ကာဘူး မှသည် ဟောလီးဝု ဆီသို့
Author: lubo601 |
4:45 PM |
No မှတ်ချက် |
M Z (Burma-Newselite)
သူ့နာမယ်ကတော့ ဖာဝါဒ်။ အသက် ၁၄ နှစ်ပါ။ ဆင်းရဲလှတဲ့ အာဖကန်နစ္စတန်
ကာဘူးမြို့က လမ်းဘေးမှာ မြေပုံတွေ၊ သကြားလုံးတွေေ၇ာင်းပြီး ကလေး ၅
ယောက်မိခင်ဖြစ်သူ သူ့အမေကို ကူညီနေရတာပါ။ အသက် ရ နှစ်ကထဲကစပြီး ဒီလို
ဈေးရောင်းရင် မိသားစုဝမ်းရေးကို ကူပေးခဲ့ရပါတယ်။
အမေရိကန်နိုင်ငံက ရုပ်ရှင်ဒါရိုက်တာတဦးယာ အာဖကန် ကလေးတွေရဲ့
ဘ၀အိပ်မက်တွေအကြောင်း ရိုက်ကူးတဲ့ "Buzkashi Boys" ရုပ်ရှင်အတွက်
လမ်းဘေးမှာ ဈေးရောင်းတဲ့ ဖာဝါဒ်ကို ရွေးခဲ့ပါတယ်။ အာဖကန်က
ကလေးနှစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။
ဒီကားကို အော်စကာဆုအတွက်ရွေးလိုက်တဲ့ သတင်းကို ကာဘူးမြို့က
ရုပ်သံအသေးလေးပေါ်ကနေ ကြည့်ရင်း ဖာဝါဒ်တယောက် မျက်ရည်တွေ တသွင်သွင်
စီးကြနေခဲ့ပါတယ်။
သူ့ကို ကာဘူး လမ်းဘေးမှာဈေးရောင်းနေတာကို
ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ပေးဖို့ ဒေါ်လာ ၁၅၀၀ ပေးပြီး ကမ်းလှမ်းခဲ့တာပါ။
တခါမှ မရဖူးတဲ့ ငွေမို့ သူ့အတွက်လဲ အဆမတန်များနေခဲ့ပါတယ်။ ဒီအထဲက ၁၀၀ ကို
အစားအစာဝယ်ပြီး ကျန်တဲ့ငွေအားလုံးကို သူ့အမေကို ပေးခဲ့ပါတယ်။
ရုပ်ရှင်ရိုက်ပြီးတော့ အရင်လိုပဲ လမ်းမပေါ် မြေပုံနဲ့ သကြားလုံးရောင်းပြီး
ငွေဆက်ရှာနေခဲ့ပါတယ်။
အခုတော့ သူပါဝင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားဟာ ငွေကုန်ကြေးကျ မများတဲ့ ဇာတ်လမ်းတို သဘာဝရုပ်ရှင် အမျိုးအစားထဲမှာ အကောင်းဆုံး
အော်စကာဆု ချီးမြှင့်ခံလိုက်ရပါပြီ။
သူ့ကို ရုပ်ရှင်ဒါရိုက်တာက အမေရိကန်နိုင်ငံ လော့အိန်ဂျလိက
ဟောလီးဝုကို ခေါ်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။
"ကျနော် ကြည့်ချင်တာ အများကြီးပဲ။ ဟောလိဝုကိုလည်းမြင်ချင်တယ်။ တချို့သရုပ်ဆောင်တွေကိုလည်း မြင်ချင်တယ်။ ...
ဒီရုပ်ရှင်ဟာ အာဖကန်သားတွေမှာ ခွန်အားတွေရှိတယ်။ အလုပ်ကြိုးစားတယ်ဆိုတာကို
ပြနေတာပါ။ ဒါဟာ အာဖကန်ရဲ့ တကယ့်ယဉ်ကျေးမှုနဲ့ အာဖကန်တွေရဲ့ အိပ်မက်လည်း
ဖြစ်ပါတယ်။"
- လို့ ဖာဝါဒ် က ပြောလိုက်ပါတယ်။
သူက
လေယာဉ်မှူးတယောက်ဖြစ်ချင်ပြီး ကျောင်းလည်းတက်ချင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့
သူ့မိသားစုကိုလည်း ကူညီရမယ်လို့ ဆိုပါတယ်။ ဖာဝါဒ် ဖြစ်ချင်တဲ့
အိပ်မက်တွေအတွက် လမ်းစလေးတွေ မြင်လာရပြီလို့ ဆိုနိုင်နေပါပြီ။
အာဖကန်မှလဲ ဒီရုပ်ရှင်အော်စကာဆုအကြောင်း နေရာတကာမှာ လူတွေ ဂုဏ်ယူ ပြောဆိုနေကြတာ တွေ့ရပါတယ်။
စစ်မက်တွေနဲ့ သောကတွေ ကြေကွဲစရာ အနိဌာရုံတွေ အချိန်ရှည်ကြာ ဖုံးလွှမ်းနေတဲ့
အာဖကန်ကို ဒီရုပ်ရှင်လေးနဲ့ အော်စကာဆုက ရွှင်လန်းစရာ အားတက်စရာ
မျှော်လင့်ချက် တစကို သယ်လာပေးနိုင်တယ်လို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။
ကိုးကား-NBC, Hollywood, Oscar page
(Share နိုင်ပါတယ်။ ကော်ပီမကူးဖို့ မေတ္တာရပ်ခံပါတယ်)
M Z (Burma-Newselite)
သူ့နာမယ်ကတော့ ဖာဝါဒ်။ အသက် ၁၄ နှစ်ပါ။ ဆင်းရဲလှတဲ့ အာဖကန်နစ္စတန် ကာဘူးမြို့က လမ်းဘေးမှာ မြေပုံတွေ၊ သကြားလုံးတွေေ၇ာင်းပြီး ကလေး ၅ ယောက်မိခင်ဖြစ်သူ သူ့အမေကို ကူညီနေရတာပါ။ အသက် ရ နှစ်ကထဲကစပြီး ဒီလို ဈေးရောင်းရင် မိသားစုဝမ်းရေးကို ကူပေးခဲ့ရပါတယ်။
အမေရိကန်နိုင်ငံက ရုပ်ရှင်ဒါရိုက်တာတဦးယာ အာဖကန် ကလေးတွေရဲ့ ဘ၀အိပ်မက်တွေအကြောင်း ရိုက်ကူးတဲ့ "Buzkashi Boys" ရုပ်ရှင်အတွက် လမ်းဘေးမှာ ဈေးရောင်းတဲ့ ဖာဝါဒ်ကို ရွေးခဲ့ပါတယ်။ အာဖကန်က ကလေးနှစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။
ဒီကားကို အော်စကာဆုအတွက်ရွေးလိုက်တဲ့ သတင်းကို ကာဘူးမြို့က ရုပ်သံအသေးလေးပေါ်ကနေ ကြည့်ရင်း ဖာဝါဒ်တယောက် မျက်ရည်တွေ တသွင်သွင် စီးကြနေခဲ့ပါတယ်။
သူ့ကို ကာဘူး လမ်းဘေးမှာဈေးရောင်းနေတာကို ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ပေးဖို့ ဒေါ်လာ ၁၅၀၀ ပေးပြီး ကမ်းလှမ်းခဲ့တာပါ။ တခါမှ မရဖူးတဲ့ ငွေမို့ သူ့အတွက်လဲ အဆမတန်များနေခဲ့ပါတယ်။ ဒီအထဲက ၁၀၀ ကို အစားအစာဝယ်ပြီး ကျန်တဲ့ငွေအားလုံးကို သူ့အမေကို ပေးခဲ့ပါတယ်။
ရုပ်ရှင်ရိုက်ပြီးတော့ အရင်လိုပဲ လမ်းမပေါ် မြေပုံနဲ့ သကြားလုံးရောင်းပြီး
ငွေဆက်ရှာနေခဲ့ပါတယ်။
အခုတော့ သူပါဝင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားဟာ ငွေကုန်ကြေးကျ မများတဲ့ ဇာတ်လမ်းတို သဘာဝရုပ်ရှင် အမျိုးအစားထဲမှာ အကောင်းဆုံး
အော်စကာဆု ချီးမြှင့်ခံလိုက်ရပါပြီ။
သူ့ကို ရုပ်ရှင်ဒါရိုက်တာက အမေရိကန်နိုင်ငံ လော့အိန်ဂျလိက
ဟောလီးဝုကို ခေါ်သွားမယ်လို့ ကတိပေးလိုက်ပါတယ်။
"ကျနော် ကြည့်ချင်တာ အများကြီးပဲ။ ဟောလိဝုကိုလည်းမြင်ချင်တယ်။ တချို့သရုပ်ဆောင်တွေကိုလည်း မြင်ချင်တယ်။ ...
ဒီရုပ်ရှင်ဟာ အာဖကန်သားတွေမှာ ခွန်အားတွေရှိတယ်။ အလုပ်ကြိုးစားတယ်ဆိုတာကို ပြနေတာပါ။ ဒါဟာ အာဖကန်ရဲ့ တကယ့်ယဉ်ကျေးမှုနဲ့ အာဖကန်တွေရဲ့ အိပ်မက်လည်း ဖြစ်ပါတယ်။"
- လို့ ဖာဝါဒ် က ပြောလိုက်ပါတယ်။
သူက လေယာဉ်မှူးတယောက်ဖြစ်ချင်ပြီး ကျောင်းလည်းတက်ချင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့မိသားစုကိုလည်း ကူညီရမယ်လို့ ဆိုပါတယ်။ ဖာဝါဒ် ဖြစ်ချင်တဲ့ အိပ်မက်တွေအတွက် လမ်းစလေးတွေ မြင်လာရပြီလို့ ဆိုနိုင်နေပါပြီ။
အာဖကန်မှလဲ ဒီရုပ်ရှင်အော်စကာဆုအကြောင်း နေရာတကာမှာ လူတွေ ဂုဏ်ယူ ပြောဆိုနေကြတာ တွေ့ရပါတယ်။
စစ်မက်တွေနဲ့ သောကတွေ ကြေကွဲစရာ အနိဌာရုံတွေ အချိန်ရှည်ကြာ ဖုံးလွှမ်းနေတဲ့ အာဖကန်ကို ဒီရုပ်ရှင်လေးနဲ့ အော်စကာဆုက ရွှင်လန်းစရာ အားတက်စရာ မျှော်လင့်ချက် တစကို သယ်လာပေးနိုင်တယ်လို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။

- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment