Sunday, January 20, 2013

ဒေါက်တာဆိတ်ဖွားမှ တောင်းပန်ခြင်း

New MyanmarFoundation shared We Love True's photo.
ဒေါက်တာ ဆိတ်ဖွားမှ တောင်းပန်ခြင်း

 ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက်စာမျက်နှားများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော်ပင်ပြန့်နှံ့နေခဲ့ပါသည်  ထိုပြန့်နှံ့မှုသည် လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ  ဝေဖန်ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို ကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည် ။

သို့အတွက်ကြောင့်ဒေါက်တာဆိတ်ဖွားဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုဒေါက်တာဆိတ်ဖွားဆိုသူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း  အများစိတ်ဝင်စားသော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည် ။ ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို " အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ ကျွန်ုပ်၏ အမှားဖြစ်ကြောင်းဝန်ခံပါသည် ၊ အမှားကိုအမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော်နှင့်ညီသော ကိစ္စတစ်ရပ်သာဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် " အပေါင်းပါ " ဟုခေါ်ထိုက်သူများမဟုတ်ပဲ ၊ အများပြည်သူလက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိ တရား ကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည့်  နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်းပြင်ဆင် ဖေါ်ပြအပ်ပါသည် ။

 ကျွန်ုပ်အား ပြည်ထောင်စု လွှတ်တော်က ကော်မရှင် ဖွဲ့စည်းပြီး စုံစမ်းအရေးယူပေးပါရန် အရေးကြီးအဆိုတင်သွင်းနေသော 

ကြံ့ခိုင်ရေးပါတီမှ  ပြည်သူ့ကိုယ်စားလှယ်တော်ကြီး ဒေါက်တာဦးစိုးရင် 
 ( ဓါတ်ပုံ- ပြည်သူ့လွှတ်တော် )

 ဒေါက်တာဆိတ်ဖွား

ဤရက်ပိုင်းအတွင်း ဒေါက်တာဆိတ်ဖွား၏အမည်သည် ၊ အင်တာနက်စာမျက်နှားများ ၊ လူမှုကွန်ယက်များ ၊ သတင်းမီဒီယာများတွင် အတော်ပင်ပြန့်နှံ့နေခဲ့ပါသည် ထိုပြန့်နှံ့မှုသည်လွှတ်တော်တွင် ဒေါက်တာစိုးရင်က အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော Above the law ခေါင်းစဉ်ပါ ဝေဖန်ချက်နှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးအရေး ယူဆောင်ရွက်ပေးပါရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင် ဖွဲ့စည်းပြီး ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆို ကို အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှ အစပြုကြောင်း အများသိရှိပြီးဖြစ်ပါသည် ။

သို့အတွက်ကြောင့်ဒေါက်တာဆိတ်ဖွားဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုဒေါက်တာဆိတ်ဖွားဆိုသူက လွှတ်တော်အပေါ် မည်သို့များ ပြန်လည်တုန့်ပြန်လာမည် ဆိုသည့်ကိစ္စမှာလည်း အများစိတ်ဝင်စားသော ကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါသည် ။ ပြည်သူသန်း ၆၀ ကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများကို " အပေါင်းပါများ" ဟု သုံးနှုံးခဲ့ခြင်းမှာ ကျွန်ုပ်၏ အမှားဖြစ်ကြောင်းဝန်ခံပါသည် ၊ အမှားကိုအမှားမှန်းသိသဖြင့် ၀န်ခံခြင်းသည် မင်္ဂလာတရားတော်နှင့်ညီသော ကိစ္စတစ်ရပ်သာဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများသည် " အပေါင်းပါ " ဟုခေါ်ထိုက်သူများမဟုတ်ပဲ ၊ အများပြည်သူလက်ခံသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ဒီမိုကရေစီနည်းကျ လွတ်လပ်၍ တရားမျှတစွာ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကြီးတွင် ပြည်သူများက ဆန္ဒစစ် ဆန္ဒမှန်များဖြင့် ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်ကြီးများ ဖြစ်ပါကြောင်းနှင့် ဥပဒေပြုရေးမဏ္ဍိုင်ကို အဂတိ တရား ကင်းကင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေကြသည့် နိုင်ငံ၏ ဂုဏ်ကျက်သရေဆောင် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်းပြင်ဆင် ဖေါ်ပြအပ်ပါသည် ။

ကျွန်ုပ်အား ပြည်ထောင်စု လွှတ်တော်က ကော်မရှင် ဖွဲ့စည်းပြီး စုံစမ်းအရေးယူပေးပါရန် အရေးကြီးအဆိုတင်သွင်းနေသော

ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့ကိုယ်စားလှယ်တော်ကြီး ဒေါက်တာဦးစိုးရင်
( ဓါတ်ပုံ- ပြည်သူ့လွှတ်တော် )

ဒေါက်တာဆိတ်ဖွား

  2 comments:

  1. ဘာဖြစ်တာလဲ ဒေါက်တာ ဆိတ်ဖွား......

    (၁) ပိုင်ဆိုင်မှုကို မကြေငြာဖို့ ဆန္ဒကောက်ပြီး ဆုံးဖြတ်တဲ့တာ...။

    (၂) တစ်နှစ်ကို ၀င်ငွေလစာ(၁၄)သိန်းကျော်တဲ့ ၀န်ထမ်းတွေကို
    အခွန်ကောက်ဖို့ ဆုံးဖြတ်ခဲ့တာ...။

    (၃) လွှတ်တော် ကော်မတီအရပ်ရပ်ကို ပြည်ထောင်စုအဆင့်
    မြှင့်တင်ခဲ့တာတွေက အပေါင်းအပါတွေ အုပ်စုဖွဲ့ခဲ့တာ
    မဟုတ်ဘူးလား...။

    ဒေါက်တာ ဆိတ်ဖွား မသိရင် တစ်ခုပြောပြမယ်...
    တရားစီရင်ရေး ကဏ္ဍမှာတော့.. ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူး
    တည်ဆဲ ဥပဒေအတိုင်းပဲ စီရင်ရမယ်...။

    ဒါပေမဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမှာတော့ ဥပဒေရဲ့ အထက်မှာ
    နိုင်ငံတော်နဲ့ ပြည်သူရှိတယ်...။

    နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် လိုအပ်ရင် ဥပဒေကို ပြင်ဆင်ယုံလောက်
    မပြောနဲ့ ပယ်ဖျက်ဖို့ လိုအပ်ရင်လည်း ပယ်ဖျက်ရမှာပဲ...။

    အစိုးရအဖွဲ့နဲ့ ၀န်ထမ်းတွေဆိုတာ တာဝန်လည်း ရှိတယ်။
    တာဝန်ခံနိုင်မှုလည်း ရှိတယ်...။

    လွှတ်တော်ကိုယ်စားလှယ်ဆိုတာ တာဝန်ခံနိုင်မှု မရှိဘူး...။
    ကော်မတီဆိုတာလည်း တာဝန်ခံနိုင်မှု မရှိဘူး....။

    တာဝန်ရှိသူတွေကို တာဝန်မရှိသူတွေက စုပေါင်းပြီး လွှမ်းမိုးဖို့ ကြိုးစား
    လာတာ အပေါင်းအပါတွေနဲ့ အုပ်စုဖွဲ့တာ မဟုတ်ဘူးလား... ?

    ReplyDelete
  2. Con"ခင်များ ပြောတာတွေ ကျွန်တော့ဆန္နနဲတစ်ထပ်ထဲပဲ။ဒေါက်တာဆိတ်ဖွား မှားမှန်းသိုပြီးတောင်းပန်တာ မင္ဂ်လာပဲပေါ့။ဆက်လုပ်ပါ ခင်များ။

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...