သူလို ဘုရင်
ရှေးမြန်မာမင်းများလက်ထက်တွင်
တိုင်းသူပြည်သားများအား ရင်ဝယ်သားလို အုပ်ချုပ် ခဲ့သည့်
ဘုရင်များရှိခဲ့ကြသည်။ ထိုဘုရင်များထည်းတွင် သာလွန်မင်းသည် အလွန်းရှား
လှသည့် ဘုရင် တစ်ပါးဖြစ်သည်။ ဥပဒေ စည်းကမ်းနှင့် ပက်သက်ပါက မိမိကိုယ်
ကိုပင် အပြစ်ပေးသည့် ဘုရင် တစ်ပါးဖြစ်သည်။ ထိုကဲ့သို့ ဥပဒေနှင့်အညီ
ဆုံမခဲ့သည့်သာဓကများ သည် မြန်မာသမိုင်းတွင် မှတ်တမ်းဝင်တစ်ခု အဖြစ်တည်
ရှိလေသည်။ ထိုများထည်းမှ သာလွန်မင်းခေတ်ထင်ရှားသည့် ဥပဒေ မှတ်တမ်း ၃
ခုကို တင်ပြပါမည်။
ပထမထုံး
သာလွန်မင်းတရားကြီး တိုင်ခန်းလှည့်လည်စဉ်တွင် သူဆင်းရဲမုဆိုးမတစ်ယောက် ထမင်းရေ မြေကြီးပေါ်သို့ ငှဲ့နေသည်ကိုမြင်သဖြင့် သူဆင်းရဲမကိုခေါ်ကာ ပြောဆိုဆုံးမ သည်မှာ '' ဟ.် သူဆင်းရဲမ နင်ငှဲ့ နေတဲ့ ထမင်းရေကို ကလေးတွေကို တိုက်သော ထမင်း စာတဲ့ ဝေဒနာ ကလေးတွေမှာ သက်သာသာပေါ့၊ ကလေးတွေ သောက်လို့ ပိုတာကို ၀က်ကို ကျွေးသော ၀က်ဝ တာပေါ့ တန်ဖိုးရှိတဲ့ ထမင်းရေကို မနှမြောဘဲ မြေကြီးပေါ် သွန် ရလာ '' ဟု ကရုဏာဒေါသထွက်ကာ ကြိမ်ဒဏ်ပေးလေသည်။ ကြိမ်ဒဏ်ခံရပြီသော်ကာ သူဆင်းရဲမကို ငွေ ၁၀၀ စွန့်ကြဲလေသည်။ ထိုသည်ကိုကြည့်လျှင် တန်ဖိုးရှိတာကို အလကားဟသက် သုံးပါက အပြစ်ပေးတတ်သလို သူဆင်းရဲများအပေါ်တွင် ကရုဏာ စိတ်ဖြင့် ငွေချီမြှင့်တတ်သည်ကို တပြိုင်နက် တွေ့ မြင်ရပါသည်။
ဒုတိယထုံး
တနေ့သော နိုင်ငံခြားမှ လာသော ပိုးထည်များကို ဘုရင်မင်းမြတ်အား ဆက်သရာ ပိုးထည်များ၏ အဆင်လှသဖြင့် တစ်ဦးတည်းသော သမီးတော်ကို ၀တ်ဖို့ ပေးလေသည်။ သမီးတော်လည်း ပိုးထည်းကို ချုပ်ကာ ဘုရင်မင်းမြတ်ထံဝင်ရောက်ခစားလေသည်။ ထိုသို့ ခစားရာမှ နန်တော်တိုင်ကို မှီ၍ထိုင်နေသည်ကို သာလွန်မင်း တွေ့ သော် " ဟယ် သမီး မိုက် ပြည်သူ့ ဥစ္စာကို တန်ဖိုးထား ၀တ်ရကောင်းမှန်မသိဘူး ပစ္စည်းကောင်း နင်နဲ့မတန် ဘူး " ဟု စိတ်ဆို၍ ပြောဆို ဆုံးမပြီ သမီးတော်နှင့် ၃ ရက် စကားမပြောဘဲ နေလေသည်။ ထိုသည်ကိုကြည့်ပါက ပြည်သူ့ဥစ္စာကို တန်ဖိုးမထားတတ်ပါက တစ်ဦးတည်းသော သမီးတော်ကိုပင် ပြောဆို ဆုံးမတတ်သည်ကို တွေ့ ရသည်။
တတိယထုံး
ထိုထုံကို ဖတ်ကြည့်ပါက အလွန်လေးစားဖို့ ကောင်းသည်ကို တွေ့ မြင်ရမည်ဖြစ်သည်။ မြန်မာမင်း (ရခိုင်ဘုရင်) တို့၏ လွှတ်တော်တွင် ကြမ်းခင်းများ၌ ကွမ်းထွေးပေါက်များရှိလေသည်။ လွှတ်တော်ကို တက်ရောက်လာသော မူးမတ်များသည် ကွမ်းစားပြီ လက်ညှိုးတွင် ပေနေသည့် ထုံးကို လွှတ်တော်တိုင်များတွင် သုတ်ထားခဲ့လေသည်။ ထိုသို့ သုတ်ကြ သဖြင့် လွှတ်တော်တိုင်များ ညစ်ပတ်နေသည်ကို တွေ့ ကာ သံတော်ဆင့်များကို ခေါ်၍ " လွှတ်တော်တိုင်တွင် ထုံးသုတ်ပါက လက်ညှိုးဖြတ်မည်" အမိန့်ထုတ်လေသည်။ တစ်နေ့ လွှတ်တော်တိုင်တွင် ထုံးချစ်ရာတွေ့ ရာ သံတော်ဆင့်အမတ်ကို ခေါ်၍ မေးရာ အရှင်မင်းကြီး သုတ်တာပါဟု အမတ်လည်း ကြောက်ကြောက်နှင့် ဖြေလေသည် မင်းကြီးလည်း မှတ်တမ်းကို သေခြာ စစ်ဆေးကြည့်ရာ သူမေ့ပြီ သုတ်မိသည်ကို တွေ့ လေ သည်။ သန်လျှက်ကို ထုတ်၍ မိမိ လက်ညှိုးကို ဖြတ်လိုက်လေသည် မူးမတ်များ ၀ိုင်းတား ကြသောလည်း မရဘဲ လက်ညှိုးပြတ်သွားတော့သည်။ ပြတ်နေသည့် လက်ကို နန်းတွင် သမားတော်မှ ဆေးစည်းပေနေစဉ် ဘုရင်မင်းတရားကြီးမှ မူးမတ်များကို သူ့လက်ညှိုး ဖြတ်ရခြင်းအကြောင်း ရှင်းပြလေတော့သည်။ ထိုအမိန့်သည် မိမိထုတ်ထားသည်မှာ မှန်ပါသည် ထိုအမိန့်ကို မိမိကတော့ မလိုက်နားဘဲ အခြားသူများကိုသာ အရေးယူမည် ဆိုပါက ပညာရှိ သူတော်ကောင်းတို့၏ ကဲ့ရဲ့ ခြင်းကို ခံရပေမည် ထို့အတွက်ကြောင့် မိမိ၏ အမိန့်ကို မိမိကိုယ်တိုင် လိုက်နာကြောင်း အများသူများသိစေရန် လုပ်ရခြင်း ဖြစ်သည် ဟု ရှင်းပြလေသည်။
ထိုသည်ကို ကြည့်ပါက သာလွန်မင်းသည် တိုင်းပြည်အုပ်ချုပ်ရာတွင် ကျောသား၊ ရင်သား မခွဲခြားဘဲ တတန်းထည်း အုပ်ချုပ်သည်ကို တွေ့ မြင်ရမည်ဖြစ်သည်။
အလင်းစေတမန်

0 comments:
Post a Comment