Friday, January 11, 2013

ဗိုလ်ချူပ်အောင်ဆန်း (ဆုငွေ ၅ ကျပ်) နဲ့ မမေ့သင့်သောရွာကလေး

တို့ဗမာ Dobama shared San Aung's photo.
ဗိုလ်ချူပ်အောင်ဆန်း (ဆုငွေ ၅ ကျပ်) နဲ့ မမေ့သင့်သောရွာကလေး

   


ဇီးဂျိုင့်ရွာကလေးသည် ဧရာဝတီတိုင်း ငပုတောမြို့နယ် အတွင်းတွင်ရှိပြီး ပင်လယ်ကမ်းခြေရွာလေးဖြစ်သည်။ ဗိုလ်ချူပ်အောင်ဆန်းကို ဆုငွေ၅ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်စဉ်က ဗိုလ်ချူပ်တိမ်းရှောင် နေထိုင်ခဲ့သော ရွာကလေးဖြစ်သည်။

ဗိုလ်ချူပ်တို့ လာရောက်စဉ်က အသက် ၈ နှစ်သမီးသာရှိသေး၍ ယခုအသက် ၈၀ ကျော်ပြီဖြစ်သော အမေကြီးဒေါ်ထွားစိန်ကို ကျနော်တို့ ထိုရွာကလေးသို့ ရာက်ရှိစဉ် တွေ့ရှိခဲ့ရသည်။

ရွာလယ်ရှိ ဘုန်းကြီးကျောင်းတွင် ဥပုသ်သီလ ဆောက်တည်ရန် ရောက်ရှိနေသော အမေကြီးဒေါ်ထွားစိန်ကို ကျနော်သိလိုသည့်မေးခွန်း အနည်းငယ်ကို မေးဖြစ်ခဲ့ပါသည်။

မေး။ ဗိုလ်ချူပ်တို့ ဒီရွာကလေးကို ရောက်တုန်း အမေကြီးကိုယ်တိုင် တွေ့ကြုံလိုက်ရတာလေးကို ပြောပြပေးပါဦး။

ဖြေ။ ။ ဗိုလ်ချူပ်တို့ ဒီရွာကိုလာတော့ အမေကြီးက ရှစ်နှစ်သမီးပဲ ရှိသေးတယ် အခုဒီဘုန်းကြီးကျောင်းဝင်းထဲမှာ အမေကြီးတို့ ကလေးတွေ ကစားနေကြတုန်း၊ သခင်မျိုးဟေ့ ဒို့ဗမာ ၊ အရေးတော်ပုံ အောင်ရမယ် ဆိုပြီးတော့ ကြွေးကြော်သံတွေနဲ့ ရွာထဲကို ဗိုလ်ချူပ်တို့ ကျာင်းသားတစ်စု ၀င်လာကြတယ်။

နောက်ပြီးအမေကြီးတို့ ကစားနေတဲ့အခု ဘုန်းကြီးကျောင်းနားကို ရောက်လာတော့ အမေကြီးတို့ ကလေးတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးမယ်လုပ်တုန်း အနားမှာ ရှိတဲ့ အမေကြီးရဲ့ အဖေကမကြောက်နဲ့သမီး အဲဒါလူဆိုးတွေမဟုတ်ဘူး လို့ပြောတယ်။

အဲဒီတော့မှ အမေကြီးတို့လည်းမကြောက်ဘဲ ထွက်မပြေးတော့ဘူး။ ဗိုလ်ချူပ်တို့လူတစု လည်းကြွေးကြော်သံများနဲ့ ကျောင်းကိုသုံးပတ် ပတ်ပြီး ကျောင်းပေါ်တတ်ပြီး ဆရာတော်ကို ဦးချ ကန်တော့ကြတယ်။

ဆရာတော်က မင်းတို့ ထမင်းစားပြီးကြပြီလားလို့မေးတော့ တယောက်မှ မစားကြရသေးဘူးလို့ပြန်ဖြေတယ်။ ဒါနဲ့ဆရာတော်က တပည့်တယောက်ကိုရွာထဲကိုလွှတ်ပြီးထမင်းနဲ့ဟင်းတွေကိုအပို့ခိုင်းတယ်။

ရွာထဲကအိမ်တော်တော်များများက သူတို့မှာရှိတဲ့ထမင်းနဲ့ဟင်းတွေကို ယူလာပြီးကျောင်းကိုလာပို့ကြတယ် ဗိုလ်ချူပ်တို့ လူတစုလည်း ဆာဆာ နဲ့ အားပါးတရ စားကြတယ်။

ဒီလိုနဲ့ ဗိုလ်ချုပ်တို့ ဒီရွာကလေးမှာ အတော်လေးနေသွားတယ်။ ရွာလူထုကလည်း ဗိုလ်ချူပ်တို့ကျောင်းသားတွေကို ကျွေးမွေးစောင့်ရှောက်ကြတယ်။ ဗိုလ်ချူုပ်ထမင်းစားခဲ့တဲ့ စားပွဲဝိုင်းကြီးလည်းခုထိ ဒီကျောင်းမှာသိမ်းထားတယ် ဟုအမေကြီးဒေါ်ထွားစိန် ကပြောပြပါသည်။

ယခုအခါဗိုလ်ချူပ်အကြောင်းကို ရှပ်ရှင်ရိုက်ကူးတော့မည်ဖြစ်ရာ
ဗိုလ်ချုပ်ကျောင်းသားဘ၀က ထိုအဖြစ်ပျက်ကလေးကိုလည်း ထည့်သွင်းရိုက် ကူးပေးလျှင် အချက်အလက် ပိုမို ပြည့်စုံသွားမည့်အပြင် ဗိုလ်ချူပ်ကျေးဇူးရှိဖူးသော ထိုရွာကလေးကိုလည်း ကျေးဇူးဆပ်ရာ ကျမည်ဟု ထင်မြင်ယူဆ မိပါသည်။

မှတ်ချက် ။ ။ အသေးအချက်အလက်များသိလိုပါက အမေကြီးဒေါ်ထွားစိန် မှာ ထိုရွာကလေးတွင် ယခုထက်တိုင် ကျန်းမာစွာဖြင့် နေထိုင်လျှက်ရှိကြောင်းပါ။
*ဆက်သွယ်ရန်* - ဦးကွန်းဇော်-09421075921
ဧရာဝတီ

ဇီးဂျိုင့်ရွာကလေးသည် ဧရာဝတီတိုင်း ငပုတောမြို့နယ် အတွင်းတွင်ရှိပြီး ပင်လယ်ကမ်းခြေရွာလေး ဖြစ်သည်။ ဗိုလ်ချူပ်အောင်ဆန်းကို ဆုငွေ၅ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်စဉ်က ဗိုလ်ချူပ်တိမ်းရှောင် နေထိုင်ခဲ့သော ရွာကလေးဖြစ်သည်။



ဗိုလ်ချူပ်တို့ လာရောက်စဉ်က အသက် ၈ နှစ်သမီးသာရှိသေး၍ ယခုအသက် ၈၀ ကျော်ပြီဖြစ်သော အမေကြီးဒေါ်ထွားစိန်ကို ကျနော်တို့ ထိုရွာကလေးသို့ ရာက်ရှိစဉ် တွေ့ရှိခဲ့ရသည်။

ရွာလယ်ရှိ ဘုန်းကြီးကျောင်းတွင် ဥပုသ်သီလ ဆောက်တည်ရန် ရောက်ရှိနေသော အမေကြီးဒေါ်ထွားစိန်ကို ကျနော်သိလိုသည့်မေးခွန်း အနည်းငယ်ကို မေးဖြစ်ခဲ့ပါသည်။

မေး။ ဗိုလ်ချူပ်တို့ ဒီရွာကလေးကို ရောက်တုန်း အမေကြီးကိုယ်တိုင် တွေ့ကြုံလိုက်ရတာလေးကို ပြောပြပေးပါဦး။

ဖြေ။ ။ ဗိုလ်ချူပ်တို့ ဒီရွာကိုလာတော့ အမေကြီးက ရှစ်နှစ်သမီးပဲ ရှိသေးတယ် အခုဒီဘုန်းကြီးကျောင်းဝင်းထဲမှာ အမေကြီးတို့ ကလေးတွေ ကစားနေကြတုန်း၊ သခင်မျိုးဟေ့ ဒို့ဗမာ ၊ အရေးတော်ပုံ အောင်ရမယ် ဆိုပြီးတော့ ကြွေးကြော်သံတွေနဲ့ ရွာထဲကို ဗိုလ်ချူပ်တို့ ကျာင်းသားတစ်စု ၀င်လာကြတယ်။

နောက်ပြီးအမေကြီးတို့ ကစားနေတဲ့အခု ဘုန်းကြီးကျောင်းနားကို ရောက်လာတော့ အမေကြီးတို့ ကလေးတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးမယ်လုပ်တုန်း အနားမှာ ရှိတဲ့ အမေကြီးရဲ့ အဖေကမကြောက်နဲ့သမီး အဲဒါလူဆိုးတွေမဟုတ်ဘူး လို့ပြောတယ်။

အဲဒီတော့မှ အမေကြီးတို့လည်းမကြောက်ဘဲ ထွက်မပြေးတော့ဘူး။ ဗိုလ်ချူပ်တို့လူတစု လည်းကြွေးကြော်သံများနဲ့ ကျောင်းကိုသုံးပတ် ပတ်ပြီး ကျောင်းပေါ်တတ်ပြီး ဆရာတော်ကို ဦးချ ကန်တော့ကြတယ်။

ဆရာတော်က မင်းတို့ ထမင်းစားပြီးကြပြီလားလို့မေးတော့ တယောက်မှ မစားကြရသေးဘူးလို့ပြန်ဖြေတယ်။ ဒါနဲ့ဆရာတော်က တပည့်တယောက်ကိုရွာထဲကိုလွှတ်ပြီးထမင်းနဲ့ဟင်းတွေကိုအပို့ခိုင်းတယ်။

ရွာထဲကအိမ်တော်တော်များများက သူတို့မှာရှိတဲ့ထမင်းနဲ့ဟင်းတွေကို ယူလာပြီးကျောင်းကိုလာပို့ကြတယ် ဗိုလ်ချူပ်တို့ လူတစုလည်း ဆာဆာ နဲ့ အားပါးတရ စားကြတယ်။

ဒီလိုနဲ့ ဗိုလ်ချုပ်တို့ ဒီရွာကလေးမှာ အတော်လေးနေသွားတယ်။ ရွာလူထုကလည်း ဗိုလ်ချူပ်တို့ကျောင်းသားတွေကို ကျွေးမွေးစောင့်ရှောက်ကြတယ်။ ဗိုလ်ချူုပ်ထမင်းစားခဲ့တဲ့ စားပွဲဝိုင်းကြီးလည်းခုထိ ဒီကျောင်းမှာသိမ်းထားတယ် ဟုအမေကြီးဒေါ်ထွားစိန် ကပြောပြပါသည်။

ယခုအခါဗိုလ်ချူပ်အကြောင်းကို ရှပ်ရှင်ရိုက်ကူးတော့မည်ဖြစ်ရာ
ဗိုလ်ချုပ်ကျောင်းသားဘ၀က ထိုအဖြစ်ပျက်ကလေးကိုလည်း ထည့်သွင်းရိုက် ကူးပေးလျှင် အချက်အလက် ပိုမို ပြည့်စုံသွားမည့်အပြင် ဗိုလ်ချူပ်ကျေးဇူးရှိဖူးသော ထိုရွာကလေးကိုလည်း ကျေးဇူးဆပ်ရာ ကျမည်ဟု ထင်မြင်ယူဆ မိပါသည်။

မှတ်ချက် ။ ။ အသေးအချက်အလက်များသိလိုပါက အမေကြီးဒေါ်ထွားစိန် မှာ ထိုရွာကလေးတွင် ယခုထက်တိုင် ကျန်းမာစွာဖြင့် နေထိုင်လျှက်ရှိကြောင်းပါ။
*ဆက်သွယ်ရန်* - ဦးကွန်းဇော်-09421075921
ဧရာဝတီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...