သစ်ထူးလွင် သတင်းစုစည်းမှု (၈-၁)
သစ်ထူးလွင်
|
- KIO အား လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဟုဆို
- ကလေးဒေသရေနံဝယ်ယူရေးကုမ္ပဏီအချို
့အခွန်မဆောင် - ရန်ကုန်ပြည်သူ သွားလာရေးအဆင်ပြေရန် အာဏာပိုင်အဖွဲ့ ဖွဲ့စည်း
- အပစ်ခတ်ရပ်စဲရေး ၇၅ ရာခိုင်နှုန်းအောင်မြင်ဟု ကာကွယ်ရေးဦးစီးချုပ် ပြော
- လက်ရွေးစင်များ မွေးထုတ်ပေးသည့် ရန်ကုန်တက္ကသိုလ် ဖြစ်စေလိုဟုဆို
- နိုင်ငံခြားသတင်းထောက်များ လိုက်နာရမည့်အချက်များ (၈) ချက်
- ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ဘီလျံနာသူဋ္ဌေးကြီး ဂျော့ဆိုးရော့စ် တို့တွေ့ဆုံ
- ဇန်နဝါရီ ၈ ရက်နေ့ထုတ် အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၃၈
- ဇန်နဝါရီ ၈ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၃၂
- ဇန်နဝါရီ ၈ ရက်နေ့ထုတ် မဇ္ဈိမ ဂျာနယ် အတွဲ (၂) အမှတ် (၁၆)
- ဇန်နဝါရီ ၄ ရက်နေ့ထုတ် JOB Opportunity No 10
- 7Day Shopping Guide Journal Volume 3 Issue 21
- ဇန်နဝါရီ ၁၀ ရက်နေ့ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၂)
- ကာကွယ်ရေးဝန်ကြီးနဲ့ CIA အကြီးအကဲ အမည်စာရင်း အိုဘားမား တင်သွင်း
- လိုင်ဇာအနီး မြန်မာ ထိုးစစ် ပြင်းထန်
Posted: 08 Jan 2013 07:30 AM PST
ကချင် လွတ်လပ်ရေး အဖွဲ့ KIO ၏ ဖုန်းပျဉ်ဘွမ် ရှေ့တန်း စခန်းစခန်း အနီး တဝိုက်အား အစိုးရတပ်မှ လေကြောင်း တိုက်ခိုက်မှုများ အင်္ဂါနေ့တွင်လည်း ဆက်လက် ရှိနေသည်ဟု KIO ၏ မဟာမိတ် ကျောင်းသား တပ်မတော်(မြောက်ပိုင်း) မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေး က ပြောသည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 08 Jan 2013 06:59 AM PST
ကလေး ဒေသ ရေနံဝယ်ယူရေး ကုမ္ပဏီများသည်၊ သက်ဆိုင်ရာဝန် ကြီးဌာန၏ ခွင့်ပြုချက် ရယူရန်လို အပ်လျက်ရှိပြီး၊ ပုဂ္ဂလိကရေနံတူး ဖော်ရေးနှင့် ရေနံဝယ်ယူရေး ကုမ္ပ ဏီတို့သည် ဒေသတွင်း သစ်တော ကြိုးဝိုင်းများ လွတ်ကင်းရန်နှင့် သ ဘာဝသစ်တောများ ပျက်စီးပြုံးတီး မှုမရှိစေရန် လိုအပ်ကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 08 Jan 2013 05:38 AM PST
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း အများပြည်သူ နေ့စဉ်သွားလာရေး အဆင်ပြေ ချောမွေ့စေဖို့ စီမံခန့်ခွဲမယ့် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဇန်န၀ါရီ ၇ ရက် ရက်စွဲနဲ့ ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ အာဏာပိုင်အဖွဲ့ဟာ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 08 Jan 2013 05:23 AM PST
အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားက အပစ်ခတ်ရပ်စဲ ရေးဆိုင်ရာ လုပ်ဆောင်ရမှာ ၇၅ ရာခိုင်နှုန်း အောင်မြင်နေပြီး ရာနှုန်းပြည် အောင်မြင်ဖို့ ဆက်လုပ်သွားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 08 Jan 2013 04:58 AM PST
ပညာရေးမှာ တကယ့်ကို ထူးချွန်တဲ့ လက်ရွေးစင်တွေ မွေးထုတ်ပေးရာ တက္ကသိုလ်ကြီး တခု ဖြစ်စေချင်တယ်လို့ ရန်ကုန်တက္ကသိုလ် ပြန်လည်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေး ကော်မတီဝင် ဒေါက်တာတင်လှိုင် (စာရေးဆရာ ဘိုးလှိုင်) က ပြောပါတယ်။---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||
Posted: 08 Jan 2013 04:39 AM PST
နိုင်ငံခြား သတင်းထောက်တွေ အနေနဲ့ ကနဦး ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်း နှုန်းထားအဖြစ် ကျပ်ငွေ (ငါးသောင်းတိတိ) ပေးသွင်းရမယ်လို့ သတင်းနဲ့ ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်စွဲနဲ့ နိုင်ငံခြား သတင်းထောက်များ လိုက်နာရမယ့် အချက် (၈ ချက်) ခေါင်းစဉ်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး အဲဒီပေးသွင်းငွေကို အမေရိကန်ဒေါ်လာနဲ့ ပေးသွင်းနိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီထုတ်ပြန်ချက်မှာ ပါရှိချက်ကို သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းရုံးက ၀န်ထမ်းတဦးက အခုလို ဖတ်ပြပါတယ်။ (က) ဂျာနယ်လစ်များသည် ခရက်ဒစ်ကတ်အား နိုင်ငံကူးလက်မှတ်၊ ပတ်စ်ပို့နှင့် ဗီဇာမိတ္တူ (၃ အမြှောက် ၄) စင်တီမီတာ။ ရောင်စုံဓာတ်ပုံ ၂ ပုံ။ ဗီဇာထုတ်ယူခဲ့သည့် သက်ဆိုင်ရာသံရုံးမှ ထုတ်ပေးသည့် အကြောင်းကြားစာများနှင့်တကွ ရန်ကုန်မြို့ရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတွ (ခ) မှတ်တမ်းတင်ရိုက်ကူးမှု ခွင့်ပြုချက်အား သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ သတင်းပို့အကြောင်းကြားရမည်။ (ဂ) ကန့်သတ်ထားသည့် ရိုက်ကူးရေးနယ်မြေများသို့ သွားရောက်ရိုက်ကူးလိုပါက သက်ဆိုင်ရာ ၀န်ကြီးဌာန၏ ၀င်ရောက်ခွင့်ပြုစာလိုအပ်သည်။ (ဃ) ပင်လယ်အောက် ရိုက်ကူးရေးလုပ်ငန်းများအတွက် ဗဟိုရေကြောင်း ဌာနချုပ်၏ ခွင့်ပြုချက်လိုအပ်သည်။ (င) ပြည်ပသတင်းစာ၊ ရုပ်မြင်သံကြား သို့မဟုတ် ရေဒီယို၊ အခြားသော မီဒီယာအဖွဲ့အစည်းများတွင် သင့်လျော်သောရာထူးဖြင့် လုပ်ဆောင်နေသူ သို့မဟုတ် သတင်းထောက်တဦး သို့မဟုတ် အလုပ်ရှင်ထံမှ အခကြေးငွေယူ လက်ခံရယူပြီး အလုပ်လုပ်ကိုင်နေသူဖြစ်ရမယ်။ (စ) သတင်းထောက်သည် ပြည်ပမီဒီယာအဖွဲ့အစည်းတခုတွင် အလုပ်အကိုင်ကျွမ်းကျင်သူရှိကြော (ဆ) ဂျာနယ်လစ်များအနေဖြင့် ကနဦးပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်းနှုန်းထားအဖြစ် ကျပ်ငွေ ငါးသောင်း ပေးသွင်းရမည်ဖြစ်သည်။ ငွေပေးသွင်းခြင်းအား ရန်ကုန်မြို့ရှိ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းတွင် ပေးသွင်းရမည်ဖြစ်သည်။ (ဇ) ဂျာနယ်လစ်များ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားခြင် ဒီလိုက်နာရမယ့်အချက်တွေ ထုတ်ပြန်တာနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ကျော်ကို မေးမြန်းရာမှာ နိုင်ငံခြားသတင်းထောက်တွေ ပိုမိုအဆင်ပြေချောမွေ့အောင် လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ ဖြေဆိုပါတယ်။ by အေးနိုင် (ဒီဗွီဘီ) ဦးမြင့်ကျော်နဲ့ မေးမြန်းချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။ | ||||||
Posted: 08 Jan 2013 04:32 AM PST
ယနေ့နံနက် ၁၁နာရီတွင် ၈၈ကျောင်းသား ခေါင်းဆောင် တချို့နှင့် ဘီလျံနာသူဋ္ဌေး ဂျော့ဆိုရော့စ်တို့ ချယ်ထရီယံ ဟိုတယ်တွင် တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ၈၈မျိုးဆက် ကျောင်းသားများ ဖြစ်ကြသော ကိုမင်းဇေယျာ၊ ကိုဋ္ဌေးကြွယ်၊ ကိုပြုံးချိုနှင့် ကိုမြအေးတို့---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||
Posted: 08 Jan 2013 04:23 AM PST
| ||||||
Posted: 08 Jan 2013 04:13 AM PST
| ||||||
Posted: 08 Jan 2013 04:09 AM PST
| ||||||
Posted: 08 Jan 2013 04:07 AM PST
| ||||||
Posted: 08 Jan 2013 04:04 AM PST
| ||||||
Posted: 08 Jan 2013 04:01 AM PST
ဇန်နဝါရီ ၁၀ ရက်နေ့ထုတ် အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၂) အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၂) Cover အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၂) Tech အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၂) (Mobile) အင်တာနက် ဂျာနယ် အတွဲ (၁၄) အမှတ် (၂) DEMON Education | ||||||
Posted: 07 Jan 2013 08:11 PM PST
အမေရိကန်သမ္မတ Barack Obama က သူ့ရဲ့ဒုတိယ သမ္မတ သက်တမ်း အစမှာ သူ အမည် စာရင်း တင်သွင်းထားတဲ့  အမေရိကန် ကာကွယ်ရေး ဌာနနဲ့  အမျိုးသား ထောက်လှမ်းရေး ဗဟို အကြီးအကဲသစ် နှစ်ဦး ကို ဆီးနိတ်လွှတ်တော်က အမြန်ဆုံး အတည်ပြုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ သမ္မတအိုဘားမားက Nebraska ပြည်နယ်က Republican အမတ် Chuck Hagel ကို ကာကွယ်ရေးဝန်ကြီး၊ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး အကြံပေး John Brennan ကို CIA ဗဟိုထောက်လှမ်းရေး အကြီးအကဲအဖြစ် မနေ့က အမည်စာရင်း တင်သွင်းခဲ့တာပါ။ သမ္မတအိုဘားမားက Nebraska အမတ် Chuck Hagel နဲ့ ပတ်သက်ပြီးပြောရာမှာ Mr.Hagel ဟာ အမေရိကန်တပ်တွေရဲ့  ဦးဆောင်နိုင်သူတဦးဖြစ်သလို နိုင်ငံရေးပါတီ နှစ်ခုစလုံးကို ကိုယ် စားပြုတဲ့ အမေရိကန်အစိုးရရဲ့ အစဉ်အလာကို ထိမ်းသိမ်းနိုင်မယ့် စွမ်းရည်ရှိသူ ဖြစ်တယ်လို့  မှတ်ချက်ပေးပါတယ်။ ဆီးနိတ်လွှတ်တော်က အမည်စာရင်းတင်သွင်းခံရသူ Hagel နဲ့ Brennan တို့ကို အတည် မပြုသေးခင်မှာ သူတို့ နှစ်ဦးကို ကန့်ကွက်မှုတွေလည်း ထွက်ပေါ်နေ ပါတယ်။ ၂၀၀၉ ခုနှစ်၊ သမ္မတအိုဘားမား စတင်တာဝန်ယူချိန်မှာ Brennan ကို CIA ရဲ့ အကြီးအကဲအဖြစ် တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ စုံစမ်းစစ်ဆေးပုံ နည်းစံနစ်တွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ပေါ်ထွက် လာတဲ့အတွက် Brennan က အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။ Brennan ကို CIA ရဲ့ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ဖို့အတည်ပြုခဲ့ရင် အရင် CIA အကြီးအကဲ David Petraeus ရဲ့နေရာမှာ တာဝန်ယူရမှာဖြစ်ပါတယ်။ David Petraeus ဟာ အိမ်ထောင်ရေး ပြင်ပအရှုပ်အထွေးကြောင့် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ မိမိသဘောနဲ့ တာဝန်မှ နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။ ဗွီအိုအေ (မြန်မာဌာန) | ||||||
Posted: 07 Jan 2013 08:08 PM PST
ကချင်ပြည်နယ်အတွင်းက KIA ကချင်အမျိုးသားလွတ်မြောက်ရေးတပ် အခြေစိုက်ရာ လိုင်ဇာမြို့တ၀ိုက်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာကြောင်း KIA နဲ့တွဲပြီး ခုခံစစ်ဆင်နွဲနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ် “ဒီမနက် တိုက်ပွဲအခြေအနေကတော့ အခု သူတို့ မုံးလိုင်းချောင်း အရှေ့ခြမ်းပေါ့နော်။ ဖုန်းယန် တဝိုက်ပေါ့။ ဖုန်းယန်နဲ့ လွယ်မောက်ယန်ကြား တောင်ကြောမှာ သူတို့ ထိုးစစ်ဆင်လာတယ်ပေါ့။ လက်နက်ကြီး ပစ်တာ ပိုများလာတယ်။ လက်နက်ကြီးပစ်တဲ့နေရာက သုံးနေရာ- လေးနေရာလောက် ရှိတယ်။ တော့ဖုန်းယန်၊ ဖုန်းပြင်တောင်ကနေပြီးတော့ ၁၀၅ မမ သုံးလက်နဲ့ ပစ်တယ်။ နောက်တခုက ဘုမ်ဆွမ်ကနေ ပစ်တယ်။ နောက်တခုက မဲန်မော်ကနေ ပစ်တယ်။ နောက် မဲန်တေးကနေ ပစ်တယ်။ အဲဒီလိုမျိုး လက်နက်ကြီးတွေ ချိန်ထားပြီးတော့မှ ဒီဘက် တကြောလုံးကို ပစ်နေကြတယ်။ မုံးလိုင်းချောင်းရဲ့ အနောက်ဘက်က ၇၇၁ တောင်ကြော အဲဒါလည်း သူတို့ ထိုးစစ်ဆင်နေတယ်။ မုံးလိုင်းချောင်းအရှေ့ခြမ်း ၊ မြစ်ကြီးနား၊ ဗန်းမော် ကားလမ်းနဘေး တလျှောက်မှာ ရှိတဲ့ တောင်ကြောတွေကို သူတို့ ထိုးစစ်ဆင်နေတယ်ဆိုတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့် သူတို့ကတော့ လိုင်ဇာကို အဓိက အပေါ်စီးကနေ ခြိမ်းခြောက်နိုင်အောင်လို့ ထိုးစစ်ဆင်နေတယ်လို့ ကျနော်တို့က ခန့်မှန်းပါတယ်။” နှစ်ဖက်တိုက်ပွဲတွေအတွင်းကနေ ပစ်ခတ်နေတဲ့လက်နက်ကြီးကျည်ဆံတွေ “သူတို့ ခုနက ပစ်တာဆိုလို့ရှိရင် လဝါယန်ဆိုလို့ရှိရင်တော့ လဝါယန်၊ လဂျာနဲ့ တမိုင် နှစ်မိုင်လောက် ပဲ ဝေးတဲ့ရွာပေါ့နော-လဝါယန်မှာဆို ကချင်ပြည်နယ်မှာ KIO/ KIA လက်နက်ကိုင်အဖွဲ့များက မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီး ကို အဓိကပိတ်ဆို့ပြီး တပ်မတော် စစ်ကြောင်းတွေကို မိုင်းထောင်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း နဲ့ပိတ်ဆို့ ခြိမ်းခြောက်မှုတွေလုပ်နေတဲ့ ပွိုင့် ၇၇၁ တောင်ကုန်းနဲ့ ပတ်ဝန်းကျင် ဒေသကို မြန်မာ့ တပ်မတော်က ရှင်းလင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရတယ်ဆိုပြီး မြန်မာအစိုးရက ဇန်န၀ါရီလ ၄ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ခရစ္စမတ်ကာလကစပြီး မြန်မာစစ်တပ်ဘက်က လေယာဉ်တွေသုံးပြီး ဗုံးကြဲ တိုက်ခိုက်မှု တွေကြောင့် ဒုက္ခသည်ပေါင်း ၆၀,၀၀၀ ကျော်ဟာ ဒုက္ခသည်စခန်းတွေဆီကို ရောက် ရှိလာကြပြီး ဒီရက်ပိုင်းမှာလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒုက္ခ မြန်မာအစိုးရဘက်ကတော့ လေကြောင်းကနေ အကူရိက္ခာပို့တာလို့ ပြောပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂနဲ့ အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံတွေက အပြစ်မဲ့ ပြည်သူတွေရဲ့ အသက် အန္တရာယ် ဖြစ်စေမယ့် လုပ်ဆောင်မှုတွေကို ရှောင်ကြဉ်စေလိုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ မှာလည်း ကချင်စစ်ပွဲရပ်ဖို့ တောင်းဆိုမူတွေလည်း ရှိနေပါတယ်။ ကချင်ဒုက္ခသည်စခန်းတွင်းမှာတော့ ဒုက္ခသည်တွေအတွက် စိုးရိမ်ရတာကြောင့် ကတုတ်ကျင်းတွေ တူးပြီး အရေးပေါ်အသုံးပြုနိုင်ဖို့ စီစဉ်ထားကြောင်း ကချင်ဒုက္ခသည်စခန်းကော်မတီက တာဝန်ရှိသူ ဦးဒွဲပီဆကပြောပါတယ်။ “ကျနော်တို့ပတ်ဝန်းကျင်မှာ ဆက်တိုက်လိုလို တိုက်ပွဲတွေက နေ့တိုင်းလိုလိုဖြစ်နေတယ်လေ။ နောက် လက်နက်ကြီးတွေနဲ့လည်း နေ့တိုင်းလိုလို လှမ်းပစ်နေတယ်။ လေယာဉ်ပျံလည်းပဲ လာတိုက်တယ်။ ဗုံးလာကြဲတယ်ဆိုတော့ ကျနော်တို့က ဒုက္ခသည်တွေကို အမှုမဲ့ အမှတ်မဲ့ မနေကြဖို့ သတိထားပေးတဲ့အနေနဲ့ ကျနော်တို့ ဒီလို လုပ်ထားပေးတာပါ။ အကယ်၍များ ဖြစ်လာရင်လည်းပဲ သိပ်ပြီး စိတ်ချလုံခြုံတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒုက္ခသည်တွေက အမှုမဲ့ အမှတ်မဲ့ မနေဘဲနဲ့ သတိထားပြီးမှ နေဖို့အတွက် ကျနော်တို့ အစီအစဉ်လုပ်ထားတာပါ။ အကယ်၍များ ဖြစ်လာခဲ့ရင် ခိုအောင်းနိုင်ဖို့ သတိပေးထားတာမျိုးမရှိရင် ကျနော်တို့က စိုးရိမ်တဲ့အတွက်ကြောင့် သတိပေးတဲ့ အနေနဲ့ တပ်လှန့်တဲ့သဘောပဲ။ ” မြန်မာအစိုးရနဲ့ KIO တို့ဟာ ၁၇ နှစ်ကြာ အပစ်ရပ်စဲပြီးမှ နိုင်ငံရေးအရ ပြေလည်မှု မရတဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လကစပြီး တိုက်ခိုက်မှုတွေ ပြန်စနေတာလည်း ဖြစ်ပါတယ်။ မအေးအေးမာ (ဗွီအိုအေ) |
0 comments:
Post a Comment