သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၁)
သစ်ထူးလွင်
|
- Sexy Media
- ပုဂံမြို့သစ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဆေးရုံတက်နေချိန်မှာ ယခင် ဥက္ကဌအဟောင်းနှင့် အစားထိုးမှုဖြစ်ပွါး
- ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် တရားမျှတမှု မရှိသဖြင့် ဆန္ဒထုတ်ဖော်
- ကိုရီးယား နိုင်ငံသားတစ်ဦး ၎င်းငှားရမ်း နေထိုင်နေသည့် အခန်းအတွင်း သေဆုံးမှု ဖြစ်ပွား
- တပ်မတော်တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ် ပျက်ကျ အရာရှိ နှစ်ဦး နှင့် တပ်ကြပ်ကြီး တစ်ဦးကျဆုံး
- တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည့် ဆုလာဘ်ထက်သာ စက်ရုံလုပ်သားများ
- ဇန်န၀ါရီလ (၁၄)ရက်နေ့ ထုတ် The Voice Vol.9 / No.2
- တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား လက်ရှိအချိန်ထိ တန်ဖိုးမသတ်မှတ်ရသေး ဟု ဆက်သွယ်ရေးမှဆို
- မြန်မာနယ်စပ် တရုတ်လုံခြုံရေး တိုးမြှင့်
- ပါကစ္စတန်မှာ အသေခံ ဗုံးခွဲမှုကြောင့် အများအပြားသေ
- မာလီမှာ သူပုန် သိမ်းတဲ့ မြို့ကို အစိုးရပြန်ယူ
- လိင်ပိုင်း စော်ကားမှုတွေကို သားရဲတကောင်လို Savile ကျူးလွန်ခဲ့
- လက်ပံတောင်းတောင် စီမံကိန်းစာချုပ် ပြန်စစ်မယ်
- လက်ပံတောင်းတောင် ပတ်ဝန်းကျင်ထိခိုက်ပေမယ့် လူထုကို ထိခိုက်နိုင်တာမျိုးမတွေ့ 
Posted: 12 Jan 2013 07:00 AM PST
ပွင့်လင်းမြင်သာသည့် ခေတ်ဦးအစ တွင် Sexy ဆန်သည့် ရုပ်ရှင်၊ စာပေ၊ ဖက်ရှင်၊ ကြော်ငြာ Media များကြောင့်ဖြူစင်သော ကလေးငယ်များ အတုယူမှားမည်ကို စိုးရိမ် ယခုအချိန်တွင် ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ၏ စာရိတ္တ နှင့် ကျန်းမာရေး အတွက်--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 12 Jan 2013 07:04 AM PST
ပုဂံမြို့သစ် ကျေးရွာ အုပ်ချုပ်ရေးမှူး ထပ်မံ ရွေးချယ်ရာတွင် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှ စာရေးနှင့် အရင်ဥက္ကဌ အဟောင်းများမှ ပွင့်လင်း မြင်သာမှုမရှိပဲ မိမိသဘောနှင့် မိမိပြန်လည် ရွေးချယ်ခဲ့ သဖြင့် ဆယ်အိမ်မှူးများမှ မကျေနပ် ဖြစ်နေကြောင်း သိရသည်။---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ ပုဂံမြို့သစ် ကျေးရွာ အုပ်ချုပ်ရေးမှူး ထပ်မံ ရွေးချယ် |
||||||
Posted: 12 Jan 2013 06:26 AM PST
ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့ အဆိုပါ ဆန္ဒထုတ်ဖော်မှုကို သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်း၏ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||
Posted: 12 Jan 2013 06:13 AM PST
ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ရေတာရှည်လမ်းသစ်၊ တိုက်အမှတ် (၅၁) ၊ အခန်းအမှတ် 2/C တွင် ငှားရမ်းနေထိုင်နေသော ကိုရီးယားနိုင်ငံသား တစ်ဦးသည် ဇန်န၀ါရီလ ၁၁ ရက်နေ့က ယင်းအခန်းအတွင်း ကြိုးဆွဲချ အနေအထားဖြင့် သေဆုံးနေသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||
Posted: 12 Jan 2013 05:59 AM PST
တပ်မတော်ရဟတ်ယာဉ် တစ်စီး ကချင်ပြည်နယ် မြစ်ကြီးနား မြို့အနီး အရေးပေါ် ဆင်းသက်ခဲ့ရ ရာတွင် စစ်တပ်မှ အရာ ရှိနှစ် ဦးနှင့် တပ်ကြပ် ကြီး တစ်ဦး စုစုပေါင်း သုံးဦး ကျဆုံးခဲ့ကြောင်း သိ ရသည်။ ယင်းနှင့် ပတ်သက်ပြီး မြဝတီ ရုပ်သံမှ စပ်ရပ်သတင်းဖော်ပြခဲ့ရာ တွင် တပ်မတော်မှ လေသူရဲအရာရှိ နှစ်ဦးနှင့် ပျံသန်းရေး တပ်ကြပ်ကြီး တစ်ဦး တို့ တိုင်းပြည် အတွက် အသက် စွန့်လွှတ်ခဲ့ ရကြောင်း ပါရှိ သည်။ သို့သော် ----- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 11 Jan 2013 10:36 PM PST
လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်း ရွှေလင်ဗန်း စက်မှုဇုန်အတွင်းရှိ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံမှ အလုပ်သမားများ အနေဖြင့် လုပ်ခလစာနှင့် အခြားအလုပ်သမား အခွင့်အရေးများ ရရှိရန်အတွက် အလုပ်သမား(၇၀)ခန့်က ဇန်န၀ါရီလ (၁၁)ရက်နေ့က တောင်းဆိုမှု--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 11 Jan 2013 10:26 PM PST
|
||||||
Posted: 11 Jan 2013 10:13 PM PST
၁ သိန်း ဝန်းကျင်ခန့်ဖြင့် ဇန်နဝါရီလ အတွင်း တန်းဖိုးနည်း မိုဘိုင်းဖုန်းများကို မြန်မာ့ ဆက်သွယ်ရေးမှ ရောင်းချမည်ဟု ပြည်တွင်း သတင်းဌာနများမှ သိရှိ ရသော်လည်း အဆိုပါ ရောင်းချမည့် မိုဘိုင်းဖုန်းများ၏ တန်ဖိုးနှင့်ေ ရာင်းချမည့် ရက်ကို ယခုအချိန်ထိ တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးဟု ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||||||
Posted: 11 Jan 2013 06:55 PM PST
မြန်မာနိုင်ငံ ကချင် ပြည်နယ်တွင်းက တိုက်ပွဲ အခြေအနေတွေကြောင့် မြန်မာ နဲ့ နယ်ချင်းစပ်နေတဲ့ တရုတ်နိုင်ငံ နယ်စပ်တလျှောက်မှာ လုံခြုံရေး အင်အားတွေကို တိုးမြင့်ထားတယ် လို့ တရုတ်နိုင်ငံ အစိုးရထုတ် Global Times သတင်းစာမှာ ရေးသားဖော်ပြ ထားပါတယ်။ ဒါ့အပြင် နယ်စပ်တိုက်ပွဲ အခြေအနေတွေကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်း လေယာဉ်ခရီးစဉ်အချို့ကို ရွှေ့ဆိုင်းခဲ့ရတယ် လို့လည်း ဖော်ပြပါတယ်။ တရုတ် မြန်မာနယ်စပ် အခြေအနေနဲ့ ပတ်သက်လို့တော့ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးမှာပါ။ "ကချင်တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံတွင်းကို လက်နက်ကြီးကျည်ဆန်တွေ ကျရောက် လာတဲ့ အပေါ်မှာ တရုတ်ဖက်က မြန်မာကို ကန့်ကွက်ပြောဆိုပြီးတဲ့နောက်၊ တရုတ် မြန်မာ နယ်စပ် တလျှောက်မှာ လုံခြုံရေးတွေ ပို တိုးမြင့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲကြောင့် ဒုက္ခသည်တွေ အလုံးအရင်းနဲ့ တရုတ်နိုင်ငံဘက်ကို ၀င်ရောက်လာမှာကို တရုတ်အာဏာပိုင်တွေက ပိုစိုးရိမ်နေတယ် လို့ သိရပါတယ်။ လက်ရှိအားဖြင့်လည်း ဒုက္ခသည်အချို့ ၀င်ရောက်နေတာရှိပေမယ့်၊ ကချင် ကေအိုင်အေ ဌာနချုပ် လိုင်ဇာဖက်ကို ထိုးစစ်ကြီးတွေ ဆင်လာရင်၊ ကချင်အရပ်သား ဒုက္ခသည်တွေအနေနဲ့ တဖက်ခြမ်း တရုတ်ဘက်ကိုပဲ အဓိက ၀င်ရောက်လာနိုင်စရာ ရှိတာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် မနေ့က တရုတ်နယ်စပ်မှာဖြစ်ခဲ့တဲ့ တရုတ်ပြည်ထဲမှာရှိတဲ့ ကချင်နွယ်ဖွားတွေ အများအပြား ကချင် နယ်စပ်ကို ရောက်လာပြီး ဆန္ဒပြ တာဟာ တရုတ်အတွက် ပိုပြီး စိုးရိမ်စရာဖြစ်ခဲ့တယ်လို့ တရုတ်နယ်စပ်မှာ ရှိတဲ့ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဗွီအိုအေကို ပြောပါတယ်။ "ပိုဆိုးသွားတာက မနေ့ကတုန်းကဆိုရင် တရုတ်ပြည်တွင်းမှာရှိတဲ့ ကချင်တွေ ၁၆၀၀ လောက် ကားအစီး ၁၀၀ နဲ့ လိုင်ဇာကိုလာကြတယ်။ လာကြပြီးတော့ ကချင်ပြည်နယ်နေ့ကို အသိအမှတ်ပြုတဲ့အနေနဲ့ပေါ့ နောက် ကချင် အိုင်ဒီပီတွေကို စာနာတယ် ကေအိုင်အိုကို စာနာတယ် အဲလိုဟာမျိုး လာပြီးတော့ပြောတယ်။ တရုတ်ကပိတ်ထားတာကိုး။ နယ်စပ်က နစခ က ပိတ်ထားတဲ့ အခါကြတော့ လာပြောတဲ့ အထဲမှာလည်း တရုတ်ပြည်မှာ အမှုထမ်း နေတဲ့ တရုတ်ပြည်ကချင်တွေ တရုတ်ကချင်တွေ ဝန်ထမ်းတစ်ချို့ပါတယ်။ ပါတော့ တရုတ်အနေနဲ့ နေ့ညကတော့ အတော် ခေါင်းကိုက်တဲ့ ကိစ္စဖြစ်မှာပေါ့။ လောလောဆယ် ကျနော်တို့ ပြင်ဆင်မှုတွေ့တာတော့ လက်နက်ကိုင်ရဲ လို့ ခေါ်တာပေါ့။ သူတို့ မှာတော့ နယ်စပ်ဒေသ တည်ငြိမ်ရေး နဲ့လူဝင်မှုကြီးကြပ်ရေး တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မဟုတ်သေးဘူး။ အဲဒီ အဖွဲ့တွေတော့ တိုးပြီးချလာတယ်။ တပ်ကတော့ ကျနော်တို့ သိသလောက် မူလချထားတဲ့ တပ်ရင်း ၃ ရင်းပေါ့နော် ကေအိုင်အေ နယ်မပါသေးဘူး အောက်ဖက်မှာတင် တပ်ရင်း ၃ရင်းဆိုတော့ ကေအိုင်အေ နယ်နဲ့ပေါင်းရင် ၅ ရင်းလောက်ရှိတာပေါ့။ အဲဒါကို ထပ်ဖြည့်မယ်ဆိုရင်လည်းနောက်ထပ် သုံး လေးရင်း ထပ်ဖြည့်မယ့် အလားအလာ မြင်တယ်။ ပြီးခဲ့တဲ့ လွန်ခဲ့တဲ့ ၈ရက် ၉ရက် ၁၀ရက် လောက်မှာတော့ ရှင်ထူးစစ်ဒေသကြီးပေါ့။ ကွန်းမိန် စစ်ဒေသကြီးကနေ အရာရှိကြီးတွေကို နယ်စပ်တစ်ကြောကို လိုက်ပြီးတော့လိုက်ကြည့်သွာြး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ "ကန့်ကွက်ပြီးတော့မှ နောက်ထပ် ၃လုံးထပ်ကျတယ်လေ။ ၉ရက်နေ့ နောက်ပိုင်းမှာ နောက်ထပ် ၃လုံးထပ်ကျတယ်။ ကန့်ကွက်ပြီးမှကို ထပ်ကျတာ" ဒီအပေါ်မှာကော တရုတ်ဖက်က ဘာထပ်တုန့်ပြန်တာရှိပါလဲ။ "ကျနော်တို့ အခုထိတော့ သူတို့ ဘာတုန့်ပြန်မယ် မပြောတပ်ဘူးဗျ။ အခုလိုပဲ လူကြီးတွေတော့ သူတို့အထဲက လူကြီးတွေကိုယ်တိုင်ဆင်းလာပြီး ကြည့်နေကြတာ တွေ့တယ်" တစ်ချို့က ယူဆတာက ကေအိုင်အေ လိုင်ဇာတို့ လန်ဂျားယန်တို့ကို တိုက်တဲ့ အခါမှာ လေယာဉ်သုံးတဲ့ အခါမှာ တရုတ်နယ်ထဲအထိ လေယာဉ်က ဝင်တယ်။ တရုတ်ဘက်ကပဲ ခွင့်ပြုထားလို့လား။ "တရုတ်လေတပ်က ငြင်းတယ်ပေါ့ဗျာ။ လူတိုင်းမြင်တယ်။ အရပ်သားတွေ လည်းမြင်တယ်ပေါ့။ ကျနော်တို့က လေကြောင်းကိစ္စကတော့ သိပ်တော့နားမလည်ဘူး။ ကျနော်တို့လည်း မေးထားတုန်းပဲ။ ဟိုဖက် ဒီဖက်မှာ ၅ကီလို ဘော်ဒါရဲ့ ဟိုဖက် ဒီဖက်မှာ ၅ကီလိုလောက်ကို အင်တာနေရှင်နယ်ဇုံ အနေနဲ့ထားသလား။ သူ့ဖက်ကပြန်ပြောတာက ဒီ ၂၆ရက်ကစပြီးတော့ ၉ရက်နေ့အထိ အဲ ၇ရက်နေ့အထိမှာ ဗမာစစ်တပ်က လေကြောင်းအရတိုက်ခိုက်မှုက ၁၁၉ ကြိမ်ရှိတယ်။ သူတို့ရေဒါကရထားတာ။ ၁၁၉ ကြိမ်ရှိတယ်ပြောတယ်" Global Times သတင်းစာမှာတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကချင်ပြည်နယ် နယ်စပ် တိုက်ပွဲတွေကြောင့် ယူနန်ပြည်နယ်တွင်းသွားတဲ့ လေယာဉ်ခရီးစဉ်အချို့ ရွေ့ဆိုင်း ခဲ့ရပြီး၊ ကြာသာပတေးနေ့မှာတော့ ပုံမှန် ပြေးဆွဲခဲ့တယ်လို့ ရေးထားပါတယ်။ တိုက်ပွဲတွေဖြစ်ပြီး မီးခိုးမှိုင်းတွေ ပြည့်နေတာကြောင့် လို့ဆိုပါတယ်။ ဒါ့အပြင် ကေအိုင်အေ ဌာနချုပ်ရှိရာ နယ်စပ်က လိုင်ဇာမြို့အနီးတ၀ိုက်မှာ မြန်မာဖက်က လေကြောင်းနဲ့ရော မြေပြင်ကပါ ပြီးခဲ့တဲ့ စနေကတည်းက ထိုးစစ်ဆင်ခဲ့တယ်လို့ ဒေသခံတွေကို ကိုးကားရေးသားပါတယ်။ ကချင်ပြည်နယ် အခြေအနေတွေနဲ့ပတ်သက်လို့ ကေအိုင်အေဖက်ကို မေးမြန်းကြည့်တော့ လိုင်ဇာအနီးတ၀ိုက်မှာ ဒီကနေ့သောကြာနေ့ တိုက်ပွဲတွေ အေးနေပေမယ့်၊ ပန်းဝါနဲ့ အခြားဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦး (ဗွီအိုအေ) |
||||||
Posted: 11 Jan 2013 06:52 PM PST
ပါကစ္စတန် နိုင်ငံ ကွာတာမြို့က ဘိလစ်ခုံမှာ နှစ်ဆင့် ပေါက်ကွဲမှုအတွင်း ဒုတိယအကြိမ် ပေါက်ကွဲမှုကြောင့် အများအပြား သေကြေ ဒဏ်ရာရတာ ဖြစ်ပါတယ်။ ပထမဗုံးတလုံး ပေါက်ကွဲပြီး ရဲနဲ့ မီဒီယာသမားတွေ ချက်ခြင်း ရောက်လာစဉ် နောက်တလုံး ပေါက်ကွဲတာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||
Posted: 11 Jan 2013 06:45 PM PST
အာဖရိကတိုက်က မာလီနိုင်ငံမှာ အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဆက်စပ်မှုရှိပြီး နိုင်ငံတဝက်လောက်ကို သိမ်းထားတဲ့ အစ္စလာမ္မစ်သူပုန်တွေကို ရင်ဆိုင်နေရတဲ့ အစိုးရကို ပြင်သစ်က တပ်တွေ စေလွှတ် အကူအညီပေးခဲ့ပြီးတဲ့နောက် အစိုးရတပ်တွေဟာ စောစောပိုင်းက သူပုန်တွေ သိမ်းထားတဲ့---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||
Posted: 11 Jan 2013 06:35 PM PST
ဒီကနေ့ ထွက်လာတဲ့ Jimmy Savile နဲ့ ပတ်သက်တဲ့ အစီရင်ခံစာဟာ ပြီးခဲ့တဲ့ ၃ လက စပြီး စကော့တလန် ယာ့ဒ် ရဲဌာန နဲ့ NSPCC လို့ခေါ်တဲ့ ကလေးသူငယ်များအပေါ် အကြမ်းဖက် မှုတွေကနေ ကာကွယ်ပေးရေး အဖွဲ့တို့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ် ပြီးနောက် ထွက်လာတာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||
Posted: 11 Jan 2013 06:26 PM PST
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အတွက် အစိုးရ၊ စစ်တပ်ပိုင် စီးပွားရေး ဦးပိုင်နဲ့ တရုတ် ကုမ္ပဏီတို့ ချုပ်ထားတဲ့ စာချုပ်တွေကို ပြန်စစ်မယ်လို့ စီမံကိန်း ရပ်ဆိုင်းဖို့ ဆန္ဒပြမှုတွေအပြီး ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||||||
Posted: 11 Jan 2013 06:16 PM PST
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် မြေသားတူးပြီး စွန့်ပစ်တာကြောင့် ဖြစ်တဲ့ သဘာဝဝန်းကျင် ထိခိုက်မှုတွေ ရှိပေမယ့် ပြည်သူကို ထိခိုက်စေနိုင်တဲ့ မြေထု ရေထု အဆိပ်သင့်တာမျိုး ထင်ထင်ရှားရှား မတွေ့ရဘူးလို့ အဲဒီဒေသမှာ သွားရောက် လေ့လာခဲ့တဲ့--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
0 comments:
Post a Comment