သူ့ဘက် ကိုယ့်ဘက်၊ ဟိုဘက် ဒီဘက်မှသည် နိုင်ငံအနာဂါတ်စီသို့.......
by James Mint on Friday, January 11, 2013 at 8:37pm ·

တဖြည်းဖြည်းတော့ သတိထားမိပါတယ်...... အွန်လိုင်းမှာ တစ်ချိန်က ဒီမိုဘက်တော်သားများ၊ ဒီမိုကရေစီကို ချစ်မြတ်နိုးသူများလို့ လူအများ ယူဆကြတဲ့ လူတွေရဲ့ စိတ်ခံစားချက်လေးပါ...... အဓိက ဘာလဲဆိုတော့ ပြည်တွင်းမှာ နိုင်ငံရေးနဲ့ ဆိုင်တဲ့ Event တစ်ခုခုဖြစ်သွားတိုင်းမှာ သူတို့လိုချင်တဲ့၊ အထူးသဖြင့် ဖြစ်စေချင်တဲ့ အရာတွေ သတင်းတွေနဲ့ ဆန့်ကျင်ဘက် သတင်းများ တက်လာလျင်ဖြစ်စေ၊ မလိုချင်တဲ့ သတင်းများ ထွက်လာလျင်ဖြစ်စေ မည်မျှပင် မှန်နေပါစေ လက်ခံနိုင်စွမ်း မရှိကြတာကိုလည်း သတိထားမိပါတယ်.....

ရှိနေတဲ့ ဥပဒေဟာ မဖြစ်သင့်တဲ့ ဥပဒေတွေဖြစ်နေရင် ပြင်ဆင်ဖို့ ကြိုးစားရမှာဖြစ်သလို၊ ဥပဒေ ပြဌာန်းသူတွေ မလုပ်သင့်တာ လုပ်နေရင် နည်းလမ်းတကျ ထောက်ပြနိုင်တဲ့သူတွေ ဖြစ်နေဖို့ လိုအပ်ပေမယ့် ဥပဒေ မရှိမှအေးမယ်ဆိုတဲ့ အမြင်တွေ များနေတာ တွေ့ရပါတယ်........ အဆိုပါ လူအများစုဟာ ဖြန့်ထွက်တွေးခြင်း၊ ဖြည့်စွက်တွေးခြင်း ဆန့်ကျင်ဘက် အမြင်ကို လေ့လာခြင်းမှာ အားနည်တယ်လို့ စွတ်စွဲလို့ မရပါဘူး...... ဘာကြောင့်များပါလဲ.......
ဒေါ်စုရဲ့ အငြင်းပွားဖွယ်ဖြစ်တဲ့ စကားလုံးတွေဖြစ်တဲ့ ကျွန်မတို့ဟာ အာဏာလိုချင်ပါတယ်၊ ဆရာဝန်တွေ စီးပွားရေး မလုပ်သင့်ပါ၊ ခရိုနီတွေဟာ အပြစ်ကင်းသူတွေ ဖြစ်ပါတယ် ဆိုတဲ့ စကားလုံးများနဲ့ ပတ်သက်ပြီး ဖြန့်ထွက်တွေးခြင်း၊ ဖြည့်စွက်တွေးခြင်းများ ပြုလုပ်နိုင်တာကို တွေ့ရပါတယ်..... ဒါကိုကြည့်ခြင်းအားဖြင့် သူတို့တွေ ဖြည့်စွက်၊ ဖြန့်ထွက် မတွေးနိုင်ခြင်းဟာ အခြားတစ်ဖက်ကိုသာ ဖြစ်နေတာကို တွေ့နေရပြန်ပါတယ်..... ဘယ်ပြဿနာရပ်မဆို တစ်ဖက်တည်းက ကြည့်နေမြင်နေသရွေ့ကတော့ သူ့ဘက်လည်း သူမှန် ကိုယ့်ဘက်လည်း ကိုယ်မှန်နေတဲ့အတွက် ဖြေရှင်းဖို့ မလွယ်ပါ..... သူ့နေရာ ကိုယ်ဝင်ပြီး ခံစားကြည့်၊ ကိုယ့်နေရာ သူဝင်ပြီး ခံစားကြည့်မှ ကိုယ်ချင်းစာ နားလည်နိုင်ပီး ပုစ္ဆာကို အဖြေညှိနိုင်မှာပါ...... မျက်လုံး တစ်ဖက်တည်း ပိတ်မြင်နေသရွေ့ တစ်ဖက်ပိတ် အမြင်ပဲ ဖြစ်နေမျာပါ.......
ဒီနေရာမှာ ဒေါ်စုရဲ့ အဲ့ဒိစကားတွေကို လက်ညှိုးထိုးပီး အပြစ်တင်လာသူတွေလည်း တွေ့ရသလို ခနဲ့သူတွေလည်း တွေ့လာရပါတယ်...... ကျွန်တော်လေ့လာရသလောက်တော့ ခနဲ့သူတွေဟာ ဒေါ်စုကို ခနဲ့ခြင်းထက် အွန်လိုင်းပေါ်က ဆန်းဆန်းတင့် ဖြစ်နေတဲ့ ဒီမိုတွေကို ခနဲ့ခြင်းဆိုတာပါပဲ..... အဲ့ဒိ ခနဲ့သူတွေဟာ တစ်ချိန်က ဒီမိုတွေရဲ့ ရှေ့မကြည့် နောက်မကြည့်၊ အရှည်ကို မလေ့လာ ထင်ရာစွတ်ပြော၊ နည်းနည်းဆန့်ကျင်ဘက်ပြောသူ ရန်သူ၊ တံဆိပ်ကပ် ၀ိုင်းပီး သရော်မော်ကား လုပ်ခဲ့တဲ့ဒဏ်တွေကို ခံခဲ့သူတွေ အများစုဖြစ်နေတာကိုလည်း တွေ့ရပါတယ်...... ဒါတွေဟာ တစ်ချိန်က ဒီမိုလိုလားသူတွေလို့ ကိုယ့်ကိုကိုယ် ကင်ပွန်းတပ်ခဲ့ကြတဲ့သူတွေ စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေလို့ ကျွန်တော်ဆိုရရင် လွန်မယ် မထင်ပါ...... ကျွန်တော်လည်း တစ်ချိန်က ခရိုနီတွေကို အကျိုးရှိရှိ အသုံးချရင် တိုင်းပြည်မောင်းနှင်အား ဖြစ်မယ်၊ ခရိုနီကို သွားကျပ်လို့ ခရိုနီတွေ ကိုင်လှုပ်ရင် တိုင်းပြည်ဒုက္ခ ရောက်သွားနိုင်တယ်လို့ ရေးခဲ့တုန်းက ၀ိုင်းဆဲကြတာ မှတ်မိပါသေးတယ်....... ခရိုနီတွေကို ကာကွယ်ပေးရကောင်းလား၊ အထင်ကြီးလွန်းလား၊ ခရိုနီအောက်ဆွဲ ဆိုပီးတော့ တံဆိပ်ကပ်ခဲ့ကြပါတယ်......
အခုလက်ရှိ ကေအိုင်အေနဲ့ ဖြစ်နေတဲ့ ကိစ္စတွေမှာလည်း ငြိမ်းချမ်းရေးကို ကျွန်တော်လည်း လိုလားတာပါပဲ....... ဗမာစုတ်တွေ၊ ဆောက်ဗမာတွေ၊ ဗိုလ်ချုပ်အောင်ဆန်းလို ဗမာတောင် ကတိမတည်မှ မင်းတို့ဗမာအစုတ်ပလုတ်တွေ ကတိမတည်တာ ဆန်းသလား ဆိုတဲ့ စကားလုံးတွေနဲ့ ကေအိုင်အေရဲ့ ၀ါဒဖြန့်တွေ ရေးနေတာ မြင်တိုင်းမှာ ကိုယ်နာကျင်ရသလို၊ ကေအိုင်အေကို မကျေနပ်တာနဲ့ ရှိသမျှ ကချင်တွေကို ရောဆဲနေတဲ့လူတွေကြောင့် ကချင်လူမျိုးတွေ နာကျင်နေမှာကို ကျွန်တော်လည်း ကိုယ်ချင်းစာပါတယ်..... ဒီအတွက် ငြိမ်းချမ်းရေးကို လိုလားမယ်ဆိုရင် နှစ်ဖက်စလုံးရဲ့ ဖြစ်ရပ်တွေကို ကြည့်ရမှာဖြစ်ပါတယ်.......
ဒီနေရာမှာ အပေါ်က ကျွန်တော်ရေးခဲ့တဲ့ A နဲ့ B ဥပမာလိုပါပဲ...... B နေရာမှာရှိတဲ့ ကေအိုင်အေဟာ အလိုလိုနေရင်း မတရားအနိုင်ကျင့်ခံရသူ၊ အဖိနှိပ်ခံရသူ၊ ဖိနှိပ်သူကို တော်လှန်သူ သူရဲကောင်းအဖြစ် မြင်သွားတာပါပဲ..... ဒီအတွက် ကေအိုင်အေရဲ့ ဖြစ်တည်မှု ရပ်တည်မှုတွေကို ဘက်မျှမျှရေးသားလာရင် အဆိုပါ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ အွန်လိုင်းက ဘက်တော်သားများအနေနဲ့ လက်မခံနိုင်တာ၊ မကြိုက်တာ၊ အထူးသဖြင့် စစ်ပွဲကို အဓွန့်ရှည်ဖို့ မြှောက်ပင့်ပေးတာ၊ အစိုးရဘက်က ၀ါဒဖြန့်တာ ဆိုတဲ့ အမြင်တွေ၊ စွတ်စွဲမှုတွေ ဖြစ်လာတာပါပဲ..... ဒါဆိုရင်ဖြင့် သူတို့ဟာ ဘာကြောင့်များ အမှန်တရားကို လက်မခံနိုင်ရတာလည်း.......
ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လက်နက်ကိုင် တိုက်နေတဲ့ လုပ်ရပ်တွေ ခဏ ရပ်ဆိုင်းထားဖို့ လိုပါတယ်...... ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မှာ တစ်ဖက်ကလည်း မိုင်းခွဲ၊ မိုင်းထောင်၊ ရထားလမ်းချိုးတာတွေ၊ အပြစ်မဲ့ လူမမယ်တွေရှိတဲ့ နောက်တန်းစခန်း ၀င်တိုက်တာတွေ၊ အပြစ်မဲ့သူတွေကို သတ်တာတွေ လုပ်နေတဲ့အချိန်နဲ့ တပြိုင်နက်တည်းမှာ ငြိမ်းချမ်းရေးဆိုတာ ဆွေးနွေးဖို့ မလွယ်ကူပါ..... ဒီနေရမှာ ကိုမင်းကိုနိုင်ပြောတဲ့ " ကချင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းမှာ ယောက်ျားသားတွေ မရှိသလောက်ပါ။ ဘယ်သွားနေကြလည်း ဆိုတော့ သူတို့မိသားစုကို ငွေပို့နိုင်လို့ ပို့နိုင်ညား တရုတ်ပြည်မှာ ရရာအလုပ် သွားလုပ်နေကြရတာပါ။ " ဆိုတာလေးပါ.....
ကေအိုင်အေနဲ့ စစ်ဖြစ်နေတဲ့အထဲက ဒုက္ခသည် အများစုဟာ မိန်းမ၊ ကလေး၊ သက်ကြီးရွယ်အိုတွေ များတာ တွေ့ရမှာပါပဲ...... ၆၀ ကျော် သန်တုန်း မြန်တုန်း ယောက်ျားသားနား၊ ၁၄ နှစ်အရွယ် လူပျိုပေါက်တွေ တစ်ယောက်မှ မတွေ့ရတာကိုလည်း သတိထားကြည့်ရင် မြင်နိုင်ပါတယ်..... ကေအိုင်အေဟာ ငြိမ်းချမ်းရေးယူစဉ်ကာလမှာ ကျောက်စိမ်း လုပ်ကွက်ပေါင်း များစွာ လုပ်ခဲ့သလို၊ အခုလတ်တလောမှာလည်း ဘိန်းကုန်ကူးတာ၊ စိတ်ကြွရူးသွပ်ဆေးပြားတွေ၊ မူးယစ်ဆေးဝါး ကုန်ကူးနေတာတွေ လုပ်ကိုင်နေတာ အခုလတ်တလောမှာ တက်လာတဲ့ ဗီဒီယိုတွေမှာ မြင်ရတဲ့ ကေအိုင်အေဒေသက မူးယစ်ဆေးဝါး ပြဿနာတွေက သက်သေတွေပါ..... ဒီအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ အုပ်ချုပ်နေခဲ့ချိန်မှာ ကေအိုင်အေဟာ ကချင်ဒေသနဲ့ ကချင်ပြည်သူလူထုကို ဘာတိုးတက်အောင် လုပ်ပေးနိုင်ခဲ့သလည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ပေးနိုင်ခြင်း မရှိသလဲ စဉ်းစားရမယ့် ကိစ္စတွေပါ.......
ကေအိုင်အေဟာ ကချင်တွေ အားလုံးကို ကိုယ်စားမပြုမှန်း နားလည်ထားဖို့လိုပါတယ်..... ရိုးသားတဲ့ ကချင်လူမျိုးတွေဟာ ကိုယ့်လူမျိုး တိုးတက်ကောင်းစားရေးအတွက် လုပ်သွားချိန်မှာ လည်တဲ့ ကချင်လူမျိုးထဲက တစ်ချို့က ကေအိုင်အေထဲမှာ တရားသည် မတရားသည်ထက် ရာထူးရာခံ မြင့်မြင့်ရဖို့ ကြိုးစားရင်း ရင်းသင့်သမျှ ရင်းခဲ့တာတွေလည်း မြင်အောင် ကြည့်နိုင်ဖို့ လိုပါတယ်..... စစ်တပ် အုပ်စိုးခဲ့စဉ် နှစ် ၂၀ အတွင်း မြန်မာနိုင်ငံ ချွတ်ခြုံကျခဲ့သလို ကေအိုင်အေ အုပ်စိုးခဲ့တဲ့ နှစ်တွေမှာ ကချင်ပြည်သူတွေဘ၀ မြင့်တက်လာသလား နိမ့်ကျသွားသလား မြင်အောင်ကြည့်ဖို့ လိုပါတယ်.....

အမှန်တရားက တစ်ဖက်၊ ကိုယ့်ရဲ့ ယုံကြည်မှုက တစ်ဖက် ဖြစ်နေတတ်တာမို့ အမှန်တရားကို မြင်အောင် ကြည့်ဖို့ လိုပါတယ်..... အမှန်တရားနဲ့ ကိုယ့်ယုံကြည်မှုကို ပေါင်းစပ်နိုင်မှာ အသိအမြင် တိုးတက်လာမှာကို အမြင်သာဆုံး ပြထားတာပါ....
ဒါကြောင့် ဖြစ်လာတဲ့ ကိစ္စရပ်တိုင်းမှာ နှစ်ဖက်ကို မြင်ကြည့်ဖို့လိုပါတယ်..... ဖြန့်ထွက်တွေးခြင်း၊ ဖြည့်စွက်တွေးခြင်းဟာ နှစ်ဘက်စလုံးအပေါ်မှာ မြင်အောင် ကြည့်နိုင်ဖို့ လိုပါတယ်.... ဒီနေရာမှာ ဘက် ဆိုတဲ့ အရာနဲ့ ပါတ်သက်လို့ပါ..... နိုင်ငံရေးမှာ သူယုံကြည်ရာဘက်၊ ကိုယ်ယုံကြည်ရာဘက် ဆိုတာ ရှိကြပေမယ့် အဓိက ပန်းတိုင်ဟာ ဘာပါသလဲ....... နိုင်ငံ တည်ငြိမ်ဖို့၊ တိုးတက်ဖို့၊ တိုင်းပြည် စီးပွားရေး ခိုင်မာဖို့၊ ပြည်သူတွေ လူနေမှုဘ၀ မြင့်တက်ဖို့ အစရှိတာပဲ မဟုတ်ပါလား..... ပန်းတိုင်တူရင်၊ ရည်ရွယ်ချက်တူရင် အမြန်ရောက်ဖို့ ပူးပေါင်းလုပ်ဆောင်ရမှာ သဘာဝပါပဲ..... အခုလက်ရှိကတော့ ပြဿနာတစ်ခုကို တွေ့လာတိုင်းမှာ ပြဿနာ ဖြေရှင်းဖို့ထက် ပြဿနာကိုပဲ အလေးပေး ဝေဖန်နေကြတာ အတွေ့ရ များတာပါပဲ.... ပြဿနာ တစ်ခုကို ဖြေရှင်းဖို့ ဘယ်လိုချဉ်းကပ်မလဲ၊ ပြဿနာဖြစ်ရခြင်း အကြောင်းအရင်းအမှန်၊ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ အစရှိတဲ့ Literal Thinking သမားတွေ နည်းနေတာကို တွေ့ရပါတယ်...... ဟိုဘက် ဒီဘက် နှစ်ဘက်စလုံးက အခြေအနေကို သေခြာမသိပဲ ဘက်နှစ်ဘက်စလုံးက မကျေလည်လို့ ဖြစ်လာတဲ့ ပြဿနာကို ဖြေရှင်းဖို့ မလွယ်ပါ..... တစ်ဖက်တည်းကို လေ့လာပီး တစ်ဖက်တည်းအဆင်ပြေအောင် ဖြေရှင်းသွားပါက နောက်တစ်ဖက်က မကျေနပ်သရွေ့ ဒီပြဿနာဟာ အေးချမ်းမှာ မဟုတ်ပါ.... ဒီအတွက် ဟိုဘက် ဒီဘက် နှစ်ဘက်မျှအောင် မြင်ဖို့ ကြည့်တတ်ဖို့ လိုပါတယ်.....

ကျွန်တော်တို့နိုင်ငံတိုးတက်ဖို့ ခေါင်းဆောင် ဘယ်လောက်ပဲ ကောင်းကောင်း ကျွန်တော်တို့လူမျိုးတွေနဲ့သာ သက်ဆိုင်ပါတယ်...... ဦးသိန်းစိန်၊ ဒေါ်စု သူတို့နှစ်ယောက်ဟာ သူတို့ ကျရာ အခန်းကဏ္ဍကနေ သူတို့လုပ်သင့်တာ မှန်သမျှကို တစိုက်မတ်မတ် လုပ်နေချိန်မှာ ကျွန်တော်တို့တွေအနေနဲ့လည်း အရင်ကထက် အမြင်ကျယ်ကျယ်၊ အတွေးအခေါ် မြင့်မြင့်နဲ့ ဘက်မျှမျှ စဉ်းစားတွေးခေါ် ဆင်ခြင်နိုင်ဖို့ လိုပါတယ်......

အားလုံး ပန်းတိုင်တူကြမယ်လို့ မျှော်လင့်ပါတယ်....... ဒီအတွက် မြန်မြန်ရောက်အောင် ရွှေ့ကြပါစို့လား.....
0 comments:
Post a Comment