Monday, January 21, 2013

နိုင်ငံတော်သမ္မတနှင့်ဆွေးနွေးခွင့် ရရှိသူမခင်စန္ဒာညွန့်နှင့် တွေ့ဆုံမေးမြန်းမှုအချို့

Tuesday, January 22, 2013

MMA။ ။ သမ္မတနဲ့တွေ့ဆုံပြီး အရပ်ဖက် လူ့အဖွဲ့စည်း တစ်ခုအနေနဲ့
ဆွေးနွေးတင်ပြခွင့် ရတဲ့အပေါ် အစ်မရဲ့ ခံစားချက်ကို ပြောပေးပါလား။
KSDN။ ။ တင်ပြဆွေးနွေးခွင့်ရတဲ့အတွက်ဝမ်းသာတယ်ပေါ့နော်။
ဘာလို့လဲဆိုတော့ လူထုအသံကို နားထောင်တဲ့ ကိစ္စတစ်ခုပဲနော်။ အခုလိုမျိုး ပြောစရာရှိတာတွေကတော့ အများကြီးပဲပေါ့နော်။ ဒါပေမဲ့ပြောစရာရှိတဲ့ အချက်တွေထဲကမှ အရေးကြီးတယ်လို့ထင်တဲ့
ပြောစရာရှိတာလေးကို ပြောခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။

MMA။ ။ သမ္မတနဲ့ပြောဆို ဆွေးနွေးခွင့်ရမယ်ဆိုပြီး ကြိုတင် စဉ်းစားလာ
ခဲ့တာတွေဆိုရင် ဘာတွေဖြစ်မလဲအစ်မ။

KSDN။ ။ပြောချင်တာကဟိုဟာပေါ့နော်။ အဓိက ပြောချင်တဲ့ အပိုင်းကတော့ ကျွန်မတို့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေကို ကဏ္ဍအသီးသီးမှာ ဘယ်လို
ပြည့်ပြည့်ဝဝပါဝင်မှု ၊နောက်တစ်ခုက အပြန်အလှန် ချိတ်ဆက်ဦးဆောင်မှု
ပေါ့နော်။ လိုအပ်တဲ့ ပြင်ဆင်တွေကို သူ့ရဲ့လိုအပ်တဲ့ နေရာမှာထည့်သွင်း စဉ်းစားဖို့၊ ထည့်သွင်း တည်ဆောက်ဖို့ ဆိုတဲ့ဟာကို ကျွန်မပြောချင် တာပေါ့နော်။ အထူးသဖြင့် ပြောမယ်ဆိုရင် လယ်ယာကဏ္ဍနဲ့ ပတ်သက်ပြီး၊ လယ်ယာဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ပဲဖြစ်ဖြစ်၊လယ်ယာကဏ္ဍနဲ့ပဲ ဖြစ်ဖြစ်၊
ဖွင့်ဖြိုးတိုးတက်တက်ဖို့နဲ့ ပတ်သက်ပြီး မူဝါဒပဲဖြစ်ဖြစ်၊ အုပ်ချုပ်ရေး ယန္တယားအရ အကောင်အထည်ဖော်မှုပဲ ဖြစ်ဖြစ်၊ ပတ်သက်လာပြီဆိုရင် လယ်ယာမြေနဲ့ ပတ်သက်နေတဲ့ အရပ်ဖက် လူ့အထဖွဲ့အစည်း အများကြီးရှိတယ်။ သူတို့တွေနဲ့ များများmeetingတွေ လုပ်ရမယ်။ feedback တွေလိုအပ်တယ်။ ထို့အတူဘဲ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်မယ်ဆိုရင်လည်း ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လုပ်နေတဲ့ အဖွဲ့စည်းတွေ အများကြီးရှိတယ်။ အဲ့ဒါမှသာ သက်ဆိုင်ရာ အစိုးရတစ်ရပ် အနေနဲ့ ကောင်းမယ်လို့ ယူဆလို့ရတဲ့ ချမှတ်လိုက်တဲ့ မူဝါဒတွေ၊ မူဝါဒဆိုတာကလည်း ပြီးပြည့်စုံတဲ့ မူဝါဒမရှိဘူးလေ။ ကောင်းမယ်လို့ထင်တဲ့ ချမှတ်လိုက်တဲ့မူဝါဒ တစ်ခုမှာ ချမှတ်လိုက်တဲ့ မူဝါဒဟာ လူထုက သိ၏ဖြစ်စေ၊ မသိ၏ဖြစ်စေ၊ ကိုယ်တိုင်ကကို သိရှိနားလည်ပြီးတော့် လိုချင်တဲ့ သိရှိနားလည်မှုနဲ့၊ သဘောတူတဲ့ဟာမျိုးမှ အုပ်ချုပ်ရေးစနစ်ဆိုတာ
ဖြစ်မှာပေါ့နော်။ အဲ့ဒီအတွက်ကို အဓိကပြောချင် တာပေါ့နော်။

MMA။ ။မခင်စန္ဒာညွန့် အနေနဲ့ အခုလို သမ္မတနဲ့ ဆွေးနွေးခွင့်ရတဲ့ သူတွေ
ရှိတယ် ၊မရှိတဲ့သူတွေရှိတယ်။အဲ့ဒီအပေါ်မှာ အစ်မရဲ့အမြင်လေးကို ပြောပြပေး
ပါလား။

KSDN။ ။အဲ့ဒါက ဒီပွဲအရ အချိန်အကန့်အသတ် ဆိုတာကလည်း ရှောင်လွှဲ
လို့မရတဲ့ ကိစ္စတစ်ခုပဲလေ၊ အချိန်အကန့် အသတ်ပေါ်မှာ မူတည်ပြီးတော့
ဆွေးနွေးခွင့် မရလိုက်တာမျိုး ရှိသွားပါတယ်။ ဒါပေမဲ့ ဖြစ်စေခြင်
တာကတော့ ဒီမှာက(၈၆)ဖွဲ့လောက် ရှိနေတော့လေ၊ (၈၆)ဖွဲ့လုံး အကုန်လုံးမှာ ပြောချင်စရာတွေက ရှိနေတော့လေ ၊ဒီလိုမျိုးနောက်ထပ် ကဏ္ဍအသီးသီးလိုက် နောက်ထပ်တွေ့ဆုံပြီး၊ တွေ့ဆုံပွဲတွေအသီးသီးပြုလုပ်ပေးရမယ်။ ခုဆိုရင် သမ္မတကိုယ်တိုင်ကလည်း နောက်ထပ် ပြုလုပ်ပေး
ရမယ်လို့ ပြောထားတယ်။ ဥပမာ- လယ်ယာကဏ္ဍနဲ့ ပတ်သက်လာရင် လယ်ယာ စိုက်ပျိုးရေးနဲ့ ဆိုင်တဲ့ သူ့သက်ဆိုင်ရာ ဝန်ကြီးရှိမလား ၊ ဒါမှ မဟုတ်ရင် သက်ဆိုင်ရာ အပေါ်ဆုံးအကြီးအကဲ သမ္မတရှိမလား၊ အဲ့ဒါတွေနဲ့
အောက်မှာရှိတဲ့ သက်ဆိုင်ရာ လယ်ယာကဏ္ဍက သက်ဆိုင်ရာသူတွေနဲ့ များများတွေ့ပေးရမယ်ပေါ့။

MMA။ ။အခုလို အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ သမ္မတနဲ့ တွေ့ဆုံ
တာကလည်း ပထမဦးဆုံးအကြိမ်ဖြစ်တယ်ဆိုတော့ နောက်ထပ် ဘယ်လိုမျိုး ဖြစ်လာနိုင်တယ်လို့ အစ်မတို့ မျှော်လင့်ထားလဲ။

KSDN။ ။အခုလို ပထမဦးဆုံးအကြိမ် တွေ့ဆုံးမှုက ပထမဦးဆုံး ကနဦးတွေ့
ဆုံမှုပေါ့နော်။ အခုလို တွေ့ဆုံလိုက်ပြီ ဆိုကတည်းက ကောင်းတဲ့ အစပြုမှုလို့ ကျွန်မမျှော်လင့်ပါတယ်။ အဲ့ဒီအတွက် ရှေ့ဆက်ပြီးတော့မှ၊ အခုဟာကလည်း အုပ်ချုပ်ရေး ကဏ္ဍမှာရှိနေတဲ့ သူတွေနဲ့၊ အရပ်ဖက် လူ့အဖွဲ့စည်းတွေနဲ့
တွေ့ဆုံတာ ဖြစ်တဲ့အတွက် နောက်နောင်မှာလည်း အုပ်ချုပ်ရေး ကဏ္ဍ
အသီးသီးက အရပ်ဖက်လူ့အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံဖို့အလားအလာကောင်း
လို့ ကျွန်မမြင်တယ်။ သမ္မကြီး အနေနဲ့လည်း ပြောသွားတယ်လေ။
နောက်ဆွေးတဲ့အပိုင်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အများကြီး တွေ့ဆုံမှုတွေ အများကြီးလုပ်ပါမယ်လို့
ပြောသွားတယ်လေ။ ဒါကလူထုပါဝင်တဲ့ အုပ်ချုပ်ရေး စနစ်ဖြစ်လာတော့
မှာပါ။ အရှိန်ရလာတော့မှာပါလို့ ကျွန်မပြောချင်ပါတယ်။

The Myanma Age

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...