Saturday, January 19, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၁)

သစ်ထူးလွင်



Posted: 19 Jan 2013 07:00 AM PST
အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ ၁၆.၁.၂၀၁၃ ရက်စွဲပါအမှတ် ၅/၄၃-၁၅ / ဦး၆ (၀၇၈)ဖြင့်
သံလမ်းတလျှောက်ညမထွက်ရအမိန့် (ပုဒ်မ-၁၄၄) ကို ထုတ်ပြန်ခဲ့သည်။

အင်းတော်မြို့နယ် မဲဇာ ရွာ မှ စတင်၍ စစ်ကိုင်းတိုင်း နယ်နမိတ်အဆုံး နန့်စီးအောင် ရွာအထိ ရထားသံလမ်းဝဲယာတလျှောက်အား ဇန်န၀ါရီလ (၁၆)ရက်မှ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့၊
ည(၈)နာရီမှ မနက်(၅)နာရီ အထိ ညမထွက်ရအမိန့်အား ထုတ်ပြန်ခဲ့သည်။

အင်းတော်မြို့နယ် မဲဇာဘူတာ၏ တောင်ဖက် (၇)မိုင်ခန့်အကွာ မိုင်တိုင်အမှတ် ၅၆၈/၆ မှစတင်၍ နန့်စီးအောင်ဘူတာ၏ မြောက်ဖက် (၆)ဖာလုံခန့်အကွာ မိုင်တိုင်အမှတ် ၆၁၂ / ၃ အထိ သံလမ်းဝဲယာ (၇၅) ပေအား သတ်မှတ်ဧရိယာအဖြစ် သတ်မှတ်ခဲ့သည် ဟု သတင်းရရှိသည်။

Katha Town

ယနေ့ (ဇန်န၀ါရီ၊၁၃၊၂၀၁၂)နံနက် ၃နာရီ၁၇မိနစ် အချိန်တွင် မြေပလ္လင် နှင့် နန့်စီးအောင် ကျေးရွာ အကြား ရထားလမ်း မိုင်းပေါက်ကွဲ မှုဖြစ်ပွားခဲ့စဉ်။

Posted: 19 Jan 2013 06:53 AM PST
ဇန်န၀ါရီလ ၁၉ ရက်၊ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ကာမိုင်း မြို့ပေါ်ရှိ ရဲစခန်း၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် စရဖရုံးတို့ကို KIA တပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်က ၀င်ရောက်မီးရှို့သွားကြောင်းနှင့် လျှပ်စစ်ရုံးမှ ၀န်ထမ်းနှစ်ဦးကို ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Jan 2013 06:41 AM PST
KIA တပ်ရင်း(၆) ရှိရာ ဖားကန့်ဒေသ ကံဆီးဘက်တွင် ဇန်န၀ါရီလ ၁၉ ရက်နေ့၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း သိရသည်။ '' ဒီနေ့ (ဇန်န၀ါရီလ ၁၉ရက် နေ့) ညနေ၅ နာရီ လောက်မှာ KIA တပ်ရင်း(၆) ဘက်ကို လက်နက်ကြီးနဲ့ ပစ်တယ်။ မိနစ် ၂၀ အတွင်းမှာ တင် ၁၂ လုံးလောက် ပစ်တာကို ကြားရတယ်'' -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Jan 2013 06:25 AM PST
ကချင် လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ်ရာ ဂျယ်ယန်း စစ်ပြေး ဒုက္ခသည် စခန်းတွင် ကလေးငယ်များ အဖျားတက်၊ အော့အန်ခြင်းနှင့် ဝမ်းလျောရောဂါ ဖြစ်ပွားနေသည်ဟု စစ်ပြေး ဒုက္ခသည်များထံမှ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 19 Jan 2013 06:17 AM PST
ကချင်ပြည်နယ် လဂျားယန် ဒေသတွင် စစ်ဆင်ရေးများကို ယနေ့နံနက်မှ စတင်ကာ ရပ်ဆိုင်းမည်ဖြစ်ကြေင်း အစိုးရ၏ ထုတ်ပြန်ချက်အပေါ် လဂျားယန်အပြင် ကချင်ဒေသ အနှံ ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းသင့်ကြေင်း ကချင်လွတ် မြောက်ရေး အဖွဲ့ KIOမှ တုံ့ပြန်လိုက်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 19 Jan 2013 06:01 AM PST
 မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီး ဌာန အနေဖြင့် ကုန်းတွင်း လုပ်ကွက်များနှင့် ကမ်းလွန် လုပ်ကွက်များမှ သဘာဝ ဓါတ်ငွေ့ တရက်လျှင် ပျှမ်းမျှ ကုဗပေ သန်း ၁,၃၀၀ ခန့် ထုတ်လုပ် နေကြောင်း ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မြန်မာ့ကမ်းလွန်ပင်လယ်ရှိ ရတနာ သဘာဝဓါတ်ငွေ့ လုပ်ငန်းခွင်



Posted: 18 Jan 2013 05:29 PM PST
ဒုတိယ ကမ္ဘာစစ် အပြီး မြန်မာ နိုင်ငံမှာ ဗြိတိသျှ စစ်တပ် ကနေ စပစ်တ် ဖိုင်းယား တိုက်လေယာဉ် တွေကို မြှုပ်ထား ခဲ့တယ် ဆိုပြီး ပြန်လည် ရှာဖွေ တူးဖေါ် နေရာမှာ ဘာ လေယာဉ်မှ မတွေ့ ရတဲ့ အတွက် တူးဖေါ် ရေးမှာ ပါဝင်တဲ့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရန်ကုန်လေဆိပ်မှာ မတွေ့ပေမယ့် တခြား နေတွေမှာ မြှုပ်ထား မယ်လို့ စီမံကိန်း ခေါင်းဆောင်က ယုံကြည်နေ

Posted: 18 Jan 2013 05:16 PM PST
အယ်လ်ဂျီးရီး ယားနိုင်ငံမှာ ဖြစ်နေတဲ့ ဓါးစာခံ ပြဿနာနဲ့ ပတ်သက် ပြီးတော့ အထူးပဲ စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလရီ ကလင်တန်က ပြောကြားလိုက်ပြီး၊ အဲဒီဓါးစာခံတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အယ်လ်ဂျီးရီးယား အစိုးရအနေနဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



သတင်းစာရှင်းလင်းပွဲအတွင်း အယ်လ်ဂျီးရီးယားအရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ပြောကြားနေစဉ်။

Posted: 18 Jan 2013 05:07 PM PST
တရုတ်နိုင်ငံမှာ ၂၀၀၀ ပြည့်နှစ် ကတည်းက လူသိရှင်ကြား ထုတ်ပြန်တာတွေ မရှိတော့တဲ့ ဆင်းရဲချမ်းသာ ၀င်ငွေကွာဟမှု ကိန်းဂဏန်း အချက်အလက်တွေကို အခုနောက်ဆုံး အာဏာပိုင်တွေက ထုတ်ဖော် ကြေညာ လိုက်ပါတယ်။-----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တရုတ်ပြည်သူများ နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေစဉ်။

Posted: 18 Jan 2013 05:01 PM PST
ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင် အလုပ်လုပ်ခွင့် မရှိသေးတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ သူတို့ရဲ့ ကလေးတွေကို ယာယီ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးတင်ဝင်း က ပြောလိုက်ပါတယ်၊။ မြန်မာနဲ့ ထိုင်းအစိုးရ ၂ ခုကြား သဘောတူ ညီချက်အရ ဇန်နဝါရီလ ၁၅ ရက်နေ့က စပြီး တရားမဝင် အလုပ်သမားစာရင်း ကောက်ခံမှု လုပ်ငန်းတွေ စတင်လုပ်နေပြီး မေလ ၁၅ ရက်နေ့အထိ ယာယီနိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ အပြည့်အစုံကို
မစုမြတ်မွန်က တင်ပြပါမယ်၊

ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ ကလေးတွေအတွက် ယာယီ
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးကို ထိုင်းဝန်ကြီးအဖွဲ့က ၃ လ သက်တမ်းတိုးဖို့ လက်ခံ ဆုံးဖြတ် ခဲ့ပြီးနောက်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့ထဲက တရားမဝင် မြန်မာအလုပ်သမား စာရင်း ကောက်ခံမှုတွေကို စတင်နေပြီ လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ဝင်းက
သောကြာနေ့က မြန်မာသံရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရားမဝင်အလုပ်သမား စာရင်းကောက်ခံမှုကို ထိုင်းအလုပ်သမားကြီးကြပ်ရေးရုံး
Department of Employment ရုံးတွေနဲ့ ထိုင်းအလုပ်ရှင်တွေ ပူးပေါင်းပြီး
လုပ်နေတဲ့ အကြောင်း သံအမတ်ကြီးက အခုလိုပြောပါတယ်။

“ထိုင်းဝန်ကြီး၊ ထိုင်းအလုပ်သမားဌာနကနေပြီးတော့ ထိုင်းလုပ်ငန်းရှင်တွေဆီမှာ ကျန်နေသေးတဲ့ တရားမဝင်ကျန်နေသေးတဲ့ မြန်မာအလုပ်သမားတွေ စာရင်းကို သူတို့ကတောင်းတယ်။ အဲ့တော့ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီလုပ်ငန်းရှင်တွေကနေပြီးေ
တာ့ သူတို့မှာ ဘယ်လောက်ကျန်နေသေးတယ်ဆိုတာကို သူတို့ကနေ တောင်းဆိုရမှာဖြစ်ပါတယ်။ လမ်းကြောင်းကတော့ ထိုင်းလုပ်ငန်းရှင်တွေကနေ တဆင့် မြို့နယ်ကိုသွားမယ်၊ မြို့နယ်ကနေ ခရိုင် ရုံးချုပ်ကိုဆက်ပြီးတော့ တင်ပြတောင်းခံရမယ့် အစီအစဉ်ဖြစ်ပါတယ်။"

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကနေလာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားပေါင်း ၄ သန်းလောက်ရှိမယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းပါတယ်၊ အဲဒီ့ ထဲမှာတရားဝင် နေထိုင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းရှိသူပေါင်းက ၂ သန်း နီးပါးပဲ ရှိပါတယ်၊ ထိုင်းနိုင်ငံထဲမှာ ရှိနေသမျှ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ
အားလုံး တရားဝင် နေထိုင်နိုင်အောင် နဲ့ ရသင့်တဲ့ အခွင့်အရေးတွေ ရရှိနိုင်အောင် မြန်မာသံရုံးက ယာယီနိုင်ငံကူး လက်မှတ်တွေ ကို ဖေဖော်ဝါရီ ၁၅ ကနေ  ကနေ မေလ ၁၅ ရက်နေ့အတွင်း ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေ ပြန်ဖွင့်ပြီးတော့ ထုတ်ပေးသွားမှာဖြစ်တယ် လို့ သံအမတ်ကြီး ဦးတင်ဝင်းက ပြောပါတယ်၊

“ကာလအားဖြင့်ဆိုရင် ပထမရက်သုံးဆယ် ဇန်နဝါရီ ၁၅ရက်ကနေ ဖေဖော်ဝါရီ ၁၅ပေါ့နော်။ စာရင်းကောက်ပြီးတဲ့အခါမှာ ရလာတဲ့ မှတ်ပုံတင်စာရင်းအရ သုံးလအတွင်းမှာ One Stop Service နဲ့ စခန်း ၁၀ခုမှာ ယာယီနိုင်ငံကူးလက်မှတ် Temporary Passport ထုတ်ပေးမယ်။ မြန်မာဘက်ကပေါ့လေ။ ထိုင်းဘက်ကတော့ နေထိုင်ခွင့်ဗီဇာ။ ကုန်ကျစားရိတ်နဲ့ပတ်သက်လို့ ကျနော်တို့ နှစ်ဖက်စကားပြောကြတဲ့အခါကျတော့ တရားဝင် ညှိနှိုင်းပြီးတော့မှ ကုန်ကျစားရိတ်ကို အနည်းဆုံးဖြစ်အောင် အလုပ်သမားတွေအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် အသက်သာအချောင်ချိဆုံးဖြစ်အောင် ဆိုတာမျိုးတော့ ကျနော်တို့ အကြမ်းဖြင်း ညှိထားတယ်။ မူအားဖြင့် ညှိနှိုင်းသဘောတူထားတယ်။ ပမာဏဆိုတာတော့ သူတို့ အသေးစိတ် မသိရသေးဘူး။”

ထိုင်းအစိုးရရဲ့ အလုပ်သမားဆိုင်ရာ မူဝါဒသစ်ကြောင့် မြန်မာနိုင်ငံကနေ လာရောက် အလုပ်လုပ်ကြမဲ့သူတွေဟာ ထိုင်းအလုပ်ရှင်တွေရဲ့ အလုပ်ခန့်စာ၊ နိုင်ငံကူးလက်မှတ်၊ တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် စတဲ့ အထောက်အထားတွေ ရှိဖို့လိုအပ်ပါတယ်။ မြန်မာနိုင်ငံကနေ
အကြောင်းအမျိုးမျိုးနဲ့ ထိုင်းနိုင်ငံထဲကိုရောက်ရှိနြေ
ပီးသား တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေ နဲ့ သူတို့ရဲ့ ကလေးတွေကို အခု မြန်မာသံရုံးကနေ မှတ်ပုံတင် အထောက်အထား မရှိရင်တောင် ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာသံအမတ်ကြီး
ဦးတင်ဝင်းက သတင်းစာရှင်းပွဲမှာ အခုလို ပြောသွားခဲ့ပါတယ်၊

“မြန်မာပြည်မှာ ပြန်ပြီးတော့ Nationalities Verification တွေ မလုပ်တော့ဘူး။ ဒီမှာပဲ သံရုံးမှာတင်ဖြတ်ပြီးတော့ ကျနော်တို့ တခါတည်း လုပ်ပေးမယ်။ ဒါပေမဲ့ မျက်မြင်ကြည့်လိုက်မှာပေါ့နော်။ မျက်မြင်ကြည့်ပြီးတော့မှ ကျနော်တို့ မြန်မာလူမျိုးတွေ၊ တိုင်းရင်းသားတွေဆိုရင်တော့ ကျနော်တို့ ချက်ခြင်းထုတ်ပေးလိုက်မယ်။ ယာယီနိုင်ငံကူးလက်မှတ်ပေါ့။ ကျနော်တို့တာဝန်က အဲ့တာ ထုတ်ပေးမှာလေ။ ကျနော်တို့ယုံကြည်တယ်ဆိုရင် ကျနော်တို့ အာဏာပိုင်တွေပေါ့နော်။ ကျနော်တို့ကနေ တာဝန်ပေးထားတယ်ဆိုတဲ့ ဝန်ထမ်းတွေက ကြည့်ပြီးတော့ ယုံကြည်ရတယ်ဆိုရင် ကျနော်တို့က ဒီတကြိမ်မှာတော့ ချက်ခြင်းထုတ်ပေးလိုက်မယ်။ မှတ်ပုံတင်ပေါ့။”

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက် တရားဝင်စာရွက် စာတမ်းရရှိနိုင်ဖို့
အဓိက စိတ်ခေါ်မှုက ကုန်ကျစရိတ်ဖြစ်ပါတယ်၊ ဒါကြောင့် အထောက်အထား စာရွက်စာတမ်း ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး လျော့ပေးဖို့၊ ပွဲစားတွေရဲ့ ဈေးတင်တောင်းမှုကို
ဖြေရှင်းဖို့ နဲ့ အလုပ်သမားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တရားဝင် လက်မှတ် လုပ်ခွင့်မပေးတဲ့ ထိုင်းအလုပ်ရှင်တွေကို ထိုင်းအလုပ်သမား ကြီးကြပ်ရေးရုံးတွေနဲ့ ပေါင်းပြီး
အရေးယူနိုင်ရေး ကိစ္စတွေကိုလည်း ဆောင်ရွက်သွားမယ်လို့ မြန်မာသံအမတ်ကြီးဦးတင်ဝင်းက
ပြောသွားပါတယ်။

 စုမြတ်မွန် - ဗွီအိုအေ (မြန်မာပိုင်း)


Posted: 18 Jan 2013 04:57 PM PST
မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကချင် လက်နက်ကိုင် တပ်တွေအပေါ် ထိုးစစ်တွေ ဆင်နွှဲ နေတာကို စနေနေ့ မနက်ကစပြီး ရပ်ဆိုင်းမှာ ဖြစ်တဲ့ အကြောင်း အစိုးရက ကြေညာ လိုက်ပါတယ်။ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) က မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှုကြောင့် လက်တုန့်ပြန်တဲ့ အနေနဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

KIA, Kachin Independent Army and All Burma Students Democratic Front forces tried to take back Bum Lwi Post hill from Myanmar Army. (January 1st, 2013) Photo/ABSDF

Posted: 18 Jan 2013 04:40 PM PST
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ဝှေ့ကလုတ်ရွာမှာရှိတဲ့ ယူနီအိုးရှင်း အထည်ချုပ်စက်ရုံ က မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၅ဝ က သူတို့ရဲ့လုပ်အားခလစာတိုးပေးဖို့ အလုပ်မဆင်းဘဲ စက်ရုံဝင်းအတွင်းမှာ ဒီကနေ့ ဇန်နဝါရီလ ၁၈ရက်နေ့ မနက်ပိုင်းက ဆန္ဒပြ ခဲ့ကြတယ်လို့ သိရပါတယ်။--

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ထိုင်းနိုင်ငံက ငါးဒိုင်တခုမှာ မြန်မာရွေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်နေသည့် မြင်ကွင်းတခု။RFA

Posted: 18 Jan 2013 04:34 PM PST
ယခင် စစ်အစိုးရနဲ့ နီးစပ်ခင်မင်သူ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေက ပညာရေးရန်ပုံငွေအတွက် လှုဒါန်းတာတွေကို လက်ခံတာဟာ မှားယွင်းတယ်လို့ မဆိုနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် က ဒီကနေ့ ကာကွယ်ပြော ဆိုလိုက်တယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


NLD အခမဲ့ပညာရေးကျောင်းများ ရန်ပုံငွေရှာဖွေရေး ဂီတပွဲတွင် လေလံတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထားတဲ့ သိုးမွေးအင်္ကျီ။ Photo: RFA/Myo Zaw Ko

Posted: 18 Jan 2013 04:28 PM PST
ကချင်ပြည်နယ်က စစ်ဘေး ဒုက္ခသည်တွေထံ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ရောက်ရှိရေးအခြေအနေ ပိုမိုဆိုးရွား လာနေတဲ့တွက် ဒီကိစ္စကို အရေးတကြီး ဆွေးနွေးကြဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တောင်းဆို လိုက်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဦးစစ်မြိုင်

Posted: 18 Jan 2013 04:22 PM PST
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ အခုရက်ပိုင်းအတွင်း  နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိနေသလို  ပြည်တွင်းက အန်ဂျီအိုတွေနဲ့လည်း  ရန်ကုန်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Jan 2013 04:15 PM PST
လာမယ့် ဧပြီ ၁ ရက်နေ့ကစပြီး လယ်သမားတွေ လယ်ပေါင်ခွင့်ရတော့မယ် လို့ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။ ဇန်န၀ါရီ ၇ ရက်က ကျင်းပခဲ့တဲ့ အရန်ဆန်တင်ပို့ရေး အစည်းအဝေးမှာ လယ်ယာနဲ့ စိုက်ပျိုးရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jan 2013 02:05 PM PST
ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၃၊ အမှတ် ၁၂၉
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jan 2013 02:02 PM PST
ဇန်န၀ါရီလ ၁၇ ရက်နေ့ ထုတ်  ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် (၄၂၀)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jan 2013 01:59 PM PST
ဇန်န၀ါရီလ ၁၆ ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် (၄၂၀)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jan 2013 01:56 PM PST
ဇန်န၀ါရီလ ၁၈ ရက်နေ့ ထုတ် Focus Online ဂျာနယ် အတွဲ (၆) ၊ အမှတ် (၂၅)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jan 2013 01:51 PM PST
ဇန်နဝါရီ ၁၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ(၉) အမှတ်(၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 18 Jan 2013 10:12 AM PST
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ မြို့နယ်ထဲမှာ အစိုးရ တပ်သား အချင်းချင်း ပစ်ခတ် သေဆုံးမှုနဲ့ပတ်သက်ပြီး  ဒေသခံရွာသား ၉ ဦး ဖမ်းဆီး နှိပ်စက်ခံခဲ့ရပါတယ်။ ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးဆွန် ကျေးရွာ အုပ်စု ကျိန်ကိုင်ရွာနားမှာ ဇန်န၀ါရီလ ၁၄ ရက်နေ့ ညနေပိုင်းက---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jan 2013 08:49 AM PST

ဒီဗွီဘီ ၁၈ ဇန်န၀ါရီ ၂၀၁၃

ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဌာနချုပ် လိုင်ဇာနဲ့ ၇ မိုင်အကွာက တောင်ကုန်း တချို့ကို အစိုးရ တပ်များက တက်ရောက်နေရာ ယူနေပြီ ဖြစ်ကြောင်း ကျောင်းသား တပ်မတော် (အေဘီ အက်စ်ဒီအက်ဖ်၊ မြောက်ပိုင်း) က ပြောဆို လိုက်ပါတယ်။

ကချင်ပြည်နယ် လိုင်ဇာကို သိမ်းပိုက်ဖို့ အတွက် အခုလက်ရှိ အစိုးရ တပ်တွေက လဂျား ယန်တောင်ကုန်းကို တက်ရောက်နေရာ ယူနေတာလို့ ကျောင်းသား တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ရဲဘော် မင်းဌေးက ပြောပါတယ်။

“လဂျားယန်နဲ့ လ၀ါယန်ရှိနေတဲ့ တောင်ကုန်းတွေ အကုန်လုံးကို တက်ထိုင်လိုက်ပြီဆိုရင် လိုင်ဇာက အောက်မှာ ရောက်သွားပြီ။”

အခုလက်ရှိ အစိုးရတပ်အင်အား အခြေအနေနဲ့ ပတ်သက်ပြီး ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော် လစိုင်းက အခုလိုပြောပါတယ်။

“အင်အားက အရမ်းများတယ်။ မနေ့ကလည်း လေယာဉ်နဲ့ သူတို့ ထိုးစစ်ဆင်တယ်။ ကျနော်တို့ဆီကို လက်နက်ကြီးတွေနဲ့ ၈ နေရာကနေပစ်ပြီးမှ ထိုးစစ်ဆင်နေတယ်။ အခုထိ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတယ်။”

လက်ရှိ လိုင်ဇာအခြေအနေနဲ့ ပတ်သက်ပြီးလည်း ရဲဘော်မင်းဌေးက အခုလိုပြောပါတယ်။

“လိုင်ဇာက ဟိုတလောက လက်နက်ကြီးတွေ ပစ်ပြီးတဲ့နောက်ပိုင်း အရပ်သားတွေ အတော်များများက တိမ်းရှောင်သွားကြတယ်။”

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ တရုတ်ကလည်း  တိုက်တွန်း ထားပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Posted: 18 Jan 2013 07:25 AM PST
ယခုအခါ မြန်မာအပေါ် နိုင်ငံတကာ၏ ပိတ်ဆို့မှုများလည်း
ရုပ်သိမ်း ခဲ့ပြီးနောက် အနောက်တိုင်းစီးပွားရေးလုပ်ငန်း
များ
သည်လည်း ကမ္ဘာ၏ အသစ်လွင်ဆုံး စီးပွားရေးမျက်နှာစာ
ဖြစ်သည့် မြန်မာသို့ အပြေးအလွှား ဝင်လာနေကြသည်။

ဤပြဇာတ်ဆန်သည့် နိုင်ငံရေး ရာသီဥတု အပြောင်းအလဲမှာ
တစ်ခါက တိုင်းပြည်ကို အုပ်စိုးခဲ့သော စစ်အစိုးရအတွင်းမှ ထွက်ပေါ်လာသော ပြုပြင်ပြောင်းလဲမှုများကြောင့် ဖြစ်ပြီး၊ ယင်းပြုပြင် ပြောင်းလဲရေးသမားများထဲမှ ခေါင်းဆောင်မှာ သမ္မတ ဦးသိန်းစိန်ပင် ဖြစ်တော့သည်။

အသားဖြူရော်ရော်၊ နဖူးပြောင်နှင့် မြန်မာ၏ ဂေါ်ဘာချက်ဗ်
ဖြစ်သည့် ဦးသိန်းစိန်သည် ယခုအပတ် တိုင်းမ်မဂ္ဂဇင်း၏
အထူးပြုဖေါ်ပြရာ လူ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်လာခဲ့သည်။
ရုရှားကား ၎င်း၏ ဒီမိုကရေစီသို့ သွားရာလမ်း၌ နှောင့်နှေးချိန်တွင်
“ဘားမား” ဟု လူသိများသော မြန်မာသည်ကား ရုရှားနှင့်မတူ
ကွဲပြားခြားနားသော ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနိုင်ခွင့်
ရှိနေသည်။

ဦးသိန်းစိန်သည် တစ်ခါက သြဇာကြီးသော ဒေါ်အောင်ဆန်း
စုကြည် အပါအ၀င် စစ်အစိုးရ၏ အညှာအတာကင်းမဲ့စွာ
ခြောက်လှန့်ခြင်း ခံခဲ့ရသော မြန်မာ့အတိုက်အခံများကို စိတ်ဒေါသ
ပြေစေခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာက နယူးယောက်မြို့တွင်
ပြုလုပ်သော ကုလသမဂ္ဂအထွေထွေ ညီလာခံ၌ မိန့်ခွန်း ပြောရာ
တွင်လည်း သူက ၎င်းကိုယ်တိုင် ပါဝင်ခဲ့ဖူးသော စစ်အစိုးရ၏
အဏာရှင်ဆန်သည့် သဘော သဘာဝကို အသိအမှတ်ပြုဖေါ်ပြ
ခဲ့ပြီး၊ ဒီမိုကရေစီရေး ကြိုးပမ်းအားထုတ်မှုများအတွက် သူမ၏
ကြိုးပမ်းအားထုတ်မှုများကြောင့် အမေရိကန်တွင် ဆုများ လက်ခံ
ရရှိခြင်းအတွက် လည်း ဒေါ်စုကို ချီးကျူးဂုဏ်ပြုခဲ့သည်။

အောင်ဆန်းစုကြည်စတင် ကျော်ကြားလာခဲ့သည့် ၁၉၈၈ ဒီမို
ကရေစီရေး လှုပ်ရှားမှု ကြီးကို စစ်ဗိုလ်ချုပ် များက ကြမ်းတမ်းစွာ
ဖြိုခွဲခဲ့ပြီး၊ ဆန္ဒပြ သူရာနှင့်ချီ သတ်ဖြတ်မှုများ ဖြစ်ပြီးနောက်
ကျာင်းသားများ၊ ဘုန်းတော်ကြီးများ လည်း အိမ်နီးချင်းနိုင်ငံ
များသို့ ထွက်ပြေးခဲ့ကြရသည်။ ၎င်းနှင့် လုပ်ဖေါ်ကိုင်ဖက်
ဗိုလ်ချုပ်များက တက်ကြွလှုပ်ရှားသူနိုင်ငံရေးသမား
များကို
ထောင်ချနေစဉ် ဦးသိန်းစိန်ကတော့ တချို့ကို တိတ်တဆိတ်ပင်
ပြန်လွှတ်ပေးခဲ့သည်။ “ဦးသိန်းစိန်ဟာ လူတော်တစ်ဦး မဟုတ်
ပေမယ့် ရိုးသားသူ တစ်ဦးပါ။ သူဟာ နိုင်ငံရေးသမား မဟုတ်ဘဲ
တိုင်းပြည်ပြု ခေါင်းဆောင် statemanဖြစ်ပါတယ်” ဟု
ယခင်မြန်မာ့ရေတပ် အကြီးအကဲဟောင်း၊ ယခုအခါ သမ္မတရုံး၏
ပြုပြင်ပြောင်းလဲရေးသမား ဝန်ကြီးတစ်ဦးဖြစ်နေသူ ဦးစိုးသိန်းက
ပြောကြားသည်။

တစ်ခါက ကြောက်စရာကောင်းသော အစိုးရတစ်ရပ်သည်
တိုင်းပြည်ကို ၂၀၀၈တွင်နာဂစ်မုန်တိုင်းက ပြင်းထန်စွာ တိုက်
ခတ်ခဲ့ပြီးနောက် စတင်အသွင်ပြောင်းလဲခဲ့သည်။ အစိုးရ၏ မုန်တိုင်းအပေါ်တုံ့ပြန် ဆောင်ရွက်မှုကို ဝေဖန်ခဲ့သော မြန်မာ
များမှာ ထောင်ဒဏ်ကျခံခဲ့ရသည်။ မုန်တိုင်းသင့်သည့် ထိုနယ်စွန်
နယ်ဖျားက ရွာများသို့ ပြည်တွင်းနှင့် ပြည်ပမှ အထောက်အပံ့များ စတင်ရောက်ရှိချိန်တွင် နောက်ထပ် လူလုပ် အကျပ်အတည်း
တစ်ရပ်က တားမြစ်ခဲ့သည်။ သို့ပေမယ့် အစိုးရအပြောင်းအလဲကို ဆန့်ကျင်သော၊ ဒေါ်လာဘီလီယံနှင့်ချီ အကုန်ခံ တည်ဆောက်
ထားသော မြို့တော်သစ်နေပြည်တော်၌ပင် ဗိုလ်ချုပ်ကြီးများ၏
မုသားထဲ၌ပင် မြန်မာကို အုပ်စိုးထားသူများသည် အခြေအနေက
ရွေ့လျားပြောင်းလဲလာနေပြီ ဖြစ်ကြောင်း ခံစားမိလာခဲ့ကြသည်။

ယခုအခါ အသက် ၈၀ အရွယ်တန်းထဲရောက်နေသော စစ်အစိုးရ
ခေါင်းဆာင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်လည်း ၎င်း၏ ဂုဏ်
သတင်း အမွေအနှစ်အတွက် ကျိန်းသေစိုးရိမ်ခဲ့မည်ဖြစ်သည်။
ယခင် စစ်အစိုးရ၏ ခေါင်းဆောင်များမှာလည်း အငြိမ်းစားယူကာ
အနားယူသွားခဲ့ပြီ။ ဦးသိန်းစိန်၏ လက်ထောက်တစ်ဦးကလည်း
“ဗိုလ်ချုပ်မှူးကြီးက သူ့နောက် ဆုံး နှစ်ကာလတွေကို နေအိမ်
အကျယ်ချူပ်နဲ့ မကုန်ဆုံးချင်ဘူး။ သူက သူ့ကို ဂုဏ်သိက္ခာရှိရှိ
ပျောက်ကွယ်စေဖို့ ဦးသိန်းစိန်က ကတိ ပေးထားတာကိုလည်း ယုံကြည်စိတ်ချခဲ့ပါတယ်”ဟု ပြောကြားသည်။ ဦးသိန်းစိန်ကလည်း
သူနှင့် သူ၏ အထက် လူကြီးဟောင်းသည် ပုံမှန်စကားပြော ဖြစ်ခြင်း
မရှိကြောင်း တိုင်းမ်သို့ ပြောကြားခဲ့သည်။


၎င်း၏အာဏာပိုင်ဆိုင်ထားမှုအပေါ် ချီးမွမ်းမှုအာလုံး စုပုံထားမှုအတွက်
ကြောင့် သမ္မတဦးသိန်းစိန်နှင့် မျက်နှာသစ် တိုင်းပြည်သစ် ဖြစ်နေသော
မြန်မာမှာ ထည့်သွင်းစဉ်းစားဖွယ်ရာ အခက်အခဲများ ကြုံနေရသည်။
အကယ်၍၎င်းသည် လက်ရှိအချိန်၏ လုံးဝလိုအပ် လျက်ရှိနေသော သူသာ ဖြစ်ခဲ့ပါမူ အောင်မြင်မှုမှာ အရေးတကြီးဆွေးနွေးစရာ ကိစ္စ
ဖြစ်သည်။ သူသည် သူ့နှလုံးသားအတွက် ငြိမ်းချမ်းရေးသမားအသွင် ၀တ်စုံ ၀တ်ဆင်ထားသည်။ သမိုင်းက အပြောင်းအလဲကာလ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဒီဇိုင်းဆင်ထားသော သူတစ်ဦး ဖြစ်နေသောသူသည် ကိုယ်တိုင်၏ အပြောင်းအလဲကို လက်ခံနိုင်လိမ့်မည်မဟုတ်သည့် အန္တရာယ်လည်း ရှိနေပါသည်။

အကယ်၍ မြန်မာသည် စစ်မှန်သောနိုင်ငံတကာ ထောက်ခံမှုကို
လိုချင်ပါက ဥပဒေသစ်များက ကတိပြုမှုနှင့် ထိုဥပဒေများက ယခုအထိ
ပြဋ္ဌာန်းနေသောအရာတို့ ကြားကကွက်လပ် အပါအဝင် ကျိုးပျက်နေသော စီးပွားရေးကိုလည်း ပြန်လည် မ,တင်နိုင်ရပါမည်။ မြန်မာတွင် နိုင်ငံခြား
ရင်းနှီးမြုပ်နှံမှုမှာ ၂၀၁၁ ကနှင့် နှိုင်းယှဉ်လျှင် ၂၀၁၂၏ ပထမကိုးလတာ
အတွင်း အမှန်တကယ် ကျဆင်းခဲ့သည်။ အစိုးရ၏ ခရိုနီများမှာ နိုင်ငံ၏ သဘာဝသံယံဇာတများကို ပျော်ပျော်ကြီးယူနေဆဲ၊ မြေယာများနှင့် လက်
သိပ်ထိုးကန် ထရိုက်များကို သိမ်းပိုက်မိနေဆဲဖြစ်သည်။ လဘ်စားမှု
ပမာဏမှာ ကပ်ရောဂါဆိုးသဖွယ် ဖြစ်နေသည်။ ပြီးခဲ့သည့် နိုဝင်ဘာတွင်
လူဆိုးများက တရုတ်လက်နက် ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုနှင့်
ဆက်နွယ်နေသော ကြေးနီမိုင်းတစ်ခုအား ဗုဒ္ဒဘာသာသံဃာတော်များက
ဦးဆောင်ဆန္ဒပြနေမှုကို ဖြိုခွဲခဲ့သည်။ ဤပုံစံမှာ စစ်အစိုးရ ခေတ်ကာလက
လုပ်နေကျ အကြမ်းဖက်နည်းနာပင် ဖြစ်သည်း။ (အစိုးရသည်
နောက်ပိုင်းတွင် ဖြိုခွဲခံရမှု၌ မီးလောင် ဒဏ်ရာရခဲ့သော ဆန္ဒ
ပြသူသံဃာများကို ပြန်လည်တောင်းပန်ခဲ့သည်။)

မြန်မာအတွက် အရေးအပါဆုံးနှင့် ရှင်သန်ဖြစ်တည်နေမှု အရှိဆုံး
စိန်ခေါ်မှုကား လူမျိုးစုများကြား အက်ကြောင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
ယင်းကိစ္စမှာ ကိုလိနီခေတ် မြေပုံများပေါ် ဆွဲခဲ့သော မျဉ်းများထက်ပင်
အတူတကွ စုစည်းမှုနည်းလှသည့် နိုင်ငံတစ်ခုကို ခွဲခြမ်းထားစေနိုင်သည်။
ဆယ်စုနှစ်များစွာ တိုက်ခိုက်မှုနှင့် လူမျိုးစု အချင်းချင်း မယုံကြည်ရမှုတို့က
မြန်မာတွင် လူပေါင်းတစ်သန်းကျော်ကို နိုင်ငံမဲ့ သို့မဟုတ် နေရာ ရွှေပြောင်း
နေထိုင် ရသောသူများ ဖြစ်စေခဲ့သည်။

ယင်းမှ အပြင်းထန်ဆုံးဒေသမှာ နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ဖြစ်ပြီး၊
ထိုဒေသတွင် ဗုဒ္ဒဘာသာ ရခိုင်များနှင့် ရိုဟင်ဂျာဟုခေါ်သော နိုင်ငံမဲ့
မူဆလင်များ ရှိနေသည်။ ယခင်နှစ် ဇွန်လမှစ၍ ရခိုင်များနှင့် မူဆလင်
များကြား ပဋိပက္ခများကြောင့် ပြည်နယ်တစ်လျှောက် အနည်းဆုံး လူပေါင်း ၁၀၀ကျော်သေဆုံးခဲ့ရပြီး ဖြစ်သည်။ လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့
ခဲ့ရပြီးဖြစ်သည်။

မြန်မာကို ၁၉၆၂တွင် အရပ်ဘက်အစိုးရထံမှ အာဏာသိမ်းယူကာ
ထိန်းချုပ်ခဲ့သော ဗိုလ်ချုပ်များသည် သူတို့၏အုပ်စိုးမှုကို ဒုက္ခအများကြီး
တွေ့အောင် မလုပ်ခဲ့ကြပါ။ သို့သော် စစ်အစိုးရအနေဖြင့် ပိုင်ဆိုင်ခဲ့သမျှ
ဂုဏ်သတင်း အမွေအနှစ်မှာ ဤကွဲပြားခြားနားမှုစုံသော တိုင်းပြည်မှ
ခွဲထွက်လိုသော အင်အားစုများကို တားမြစ်ထားနိုင်စွမ်းမှသာ လာပါသည်။ ဗြိတ်သျှကိုလိုနီလက်အောက်မှ လွတ်မြောက်လာပြီးနောက် မြန်မာမှာ
တရားဝင် အသိအမှတ်ပြုထားသော တိုငးရင်းသားလူမျိုးစု ၁၃၅ မျိုးဖြင့်
အဆင်အသွေးစုံ တိုင်းပြည်တစ်ခု ဖြစ်ခဲ့သည်။ (ရိုဟင်ဂျာ
များမှာမူ ထိုကဲ့သို့ တရားဝင် လူမျိုးအဖြစ် အသိအမှတ်ပြု
မခံခဲ့ရပေ။)

အာဏာရလာပြီးကတည်းကပင် ဦးသိန်းစိန်၏ အစိုးရသည်
အဓိက တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ၁၀စုနှင့် အပစ်အခတ်
ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ၎င်းအဖွဲ့များမှာ ကိုယ်ပိုင်
အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသော အဖွဲ့များဖြစ်သည်။ တစ်ခုထဲသော
တိုက်ပွဲဝင်နေဆဲတိုင်းရင်းသား အဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေး
တပ်မတော် (ကေအိုင်အေ)သာ စစ်တိုက်နေဆဲ ဖြစ်သည်။

ကချင်ဒေသများတွင် ၂၀၁၁ ဇွန်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ လူရာပေါင်းများစွာ
သေဆုံးပြီး၊ လူ ၁၀၀,၀၀၀ (တစ်သိန်း)ခန့် နေရာရွေ့ပြောင်း နေထိုင်ခဲ့ရကာ အများစုမှာ နိုင်ငံတကာ၏ ကူညီထောက်ပံ့မှု
မရကြပါ။ မကြာသေးမီ ရက်ပိုင်းအတွင်းကမူ မြန်မာစစ်တပ်သည် ကချင်တွင်
လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဦးသိန်းစိန်က နောက်ထပ်ပြုပြင်ပြောင်းလဲရေးမျာ
း လုပ်ဆောင်ခြင်းသည်
မြန်မာ၏ တိုင်းရင်းသား လူမျိုးစုဆိုင်ရာ ပြဿနာကို ဖြေရှင်းရေး
သော့ချက်ပင် ဖြစ်သည်ဟု ပြောကြားသည်။

ယခင်က ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်
ပြီး၊ ယခုအခါ တိုင်းရင်းသား
ရေးရာကိစ္စများ ကိုင်တွယ် နေသော ၀န်ကြီးဦးအောင်မင်းကလည်း
“ဒါဟာ ဒီမိုကရေစီ အစိုးရတစ်ရပ်နဲ့မှသာ ငြိမ်းချမ်းရေး တည်တံ့အောင်
ကျနော်တို့ လုပ်နိုင်မှာပါ”ဟု ပြောကြားသည်။ ၎င်းက လူနည်းစုလူမျိုးများ
အတွက် အာဏာခွဲဝေရေး အစ်ီအစဉ်များအကြောင်း ဆွေးနွေးနေသည်။

လူနည်းစု တိုင်းရင်းသားများမှ အများစုမှာ သံယံဇာတကြွယ်ဝသော
နေရာများတွင် နေထိုင်နေကြ ပြီး ၎င်းတို့အနေဖြင့် ခေါင်းပုံဖြတ်
ခံနေရသည်ဟု မခံစားမိစေ ရန် အာမခံဖို့ လိုသည့် အစီအစဉ်များ အကြောင်း
ပြောနေပါသည်။ ဦးအောင်မင်းက “သမ္မတကြီးက ကိစ္စတွေ အများကြီးကို
လုပ်ချင်တဲ့ ဆန္ဒ ရှိနေပါတယ်။ သူက စစ်တပ်ကို သုံးတယ်ဆိုတာ ပဋိပက္ခကို ဖြေရှင်းဖို့ နောက်ဆုံးနေရာမှာသာ ဖြစ်သင့်တယ်လို့ နားလည်
ထားပါ တယ်”ဟု ပြောကြားသည်။

တစ်ခါတစ်လေတွင်တော့ ပြုပြင်ပြောင်းလဲရေးသမားများသည်
သာ
ဆက်သွားနေဖို့  ဆန္ဒရှိပုံပေါ်ကြသည်။
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...