Monday, January 21, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၁)

သစ်ထူးလွင်



Posted: 21 Jan 2013 05:36 AM PST
တနင်္သာရီတိုင်း၊ မေတ္တာမြို့ နယ်ခွဲရှိ ဆင်ဖြူတိုင် ကျေးရွာ ဂိတ်စောင့်သည့် ရွာသားတစ်ဦးကို အစိုးရစစ် တပ်မှ ဗိုလ်မှူးကြီး တစ်ဦးက ဖိနပ်ဖြင့် ရိုက်နှက်ကာ ပြန်မလွှတ် ပေးသေးဘဲ ၎င်းတို့ စခန်းတွင် ယနေ့ အထိ ဖမ်းဆီးချုပ် နှောင်ထားကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jan 2013 04:54 AM PST
အစိုးရ တပ်မတော်မှ သုံးပွင့် အဆင့်ရှိ စစ်ဗိုလ်တစ်ဦးပါ အဖွဲ့နှင့် အရပ်သား ပြည်သူများ ခိုက်ရန်ဖြစ် ပွား ခဲ့ကြပြီး ကမာရွတ်ရဲတပ်ဖွဲ့စခန်းတွင် အပြန်အလှန် အမှုဖွင့် တိုင်ကြားမှု တစ်ခု ဇန်နဝါရီလ ၁၆ ရက်နေ့ က ဖြစ်ပွားခဲ့ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 21 Jan 2013 04:31 AM PST
အိန္ဒိယ-မြန်မာ နယ်စပ် အင်ဖန် မိုးကားလမ်းတွင် လူ/ယာဉ် သွားလာမှုကို ဇန်နဝါရီ (၁၄)ရက်နေ့မှ စ၍ ပိတ်ထားသဖြင့် ၄င်းလမ်းပေါ် ရှိ တမူး နယ်စပ်ဂိတ်တွင် ကုန်သွယ် မှုရပ်တန့် လျက်ရှိကြောင်းနယ်စပ် ကုန်သွယ်ရေးမှ သတင်းရရှိသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jan 2013 04:20 AM PST
ဆန်ဈေးနှုန်းများ ပြန်လည် ကျဆင်း ခဲ့သော်လည်း အခြေခံ စားသောက် ကုန်ပစ္စည်းများ အဆမတန်မြင့်တက် နေသောကြောင့် ဈေးနှုန်းများ ကျဆင်း စေရေးအတွက် ကချင် ပြည်နယ် အစိုးရအဖွဲ့က စေလွှတ်သော ကုန်ကားစီးရေ ၆ဝ ခန့်မှာ လမ်းခုလတ်တွင် ခရီးဆက် မရဖြစ်နေကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jan 2013 04:07 AM PST
ငြိမ်းချမ်းရေးရဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ခံယူချက်ထား ရမယ်လို့ ပဲခူးတိုင်း ခရီးစဉ်ဖြစ်တဲ့ မုန်းမြို့အရောက် ဇန်နဝါရီ ၂ဝရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်ပါတယ်။
ငြိမ်းချမ်းရေး ဆိုတာ ကြိုးစားပြီး လုပ်ရမှာဖြစ်သလို လက်ရှိ တိုင်းပြည်မှာ ပြည်တွင်းစစ် ဆက်ဖြစ်နေတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု မရှိတာကြောင့်လို့ မြေမြှုပ်မိုင်း ဒဏ်ခံခဲ့ရတဲ့ မုန်းဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ပြောဆိုခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Jan 2013 03:31 AM PST
မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများ နိုင်ငံတကာသို့ သယ်ယူ ပြောဆိုခွင့် ရရှိပါက နိုင်ငံပါင်း ၁၀၀ ကျော်အထိ အသုံးပြုနိုင်မည်ဟု မြန်မာ့ ဆက်သွယ်ရေး  လုပ်ငန်းမှ ဆိုထားသည်။ ယခင်က မြန်မာGSM ဖုန်းလိုင်းများကို နိုင်ငံတကာ သယ်ဆောင် အသုံးပြုခွင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jan 2013 03:24 AM PST
မန်းရေနံမှ နယ်မြေ ပိုင်းခြားကန့်သတ်၍ မြို့နယ် မြေစာရင်း ရုံးတွင် ဒေသတွင်း လယ်သမားများ လယ်ယာ လုပ်ကိုင်ခွင့် (၂၀၁၂) ဥပဒေအရ မှတ်ပုံတင်ခြင်းကို ကန့်ကွက်ထားမှုကြောင့် မင်းဘူး
မြို့နှင့် အနီးတစ်ဝိုက် မန်းရေနံမြေ နယ်နမိတ်အတွင်း ကျရောက်သော

သတင်း  အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 21 Jan 2013 03:06 AM PST
မြန်မာ-ထိုင်း မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲမှာ တွေ့မရှောင်နဲ့ ထွန်း ထွန်းမင်း တို့ ပထမအချီမှာပဲ အလဲထိုး အနိုင်ရရှိတဲ့ ပွဲစဉ်တွေကို ရှုစားရမှာ ဖြစ်ပါ တယ်...

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

မြန်မာ-ထိုင်း ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို ဇန်န၀ါရီလ ၂၀ ရက်နေ့က သိမ်ဖြူ အားကစားရုံမှာ ကျင်းပခဲ့ရာ ထွန်းထွန်းမင်း(မုဒုံသား) က ပွန်ပက် (ထိုင်း၊ ၀မ်းစုံချိုင်း ကလပ်) အား ဒုတိယအချီမှာ အလဲထိုးနဲ့ လည်းကောင်း ၊ တွေ့မရှောင်(နဂါးမာန်/မြန်မာ)က ဂျိုဝီဟ (ထိုင်း၊ ၀မ်းစုံချိုင်း ကလပ်)ကို ပထမအချီမှာ အလဲထိုးနဲ့ အသီးသီး အနိုင်ရရှိခဲ့ကြ။

Posted: 21 Jan 2013 02:54 AM PST
ကချင်ဒေသမှာ အပစ်အခတ် ရပ်စဲရေး အထမြောက် အောင်မြင်အောင် အကောင် အထည်ဖော် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုက်တွန်း လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း

Posted: 21 Jan 2013 02:47 AM PST
အပစ်ခပ်ရပ်ဖို့ အစိုးရက တိုက်တွန်းပေမဲ့ ကချင် နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Jan 2013 02:42 AM PST
အစိုးရတပ်က  ကေအိုင်အို ဌာနချုပ် လိုင်ဇာကို သိမ်းမှာ မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မနေ့က လူမှုအဖွဲ့အစည်းတွေနဲ့ ရန်ကုန်မှာ  တွေ့ဆုံခိုက်မှာ ပြောကြား ခဲ့ပေမယ့်လည်း  ဒီနေ့ ကချင်ပြည်နယ် လိုင်ဇာဒေသမှာ  တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Jan 2013 02:30 AM PST
 နေပြည်တော် ဇေယျသီရိ မြို့နယ်ရှိ စည်ပင်ကြီး ကျေးရွာတွင် နေထိုင်သူ ဒေါ်တိုးတိုးလှိုင်အား ကံစမ်းမဲ သိန်းဆု ပေါက်သည်ဟု ဆိုကာ အလှူငွေ ထည့်ရန်အတွက် ဘဏ်သို့ ကျပ် (၁၁) သိန်းခွဲအား လွှဲပို့ခိုင်း ပြီး လိမ်လည်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jan 2013 02:22 AM PST
ရန်ကုန်မြို့ စဥ့်အိုးတန်း ဗောတံတားတွင် ဆိုက်ကပ်ထား သော မော်လမြိုင်ကျွန်းသို့ ထွက် ခွာမည့် ရွှေစင်ကြယ် သင်္ဘောပေါ် တွင် ကျုံကျိုက်သို့ လိုက်ပါမည့် ခရီးသည်များနှင့် ဆိပ်ကမ်း (ပျံကျ)အလုပ်သမားတို့ ဇန်န၀ါရီ လ (၁၅)ရက် ညနေ (၃)နာရီ ခန့်အချိန်တွင် မချေမငံ ရန်ပြု ပြောဆိုမှု ဖြစ်ပွားခဲ့ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jan 2013 02:07 AM PST
ကားစက် ပျက်သွားသည်  ဆိုသောကြောင့် ဘဏ်မှ ငွေထုတ်လာသော ခရီးသည် နှစ်ဦးက ဆင်း၍တွန်းပေးနေစဉ် ကားပေါ်ပါ ငွေကျပ် ၆၆၆ သိန်းအား မောင်းနှင် ထွက်ပြေး သွားသော တက္ကစီယာဉ်မောင်းအား ရက်သတ္တပတ် နှစ်ပတ် အကြာတွင် ကမာရွတ် ရဲစခန်းမှ ဖမ်းဆီး ရမိကြောင်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Jan 2013 01:56 AM PST
ဇန်န၀ါရီ ၁၆ ရက်တွင် ထုတ်ပြန်သော နိုင်ငံတော် သမ္မတ ရုံး၏ အမိန့်အမှတ် (၂/၂၀၁၃) အရ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသော သူရဦးမြင့်မောင်နှင့် ဦးသိန်းထွန်းတို့ ယင်းတို့၏ သဘောဆန္ဒအလျောက် တာဝန် မှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ထုတ်ပြန် ကြေညာချက်နှင့် ပတ် သက်၍ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jan 2013 01:47 AM PST
ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီး ဦးသိန်းထွန်း အား နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ဇန်နဝါရီလ ၁၆ ရက်နေ့က ကြေညာလိုက်ပြီး နောက်ပိုင်း ဆက်သွယ်ရေးနှင့် ပတ်သက်သည့် သတင်းဂယက်များ အင်တာနက် စာမျက်နှာများတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နုတ်ထွက်သွားတဲ့ ဝန်ကြီး ဦးသိန်းထွန်း

Posted: 21 Jan 2013 01:19 AM PST
ကောင်းကင်ကြီး တစ်ခုလုံးတွင် မြူအုံ့ဆိုင်းကာ မိုးတဖွဲဖွဲ ကျနေသည့် တစ်မနက်ခင်း…။ အိမ်တစ်အိမ်မှ အဘွားအိုနှင့် အသက် (၄၀) ဝန်းကျင်ခန့် လူလတ်ပိုင်း တစ်ဦး အပြန်အလှန် အော်ဟစ်သံများ ထွက်ပေါ်နေသည်။

 ကချင် ပြည်နယ်တွင် ဆိုးဝါးနေသည့် နိုင်ငံရေး အခြေအနေ၊ အေးချမ်းနေသည့် ရာသီဥတု အခြေအနေဖြင့် မြစ်ကြီးနားမြို့တစ်မြို့လုံး တိတ်ဆိတ် ငြိမ်သက်မှု များကြားမှ ထိုအော်သံများ ထွက်ပေါ် နေခြင်းဖြစ်သည်။

“အမေ မလုပ်ပါနဲ့။ အမေ့ မြေးကို ကြက်ဥနဲ့ဘဲ ဆာခြစ်ရအောင်။ သားက ငယ်သေးတယ်။ မလုပ်ပါနဲ့။” ဟု ဦးဘရန်ဆိုင်းက သူ့အမေ အဘွားအိုကို တားမြစ်ပြောဆိုရင်း သူ၏ သားငယ် အသက် (၄) နှစ် သားကို ဆွဲခေါ်ကာ အတင်းဖက်ထားလိုက်သည်။

ကလေးငယ်မှာ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူနေသည်။ အဖျားကြီးနေသည့် ကလေးငယ်အား အဘွားအိုမှာ မက်ကလောင်(ဆာခြစ်) ပေးချင်နေခြင်းဖြစ်သည်။

“ဒီလို ဆာခြစ်တာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပျက်သွားနိုင်တယ်။ ခုကလေးက ငယ်သေးတယ်။ အဲ့လို ဆာခြစ်ရင် အကျင့်ဖြစ်လာမယ်။ နည်းနည်း နေမကောင်းတိုင်း ဆာသာခြစ်နေမယ်ဆိုရင် အရေပြားတွေလည်း ထိခိုက်လာနိုင်တယ်။” ဟု တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးဘရန်ဆိုင်းက ပြောသည်။

မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသများတွင် တုတ်ကွေး၊ နှာစေး၊ ငှက်ဖျားရောဂါ၊ ခေါင်းမူး- ခေါင်းကိုက်၊ ဇာတ်ကျောတတ်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ ခန္ဓာကိုယ် ကိုက်ခဲခြင်းစသည့် နာမကျန်းမှုဖြစ်လျှင် ရှေးရိုးထုံးစံအရ ခန္ဓာကိုယ်ပေါ်တွင် ဆာခြစ်ကြသည်မှာ ဓလေ့တစ်ခုလို ဖြစ်လာခဲ့သည်။

ခေါင်းမူး- ခေါင်းကိုက်၊ ကိုယ်ပူခြင်း လောက်တော့ သူတို့မှာ ဆေးမသောက်ကြပေ။

ဆာခြစ်ခြင်းကို အသက် (၁) နှစ် အထက် ကလေးများမှစကာ သက်ကြီးရွယ်အို အထိ ဆာခြစ်ကြခြင်း ဖြစ်သည်။ လည်ဂုတ်၊ ကျောရိုး၊ လက်မောင်း၊ ပေါင်၊ ခြေထောက်၊ ရင်အုံအထက်/ အောက်နှင့် ခါး စသည့်နေရာများတွင် (ကြွေ) ဇွန်း၊ ဖျော်ရည်ဗူးခွံ၊ ပိုက်ဆံစေ့-အဟောင်း၊ တိရစ္တာန် (ကျွဲ) အရိုး- ချို၊ ကျောက်စိမ်း များဖြင့် အရေပြားကို ဆက်တိုက် ခြစ်ပေးကြသည်ကို တွေ့မြင်နေရသည်။

ဖျားနာနေသည့် လူငယ်၊ ကလေးများကို ဆာခြစ်သူ လူကြီးများက ပေါင်နှစ်ဖက်ကြားညှပ်၊  ရှိသမျှ ခွန်အားသုံးကာ ကြွက်သား အောက်ဖက် ဖိ- ခြစ် ပေးနေသည်။ ထိုကလေးများမှာ နာကျင်သည့် ဝေဒနာကြောင့် အော်ငိုရင်း ရုန်းကန်နေသဖြင့်  နောက်ထပ် လူတစ်ဦးပါ ထိန်းချုပ်ထားရသည်။

ယခုလို ဆောင်းတွင်း ရာသီဥတုတွင်ဆို ကျွန်တော်၏အိမ် ဘေးပတ်ပတ်လည်ရှိ အိမ်များမှ မကြာ မကြာ ငိုသံ၊ ညည်းသံတွေ ကြားနေရသည်။

ရာသီဥတု အေးလာတော့လည်း အေးသည့် ရောဂါ၊ ပူတော့လည်း ပူသည့် ရောဂါ၊ မိုးအေးတော့လည်း မိုမိလို့ဖြစ်သည့် ရောဂါများကြောင့် ကချင်ပြည်နယ်ရှိ ဒေသခံလူထုအားလုံးနီးပါး၏ ခန္ဓာကိုယ်ပေါ် သွေးခြည်ဥနေသည့်အခြစ်ရာ အစင်းစင်းများ ရှိနေသည်။

“ကျွန်တော်ဆိုလည်း ဆာခြစ်လိုက်ရမှ ဖျားတာ ပျောက်တာ။ ဆေးဘယ်လောက်သောက်သောက် ဆာကို ခြစ်ချင်တာ။ ဆာမခြစ်မချင်း ဖျားတာ မပျောက်သလိုပဲ။” ဟု မြစ်ကြီးနားရှိ လက်သမားဆရာ တစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံမှ အထွေအထွေဆရာဝန် ဒေါက်တာ ဝဏ္ဏက “လူအရေပြားပေါ်မှာ ဖုံတွေ၊ ပိုးတွေ ရှိတယ်လေ။ ပရုတ်ဆီ လိမ်းပြီး ဆာခြစ်တော့ ပူလာတယ်။ ပူတော့ ဝေဒနာပျောက်သလို ခံစားရတယ်။ တကယ်တော့ အဲ့လို ခြစ်တာက ခြစ်ရင်းခြစ်ရင်း နာတဲ့နေရာလွဲပြီး ပူလာတယ်၊ ထုံလာတယ်။ ဝေဒနာ ပျောက်သလို ခံစားလာရတယ်ပေါ့။ တကယ်တော့ ဝေဒနာက မပျောက်ပါဘူး။” ဟု ပြောသည်။

တော်ပေါ်ဒေသများတွင် ယင်းသို့ နာမကျန်းဖြစ်လျှင် ဆာခြစ်ခြင်း၊ စအိုတွင် သွေးဖောက်ခြင်း၊ လက်မောင်းအား ကြိုးချည်၍ သွေးဖောက်ခြင်း ၊ လည်ဂုတ်တွင် လက်နှင့် ဆွဲခြင်း၊ ခန္ဓာကိုယ်- နှဖူးပေါ်တွင် ဖရောင်းတိုင်ထွန်းကာ ပုလင်းဖြင့် လေဟာနယ်တွင် သွေးစုတ်ထုတ်ခြင်း၊ ရာဘာဖိနပ်ဖြင့် ရိုတ်ခြင်း၊ အများအားဖြင့် အရွတ်ကြော၊ နဖူး- အလယ်ခေါင်နေရာများ စသည့် လွယ်လင့်တကူ ဝေဒနာများကို   ပျောက်ကင်းအောင် ဖြေရှင်းကြသည်ကို တွေ့ရသည်။

“စအိုမှာ ဖောက်တာ သွေးဆိပ်တက်တာ ပိုဆိုးတယ်။ အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ ဝေဒနာရှင်တွေက အိမ်မှာ သွေးဖောက်၊ ဆာခြစ်ပြီး ဆေးရုံးကို နောက်ကျမှ ရောက်လာတယ်။ ဆုံးသွားတဲ့ လူတွေလည်း အများကြီးရှိနေပြီ။ ကယ်လို့မရဘူး။”ဟု ဒေါက်တာ ဝဏ္ဏက ရှင်းပြ ပြောကြားသည်။

တောင်တန်းဒေသနှင့် ကျန်းမာရေး ဗဟုတုတ နည်းသည့် နေရာဒေသများတွင် ဖျားနာလျှင် မက်ကလောင် ပိုးတစ်ကောင် ဝင်ရောက်နေသည်ဟု ယူဆကြသည်။ ထိုပိုးကောင်အား မက်ကလောင်ခြစ်ခြင်းဖြင့်သာ ပျောက်ကင်းနိုင်ကြောင်း သုံးသပ်ကြသည်။

သို့သော် အဘထ တိုင်းရင်းဆေးဆရာတော်ကမူ ဗမာဆေးကုထုံးနည်း၊ အင်္ဂလိပ် ဆေးကုထုံးနည်းများတွင် မက်ကလောင်ခြစ်ခြင်းမျိုးမရှိကြောင်းဆိုသည်။

“မက်ကလောင်ဆိုတာ သီးခြားဖော်ပြထားခြင်းမရှိ၊ သီးခြားကုထုံးမှာလည်းမရှိဘူး။ တကယ်တော့ လူတွေက တကယ်ဖြစ်တယ် ။ ဖြစ်နေတယ်ဆိုတော့ အဖျား တီဘီ၊ ငှက်ဖျားရေ ရှိတယ်။ ငှက်ဖျား ဖြစ်ချင်သူက အဖျားသွေးဝင်လာရင် မလှုပ်ချင်တော့ဘူး။အကြောတွေ ဆိုင်းလာတယ်။ အဲ့တာကို မက်ကလောင်ခြစ်ကြတယ်။ ရောဂါပျောက်တာ မဟုတ်ဘူး စိတ်ရဲ့ ကုစားခြင်းလို့ပဲ ပြောချင်တယ်။” ဟု ဆရာတော်က ပြောသည်။

အန္တရာယ်အကြီးဆုံးတစ်ခုမှာ မက်ကလောင်ဖောက်ခြင်း ဖြစ်ပြီး နှစ်စဉ် မက်ကလောင်ဖောက်ခြင်းဖြင့် ပိုးဝင်ပြီး အသက်ဆုံးရှုံးသွားသည့် ကလေးအရေအတွက် မနည်းတော့ကြောင်းကိုလည်း သိရသည်။

 “ကျွန်တော်က ကျွန်တော်ခြစ်ခံခဲ့ရတာတောင် တော်ပြီ ကလေးတွေကို မခြစ်ပေးချင်ဘူး။” ဟု ဦးဘရန်ဆိုင်းက ဆက်ပြောသည်။

ကချင်ပြည်နယ်မှ အဖျားကြီးနေသည့် ကလေးငယ်များအနေဖြင့် ဘူးခွံဖြင့် မက်ကလောင် အခြစ်မခံရသော်လည်း ကြက်ဥအကျက်တွင် ဆယ်ပြားစေ့ ထည့်ထားသည့် ကြက်ထုပ်ထိုးခံနေရဆဲ ဖြစ်ကြောင်းသိရသည်။

မက်ကလောင်ခြစ်ခြင်းအား မြန်မာနိုင်ငံ၊ တရုတ်နိုင်ငံ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ် နိုင်ငံများတွင် တွေ့ရှိရသည်။

ဆိုင်းဂျာ-ကချင်ပြည်နယ်(မြစ်မခ)
by Myit Makha Mediagroup


Posted: 21 Jan 2013 01:14 AM PST
စစ်တွေ-ရန်ကုန် လေကြောင်း ခရီးစဉ်များ အတွက် လေယာဉ် လက်မှတ် ၀ယ်ယူရာ၌ ယခင်က တစ်ပတ်ကျော် ကြာသည့် အခါများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် လက်မှတ် ၀ယ်ယူရန် ကြန့်ကြာမှု မရှိတော့ကြောင်း ဒေသခံတို့က ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 21 Jan 2013 01:08 AM PST
 ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် စီမံကိန်း လုပ်ငန်းခွင်များရှိ ရခိုင် အလုပ်သမားတို့မှာ ၄င်းတို့၏လုပ်အားခ လစာနှုန်းထားများ   လျှော့ချခံ ရမှုများ လာကြောင်း ဒေသခံ လုပ်သားများထံက သိရသည်။ ရခိုင်ပြည်နယ် မြို့ပြ ကျေးလက်များတွင် အလုပ်အကိုင် နည်းပါးပြီး အလုပ်သမား များလာသည့်အတွက် လုပ်ငန်းရှင်များ အနေဖြင့်  လုပ်အားခများကို လျှော့ချ ပေးခြင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 21 Jan 2013 12:58 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့် ဇန်န၀ါရီ ၂၄ ရက်ကနေ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ကြာမြင့်မယ့် ပြည်ပ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ခရီးစဉ် အသေးစိတ် အစီအစဉ်ကို အန်လ်အယ်လ်ဒီက ထုတ်ပြန်လိုက်ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 21 Jan 2013 12:46 AM PST
ကချင်ပြည်နယ် လဂျားယန် ဒေသမှာ အစိုးရ တပ်တွေရဲ့ စစ်ဆင်နေမှုတွေကို ဇန်န၀ါရီ ၁၉ ရက်နေ့ မနက် ၆ နာရီမှ စတင်ပြီး ရပ်ဆိုင်းမယ်လို့ အစိုးရက ကြေညာပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ကချင်ဒေသမှာ ဒီနေ့မနက်ထိ တိုက်ပွဲတွေ မရပ်သေးဘဲ ဆက်လက် ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒု-၀န်ကြီး ဦးရဲထွဋ်ကို ဒီဗွီဘီက မေးမြန်း ထားပါတယ်။

အစိုးရဘက်ကနေ နယ်မြေရှင်းလင်းရေးနဲ့ စစ်ဆင်ရေးတွေရပ်ဖို့ ကြေညာပြီးနောက် တိုက်ပွဲတွေဆက်ဖြစ်နေတာကို ဘယ်လိုမြင်ပါလဲ။

“အဲဒါကတော့ ကေအိုင်အေကိုအရင်မေးသင့်တယ်ဗျ။ ဘာဖြစ်လို့ ကျနော်တို့ဆီက ကြေညာချက်ထွက်ပြီး နောက် ၁ ရက်မှာ ဘာဖြစ်လို့ ရဲစခန်းကို ၀င်တိုက်သလဲ။ ဗန်းမော်-လွယ်ဂျယ်လမ်းမှာ ဘာကြောင့်မိုင်းတွေခွဲသလဲ။ ဘာဖြစ်လို့ လဂျားယန်မှာရှိတဲ့ ကျနော်တို့စခန်းတွေကို နှောင့်ယှက်ပစ်ခတ်နေသလဲ ဆိုတာ သူတို့ကို အရင်မေးရင်ကောင်းမယ် ထင်တယ်။ ကျနော်တို့ကတော့ စနစ်တကျ ကျနော်တို့ရဲ့ ကွပ်ကွဲမှုကရှိလို့ အမိန့်တွေအားလုံးက အောက်ကိုရောက်နေပြီ ဖြစ်တယ်။ ကိုယ့်ကို လာမပစ်ရင် ဘာမှ ပြန်ပြီးတိုက်ခိုက်စရာအကြောင်းမရှိဘူးလေ။”

ဆိုလိုတာက ကေအိုင်အိုဘက်က အရင်တိုက်လို့ တပ်မတော်ဘက်က ပြန်ထိုးစစ်ဆင်နေတယ်လို့ ပြောချင်တာပေါ့။

“ထိုးစစ်ဆင်တာမဟုတ်ဘူး။ မိမိကိုယ်ကို မိမိ ခုခံကာကွယ်ပစ်တာတာပေါ့။ ခင်ဗျားကို လူတယောက်က လာရန်ပြုရင် လက်ပိုက်နေလို့မရဘူးလေ။ မိမိအသက်အန္တရာယ်မကျအောင်တော့၊ အန္တရာယ်ပြုနိုင်တဲ့အကွာမှာ မရှိအောင်တော့ မောင်းထုတ်ပစ်ရမှာပေါ့။ ဒီသဘောပါပဲ။”

ကေအိုင်အိုဘက်ကလည်း တပ်မတော်ဘက်က မရပ်ဘဲ ဆက်ပြီးထိုးစစ်ဆင်နေလို့ တိုက်ရတယ် ပြောတယ်။

“ကျနော်တို့က ညမှာအမိန့်ထုတ်တယ်။ မနက် ၄ နာရီခွဲမှာ သူတို့က တိုက်တယ်လေ။ စဉ်းစားကြည့်ပေါ့။”

အဲနောက်ပိုင်းရက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကရော။

“တကယ်လို့ ကေအိုင်အေကသာ သူ့ရဲ့လက်အောက်ခံတပ်ဖွဲ့တွေကို ကျနော်တို့လိုပဲ စနစ်တကျအောက်ခြေထိရောက်အောင် အမိန့်ထုတ်နိုင်မယ်ဆိုရင် အမိန့်ထုတ်ပြီး သူတို့ဘက်က ဘာမှမလုပ်ဘဲ ၃ ရက်လောက် နေကြည့်ပါ။ အခြေအနေကို ကွဲကွဲပြားပြား တွေ့ပါလိမ့်မယ်။ ကျနော်တို့က ကျနော်တို့ကို လာမတိုက်ဘဲ မိမိတပ်ဖွဲ့နဲ့ သီးခြားချီတက်ပြီးတော့ သူ့ဟာသူနေနေတဲ့ ကေအိုင်အေတပ်ဖွဲ့ကို တိုက်တာ လုံးဝ မရှိပါဘူး။ ဒါကတော့ အခိုင်အမာ ပြောနိုင်ပါတယ်။”

နောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက အပစ်အခတ်ရပ်စဲရေး အသေအချာ အကောင်အထည်ဖော်ဖို့ ထပ်တိုက်တွန်းတဲ့အပေါ်ရော။

“ကျနော်တို့က သွားမယ့်လမ်းကြောင်းကို ချထားပြီးပါပြီ။ ဘယ်သူ့ရဲ့ တိုက်တွန်းမှုကြောင့်၊ ဖိအားပေးမှုကြောင့်မှ မဟုတ်ပါဘူး။ နိုင်ငံတော်သမ္မတကြီး စတာဝန်ယူကတည်းက ငြိမ်းချမ်းရေးကို မဖြစ်မနေ အကောင်အထည်ဖော်မယ်ဆိုပြီး ပြောခဲ့တယ်။ တပ်မတော်ကလည်း အဲအပေါ်အပြည့်အ၀ ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်။ လက်ရှိလည်း အဲအတိုင်းဆက်သွားနေတယ်။”

လက်ရှိတိုက်ပွဲတွေထပ်ဖြစ်ပွားနေတဲ့အပေါ် ရှေ့ဆက်ပြီးတော့ အစိုးရအနေနဲ့ ဘာတွေထပ်ပြီးငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသွားဖို့ ရှိပါသလဲ။

“ကျနော်တို့ အကြိမ်ကြိမ်ပြောခဲ့ပြီးပါပြီ။ ကျနော်တို့ဘက်ကို လာပြီးမပစ်ရင် ကျနော်တို့ စပြီးတော့ မတိုက်ခိုက်ဘူး။ ငြိမ်းချမ်းရေးတံခါးဖွင့်ထားတယ်။ အပစ်အခတ်ရပ်စဲရေးကနေ ခိုင်မာတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်။ ၂၀၁၃ နှစ်အစောပိုင်းမှာ လက်ရှိအပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေနဲ့ လုပ်တော့မယ်။ ကေအိုင်အိုလည်း ပါစေချင်တယ်။ ဒါကကျနော်တို့ရဲ့ ရပ်တည်ချက်ပါပဲ။ ဒါကိုပဲ အကြိမ်ကြိမ်အဖန်ဖန်ပြောနေတာပါဘဲ။”

DVB TV News

ဦးရဲထွဋ် နှင့် မေးမြန်းချက် အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒု-၀န်ကြီး ဦးရဲထွဋ်



Posted: 21 Jan 2013 12:32 AM PST
မကြာမီက တောင်ကိုရီးယား သမ္မတအဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရသော ပထမဆုံး အမျိုးသမီး သမ္မတ ပက်ဂျွန်ဟေးသည် လာမည့် အပတ်တွင်း၌ ဆိုးလ်မြို့တော်တွင် မြန်မာနိုင်ငံ အတိုက်အခံ
 ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သမ္မတ ပက်ဂျွန်ဟေး

Posted: 21 Jan 2013 12:23 AM PST
ဇန်န၀ါရီ ၂၂ ရက်တွင် ကျရောက်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်၏ ၁၀၅ နှစ်မြောက် မွေးနေ့ အထိမ်း အမှတ်အဖြစ် ရွှေတိဂုံ ဘုရားလမ်းရှိ ဦးသန့်၏ ဂူဗိမာန်ကို တစ်နေ့လုံး ဖွင့်ထားမည် ဖြစ်ကြောင်း ဦးသန့် မိသားစု၏ ပြောရေး ဆိုခွင့်ရှိသူ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



Posted: 21 Jan 2013 12:16 AM PST
မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် ဆိပ်ဖြူမြို့ ပတ္တမြားဈေးတွင် ယနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ခန့်က စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပေါ် လျက်ရှိပြီး ဆိပ်ဖြူ၊ ပခုက္ကူ ၊ ချောက်မြို့တို့မှ မီးသတ်များက မီးငြိမ်းသတ်ရန် ကြိုးစားလျက် ရှိကြောင်း----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jan 2013 11:56 PM PST
Samsung ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံ အတွင်း ကုန်ပစ္စည်းများ ထုတ်လုပ်ရန် အတွက် စက်ရုံဆောက်လုပ်ရန် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လာရောက် တင်ပြထားခြင်း မရှိသေးကြောင်း သိရသည်။ “ကျမတို့ဆီမှာ အခုချိန်ထိ ခွင့်ပြုမိန့် ချပေးတဲ့အထဲမှာ Samsung မပါသေးပါဘူး” ဟု---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...