Friday, January 18, 2013

ဦးညွှတ်ပါတယ် ဆရာမ လေး ရယ်

by Kaung Myat Ko Ko on Monday, January 7, 2013 at 5:40am ·
 
    ဟူးးး အိမ်အလုပ် တစ်မနက်လုံး လုပ်ထား ရသော ပင်းပန်းမှု ကို သက်ပြင်းလေး တစ်ခု နှင့် ဖြေဖျောက်လိုက်ပါသည်.... လက်မှ လက်ပတ်နာရီကို ငုံကြည့်လိုက်မိတော့မှ နေ့လည် ၁၂ နာရီ ခွဲ နေမှန်း သတိ ထားလိုက်မိသည်.... “အားပါး သင်တန်း က ၁ နာ၇ီ သွားရမှာဘဲ အမြန်လုပ်မှ” ဆိုပြီး ရေချိုးလိုက်သည်.. ထို့နောက် အ၀တ်အစားလဲ ခေါင်းလိမ်းဆီလိမ်း ပြီး နောက် နေ့လည်စာ စားသုံးလိုက်သည်.... အားလုံးအပြီးကို မိနစ် ၂၀ ကြာလိုက်သည်....
ထို့ကြောင့် ၁၂ နာရီ မိနစ်ငါးဆယ်တွင် အိမ်မှ ထွက်ခဲ့ သည်.... ကျွန်တော်နေတာ ကြည်မြင့်တိုင်ထဲမှာပါ ဒါကြောင့် ညဈေး (အောက်မှတ်တိုက်) ဘက်သို့ ဖိနပ်ဦးလှည့်လိုက်ပါသည်။
    ကျွန်တော် သင်တန်းကို ဆူလေ က တစ်ဆင့်သွားရမှာပါ ဒါကြောင့် ဆူလေ (မြို့တော်ခန်းမရှေ့) ရောက်မဲ့ ကားကို စောင့်နေပါတယ်.... ကားစီးရတာ က လည်း ၁၀၀ တန် ကားရော ၂၀၀ တန် ကား တစ်ချို့ ရော ဆူလေ ကို သိမ်ကြီးဈေး နဲ့ ပေါင်းဆင်းခိုင်းပါတယ် (မမှန်ကြပါဘူး) ဒါကြောင့် အသေအချာ ရပ်တဲ့ အဓိပတိ ကိုပဲ စောင့်ပြိး စီးဖို့ စဉ်းစားလိုက်ပါတယ်..... ကိုယ်ပိုင်ကား ကွန်တိန်နာကား အငှားကား လိုင်းကား အစုံ အစုံပင် ရှေ့ မှ ဖြတ် သန်းသွားလာနေကြပါသည်....
    လိုင်းကား များ တစ်စီးပြီး တစ်စီး ကျွန်တော်ရှေ့မှ ထိုးရပ်ကြပါသည်.... ကျွန်တော် စီးမဲ့ ကားမဟုတ် သေးတာ ကြောင့် မတ်တပ်ရပ်ကာ စောင့်နေမိပါသည်.. အဲဒီမှာ ၁၀၇ ဆင်မင်းဈေး အထိ ဆွဲတဲ့ ဟိုင်းလတ် ကားလေး တစ်စီးက ကျွန်တော့်ရှေ့လာရပ်ပါတယ်.... ပြောရမယ်ဆိုရင်.. လေးဘီးလုံးကျောက်ချပြီးတော့ကို ရပ်တာပါ.... အမိုးပေါ်က အထုပ်တွေကို ချ နေရသောကြောင့် ကား ကို ရပ်ထားလိုက်ခြင်းဖြစ်ပါတယ်.....
    ကျွန်တော် ရှေ့မှာ ကျောင်းသားတစ်ယောက်နဲ့ ရှေ့နေ တစ်ယောက် စကားရပ်ပြောနေပါတယ်.... ရှေ့နေလို့ ယူဆ လိုက်တာ က လည်ကတုန်း၊ တိုက်ပုံနက်၊  ပိုးပုဆိုး၊ နဲ့ ကွမ်းအစ်ပုံ အိပ် တစ်အိပ် တစ်အိပ် ရယ် ပါလို့ပါဘဲ.... ပြောစကားကြားရသလောက် ရှေ့နေမှ ကျောင်းသားလေးကို တိုက် တစ်တိုက် အကြောင်း စုံစမ်းနေခြင်းပင်ဖြစ်ပါသည်.... သူတို့ရဲ့ရှေ့မှာ မှ ကားကိုရပ်ထားတာ ပါ.....
    အဖြစ် အပျက်တွေက ခဏလေးပါဘဲ ဆိုက်ကား တစ်စီး အရှိန်နဲ့ တိုးဝင်လာပါတယ်.... အသေအချာ ပြောရ ရင် ၁၀၇ ကား နဲ့ ကျွန်တော် ရှေ့က လူနှစ်ယောက်စီ တည့်တည့် လာတာပေါ့..... (ကား နည်းနည်း ရှင်းတုန်း အရှိန်နဲ့ ကွေ့လာတာပါ) မျက်လုံးက ဆိုက်ကား ကို အမိ အရ လိုက်ကြည့်လိုက်မိတယ်... လူနှစ် ယောက် ကို တည့်တည့် တိုက်မိ မှ စိုးသောကြောင့် ၁၀၇ ကားဘက်ကို ကွေ့ချလိုက်သည်.... Brake က လည်း စုံညှစ်ချလိုက်ပေမဲ့ တစ်ခုမှ အလုပ်လုပ်ခြင်းမတွေ့ရပ်ထားသော ၁၀၇ ကား နောက်ကို တည့်တည့် ၀င်သွားလိုက်ပါသည်.... “ ၀ုန်း ခွပ် ” ဆိုသော မြည်သံ များ နားထဲမှာ ကြားလိုက်ပါတယ် .... အသေအချာကြည့်လိုက်တော့ နောက်ဘက် ညာဘက် brake မီး ကာဘာ ကွဲသွားတာ ဘဲ ...
    ချက်ချင်း Driver က ကား တံခါးကို ဖွင့်ပြီး ဆင်းလာပါတယ်.... “ဟေ့လူ ခဏနေအုံး ဆိုပြီး” ပါးစပ် က ပြောရင်းပေါ့ ....... ထို့နောက် “ အားပါး နောက်မီး ကွဲသွားတာ ဘဲ ငါ က ရပ်ထားတာ မင်း မှားတာ“ဲဒါဖိုးတော့ လျှော် ဆိုပြီး ပြောပါတယ်” ဆိုက်ကား သမားက လည်း “ မငြင်း ပါ ဘူး လျှော်မယ်ပေါ့” “အဲဒါ ၅၀၀၀ ကျတယ် ကွ လို့ ပြောပါတယ်” ဆိုက်ကား သမား အတွက် ၅၀၀၀ ဆိုတဲ့ ၀င်ငွေ က နှစ်ရက်စာ ရှိပါတယ် ဘယ်လို နည်းနဲ့ မှ လျှော် နိုင်မှာ မဟုတ် ဘူး... ဒါကြောင့် အခြေ အတင် ဖြစ်နေတဲ့ သူတို့ နှစ်ယောက် အကြား ကျွန်တော် နည်းနည်း ၀င်ညှိ ကြည့်တယ်.... အကျိုးအကြောင်းပြောပြီး ညှီ လိုက်တော့ ကားဒရိုင်ဘာက ၂၀၀၀ လျှော့ပေးတယ် “ သုံးထောင်တော့ လျှော်ကွာတဲ့“ ကား ဒရိုင် ဘာကြီး က လျှော့ ပေး တာ နဲ့ ကျွန်တော် လည်း ဘာမှ ဆက်ဝင်မညှိ ဘဲ အသာ ဆက်ရပ်ကြည့် နေလိုက်ပါတယ်..... ဆိုက်ကား သမား က လည်း တစ်မနက် လုံး ဆိုက်ကား ဆွဲ သေးတာ မှ ၂၀၀၀ ပဲ ရသေးတယ်ဟုဆိုသည်.... အဲမှ တင် နှစ်ယောက် အခြေ အတင် ညှိ ကြသည်...... အဲဒီမှာ ၁၀၇ ကားပေါ်မှ “ ၁၀၀၀ ကျမ စိုက်ပေးမယ်ဆို သော အသံ ကို ကြားလိုက်ရပါတယ် ” အသံ ပိုင်ရှင်ကိုကြည့်လိုက်သော အခါ အဖြူ အစိမ်း နှင့် ကျောင်းဆရာမ တစ်ယောက်ဖြစ်သည်... ကျွန်တော် လေးစား ဦးညွှတ် စိတ်နှင့် ဆရာမ ကို လှမ်းကြည့်လိုက်မိသည်..... တွက်ကြည့်မည်ဆိုလျှင် ဆရာမ တစ်ယောက်ရဲ့ ၀င်ငွေဟာ တစ်လ ကို ငါးသောင်း နှင့် ခြောက်သောင်းသာ ရှိပါသည်.... ထိုဝင်ငွေ ကို တစ်နေ့ ၂၀၀၀ ဟု သက်မှတ်လိုက်လျှင် ဆရာမ အခု သွေး မတော် သားမစပ် လူတစ် ယောက်အတွက် တစ်နေ့ဝင်ငွေ ရဲ့ 50 ၇ာခိုင်နှုန်း ပေးလိုက်ခြင်းပင် ဖြစ်သည်...... ကျွန်တော် အရမ်းလေးစားမိသည်..... ကိုယ်ကျိုးအတွက် ဘာမှ မရှိတဲ့အလုပ်၊ အလှူအတန်းတောင် မဟုတ်တဲ့ ကြားဝင် ကိုယ်ကြိုးစွန့်မူ ကိုယ်လုပ်လိုက်သော ဆရာ မအား ဒရိုင်ဘာတောင် လေးစား သွားတယ် ထင်တယ် လေ့သံ အေးအေး နဲ့ ပြောပြောင်း ပြေပြစ်စွာ စကားဆက်ပါသည်.....
ကျွန်တော် အခုမှ သတိ ရလို့ ဆိုက်ကား သမား ရှောင်လိုက်တဲ့ လူနှစ်ယောက်ကို ကြည့်မိတယ် .... ပြသနာ စဖြစ် က ထဲ က ဘယ်ရောက်သွားမှန် မသိ.... အတွေးတွေ တစ်ခု ပြီး တစ်ခု ဆက်တိုက်ဝင်လာသည်.... ကျွန်တော် ထက် အသိ ပညာ အများကြီး ကြွယ်သော ရှေ့နေ တစ်ယောက် က ကြားဝင် စေ့စပ်ပေးခြင်းမပြု.... ဆရာမ တစ်ယောက်လို ကိုယ်ကျိုးစွန် ပြီး အနစ်နာ ခံ ခြင်း လည်း မပြု....... အော် ဒီလိုလူတွေ ဘယ်လောက်တောင် ရှိလည်း တွေးရင်း နှင့် ၁၀၇ ကားလေး ဘယ်အချိန် ထွက်သွားမှန်း မသိ ငေးနေမိရင်း..... .........................
                                                                                                                                                 လေးစားစွာဖြင့်                                                                                                          ကောင်းမြတ်ကိုကို(အယ်လ်ဂျေ)
                                                                                                                                                                  11:38 3,1,2013 THU

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...