စီကုံးရေးဖြေရသော စာမေးပွဲများ (Essay Exams) ဖြေဆိုရန်အတွက် အကောင်းဆုံးအကြံပြုချက် ၁၀ ခု
Author: lubo601 |
9:34 AM |
1 Comment |
Posted by Win Mya Swe on January 18, 2013 at 10:07 in
သင်၏ အရေးစွမ်းရည်ကို အသုံးချခွင့်ပေးတာကတော့
အင်္ဂလိပ်စာတစ်မျိုးတည်းမဟုတ်ပါ။ သမိုင်း၊ အနုပညာ၊ စီးပွားရေး၊ စက်မှု၊
စိတ်ပညာနှင့် ဇီဝဗေဒအစရှိသော အသွင်ကွဲပြားသည့် ဘာသာရပ်အမျိုးမျိုးတို့တွင်
စီကုံးရေး ဖြေရသော စာမေးပွဲများကို အများအားဖြင့် ပြုလုပ်ကြပါသည်။
ထို့အပြင် SAT, ACT နှင့် GRE အစရှိသော စံထားသည့်
ဝင်ခွင့်စာမေးပွဲအများစု၌လည်း စာစီစာကုံးများကို တောင်းဆိုလာပါပြီ။
ဘာသာရပ်နှင့် အချိန်အခါ ကွဲပြားသော်လည်း တိကျတဲ့ သတ်မှတ်ချိန်အတွင်းမှာ
ထိရောက်တဲ့ စာစီစာကုံးကောင်း တစ်ပုဒ်ကို ရေးသားရာ၌ လိုအပ်သော
အခြေခံအဆင့်များမှာ အများအားဖြင့် တူညီကြသည်။ သင့်အနေဖြင့် စာမေးပွဲကြောင့်
ရရှိသောစိတ်ဖိစီးမှုများကို လျော့ သွားအောင် ပြုလုပ်နိုင်ပြီး ခိုင်ခန့်တဲ့
စာစီစာကုံးရေးနိုင်ရန်အတွက် အကြံပြုချက် (၁၀)ခုကို ဖော်ပြလိုက်ပါသည်။
1. အကြောင်းအချက်အလက်များကို သိထားပါ။ (Know the material)
စီကုံးရေးဖြေရသော စာမေးပွဲတစ်ခုကို ဖြေဆိုရန် ပြင်ဆင်ရာတွင်
အရေးအကြီးဆုံးသော အဆင့်သည် တကယ့်စာမေးပွဲရက်မတိုင်မီ အပတ်ပေါင်းများစွာကပင်
စတင်ပါသည်။ သတ်မှတ်ထားသည့် စာအုပ်၊ စာရွက်စာတမ်း များကို
အလျင်မီအောင်ဖတ်ပါ၊ အတန်းထဲ၌ ပါဝင်ဆောင်ရွက်ပါ၊ မှတ်စုများရေးသားပါ၊
ထိုရေးထားသော မှတ်စုများကို မှန်မှန်ကြည့်ရှုလေ့လာပါ၊ စာမေးပွဲရက်မတိုင်မီ
ညမှာ မိမိရဲ့ မှတ်စုများ၊ လက်ကမ်းစာစောင်များ၊ ပြဌာန်းစာအုပ်များကို
ပြန်နွှေးပါ။ ပထမဦးဆုံးအကြိမ်ဖတ်တာမျိုး မဖြစ်ပါစေနှင့်၊ တကယ် ကတော့ SAT
(သို့) ACT စာမေးပွဲတွေအတွက် ပြင်ဆင်မှုကတော့ စာမေးပွဲမတိုင်မီ
အပတ်ပေါင်းများစွာ မဟုတ်ဘဲ၊ နှစ်ပေါင်းများ စွာကပင် စပါသည်။
အဲဒီအတွက်ကြောင့် တော့ ပြင်ဆင်တာကို ရပ်ပြီး စာမေးပွဲမတိုင်မီ ရက်များမှာ
ပျော်ပျော်ကြီးနေလိုက်ဖို့တော့ မဟုတ်ပါ။ အဲဒီအစား ကိုယ့်စိတ်ကိုကိုယ်
ပြင်ဆင်သည့်အနေဖြင့် လေ့ကျင့်စရာ စာစီစာကုံးများကို ရေးသားပါ။
2. စိတ်ကို လျော့ထားပါ။ (Relax)
အချိန်ကန့်သတ်ချက်နဲ့ ကြုံရတဲ့အခါ ကျွန်ုပ်တို့အနေဖြင့် ကိုယ့်စိတ်ကို
ကိုယ်တည်ငြိမ်အေင် မလုပ်နိုင်ခင် စာစီစာကုံးကို ရေးရန် ကြိုးစားလိုသည့်
ဆန္ဒဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထိုဆန္ဒကို ချိုးနှိမ်ထားပါ။ အသက်ကို
ရှူသွင်းပါ။ ရှူထုတ်ပါ။ စာမေးပွဲရဲ့အစမှာ မေးခွန်းတစ်ခုစီကို ဖတ်ဖို့နှင့်
စဉ်းစားဖို့အတွက် မိနစ်အနည်းငယ်ယူပါ။
3. ညွှန်ကြားချက်များကို ဖတ်ပါ။ (Read the instructions)
ညွှန်ကြားချက်များကို သေသေချာချာဖတ်ဖို့ မမေ့ပါနဲ့။ မေးခွန်းဘယ်နှစ်ပုဒ်ဖြေရမယ်ဆိုတာနဲ့ မိမိရဲ့အဖြေတွေ ဟာ ဘယ်လောက်ရှည်သင့်တယ်ဆိုတာတွေကို
အစကတည်းက သိထားပါ။ SAT (သို့) ACT ကဲ့သို့သော စံထားသည့်
စာမေပွဲများအတွက်ဆိုရင်တော့ စာမေးပွဲရက်မတိုင်မီ ၄င်းတို့၏
ဝက်(ဘ်)ဆိုဒ်ထဲကို စေ့စေ့စပ်စပ် ၀င်ကြည့်ရပါမယ်။ ဒါမှလည်း
ညွှန်ကြားချက်များကို ကြိုတင်၍ ဖတ်နိုင်မှာဖြစ်ပါတယ်။
4. အကြောင်းအရာကို လေ့လာပါ။ (Study the topic)
အကြောင်းအရာကို အကြိမ်ကြိမ်ဖတ်ပါ။ မိမိရဲ့ စာစီစာကုံးကို ဘယ်လို
တည်ဆောက်ပြီး ဘယ်လို စုစည်းရမယ်ဆိုတာကို ညွှန်ပြနေတဲ့ အဓိက စကားလုံးများကို
ရှာပါ။
ထုတ်ဖော်ရေးပြပါ။ အဓိကကျတဲ့ အချက်တွေကို ကျိုးကြောင်းဆီလျော်စွာဖြင့် စီစဉ်တင်ပြပါ။
တန်းစီရေးချပါ။ တစ်ခုချင်းရေတွက်ပြပါ။ သရုပ်ဖော်ရေးသားပါ။
အကျဉ်းချုပ်ဖော်ပြသကဲ့သို့ လိုရင်းကို တိုတိုရှင်းရှင်းဖြင့် ဖော်ပြပါ။
အကျဉ်းချုပ်ပါ။ ပြန်ကြည့်ပါ။ အဓိကအချက်များကို အတိုချုပ်ဖော်ပြပါ။
ဆွေးနွေးပါ။ ဝေဖန်ပါ။ အကဲဖြတ်ပါ။ ကျိုးကြောင်းပြပါ။
မိမိရဲ့ ဆုံးဖြတ်ချက်များကို အားဖြည့်ပေးမဲ့ တိကျတဲ့ အချက်တွေနဲ့ ဥပမာများကို အသုံးပြုပါ။
ဖော်ပြပါ။ ရှင်းပြပါ။ တိကျတဲ့ အချက်တွေကို ရှင်းရှင်းလင်းလင်းနဲ့ ကျိုးကြောင်းဆီလျော်စွာဖြင့် အဆင့်ဆင့် စီစဉ်တင်ပြပါ။
5. အချိန်ဇယားရေးဆွဲပါ။ (Set up a time schedule)
စာစီစာကုံးရေးသားရမဲ့ အချိန်ကို တွက်ချက်ပြီးတော့ အချိန်ဇယားဆွဲပါ။ ဥပမာ
သတ်မှတ်ချိန် တစ်နာရီ အတွင်း ရေးသားရမယ်ဆိုလျှင် ပထမ(၅)မိနစ် သို့မဟုတ်
(၁၀)မိနစ်ကို စိတ်ကူးများ ဖော်ထုတ်ရန်နှင့် ချဉ်းကပ်နည်း ကို စီစဉ်ရန်အတွက်
ထားပါ။ နောက်မိနစ် (၄၀)ခန့်ကိုတော့ စာစီစာကုံးရေးဖို့ထားပြီးတော့
နောက်ဆုံး ကျန်တဲ့ (၅)မိနစ် သို့မဟုတ် (၁၀)မိနစ်ကိုတော့ ပြန်ဖတ်ပြီး
ပြင်ဆင်တည်းဖြတ်ဖို့ထားပါ။ ဒါမှမဟုတ် အစမှာ မူကြမ်းရေးတဲ့ အချိန်ကို
လျော့ပြီး နောက်ဆုံး ပြန်ဖတ်ပြီး ပြင်ဆင်တည်းဖြတ်တဲ့ အချိန်ကို
ပိုပေးလို့လည်း ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သင့်ရဲ့ရေးဟန်ပေါ် အခြေခံပြီး
လက်တွေ့ကျမဲ့ အချိန်ဇယားကို ဆွဲပြီး အဲဒီအတိုင်းလိုက်နာပါ။
6. စိတ်ကူးများကို တေးမှတ်ပါ။ (Jot down ideas)
ဘာပြောမယ်ဆိုတာကို မစဉ်းစားရခင် စာစီစာကုံးတစ်ပုဒ်ကို ရေးဖို့ကြိုးစားတာဟာ
စိတ်တိုစရာကောင်းပြီး အချိန်ဖြုန်းတီးရာကျတဲ့ အတွေ့အကြုံဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ - လွတ်လပ်စွာ ရေးသားခြင်း၊ စာရင်းလုပ်ခြင်း၊
အကျဉ်းချုပ်ခြင်း…အစရှိသောနည်းေ တွထဲကမှ သင့်အတွက် အဆင်ပြေမဲ့နည်းဖြင့် သင့်ရဲ့အတွေးတွေကို တေးမှတ်ဖို့ မိနစ်အနည်းငယ်ယူပါ။
7. ဆွဲဆောင်အားကောင်းသည့် ၀ါကျဖြင့် အစပျိုးပါ။ (Start with a strong sentence)
နိဒါန်းအရှည်ကြီးရေးခြင်းဖြင့် အချိန်မဖြုန်းပါနှင့်။ ပထမ၀ါကျမှာပဲ
အဓိကအချက်အလက်များကို ရှင်းလင်းစွာ ဖော်ပြပါ။ ထိုအချက်အလက်များကို
ခိုင်လုံသော အချက်များဖြင့် အားဖြည့်ရန်အတွက် စာစီစာကုံး၏ ကျန်အစိတ်
အပိုင်းများကို အသုံးပြုပါ။
8. လမ်းကြောင်းပေါ်မှာနေပါ။ (Stay on track)
စာစီစာကုံးရေးသားနေရင်းနဲ့ လမ်းကြောင်းလွဲ မသွားရန်အတွက်
မေးခွန်းကိုမကြာခဏပြန်ဖတ်ပါ။ အကြောင်းအရာနှင့် မသက်ဆိုင်သော
အချက်အလက်များဖြင့် မိမိရဲ့ စာစီစာကုံးကို အခုအခံများ မလုပ်ပါနှင့်။
ထို့အပြင် အကြောင်းအရာတစ်ခုတည်းကိုပဲ ကွဲပြားသော စကားလုံးများဖြင့်
ထပ်မံရေးသားခြင်းဖြင့် မိမိရဲ့ ဆရာ အား မဖြီးဖြန်းပါနှင့်။
9. မထိတ်လန့်ပါနှင့် (Don’t panic)
အချိန်သိပ်မကျန်တော့ဘူးဆိုတာကို
သိတဲ့အခါ နိဂုံးချုပ်ကို အရှည်ကြီး မရေးသားနိုင်မှာကို စိတ်မပူပါနှင့်။
အဲ့ဒီအစား ကိုယ်ရေးချင်တဲ့ အဓိကအချက်တွေကို တန်းစီရေးချဖို့ စဉ်းစားပါ။
အဲဒီလို စာရင်းမျိုးက သင်သည် စာမရလို့မဟုတ်ဘဲ အချိန်မလောက်လို့
ဒီလိုရေးချရတယ်ဆိုတာကို စာစစ်သူအား အသိပေးမှာဖြစ်ပါတယ်။ ဘယ်လိုပဲ
ဖြစ်ဖြစ်ပါ။ ဖြစ်ပါတယ်။ ထိတ်လန့်ပြီး အူးယားဖားယား မရေးပါနှင့်။ သင့်ရဲ့
နောက်ဆုံး အလျင်စလို ရေးသားမှုကြောင့် စာစီစာကုံးရဲ့ ကျန် အပိုင်းတွေဟာ
ထိရောက်မှု လျော့သွားနိုင်ပါတယ်။
10. တည်းဖြတ်ပြီး ပရုဖတ်ပါ။ (Edit and proofread)
စီကုံးရေးသားလို့ပြီးပြီဆိုရင် အသက်ကို ပြင်းပြင်းလေးတစ်ချက်နှစ်ချက်လောက်ရှူလိုက်ပါ။
ပြီးလျှင် မိမိရဲ့ စာစီစာကုံးကို အစမှ အဆုံးတစ်လုံးချင်းတစ်ခေါက်
ပြန်ဖတ်လိုက်ပါ။ ဖတ်ရင်းနဲ့ ပြန်စစ်ပြီး ပြင်ဆင်တည်းဖြတ်ပါ။
အဲဒီလိုတစ်ခေါက် ပြန်ဖတ်ရင်းနဲ့ သင့်အနေနဲ့ အရေးကြီးတဲ့ အချက်တစ်ချက်
ကျန်ခဲ့တာမျိုး ဒါမှမဟုတ်ရင် ၀ါကျ တစ်ကြောင်း ဖယ်ဖို့လိုတာမျိုးတို့ကို
တွေ့ကောင်း တွေ့ပါလိမ့်မည်။ ဆက်လုပ်ပါ။ ပြင်စရာရှိတာတွေကို သေသေချာချာ
ပြင်လိုက်ပါ။ သင့်အနေဖြင့် (ကွန်ပျူတာပေါ်မှာ မဟုတ်ဘဲနဲ့) လက်နဲ့
ရေးနေတာဆိုရင် ပြင်ဆင်ချက်တွေကို ဖော်ပြရန် အတွက် ဘေးမျဉ်းကွက်လပ်တွေကို
အသုံးပြုပါ။ ၀ါကျတစ်ကြောင်းကို ပြန်ညွှန်းရန်အတွက် မြှားကို အသုံးပြုပါ။
သင့်ရဲ့ ပြင်ဆင်ချက်အားလုံးဟာ ထင်ထင်ရှားရှားရှိပြီး အလွယ်တကူ
ဖတ်လို့ရစေနိုင်ရမယ်ဆိုတာကို မမေ့ပါနှင့်။
Read more: စီကုံးရေးဖြေရသော စာမေးပွဲများ (Essay Exams) ဖြေဆိုရန်အတွက် အကောင်းဆုံးအကြံပြုချက် ၁၀ ခု - Myanmar Network http:// www.myanmar-network.net/forum/ topic/ show?id=3423487%3ATopic%3A78593 2&xgs=1&xg_source=msg_share_to pic#ixzz2ILiSXRN6
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
ကျေးဇူးပါပဲဗျာ။
ReplyDelete