရွေးချယ် တင်မြှောက်ထား
Posted: 17 May 2015 12:23 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ လူထုနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။ သံဖြူဇရပ်မြို့က ဓနသဟာယစစ်သင်္ဂြိုင်းအား ဖွင့်လှစ်ပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအား အမှတ်တရ ဂုဏ်ပြုခြင်း အထိမ်းအမှတ်အဖြစ် စကားပြောခဲ့တာဖြစ်ပါတယ်။ Photo: Kyaw Zaw Win, Kyaw Lwin Oo/ RFA RFA Burmese https://www.facebook.com/pages/RFA-Burmese
Posted: 17 May 2015 12:05 AM PDT
အမေရိကန် အထူး ကွန်မန်ဒို တပ်ဖွဲ့ ဝင် တွေ ဟာ ဆီးရီးယား ထဲကို အီရတ် နိုင်ငံ ဘက် ကနေ ရဟတ်ယာဉ် တွေ နဲ့ ဝင် လာပြီး လျှို့ဝှက် စစ်ဆင်ရေး ပြုလုပ်။  ဆီးရီးယား နိုင်ငံ ထဲမှာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ကို အမေရိကန် အထူးတပ်ဖွဲ့ က သုတ်သင် နိုင်လိုက် တာ ဟာ IS အတွက် အကြီး အကျယ် ထိုးနှက် ခံ လိုက် မှု ဖြစ်တယ် လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်တန် ကာတာ က ပြောပါတယ်။ အမေရိကန်
Posted: 17 May 2015 12:01 AM PDT
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စိုက်ထူထားသော လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး ပိုစတာ ဆိုင်းဘုတ်တခု ဖြစ်ပါသည်။ (Photo: RFA) ထိုင်းနိုင်ငံတောင်ပိုင်း ချန်ဖုန်ခရိုင်၊ ထာဆေးမြို့နယ်၊ ထမ်ဘွန်ဟင်းကဲရောက် ရွာသူကြီးကို မြန်မာနိုင်ငံသား ၇၄ ယောက် လူမှောင်ခိုမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးလိုက် တယ်လို့ The Nation သတင်းစာမှာ ဒီနေ့ ဖော်ပြလိုက် ပါတယ်။ အခုမေလအစောပိုင်းမှာ အဲ့ဒီလူတွေကိုခေါ်လာပြီး၊ သူတို့ဆီက
Posted: 16 May 2015 11:54 PM PDT
''ဦးရဲ့ နစ်နာမှု ပြောရမယ်ဆို မြေကွက်တန်ကြေး သိန်းရှစ်သောင်းနဲ့ တသိန်းကြားမှာရှိတဲ့ဟာ ရောင်းပြီး ဘဏ်အပ်ထားမယ်ဆို ဘဏ်တိုး တလ သိန်းသုံးလေးထောင် အသာလေး ထည့်လို့ရတယ်။ အခု သူလုပ်ချင်တိုင်း လုပ်တာ ဦးက ပြန်ဖျက်ပြီးလည်း ဆောက်လို့လည်းမရ အများကြီးနစ်နာဆုံးရှုံးတယ်'' ဟု တရားလိုဖြစ်သူ မြေပိုင်ရှင်က ပြောကြားသည်။ ပန်းဆိုးတန်း MEI Business Tower ဆောက်လုပ်မှုနှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရသည့် Fatherland ကုမ္ပဏီ
Posted: 16 May 2015 11:50 PM PDT
သမ္မတဦးသိန်းစိန်တက်ရောက်မည့် စစ်ကိုင်းတိုင်း ဒေသကြီး မြောင်မြို့နယ်၊ ဘူးကိုင်းကျေးရွာမှ ရှင်အပါး ၅၀၀၀ အလှူပွဲကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်နား လိုက်ရကြောင်း သိရသည်။ အဆိုပါ ရှင်အပါး ၅၀၀၀ပွဲ အလှူအ၀င်နေ့ ဖြစ်သည့် မေလ (၁၅) တွင် ရှင်လောင်းလှည့်ပွဲ ကျင်းပခဲ့ပြီး ယင်းနေ့ညမှာပင် မိုးသည်းထန်စွာရွာသွန်းခဲ့သကဲ့သို့ မိုးသည် အလှူကြီးနေ့ မေလ ၁၆ ရက် နံနက် ၄ နာရီအချိန်တွင်လည်း မိုးရွာသွ
Posted: 16 May 2015 11:45 PM PDT
ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့  မန္တလေးမြို့ စက်မှုဇုန် (၁)၊ ဖိုးရာဇာလမ်းမှာရှိတဲ့ တရုတ်လူမျိုး တယောက်ပိုင် ဂိုဒေါင်တလုံးကို မီးငြိမ်း သတ်ရင်း အသက်ရှူကျပ်လို့ မီးသတ်သမား ၇ ယောက် ဆေးရုံ တင်ထား ရပါတယ်။ မေလ ၁၆ ရက်မွန်းလွဲပိုင်းမှာ စက်မှုဇုန်-၁က ဂိုဒေါင် မီးစတင် လောင်ကျွမ်း တာဖြစ်ပြီး ဂိုဒေါင်မှာရှိတဲ့ ဓာတုပစဿည်းတမျိုးကြောင့် မီးသတ်သမားတွေ မီးငြိမ်းသတ်ရင်း အသက်ရှူကျပ်လဲကျ ကုန်တာလို့ အဲ့
Posted: 16 May 2015 11:45 PM PDT
သမ္မတကို သစ္စာခံသူတွေရဲ့ လက်စားချေ တိုက်ခိုက်မှု ရှိလာတ ကို ပြသနေတဲ့ သက်သေ အထောက် အထား တွေကို ဘီဘီစီ အနေနဲ့ တွေ့ခဲ့ရ။ ဘူရွန်ဒီ နိုင်ငံ မှာတော့ သမ္မတ Pierre Nkurunziza ကို ဖြုတ်ချ ဖို့ ကြိုးစားခဲ့တဲ့ မအောင်မြင် တဲ့ အာဏာသိမ်း မှု ဖြစ်ပေါ် ခဲ့ ပြီး တဲ့ နောက် သမ္မတ ကို သစ္စာ ခံသူ တွေ ရဲ့ လက်စားချေ တိုက်ခိုက်မှု ရှိလာတ ကို ပြသနေတဲ့ သက်သေ အထောက် အထား တွေ ကို ဘီဘီစီ အနေနဲ့ တွေ့ ခဲ့ ရပါတယ်။ မြို့တော် ဘူဂျွန်
Posted: 16 May 2015 11:44 PM PDT
မူလ ကရင် ဒေသခံ ကျောင်း တွေ မှာ ကရင်၊ ဗမာ နဲ့ အင်္ဂလိပ် ဘာသာ ၃ မျိုး အခြေပြု စံနစ် နဲ့ သင်ကြား။   ကရင် ပြည်နယ် ထဲ က ဒေသခံ တွေ ရဲ့ ကိုယ်ထူ ကိုယ်ထ ကျောင်း တွေ ဟာ အစိုးရ ရဲ့ အထောက်အပံ့ တွေ ရရှိ လာတဲ့ အတွက် ကျောင်း အဆောက်အဦ ပိုင်း ဆိုင်ရာ မှာ တိုးတက်မှု တွေ ရှိပေမယ့် တစ်ဘက်က လည်း ကရင်စာနဲ့ သမိုင်းတွေ သင်ကြား ပေး နိုင် တဲ့ အခွင့်အရေး လက်လွှတ် ဆုံးရှုံး လာရ တယ် ဆိုပြီး ကရင်စာပေ ဖွံ့ဖြိုး ရေး အတွက် ဆော
Posted: 16 May 2015 11:44 PM PDT
နီပေါနိုင်ငံ တောင်ပေါ်ဒေသမှာ  ငလျင်ဘေးဒုက္ခသည်တွေကို ကယ်ဆယ်ကူညီပေးရင်းနဲ့ ပျက်ကျသွားတဲ့ အမေရိကန် စစ်ရဟတ်ယာဉ်နဲ့အတူ စစ်သားအလောင်း ၈ လောင်းကို ပြန်တွေ့ရတယ်လို့ နီပေါ အရာရှိတွေက ပြောပါတယ်။ ရဟတ်ယာဉ်ပျောက်ကို ရှာနေတာ သုံးရက်အကြာမှာ ချာရီကော့ဆိုတဲ့ မြို့ရဲ့ မြောက်ဘက် တောနက်ထဲမှာ ပြန်တွေ့တာလို့ စစ်တပ် ပြောခွင့်ရှိသူက ပြောပါတယ်။ နီပေါစစ်သား အလောင်း ၂ လောင်းနဲ့ အမေရိကန် မရိန်း တပ်သားအလောင်း ၆ လောင်းကို
Posted: 16 May 2015 11:44 PM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ  မွန်ပြည်နယ် ခရီးစဉ်အဖြစ် သံဖြူဇရပ်မြို့ ကြာကန်ကွင်းမှာ လူထုကို ဒီနေ့ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်ရာပြည့် မွေးနေ့ အထိမ်းအမှတ် မွန်ပြည်နယ်ကို မနေ့က စတင်သွားရောက်ခဲ့ပြီး သထုံနဲ့ မော်လမြိုင်မြို့တွေမှာ လူထုနဲ့ တွေ့ဆုံဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဓာတ်ပုံ – ကော
Posted: 16 May 2015 07:55 PM PDT
 အရှိန်မထိန်းနိုင်သောယာဉ်မှ ခရီးသည်တင်ယာဉ်အား ဝင်ရောက်တိုက်မိ၍ သေဆုံး နေပြည်တော်၊ မေ ၁၆ ၂ဝ၁၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၃/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းရ စကားအင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ ဝင်များက သက်သေများနှင့်အတူ
Posted: 16 May 2015 07:40 PM PDT
စစ်တွေ၊ မေ ၁၆ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်နေသည့် အသက် (၂၁) နှစ်အရွယ် အင်ဂျင်နီယာမလေး တစ်ဦးသည် မိဘများ ပေးစားသူကို မယူလိုသဖြင့် ချစ်သူရှိရာ လိုက်ပါသွားရန် အတွက် ကုမ္ပဏီမှ ငွေခိုးယူခဲ့ သဖြင့် အဖမ်းခံခဲ့ရသည်ဟု သတင်း ရရှိသည်။ ယင်းအမျိုးသမီး အင်ဂျင်နီယာမလေးမှာ စစ်တွေမြို့ မြောက်စံပြ ရပ်ကွက်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့်  ၀င်း (၂၁ နှစ်) ဖြစ်သည်။( နာမည်အပြည်အ
Posted: 16 May 2015 07:01 PM PDT
 ပေါက် မေ ၁၆  မကွေးတိုင်းဒေသကြီး ပေါက်မြို့ အောင်တံခွန်တိုးချဲ့ရပ်ကွက် ဗိုလ်ချုပ် လမ်းတောင်ဘက် မြို့နယ်ပြည်သူ့ ဆေးရုံဝင်း ဝန်ထမ်းလိုင်းခန်းနေ ဒေါ်လိန်းထုံးအွယ်(၄၇)နှစ်၏ (၅ဍ္ဍ၃) ပင် လေးခန်းတွဲနေအိမ်တွင် ရေခဲ သေတ္တာသုံးစွဲသော မီးကြိုးခွေ အပူ လွန်ကဲပြီး နေအိမ်ထရံမှ မီးကူးစက် ကာ မေ ၁၄ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းသည့် နေရာသို့ မြို့နယ်အုပ်ချု
Posted: 16 May 2015 07:01 PM PDT
တောင်ငူတွင် ငွေစက္ကူအတု ပြုလုပ်သူများနှင့် ငွေစက္ကူတုပြုလုပ်သူများနှင့် ငွေစက္ကူတု ပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ တောင်ငူ မေ ၁၆ တောင်ငူမြို့ ကံရိုးကျေးရွာ ရန်ကုန်-မန္တလေးလမ်းဘေးရှိ လျှံလျှံ စားသောက်ဆိုင်တွင် မေ ၁၁ ရက်က ငွေစက္ကူအတု ၇၆ သိန်းကျော် ဖမ်းဆည်းရမိသည့် အမှု၏ နောက်ဆက်တွဲ ငွေစက္ကူပြုလုပ်သူများ ကို မေ ၁၅ ရက် မွန်းလွဲ ၂ နာရီက ဖမ်းဆီးရမိကြောင်း သက်ဆိုင်ရာမှ
Posted: 16 May 2015 07:00 PM PDT
မွန်ပြည်နယ် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ကျောင်း အားကစားကွင်းမှာ မေလ ၁၆ ရက်နေ့က လူထုနဲ့တွေ့ဆုံ ပွဲမှာ ဒေါ်အောင်စုဆန်းစုကြည် ကိုတွေ့ရစဉ် Photo: Kyaw Zaw Win, Kyaw Lwin Oo/RFA လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ နိုင်ငံတည်ငြိမ်မှု ရှိဖို့ အတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲလို နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲတွေကို မကြာခဏ ကျင်းပဖို့လို အပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
Posted: 16 May 2015 06:59 PM PDT
မောင်တောမြို့ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လူဝင်လူထွက် ဂိတ်ကို တွေ့ရစဉ် ။ Photo: RFA ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက် သမားတွေ ဝင်ရောက်လာ နိုင်တယ်ဆိုတဲ့ သတင်း တွေကြောင့် ဒီရက်ပိုင်းတွေ အတွင်း လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ စစ်ဘက် လုံခြုံရေး အရာရှိ တစ်ဦးက ပြောပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်နဲ့ လူဝင် လူထွက်ဂိတ်တွေမှာ လုံခြုံရေးအင်အား တိုးမြင့်ချထား ပြီး မြို့နယ်အုပ်ချု
Posted: 16 May 2015 06:59 PM PDT
ကိုးကန့်တပ်ဖွဲ့ဝင်များ  တရုတ်-မြန်မာနယ်စပ်နားက လင်ချန်းမြို့ကိုကျခဲ့တဲ့ လက်နက်ကျည်ဟာ ကိုးကန့်တပ်ဖွဲ့ရဲ့ လက်နက်ကျည် မဟုတ်ကြောင်း ကိုးကန့်တပ်ဖွဲ့က ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။ လင်ချန်းမြို့မှာကျတဲ့ လက်နက်ကျည်ကြောင့် တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရခဲ့တာကို စုံစမ်းစစ်ဆေးသွားမယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်အစိုးရကိုအကြောင်းပြန်ထားချိန်မှာ ကိုးကန့်တပ်ဖွဲ့က အခုလိုပြောလိုက်တာ ဖြစ်ပါ
Posted: 16 May 2015 06:59 PM PDT
နေပြည်တော် မေ ၁၆ ဖုန်ကြားရှင်၏ MNDAA သောင်းကျန်း သူများ အခိုင်အမာ ခံစစ်ဆင်ထားသော လောက်ကိုင်မြို့ မြောက်ဘက် ပွိုင့်-၂၂ဝ၂ တောင်ကုန်းအား တပ်မတော်စစ်ကြောင်းများ က မေ ၁၄ ရက်တွင် အောင်မြင်စွာ သိမ်းပိုက် ရရှိပြီး ဆုတ်ခွာသွားသော သောင်းကျန်းသူ အကြွင်းအကျန်များအား စစ်ကြောင်း သုံးကြောင်းခွဲ၍ ဆက်လက်ရှင်းလင်း တိုက်ခိုက်ခဲ့ရာ စီကော်လျံ ဒေသရှိ ဟိုထိုလင် ကျေးရွာနှင့် ပတ်ဝန်းကျင်အား ယနေ့နံနက် ၉ နာရီတွင်လ
Posted: 16 May 2015 06:58 PM PDT
ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေပေးမည်ဟု ပြောဆို စည်းရုံးကာ ငွေတောင်းခံပြီး ခေါ်ဆို လာသူများအား တာချီလိတ်မြို့တွင် (၂)ရက်ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှသိရသည်။ မေလ (၁၄)ရက်နေ့ (၁၅း၀၀)နာရီခန့်က တာချီလိတ်လေဆိပ်တွင် လားရှိုးမှ လိုက်ပါစီးနင်းလာသူများထဲမှ မသင်္ကာသူ (၃)ဦးအား လေဆိပ်၌ တာဝန်ကျနေသော တာချီလိတ် လူကုန်ကူးရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးကျော်သိန်းက စိစစ်တွေ့ရှိရာ ထပ်မံ၍ စ
Posted: 16 May 2015 06:57 PM PDT
ဦးသိန်းစိန်နဲ့ အိုဘားမား သဘောတူထားချက်တွေ မပြည့်ဝသေး   မြန်မာနိုင်ငံ လူမျိုးစု ဒေသ တွေ မှာ ပဋိပက္ခ တွေ နဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှု တွေ ဆက်ရှိနေတာ၊ နောက်ပြီး စစ်ဘက်က ကျူးလွန်တဲ့ ပြစ်မှု တွေကို အရပ်ဘက်က အရေးယူ အပြစ်ပေးမှုတွေ မလုပ်နိုင်တာ စတာတွေကြောင့် အမေရိကန် အမျိုးသား လုံခြုံရေး အတွက် စိုးရိမ်ရတဲ့ စာရင်းမှာ မြန်မာကို ဒဏ်ခတ် ပိတ်ဆို့မှု သက်တမ်း တနှစ် ထပ်တိုး လိုက်ပါတယ်။ ဒီမိုကရေစီ ဖွံ့ဖြိုးမှုက
Posted: 16 May 2015 06:46 PM PDT
 မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပြည်သူ့ဆေးရုံမှာ လေးနှစ်အရွယ် ကလေးသေဆုံးမှုနဲ့ ပတ်သက်ပြီး မကျေနပ် တဲ့ ဒေသခံ ၂ဝဝ ကျော်လောက်က ပခုက္ကူမြို့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။ သေဆုံးသူရဲ့ ဦးလေးဖြစ်သူ ဦးဝင်းခိုင်က ဆေးရုံရဲ့ကျန်းမာရေးစောင့်ရှောက်မှု အားနည်းချက်ကြောင့် သေဆုံး ခဲ့ရတာဖြစ်ကြောင်း ပြောပါတယ်။ "ကျနော်တို့ တူလေးကတော့ သေပြီးပြီ ပြန်လည်းမရှင်နိုင်တော့ပါဘူး၊ နောက်နောင်ပေါ့ ကျနော့်တူလေးလို အဖြစ်ဆိုးမျိုး
Posted: 16 May 2015 06:30 PM PDT
ထိုင်းနိုင်ငံမှာ ရဲတပ်ဖွဲ့က လူမှောင်ခိုကူး ဂိုဏ်းများနောက် ခြေရာခံ လိုက်ဖမ်းဆီး နေရာမှာ အဖမ်းခံ ရသူတွေထဲ တရားမ၀င် မြန်မာ အလုပ်သမားတွေလည်း ပါဝင်နေပါတယ်။ အခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း အလုပ်သမားဖမ်းဆီးမှုတွေဟာ လူကုန်ကူးကိစ္စနဲ့ ပတ်သက်ဆက်နွှယ် နေသူတွေရဲ့ ကွင်းဆက်တွေ လိုက်လံ ဖော်ထုတ်ဖမ်းဆီး နေတာသာ ဖြစ်တယ်လို့ မြန်မာ အလုပ်သမား အခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေထံက စုံစမ်းသိရှိရပါတယ်။ မေလ ၁၆ ရက်ကပဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...