သစ်ထူးလွင် သတင်းစုစည်းမှု (၉-၁)
သစ်ထူးလွင်
|
- အာဏာ ဘယ်သူ့လက်ထဲ ရောက်မလဲ (မောင်ဝံသ)
- ကောလိပ်တက္ကသိုလ်အဆင့် ကာယဗလနဲ့ကာယအလှပြိုင်ပွဲ ကျင်းပ (ရုပ်/သံ)
- ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ သမ္မတ ဦးသိန်းစိန်နှင့် George Soros ဆွေးနွေး
- ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတဖြစ်ခွင့်နှင့် ပတ်သက်ပြီး ဝေဖန်
- ခရိုနီများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောဆို
- ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသူ မြန်မာအမျိုးသမီး ၁၀ဦးကို ကယ်တင်နိုင်ခဲ့ (ရုပ်/သံ)
- သမ္မတဖြစ်ဖို့ ကန့် သတ်ထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် (ရုပ်/သံ)
- ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန် ပြင်ဆင်နေ
- ဇန်န၀ါရီ ၉ ရက်နေ့ထုတ် shade journal အတွဲ(၇)၊ အမှတ်(၇)
- သဘာဝဘေးဒဏ်ခံစားခဲ့ရသော တောင်သူများ၏ စိုက်စရိတ်ချေးငွေ မေလအထိ ဆိုင်းငံ့ပေးမည်
- ရန်ကုန်၊ မြစ်ကြီးနား၊ မိတ္ထီလာတွင် မြုပ်နှံထားသော စပစ်ဖိုင်ယားလေယာဉ်ပျံများကို နှစ်နှစ်အတွင်းတူးဖော်သွားမည်
- ငြိမ်းချမ်းရေး ဆွေးနွေးမှု မအောင်မြင် သောကြောင့် စစ်ပွဲများ ဖြစ်နေရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သုံးသပ်
- ဇန်န၀ါရီလ (၁၀) ရက်နေ့ ထုတ် The Hot News Weekly Journal (Vol-3,No-124)
- မသန်စွမ်းကလေးတစ်ဦး အဓမ္မကျင့်ခံရမှု ဥပဒေ အကာအကွယ်လိုအပ် ဟုဆို (ရုပ်/သံ)
- နယ်မြေမတည်ငြိမ်မှု ဆင်းရဲမွဲတေမှုတို့ကြောင့် ဘိန်းစိုက်ပျိုးမှု ပြန်များလာ
- နယ်မြေမငြိမ်းချမ်းသည့်ကြားက ကချင်ပြည်နယ်မှ သစ်လုံးများ တရုတ်သို့ တရားမ၀င်တင်ပို့နေ
- အလိုအလျောက်ကလေးတစ်ယောက်ပေါ်လစီ
- ရဲတပ်ဖွဲ့ဝင်အချို့၏ ကိုယ်ကျင့်ပျက်ပြားမှု နှင့် လူထုအား မချေမငံ ဆက်ဆံခြင်းက အဓိကအားနည်းချက်ဖြစ်
- ၂၀၁၂အတွင်း ရထားတိုက်မှုကြောင့် သေဆုံးသူ ၈၀ကျော်ရှိ
- မိုးကုတ်ပတ္တမြားလုပ်ကွက်တစ်ခုတွ
င် ကျောက်တွင်းပြိုကျ၍ လူငါးဦး ပွဲချင်းပြီး - ကချင်စစ် ရပ်စဲရေး ရှမ်းနီပါတီ တောင်းဆို
- ပြည်သူ့လွှတ်တော် အစည်းအဝေး ပြန်စ
- ၂ဝ၁၄ အာဖဂန်က ကန်တပ်တွေ အားလုံးရုပ်မယ်
- နိုင်ငံတော်ပုန်ကန်မှုနဲ့ ဗီယက်နမ်တက်ကြွသူတွေ ရုံးတင်
- တရုတ် ဆင်ဆာဖြတ်တောက်မှုပေါ် ဆန္ဒပြမှုပျံ့နှံ့
Posted: 09 Jan 2013 07:07 AM PST
ရခိုင်ပြည်နယ်က ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး၊ လက်ပံတောင်း တောင်အရေး ၊ မိုးထိ မိုးမိနဲ့ ရွှေတော်ဝင် အလုပ်သမား ဆနပြမှု ကိစ္စတို့လို လတ်တလော မြန်မာနိုင်ငံရေးမှာ ထိပ်ဆုံးတန်းက နေရာယူထားတဲ့ အရေး ကိစ္စတစ်ချို့(နှိုင်းယှဉ်ချက်အရ) နည်းနည်းလေး အသံ တိုးတိမ်သွားချိန်မှာ နှစ်ဟောင်းကတည်းက အရှိန်မြင့်တက် လာနေခဲ့ပြီး နှစ်သစ်ရဲ့ နိဒါန်းမှာ အထွတ်အထိပ်ကို ရောက်လာပြီလားလို့ လူအများ တွေးတော စိုးရိမ်ပူပန်နေ ကြတဲ့ကိစ္စတစ်ခုကတော့ ကချင်ပြည်နယ်မှာ သေနတ်သံတွေ မစဲ သေးတဲ့အခြေအနေဖြစ်ပြီး အဲဒီကိစ္စနဲ့အတူ အခုတလောလေးမှာ ပြည်သူ့ အလွှာမျိုးစုံအကြား ဆွေးနွေးလာကြတဲ့ အကြောင်းအရာ တစ်ခုကတော့ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ မြန်မာနိုင်ငံရဲ့ သမ္မတဘယ်သူဖြစ်လာနိုင်သလဲဆိုတဲ့ ခေါင်းစဉ်ဖြစ်တယ်ဗျ။
ကချင်ပြသနာ ဆင်ခြေရာ မရှာချင်တော့ နှစ်သစ်မှာ အရေးတကြီးဖြစ်လာတဲ့ အဲဒီကိစ္စနှစ်ခုမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ ကိစ္စကတော့ ]ရှေ့နေသားအဖပုံပြင်} အပါအ၀င် ဆောင်းပါးပေါင်းများစွာတို့နဲ့ ဂျာနယ်တချို့မှာ ကျွန်တော် တင်ပြ ဆွေးနွေးခဲ့ပြီးဖြစ်တာကြောင့် အပ်ကြောင်း ထပ်နေပြီဖြစ်ပြီး (အနည်းဆုံးတော့ အခု လောလောဆယ်မှာ) ဆင်ကောင်ကြီးတွေ့ နေပါလျက် ဆင် ဟုတ် မဟုတ် သေချာအောင် ဆင်ခြေရာ ရှာတဲ့ အလုပ်ကို ထပ်လုပ်ဖို့ ကျွန်တော့်အနေနဲ့ စိတ် မပါ့တပါဖြစ်နေတဲ့အတွက် လက်ရှောင် ထားပြီး ကျန်တဲ့ကိစ္စတစ်ခု အကြောင်းကိုပဲ ဆွေးနွေးချင်တယ်ဗျာ။ ဘယ်သူ့လက်ထဲ အာဏာရောက်မလဲ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ကျွန်တော်တို့နိုင်ငံရဲ့ သမ္မတ ဘယ်သူဖြစ်လာမှာလဲ။ ဟုတ်ပါတယ်။ ဒီမေးခွန်းဟာ ကျွန် တော် အင်မတန် စိတ်ဝင်စားနေတဲ့မေးခွန်းဖြစ်သလိ သမ္မတက အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးရဲ့ ဒီချုပ်ပါဝင်လာချိန်ကစလို့ တကယ်တော့ အဲဒီကိစ္စကို ပြည်သူတွေ စိတ်ဝင်တစား ဖြစ်လာကြတာ အခုမှ မဟုတ်ဘူးဗျ။ ၂၀၁၀ ရွေးကောက်ပွဲက တစ်ဆင့်တက်လာတဲ့ ]အမည်ခံ}ပဲ ပြောပြော၊ လိုရင်လိုသလို မလိုရင် မလိုသလို အမည်ပေး ကင်ပွန်းတပ်ခံခဲ့ရတဲ့ အရပ်သား အစိုးရ တက်လာခဲ့ ပြီးတဲ့နောက်မှာတောင် တရားမ၀င် အဖွဲ့အစည်းသဖွယ် ရှိနေခဲ့ဆဲ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ် ပြန်လည် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ်လို့ ကြေညာလိုက်တဲ့ အချိန်ကတည်းက ဖြစ်တယ်ဗျ။ ဒါပေမယ့် အဲဒီအကြောင်းအရာဟာ အကြောင်းကြောင်းတွေကြောင့် ငုပ်လျှိုး နေခဲ့ရာက ဒေါ်အောင်ဆန်းစုကြည် အမေရိကခရီးစဉ်အတွင်း စကားတစ်ခွန်းပြောလိုက်ပြီးတဲ့ နောက်မှာမှ နောက်တစ်ကြိမ် ပြန်ပြီး ]ဟော့} (hot)လာတာ ဖြစ်တယ်ဗျ။ မကြာမတင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ မြိတ်၊ ကော့သောင်းခရီးစဉ်တွေမှာ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောလိုက်တဲ့အခါမှာတော့ အဲဒီ အကြောင်းအရာဟာ ပြည်သူ့ရှေ့ဆောင်ဂျာနယ်တွေနဲ့ အသံလွှင့်မီဒီယာတွေကတဆင့် ပြည်သူတွေကြား ပျံ့နှံ့ရောက်ရှိသွားပြီး စိတ်ဝင်တစား ဆွေးနွေး စရာ ကိစတစ်ခုဖြစ်လာခဲ့တာ ဖြစ်တယ်ဗျာ။ ဓား ဘယ်သူ့လက်ထဲမှာ ရှိသလဲ ၂၀၁၅ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ သမ္မတ ဘယ်သူဖြစ်လာမလဲ သို့မဟုတ် နိုင်ငံတော်အာဏာ ဘယ်သူ့လက် ထဲ ရောက်မလဲ။ အဲဒီကိစ္စဟာ ပြည်သူတွေအတွက် အရေးကြီး သလားလို့မေးလာရင် အသက်လောက် အရေးကြီးတယ်လို့ ကျွန်တော် ယူဆတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်ပေါင်းငါးဆယ်လုံးလုံး နိုင်ငံတော်အာဏာဟာ ပြည်သူလူထုရဲ့ ကိုယ်စားလှယ် အစစ်အမှန်များ လက်ထဲမရှိခဲ့ဘဲ အာဏာ လက်ထဲရှိနေတဲ့သူတွေကလည်း အရာကိစ္စတွေကို လွဲလွဲမှားမှား စီမံခန့်ခွဲခဲ့ကြတဲ့အတွက် ကျွန်တော်တို့နိုင်ငံ ကမ္ဘာ့ အလယ်မှာသာမက ဒေသတွင်းမှာတောင် ]ဓားမနောက်ပိတ်ခွေး} ဘ၀ ရောက်သွားခဲ့ရတာကို ကျွန်တော်တို့ရဲ့ သက်တမ်းအတွင်း မျက်ဝါးထင်ထင် တွေ့မြင်ခံစားခဲ့ရလို့ပဲ ဖြစ်တယ်ဗျ။ နိုင်ငံရေးပါတီတစ်ခုရဲ့စာစောင် အာဏာနဲ့ သြဇာ အာဏာနိုင်ငံရေးအကြောင်း ပြောတဲ့အခါ စကားမကျန် အောင် အာဏာနဲ့ ဆက်စပ်ခြင်းမရှိတဲ့ နိုင်ငံရေးအကြောင်းလည်း ပြောကြရမှာဖြစ်တယ်ဗျ။ တချို့ကတော့ အဲဒီနှစ်မျိုးကို အာဏာနိုင်ငံ ရေး သို့မဟုတ် ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုပြီး ခွဲပြော ချင်တတ်ကြတယ်ဗျ။ အာဏာကို မျှော်မှန်းတဲ့ နိုင်ငံရေးနဲ့ အာဏာကို မမျှော်မှန်းတဲ့နိုင်ငံရေးပေါ့ ထိရောက်ထက်မြက်တဲ့စွမ်းအင် နိုင်ငံတစ်ခုရဲ့ အရေးအရာကိစ္စမှန်သမျှမှာ အဲဒီအရာနှစ်ခု ဟာ ညီတူမျှတူ အရေးပါတဲ့ ထောက်တိုင်ကြီးနှစ်ခုဖြစ်တယ်ဗျ။ နိုင်ငံ တော်အာဏာဟာ အင်မတန်မှ ထိရောက် ထက်မြက်တဲ့စွမ်းအင် တစ်ခုဖြစ်တဲ့အတွက် နိုင်ငံတော်ကို တည်ဆောက် ထူထောင်လိုတဲ့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များဟာ နိုင်ငံတော်အာဏာ ကို မဖြစ်မနေ မျှော်မှန်းကြရမှာဖြစ်သလို နိုင်ငံရေးအာဏာကို မျှော်မှန်းခြင်းမရှိတဲ့ လူပုဂိုလ်တွေ၊ အဖွဲ့အစည်းတွေဟာလည်း မိမိတို့ ရဲ့ ဖြူစင်တဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုများကို အရင်းပြုပြီး နိုင်ငံတည် ဆောက်ရေးမှာ မရှိမဖြစ် လိုအပ်တဲ့ သြဇာအရှိန်အ၀ါ (moral authority) ကို ထူထောင်ကြရမှာပဲ ဖြစ်တယ်ဗျ။ တကယ်တော့ အဲဒီသြဇာအရှိန်အ၀ါဆိုတာဟာ တမင် ထူထောင်စရာတောင်မလိုဘဲ မှန်မှန် ကန်ကန် ဖြူဖြူစင်စင် လုပ်တဲ့သူဆီ အလိုအလျောက် ရောက်ရှိလာတာမျိုးပဲ ဖြစ် တယ်ဗျ။ သြဇာ အရှိန်အ၀ါဆိုတာ မဟတမဂန္ဒီတို့၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့ စတဲ့ ပုဂိုလ်ကြီးတွေဟာ အဲသလိုမျိုး သူတို့ ပြည်သူတွေအပေါ် အင်မတန် မှ သြဇာအရှိန်အ၀ါကြီးသူတွေ ဖြစ်တယ်ဗျ။ သူတို့ဟာ လက်ထဲမှာ သံချောင်းရဲ့ဓားလည်းမရှိ၊ ဦးဘရန်ရဲ့ ဓားလည်းမရှိ၊ ကြက်သွန်လှီးတဲ့ ဓားမပြောနဲ့ အ၀တ်ချုပ်တဲ့ အပ်ကလေးတစ်ချောင်းတောင် မရှိ ပေမယ့် သူတို့စကားတစ်ခွန်းက ပြည်သူ အထောင်အသောင်း အသိန်းအသန်းကို ညွတ်နူးစွာ ရွေ့လျားနိုင်စေခဲ့တယ်ဗျာ။ လက်ရှိ အိန္ဒိယနိုင်ငံမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စစ်ပွဲကို နောက် မဆုတ်တမ်း ဆင်နွှဲနေတဲ့ အင်နာဟာဇဲဆိုတဲ့ ပုဂိုလ်ကြီးဟာလည်း သြဇာအရှိန်အ၀ါဆိုတဲ့ စကားလုံးရဲ့ အင်မတန်ကောင်းတဲ့ သက်ရှိဥပမာ တစ်ခု ဖြစ်တယ်ဗျ။ အာဏာနဲ့ သြဇာ တစ်ထပ်တည်းကျသွားရင် အာဏာနဲ့ သြဇာတစ်ထပ်တည်းကျသွားပြီဆိုရင်ေ အီရန်သင်ခန်းစာတစ်ခု တစ်ခုတော့ သတိထားရမှာ ရှိတယ်ဗျ။ အီရန်အဖြစ်မျိုး မဖြစ်စေဖို့ပါ။ ၁၉၇၉ခုနှစ်က အီရန်နိုင်ငံမှာ ပဒေသရာဇ် ရှားဘုရင်ကို ဖြုတ်ချတဲ့တော်လှန်ရေးကြီးဖြစ် ပြည်သူ့အစိုးရစစ်စစ်ပဲ လိုချင်ပါတယ် သို့မို့ကြောင့် ကျွန်တော်တို့ကတော့ ၂၀၁၅မှာ မည်သူပဲ သမ္မတဖြစ်ဖြစ်၊ ပြည်သူ့ခေတ်ဂျာနယ်ရဲ့ မျက်နှာဖုံး ထိပ်ဆုံးမှာ တင်ထားထားတဲ့ မျှော်မှန်းချက်အတိုင်း ပြည်သူများအတွက် အလုပ်အကျွေးပြုမယ့်၊ ပြည်သူများကိုယ်တိုင်က ရွေးကောက် တင်မြှောက်သော၊ ပြည်သူများရဲ့ အစိုးရစစ်စစ် (of the people, for the people, by the people) ကိုသာ လိုချင်ကြောင်းပါဗျာ။ ၆ ၁ ၂၀၁၃ by Maung Wuntha maungwuntha@gmail.com | ||
Posted: 09 Jan 2013 06:40 AM PST
တက္ကသိုလ် ကောလိပ်များရဲ့ အငယ်တန်းနဲ့ အကြီးတန်း ကာယဗလမောင်၊ ကာယအလှမယ်ပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ် စိန်ရတုခမ်းမမှာ ဇန်န၀ါရီ ၉ ရက်နေ့က နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါတယ်။
တတိယ အကြိမ်ပြုလုပ်တဲ့ တက္ကသိုလ်-ကောလိပ်များအဆင့် ကာလဗလနဲ့ကာယအလှပြိုင်ပွဲကို မန္တလေးမြို့မှာလည်း တပြိုင်တည်း ကျင်းပနေပြီး ရန်ကုန်မှာတော့ ကျောင်းသားကျောင်းသူနဲ့ ဆရာဆရာမတွေ တစ်ထောင်လောက် တက်ရောက်အားပေးခဲ့ကြပါတယ်။ by Kamayut Media ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 09 Jan 2013 06:31 AM PST
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် ကုဋေကြွယ် သူဌေးကြီး George Soros ဟာ ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်း လတ်တလော လုပ်ဆောင်နေ တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။ Mr. Soros ဟာ နေ့လည်ပိုင်းမှာ ပြန်ကြားရေးနဲ့ ဘဏ္ဍာရေးစတဲ့ ၀န်ကြီးဌာနတွေက ပြည်ထောင်စု ၀န်ကြီးတွေနဲ့လည်း တွေ့ဆုံပြီး ၀န်ကြီးဌာနအလိုက် ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံကို ဇန်န၀ါရီလ ၅ ရက်နေ့ကတည်းက ရောက်ရှိနေတဲ့ အမေရိကန် ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် အသစ်ခန့်အပ် တာဝန်ပေး ခံထားရသူလည်းဖြစ်တဲ့ ဦးရဲထွဋ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။ “သမ္မတကြီးနဲ့ ဂျော့၊ ဆိုးရော့စ် တွေ့ပါတယ်ခင်ဗျာ။ ကျနော်တို့ကတော့ အဲဒီအထဲကို မဝင်ရလို့ အသေးစိတ်တော့ မသိပါဘူးခင်ဗျာ။ အကြမ်းဖျဉ်းအားဖြင့်တော့ မြန်မာနိုင်ငံရဲ့ လုပ်နေတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေတွေရယ်၊ နောက်တခါ ပြန်ကြားရေးဆိုင်ရာအပါအဝင် ကျန်တဲ့ ပြုပြင်ပြောင်းလဲနေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေးမယ်လို့ အကြမ်းဖျဉ်းသိထားပါတယ်။ အခု သမ္မတကြီးလုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြပါတယ်။ ပြီးရင် ဂျော့၊ ဆိုးရော့စ် ဘက်က သူ့အဖွဲ့အစည်းတွေဘက်က ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေလည်း ဆွေးနွေးသွားတယ်လို့ သိရပါတယ်ခင်ဗျ။” နိုင်ငံတော်သမ္မတနဲ့ မစ္စတာ ဆိုးရော့စ်တို့တွေ့ဆုံစဉ်မှာ သူ့တက်ရောက်ခွင့် မရှိခဲ့ပေမယ့်လည်း နောက်ပိုင်း မနက် ၁၁ နာရီကျော်ကျော်လောက်မှာ ပြန်ကြားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတွေနဲ့ ပြုလုပ်တဲ့ တွေ့ဆုံပွဲကိုတော့ သူတက်ရောက်ခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။ “ပြန်ကြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီးရယ်၊ ဘဏ္ဍာရေးဌာန ပြည်ထောင်စုဝန်ကြီးတွေရယ်နဲ့ တွေ့တဲ့အချိန်မှာတော့ ကျနော်လည်း တက်ရောက်ခွင့် ရပါတယ်။ ပြန်ကြားရေးကဏ္ဍနဲ့ပတ်သက်လို့ရှိ အဲဒီကိစ္စမှာလည်း Open Society ဘက်ကနေပြီး ကျွမ်းကျင်တဲ့ပညာရှင်တွေ လာရောက်တွဲဖက်ပြီးတော့ အကူအညီပေးဖို့ အသေးစိတ်ကိစ္စတွေ ကိုတော့ ကျနော်တို့တွေ ဆက်ပြီးဆွေးနွေးဖို့ ဆိုပြီးတော့မှ သဘောတူခဲ့ကြပါတယ်ခင်ဗျ။ သာသနာရေးဝန်ကြီးဌာနနဲ့ကတော့ဗျာ - လက်တွေ့ ကျင့်သုံးနေတဲ့ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး ပေါ်လစီ (မူဝါဒ) တွေအပေါ်မှာ သူ့ရဲ့အမြင်တွေ၊ နောက် သူ့ရဲ့ အကြံပြုချက်တွေ - အဲဒါတွေကို ဆွေးနွေးပါတယ်လို့ပဲ သိရပါတယ်ခင်ဗျ။ ” ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် အသစ်ခန့်အပ် တာဝန်ပေးခံထားရသူလည်းဖြစ်တဲ့ ဦးရဲထွဋ် ပြောပြခဲ့တာပါ။ George Soros ဟာ မနေ့တုန်းကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ NLD ပါတီက ခေါင်းဆောင်တွေ အပါအ၀င် နယ်ပယ်စုံက ပုဂ္ဂိုလ်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မီဒီယာကိစ္စတွေကို ဆွေးနွေးခဲ့တာပါ။ George Soros ဟာ မနက်ဖြန်မှာတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ မစ္စတာ ဆိုးရော့စ်ဟာ ကမ္ဘာတ၀ှမ်း ဖိနှိပ်ခံ လူ့အဖွဲ့အစည်းတွေ တိုးတက်မြင့်မားရေးအတွက် သူ့ကိုယ်ပိုင် ငွေကြေးကို စိုက်ထုတ်ပြီး Open Society Institute လို့ခေါ်တဲ့ ပွင့်လင်း လူမှုအဖွဲ့အစည်းကတဆင့် ကူညီ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ OSI လို့ လူသိများတဲ့ ဒီ Open Society Institute ဟာ ၁၉၉၄ ခုနှစ်ကစလို့ မြန်မာနိုင်ငံ ဒီမိုကရေစီတိုးတက်ရေးနဲ့ ပညာရေးဆိုင်ရာ အထောက်အကူတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ ဆိုးရော့စ်ဟာ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်တုန်းကလည်း မြန်မာနိုင်ငံကို ပထမအကြိမ်အဖြစ် ၈ ရက်ကြာ သွားရောက် လည်ပတ်ခဲ့ပါသေးတယ်။ သူ့ရဲ့ အဲဒီ မြန်မာပြည်ခရီးစဉ်အတွင်း မစ္စတာ ဆိုးရော့စ်ဟာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။ အဲဒီခရီးစဉ်အတွင်း သမ္မတနဲ့ တွေ့ဆုံပြီးနောက် လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ သူ့အဖွဲ့ရဲ့ ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ) | ||
Posted: 09 Jan 2013 06:19 AM PST
သမ္မတ တဦးမှာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အရည်အချင်းတွေထဲမှာ မိသားစုဝင် တဦးဦးက မြန်မာနိုင်ငံသား မဟုတ်ခဲ့ရင် သမ္မတဖြစ်ခွင့် မရှိဘူးဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းချက် အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 09 Jan 2013 06:01 AM PST
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးကို အာဃာတနဲ့ လုပ်တာကို ဆန့်ကျင်တယ်လို့ ပြောဆိုပြီး ခရိုနီတွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ပံ့နေတာ၊ ပညာရေးနဲ့ ကျန်းမာရေးတွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ကြိုဆိုသင့်ကြောင်း ပြောပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
Posted: 09 Jan 2013 05:51 AM PST
ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဒီဇင်ဘာ ၆ ရက်နေ့ညက ပြည့်တန်ဆာ အဖြစ် စေခိုင်းခံရသူ မြန်မာအမျိုးသမီး ၁၀ဦးကို ကယ်တင်နိုင်ခဲ့ပြီး အဲဒီထဲက ၅ ဦးဟာ အသက်မပြည့်တဲ့ သူတွေ ဖြစ်နေပါတယ်။။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်၊ ရိုက်ကူး ဂျိုး
ရုပ်/သံ ရိုက်ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 09 Jan 2013 05:43 AM PST
ပြည်သူ.လွှတ်တော် အစည်းဝေး တက်ရောက်လာတဲ့ ကော့မှူးမြို.နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အစည်းဝေး ခေတ္တ ရပ်နားချိန်မှာ သတင်းထောက်တွေနဲ. လာရောက်တွေ့ဆုံပြီး မေးခွန်းတွေကို အခုလိုဖြေကြား ပေးခဲ့ပါတယ်။ (ရိုက်ကူး-ကိုသိုက်၊ ကျော်သက်မင်း)
ရုပ်/သံ ရိုက်ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 09 Jan 2013 05:21 AM PST
ရန်ကုန်မြို့ အတွင်းရှိ မိုဘိုင်း အရောင်းဆိုင်များ မြန်မာ့ ဆက်သွယ်ရေးမှ ဇန်န၀ါရီလ အတွင်း၌ လျော့ချပေးမည့် မိုဘိုင်း ဈေးနှုန်း များပေါ် မူတည်၍ One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန် အတွက် ပြင်ဆင်မှုများ ပြုလုပ်လာကြောင်း----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 09 Jan 2013 05:07 AM PST
| ||
Posted: 08 Jan 2013 10:18 PM PST
အချိန်အခါ မဟုတ် မိုးရွာသွန်းခြင်းနှင့် ရေကြီးမှု ဒဏ်ခံခဲ့ရသည့် ဒေသများမှ တောင်သူများ၏ မိုး စပါးစိုက်စရိတ် ချေးငွေအား မေလအထိ ဆိုင်းငံ့ပေးရန် တင်ပြမှု အပေါ်သက်ဆိုင်ရာ ဌာနမှ သဘောတူ လက်ခံလိုက်ပြီဟု သိရ သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Jan 2013 10:12 PM PST
ရွှေတောင်ပေါ် ကုမ္ပဏီက မြန်မာအစိုးရနှင့် အင်္ဂလန် DJC တို့ ပူးပေါင်းပါဝင်သည့် ဗြိတိသျှ ခေတ်လက်ကျန် စပစ်ဖိုင်ယား တိုက်လေယာဉ် ရှာဖွေနေမှုအား စာနယ်ဇင်းများထံသို့ အသိပေးမှုကို ယနေ့ မနက် ၁၀ နာရီ ရန်ကုန် Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Jan 2013 10:07 PM PST
ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ နှင့် ပတ်သတ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု များမအောင်မြင် သောကြောင့် စစ်ပွဲများဆက်လက် ဖြစ်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ပြောကြားသွားသည်။ "ဒီလို သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ကချင်ဒေသတိုက်ပွဲများနှင့်ပတ်
ဓါတ်ပုံ - Popular Myanmar News Journal
| ||
Posted: 08 Jan 2013 09:15 PM PST
ဇန်န၀ါရီလ (၁၀) ရက်နေ့ ထုတ် The Hot News Weekly Journal (Vol-3,No-124) ဂျာနယ် ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Jan 2013 08:57 PM PST
မသန်စွမ်း ကလေးငယ်တစ်ဦး ပြီးခဲ့တဲ့ ခရစ်စမတ်နေ့မှာ အဓမ္မပြု ကျင့်ခံခဲ့ရတဲ့ ဖြစ်ရပ်ကြောင့် လုံလောက်တဲ့ဥပဒေနဲ့ အကာ အကွယ်ပေးနိုင်ဖို့ လူမှုအဖွဲ့အစည်းတွေက ဇန်န၀ါရီ ၈ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ By Kamayut Media ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 08 Jan 2013 08:50 PM PST
၂၀၁၂ တွင် ဘိန်းစိုက်ဧရိယာ ၅၁၈၀၀ ဟက်တာရှိပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယအများဆုံး ဘိန်းစိုက်ပျိုး ထုတ်လုပ်သော နိုင်ငံဖြစ် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ပြန်လည်များ ပြားလာခြင်း၏ အဓိက အကြောင်းရင်းများတွင် ဒေသခံတောင်သူများ၏ ဆင်းရဲမွဲတေမှုနှင့် နယ်မြေမငြိမ်းချမ်း မတည်ငြိမ်မှုတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူကပြောသည်။ ၂၀၀၅ ခုနှစ်က ဘိန်းစိုက်ပျိုးမှုကို အနိမ့်ဆုံးသို့ လျှော့ချနိုင်ခဲ့သော်လည်း ၂၀၀၆ မှစ၍ နှစ်စဉ်ဘိန်းစိုက်ပျိုးမှုနှုန်း တိုးလာရာ ၂၀၁၂ ခုနှစ်တွင် တစ်နိုင်ငံလုံး ဘိန်းစိုက်ဧရိယာ ၁၂၈၀၀၀ ဧက (၅၁၈၀၀ ဟက်တာ/ ၁ ဟက်တာလျှင် ၂ ဒသမ ၄၇၁၀၅ ဧကရှိသည်)ရှိပြီး ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးထုတ်လုပ်သောနို “ဘိန်းစိုက်ပျိုးမှုတိုးလာရခြင်း တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုမရှိသော ဒေသများတွင် ဘိန်းစိုက်ပျိုးမှုတိုးနေကြောင်း UNODC (ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး)မှ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာဂျေဆင်အဲလစ်ရှ်ကလည်း ၂၀၁၂ အောက်တိုဘာလကုန်ပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “အရင်က တစ်သီးတည်းစိုက်တာ။ အခု နှစ်သီးတောင်စိုက်လာပြီ။ ပိုဆိုးလာတယ်”ဟု ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်မှ ဒေသခံတစ်ဦးကလည်း ၎င်းနေထိုင်ရာဒေသရှိ ကျေးရွာအချို့တွင် ဘိန်းပိုစိုက်လာခြင်းကို ပြောသည်။ ပြည်တွင်း၌ ဘိန်းအများဆုံးစိုက်ပျိုးသော ဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး စိုက်ပျိုးမှုအားလုံး၏ ၉၀ ရာခိုင်နှုန်းရှိသည်။ အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု ပမာဏအားလုံး၏ ၅၀ ရာခိုင်နှုန်းကို စိုက်ပျိုးနေကာ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှုဧရိယာ စုစုပေါင်း ၁၆၃၀၀၀ ဟက်တာ (၄၀၂၇၀၀ ဧကကျော်)အထိရှိခဲ့ပြီး၊ ၂၀၀၅ ခုနှစ်တွင် ၂၁၅၀၀ ဟတ်တာ (၅၃၀၀၀ ဧကကျော်)အထိ လျှော့ချနိုင်ခဲ့ကာ ၂၀၀၆ နောက်ပိုင်း ပြန်တိုးလာပြီး ၂၀၁၁ တွင် ၄၃၆၀၀ ဟက်တာ (၁၀၇၇၀၀ ဧကကျော်) ရှိလာသည်။ ထို့ကြောင့် ၂၀၁၂ မှ ယခင်နှစ်ကထက် ဘိန်းစိုက်ပျိုးမှု ၁၇ ရာခိုင်နှုန်းတိုးခဲ့ပြီး ဘိန်းစိမ်းထုတ်လုပ်မှုတွင် တန်ချိန် ၉၆၀ ရှိကာ ယခင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း တိုးခဲ့ကြောင်း UNODC က ထုတ်ပြန်သည်။ အရှေ့တောင်အာရှတွင် ဘိန်းစိုက်ပျိုးမှုဧရိယာ၏ ၉၀ ရာခိုင်နှုန်းဝန်းကျင်ရှိနေသော မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုလျော့ကျရေးနှ အစိုးရက မူးယစ်ဆေးဝါးပပျောက်ရေးအတွက် မူးယစ်ဗဟိုရုံးနှင့် မူးယစ်ဆေးဝါးပပျောက်ရေးဌာနကို ဖွင့်လှစ်ပြီး UNODC အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၊ တရုတ်၊ ထိုင်းတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၁၉၉၉-၂၀၀၀ မှ ၂၀၁၃-၂၀၁၄ အထိ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ် စီမံကိန်းကိုလည်း ၂၀၁၉ အထိ ငါးနှစ်ထပ်တိုးခဲ့ပြီး၊ ဘိန်းစိုက်ပျိုးမှုလျှော့ချရန် ငြိမ်းချမ်းရေးရရှိထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ 7Day News Journal | ||
Posted: 08 Jan 2013 08:46 PM PST
ကချင် ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားပြီး နယ်မြေ မငြိမ်မသက် ဖြစ်နေသော်လည်း နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံသို့ တရားမ၀င် သစ်လုံးတင်ပို့မှုများမှာ ပုံမှန်ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများနှင့် မကြာသေးမီက ထုတ်ပြန်လိုက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စုံစမ်းထောက်လှမ်းရေး အေဂျင်စီ (EIA) ၏ စစ်တမ်းတစ်ခုတွင် ဖော်ပြချက်များအရ သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ချောင်းတစ်ခုသာခြားသော လိုင်ဇာမြို့ရှိ တရားမ၀င်ဖြတ်သန်းသော လမ်းကြောင်းတွင် တန်းစီ ရပ်နားထားသော သစ်လုံးတင်ကားများကို လက်ညှိုးညွှန်ရင်း ဒေသခံတစ်ဦးက “ဒီသစ်လုံးကားတွေက တရုတ်ဘက်ကို သွားမယ့်ကားတွေ။ စစ်ပွဲတွေဖြစ်နေတာတောင် ဒီကားတွေက အမြဲသွားနေတာပဲ” ဟု ဒီဇင်ဘာလ ၂၅ ရက်က ပြောကြားခဲ့သည်။ လိုင်ဇာမြို့ကိုဖြတ်ကာ တစ်ဖက်နိုင်ငံသို့ မှောင်ခိုတင်ပို့သော သစ်လုံးကားများကို အမြဲလိုလို မြင်တွေ့နေရကြောင်း ဒေသခံများက ပြောကြသည်။ “တိုက်ပွဲတွေဖြစ်နေလည်း သစ်လုံးတွေက ထွက်နေတာပဲ။ ဒါကိုတောင် အခွင့်ကောင်းယူပြီး သစ်ခိုးထုတ်နေတဲ့သူတွေ အများကြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသော်လည်း နယ်နိမိတ်ချင်း ထိစပ်နေ သော ယူနန်ပြည်နယ်သို့ သစ်အလုံးလိုက် တင်ပို့မှုများမှာ နေ့စဉ်လိုလိုရှိပြီး တရုတ်နိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ ဖြတ်သန်းကာ အများဆုံးတင်ပို့နေကြောင်း ဒေသခံများနှင့် EIA ၏ တရုတ်နိုင်ငံ၏ မှောင်ခိုသစ်လုပ်ငန်း (China's trade in illegal timber) စစ်တမ်းတွင် ဖော်ပြထားသည်။ ၂၀၁၂ နှစ်ဆန်းပိုင်းက မြန်မာနိုင်ငံတွင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့တွင် စုံစမ်းထောက်လှမ်းခဲ့ရာမှ တွေ့ရှိချက်များကို နိုဝင်ဘာလက စစ်တမ်းတစ်စောင်ထုတ်ပြန်ခဲ့ပြီး ထိုစစ်တမ်းတွင် မြန်မာနိုင်ငံမှ ယူနန်ပြည်နယ်သို့ တရားမ၀င် တင်ပို့နေသော သစ်လုံးပမာဏမှာ တစ်နှစ်လျှင် ကုဗမီတာ တစ်သန်းရှိကြောင်း ဖော် ပြထားသည်။ EIA ၏ နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော ထိုစစ်တမ်းတွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင် ပြည်နယ်အတွင်းမှ သစ်တောများသည် တရုတ်နိုင်ငံ ဈေးကွက်ကို ဖြည့်ဆည်းနေရသည့်အတွက် အဆိုးဝါးဆုံး အနေအထားသို့ ရောက်ရှိနေကြောင်း သုံးသပ်ထားသည်။ ကချင်ပြည်နယ်တွင်းမှ ယူနန်ပြည်နယ်သို့ နယ်စပ်မှ တရားမ၀င် တင်ပို့နေသော ဂိတ်ငါးခုကို စုံစမ်းထောက်လှမ်း တွေ့ရှိခဲ့မှုများအရ အများဆုံး တင်ပို့နေသော သစ်အမျိုးအစားများမှာ ပြည်နယ်အတွင်း အများဆုံးပေါက်ရောက်သော ထင်းရှူး၊ ၀က်သစ်ချ၊ ဘုဇပတ်စသည့် သစ်အမျိုးအစားများ အများဆုံးဖြစ်ကြောင်း EIA စစ်တမ်းတွင် ဖော်ပြထားသည်။ တရားမ၀င် သစ်တင်ပို့မှုကို လေ့လာစောင့်ကြည့်သော နိုင်ငံတကာ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Global Witness အဖွဲ့က ခန့်မှန်းသည်မှာ ၂၀၀၃ ခုနှစ်အတွင်းက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တရားမ၀င် တင်ပို့ခဲ့သော သစ်လုံးပမာဏမှာ ကုဗမီတာကိုးသိန်းရှိပြီး ထိုပမာဏ၏ သုံးပုံနှစ်ပုံမှာ ကချင်ပြည်နယ်မှ ဖြစ်ကြောင်း ယင်းအဖွဲ့ကဆိုထားသည်။ တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ကာ သစ်တင်ပို့ခြင်းမပြုရန် ၂၀၀၆ ခုနှစ်ကတည်းက သဘောတူထားခဲ့သော်လည်း ပြည်နယ်တွင်းဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ယခုနှစ်များ၌ တရားမ၀င်တင်ပို့မှု ပိုမိုများပြားလာကြောင်း EIA စစ်တမ်းက ဆိုထားသည်။ ကချင်ပြည်နယ်မှ ယူနန်ပြည်နယ်သို့ သစ်လုံးများ တရားမ၀င်တင်ပို့ရာ လမ်းကြောင်းများကို လျှို့ဝှက်စွာ စုံစမ်းထောက်လှမ်းခဲ့ရာ တရားမ၀င် မှောင်ခိုလမ်းကြောင်းများစွာမှ ခိုးထုတ်နေသည်ကိုတွေ့ရပြီး ကချင်ပြည်နယ်ရှိ တောင်များတွင် သစ်တောများ မကျန်တော့သလောက် ဖြစ်နေကာ နယ်စပ်တစ်လျှောက်တရုတ်နိုင်ငံ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုဧရိယာမှာ တစ်နိုင်ငံလုံး၏ ၂၄ ရာခိုင်နှုန်းသာကျန်ရှိတော့ပြီး သစ်တောပြုန်းတီးမှုများ လျော့နည်းစေရန် သစ်အလုံးလိုက်တင်ပို့မှုကို ၂၀၁၄ ခုနှစ်တွင် တားမြစ်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 7Day News Journal | ||
Posted: 08 Jan 2013 08:44 PM PST
နှုတ်ခမ်း စူထားသည့် အသက် လေးနှစ်အရွယ် သမီးငယ်ကို ညာဘက် ရင်ခွင်တွင် ချီပွေ့လျက် ကိုသိန်းဌေးတစ်ယောက် ခြေလှမ်း ကျဲကြီးများဖြင့် ခပ်မြန်မြန် လျှောက်လှမ်းနေသည်။ တစ်ဦးတည်းသော သမီးငယ်လေးကို ပြင်ပနေ့ကလေး ထိန်းကျောင်းကို ပို့မည်။ ပြီးမှ သူ့မိန်းမရောက်နှင့် နေသော အုတ်သဲကျောက်ဆိုင်လေးဆီသို့ အပြေးသွားမည်ဟု စိ |
[Message clipped] View entire message
0 comments:
Post a Comment