မြန်မာ့ရိုးရာ
Ko Kyi Win shared ရှမ်းရိုးမ၂၀၁၃'s photo.
- အနောက်တိုင်းသူ၊ ပုံစံယူမှား
တုယူထားလျက်၊ သရုပ်ပျက်ပုံ
အခက်ကြုံရ၊ ခင်နှမရယ်
မပြောမပြီး၊ မတီးမမြည်
မကြည်နှလုံး၊ ဆင်ယင်ထုံးများ
ပြင်ပါလား။
- စကပ်တိုကွဲ၊ ရင်ဟိုက်ပြဲနှင့်
စကပ်တိုကြပ်၊ ဒေါက်ဖိနပ်နှင့်
မနူးမနပ်၊ စိမ်းဆတ်ဆတ်ရွယ်
နှမငယ်၊ မဖွယ်မရာ
သူ့ရိုးရာကို၊ စွန့်ပါတော့လား၊ စွန့်ပါလား။
- ယဉ်ကျေးစွာဖြင့် နံ့သာသနပ်ခါး
ပါးကွက်ကြားနှင့်၊ လှအားမူပို
နှမပျိုအား၊ ပုံစံထားလျက်
ချည်သားပြင်ပြင်
ချိတ်အဆင်နှင့်၊ သွင်ပြင်အလှ
ယဉ်စစကို၊ ကြည့်လို့မဝ
ရှု့တိုင်းလှ။
- စဉ်လာမပျက်၊ မျိုးနွယ်ဆက်၍
သွယ်ခက်ဆင့်ပွား၊ ရှေးထုံးများကို
နှလုံးစံထား၊ ဘိုးဘွားများနှင့်
ထပ်ပွားမိဘ၊ ကြံဆတီထွင်
ဓလေ့စဉ်ကို၊ ပျိုခင်နှမ
လိုက်နာကြဖို့ တိုက်တွန်းစို့။ ။
0 comments:
Post a Comment