Saturday, May 16, 2015

"အနံ့ပါရဂူ"


တခါက...
ဓါတ်လှေခါးတစ်စင်းထဲမှာ လူငယ်တစ်ယောက်နဲ့ အဖွားအိုတစ်ယောက် စီးလာတယ်။
ပထမထပ်ရောက်တော့ မိန်းမချောလေးတစ်ယောက် ဝင်လာတယ်။
အကောင်းစားရေမွေးနံ့ တစ်မျိုးရှုရှိုက်လိုက်ရတော့ လူငယ်ကပြောတယ်... ....
'ရိုမန့်စ် ရေမွေး၊ ရာဖ်လောရန့်စ်က ထုတ်လုပ်တာ၊ တစ်အောင်စ ဒေါ်လာ ၁၅ဝ'
ဒီလိုနဲ့ ဆက်တက်လာတယ်။

နောက်တစ်ထပ် ရောက်ပြန်တော့ မိန်းမချောလေးတစ်ယောက် ဝင်လာပြန်တယ်
ရေမွေးနံ့တစ်မျိုး ရပြန်တယ်။
လူငယ်က ပြောပြန်တယ်... ...
'ရှယ်နယ် အမှတ် ၅၊ တစ်အောင်စ ဒေါ်လာ ၂ဝဝ'
ဓာတ်လှေခါးက ဆက်တက်ပြန်တယ်
နောက်တစ်ထပ်ရောက်တော့ အဖွားအိုက ဓါတ်လှေကားထဲက ထွက်ဖို့ပြင်တယ်
မထွက်ခင် လေတစ်ချက်လည်လိုက်တယ်...
'ပိ....'
ပြီးတော့
လူငယ်ရဲ့မျက်နှာကို စေ့စေ့ကြည့်ရင်း ပြောတယ်... ...
'ဒညင်းသီး ၊ တစ်အောင်စ ၄၅ပြား'
.
.
သန်၎ကို - ဘာသာပြန်ခဲ့မိသော ဟာသများ
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...