Wednesday, January 23, 2013

သစ်ထူးလွင် သတင်း စုစည်းမှု (၂၃-၁)


သစ်ထူးလွင်


Posted: 23 Jan 2013 07:24 AM PST
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ အုပ်စု ဝှေခါကျေးရွာမှာ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီကနေ ညနေ ၅ နာရီအထိ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေအကြား အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ရာမှာ လက်နက်ကြီး ကျည်ဆံပေါက်ကွဲ ထိမှန်မှုကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Jan 2013 07:14 AM PST
မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရာမှာ အကျင့်ပျက် လာဘ်စား မှုတွေရှိတဲ့အတွက် မကြာခင်က ရာထူးကနေ နှုတ်ထွက်သွားတဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းထွန်း အပါအဝင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက အရာရှိ ၅၀ ကျော်ကို----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Jan 2013 06:40 AM PST
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ အတွင်း မြန်မာ စစ်တပ်အချင်းချင်း ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး တဦး သေဆုံး သွားရကြောင်း၊ ကျေးလက်ရွာသား ၇ ဦးအား ဖမ်းဆီးရိုက်နှက် သောကြောင့် ယခုထိ ဆေးရုံ တင်ထားရကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိုင်းငေါ့မြို့နယ်ခွဲအတွင်းရှိစာသင်ကျောင်း (ဓါတ်ပုံ- google +)

Posted: 23 Jan 2013 06:19 AM PST
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇန်နဝါရီလ ၂၁ရက်နေ့၌ ဆိုင်ကယ်ဖြင့် အလစ်သုတ်နှိုက်ယူမှု အမှူတစ်ခု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၁)ရဲစခန်းမှူးက ပြောကြားသည်။ ဒေါက်တာကျော်စိုး ဆေးခန်းမှ သူနာပြုဆရာမ မအေပရယ်စိမ်းသည် အလုပ်နားချိန်၌ ရပ်ကွက်(၁) ရှိ မိမိနေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာရာ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 23 Jan 2013 06:09 AM PST
အစိုးရထုတ် ယူရီးယား ဓာတ်မြေသြဇာ တွေကို သက်ဆိုင်ရာ မြို့နယ်များက တဆင့် တောင်သူတွေထံ တိုက်ရိုက် ဖြန့်ဖြူး ရောင်းချ သွားမယ်လို့ သက်ဆိုင်ရာက ဒီနေ့ တရားဝင် ထုတ်ပြန် ကြေညာ လိုက်ပါတယ်။ လက်ငင်းပေး စနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပြီး ဈေးသက်သာတဲ့ ---- 

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Jan 2013 05:54 AM PST
တရုတ် -မြန်မာနယ်စပ်ကို ဆက်သွယ်ထားတဲ့ ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ် ကားလမ်းကို ဇန်န၀ါရီ ၂၃ ရက်နေ့ကစလို့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)က ပိတ်ထားလိုက်ပြီး အဲဒီလမ်းကို အသုံးပြုမယ့် မော်တော်ယာဉ်တွေကို ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 23 Jan 2013 05:33 AM PST
အစိုးရနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေနဲ့ အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်ခြင်း မရှိဘူးလို့ ကချင်ပြည်နယ်ထဲမှာ အစိုးရ တပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ကေအိုင်အေ တပ်ဖွဲ့က ပြောကြား လိုက်ပါတယ်။
ကချင် လက်နက်ကိုင် တပ်ဖွဲ့(ကေအိုင်အေ)တွေဟာ အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီး တာတွေ ရှိနေတယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jan 2013 05:26 AM PST
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့  ကေအိုင်အေနဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေကြောင့် လူပေါင်း ၂ ထောင်ကျော် ရွာထဲမှာ ပိတ်မိ နေပါတယ်။ ဗန်းမော်မြို့ အနောက်ဘက်နဲ့ ရွှေကူမြို့ မြောက်ဘက်ကြားက ကောက်ကွေ့လို့ခေါ်တဲ့ လွင်ပြင်ဒေသက---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Posted: 23 Jan 2013 05:18 AM PST
ရန်ကုန်တိုင်း ဒေသကြီးမှ ကချင်ပြည်နယ် လိုင်ဇာမြို့သို့  လမ်းလျောက်သည့် ငြိမ်းချမ်းရေး လိုလားသူအဖွဲ့အား ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်ရဲ စခန်းရှစ်ခုမှ အမှုဖွင့် ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jan 2013 04:49 AM PST
လာမည့် ဘတ်ဂျက် နှစ်အတွင်း နိုင်ငံ့ ၀န်ထမ်းများအား လစာ တိုးပေးရန် အစီမစဉ် မရှိသေးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။ ယနေ့ ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် သီပေါ မဲဆန္ဒနယ်မှ ဦးရဲထွန်းက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းထားသော ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jan 2013 04:35 AM PST
ဇန်န၀ါရီလ (၂၄)ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ(၉)အမှတ်(၄)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 23 Jan 2013 04:32 AM PST
Posted: 23 Jan 2013 03:41 AM PST
လာလ်ပေး လာဘ်ယူမှုနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အဆင့်မြင့် တာဝန်ရှိသူများကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 22 Jan 2013 11:42 PM PST
ပြည်သူ့ ကျန်းမာရေး ဆေးရုံများတွင် အားကိုး တကြီးဖြင့် သွားရောက်ကုသ ခဲ့ကြသော လူနာများက မကြာခဏ ပြောလေ့ရှိကြသော စကားတစ်ခွန်းရှိသည်။ ထိုစကားမှာ “ဆရာဝန်တွေက အ...ရမ်းဟောက်တာပဲ” ဟူ၍ဖြစ်သည်။

ငွေကြေး တတ်နိုင်သူများ သွားရောက်ကြသော ပုဂ္ဂလိက ဆေးရုံ၊ ဆေးပေးခန်း များ၌ပင်လျှင် အခန့်မသင့်ပါက အလားတူ ပြောဆိုခံရမှုများ ရှိပါသည်။

ကျန်းမာရေးဝန်ဆောင်မှုဟု အမည်ပေးထားသော်လည်း (Customer) ဖြစ်သော လူနာများအနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများ မရှိခြင်းကို တွေ့မြင်နေကြရသည်။ ကျန်းမာရေးမူဝါဒများချမှတ်၍ ပြောင်းလဲရန် ကြိုးစားနေ
သော်လည်း မပြောင်းလဲသေးဘဲ ဆရာဝန်နှင့် လူနာဆက်ဆံရေး အလှမ်းကွာဝေးနေဆဲဖြစ်သည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်အရ တက္ကသိုလ်ဝင်တန်း အောင်မှတ်ဖြင့် ရွေးချယ်ရသောစနစ်နှင့် ယဉ်ကျေးမှုဓလေ့တို့ကြောင့် လူထု၏ စိတ်ထဲတွင် ဆရာဝန်များအား မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အဆင့်မြင့်ဆုံးအလွှာရှိ လူအစုအဖွဲ့တွင်ရှိသည်ဟု မှတ်ယူခံစားမိနေခြင်းကလည်း ဆရာဝန်၊ လူနာ ဆက်ဆံရေးတွင် အဆင်မပြေမှုများ ဖြစ်ပေါ်စေသော အကြောင်းရင်းခံဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှု ထုံးစံအရဆရာဝန်ဟုဆိုသည်နှင့် သမားဂုဏ်နှင့် ပြည့်စုံသည်။ လေးစားရမည်။ မိမိတို့အား ကျန်းမာရေးအတွက် ဆေးကုသပေးနေခြင်းဖြစ်၍ အသက်သခင်ကျေးဇူးရှင်များအဖြစ် စွဲထင်မှတ်သားထားကြပြီး
ဖြစ်သည်။

မှန်သည်၊ မှားသည်ကိုပင် မဆုံးဖြတ်ကြတော့ဘဲ ဆရာဝန်ပြောသမျှ အရာရာကို ခေါင်းညိတ်လက်ခံလိုက် ကြသည်သာများ၏။

မြန်မာ့ပညာရေးစနစ်သည် တက္ကသိုလ်ဝင်တန်း ရမှတ်ကို အခြေခံသည့် ပညာရေးစနစ် ဖြစ်ပြီး ဆေးတက္ကသိုလ်ဝင်ခွင့်မှာ အမြင့်ဆုံးနေရာတွင်ရှိသကဲ့သို့ နိုင်ငံတကာတွင်လည်း ဆေးကျောင်းဝင်ခွင့်အတွက် အရည်အချင်းသတ်မှတ်ချက်များမှာ အမြင့်ဆုံးတန်းတွင် ရှိနေကြပြီး ၀င်ခွင့် သတ်မှတ်ချက်များမှာ ၀ါသနာကိုအရင်းခံထားရှိကြောင်း နိုင်ငံတကာပညာရေး ကျွမ်းကျင်သူများက ပြောသည်။

မြန်မာနိုင်ငံ၏ ဆေးတက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်သည် ၀ါသနာကို အရင်းခံသည့် သတ်မှတ်ချက်မဟုတ်သည့်အပြင် အခြားသော ပြဿနာများကြောင့် ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းသူနှင့် လူနာအချိုးအစား မမျှတမှုကြောင့် ဆရာဝန်များ၏ ကုသရေးပိုင်းဆိုင်ရာတွင် လူနာများဘက်မှ ဘ၀င်မကျမှုများလည်းရှိသည်။

ငွေကြေးတတ်နိုင်သူများက အထူးဂရုစိုက်မှုခံရရန် အထူးကုဆေးခန်းများတွင် အထူးကုဆရာဝန်ကြီးများဖြင့် ကုသမှု ခံယူကြသော်လည်း အထူးကု ဆရာဝန်ကြီးများ၏ အချိန်ဆင်းရဲမှုကြောင့် လူနာများမှာ စိတ်ကျေနပ်မှု အပြည့်အ၀ မရရှိကြပေ။

“တစ်ယောက်ကို သုံးမိနစ်လောက်ပဲကြာတယ်။ စကားကြာကြာပြောချိန်မရဘူး။ ဘာဖြစ်လို့လဲဆိုပြီး စမ်းသပ်တယ်။ ပြီးရင် ဒါလုပ်၊ ဒီဆေးသောက်ဆိုပြီး ညွှန်ပေးလိုက်တယ်။ အဲ့ဒီလောက်ဆိုရင် ကိုယ့်အလှည့်ပြီးပြီ” ဟု အထူး ကုဆေးခန်းတစ်ခုတွင် သွားရောက်ကုသမှုခံယူခဲ့သည့် ၅၆ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက ကြုံတွေ့
ခဲ့ရသည်များကို ပြောပြသည်။

“လူနာကို အချိန်ပေးဖို့ဆိုတာ နှစ်ဦးနှစ်ဖက် နားလည်မှုရှိဖို့ လိုတယ်။ သူများနိုင်ငံမှာလိုမျိုး နာရီဝက်အချိန်ပေးပြီး ဆွေးနွေး
ကုသတယ်ဆိုရင် အဲဒီအတွက် လုံလောက်တဲ့ ဆွေးနွေးခရော ရရှိနေရဲ့လားဆိုတာ ရှိသေးတယ်။ ဆရာဝန်တွေရဲ့ စားဝတ်နေရေးလည်း ရှိသေးတယ်။ ဒါကို နှစ်ဦးနှစ်ဖက် နားလည်ဖို့လိုတယ်” ဟု အချိန်မပေးနိုင်ခြင်းနှင့်ပတ်သက်၍ အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။

သို့သော်လည်း စံချိန်မီသည့် ၀န်ဆောင်မှု၊ နွေးထွေးမှု၊ တိုင်ပင်ဆွေးနွေးမှုများ ရရှိရန်အတွက် ကုန်ကျစရိတ်များစွာ အကုန်အကျခံ၍ ပြည်ပသို့သွားရောက် ကုသခံသူများပင်ရှိရာ မြန်မာနိုင်ငံမှ အထူးကုဆေးရုံ၊ ဆေးခန်းများနှင့် ဆရာဝန်များ၏ ၀န်ဆောင်မှုကို စိန်ခေါ်နေသကဲ့သို့ပင် ဖြစ်သည်။

ပြည်တွင်း၌ပင်လျှင် အမှန်တကယ်ဝန်ဆောင်မှုနှင့် အချိန်ပေးမည်ဆိုပါက ပြည်ပတွင်ပေးရသည့် တန်ဖိုးအတိုင်း ပေးနိုင်မည့် လူနာများလည်းရှိသည်။

“ကလေးကို ဆေးခန်းသွားပြတာ ဘာမှမေးခွင့်မရဘူး။ စမ်းသပ်ခ ငါးထောင်ပေးရတယ်။ တကယ် တမ်းအချိန်ပေးမယ်ဆိုရင် ငါးသောင်းလည်းပေးနိုင်ပါတယ်။ ကိုယ့်ကလေးရဲ့ ကျန်းမာရေးအတွက်ပဲ” ဟု ယခုရက်ပိုင်းအတွင်းက အထူးကုဆေးခန်းတစ်ခုသို့ သွားရောက်ပြသခဲ့သည့် ကလေးမိခင်တစ်ဦးက ပြောသည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းက ဘန်ကောက်က ဆေးရုံတွေမှာ မြန်မာလူနာ တစ်ယောက်မှမရှိဘူး။ အခုဆိုရင် မြန်မာလူ
နာတွေ အရမ်းများလာတယ်။ ပြည်ပမှာ ငွေကုန်ကြေးကျခံပြီး ဆေးကုတယ်ဆိုတာကလည်း ကိုယ့်နိုင်ငံရဲ့ ကျန်းမာရေးစနစ် အားနည်းတာကို မီးမောင်းထိုးပြတယ်” ဟု ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

“နိုင်ငံခြားမှာက တော်တော်ဂရုစိုက်တယ်။ Friendly ဖြစ်တဲ့အပြင် တစ်ယောက်ကို နာရီဝက် အချိန်ပေးတယ်။ အချိန်တိကျ တယ်။ မစောင့်ရဘူး။ ကိုယ်ဖြစ်ချင်တာ သိချင်တာကို အဲဒီနာရီဝက်အတွင်း အေးအေးဆေးဆေး မေးလို့ရတယ်” ဟု ထိုင်းနိုင်ငံတွင် ဆေးကုသပြီး ပြန်လာသူတစ်ဦးက ပြောသည်။

ဆရာဝန်များ၏ အချိန်ဆင်းရဲမှုနှင့် စားဝတ်နေရေးအား အကြောင်းပြကြသော်လည်း အချို့သော အထူးကု ဆရာဝန်ကြီးများသည် လူနာတစ်ဦး စမ်းသပ်၍ မပြီးခင်မှာပင် အခြားလူနာတစ်ဦးအား စမ်းသပ်ခန်းအတွင်း စောင့်ဆိုင်းနေစေခြင်းကလည်း လူနာများ၏ ကိုယ်ပိုင်အခွင့်အရေးအား ဆုံးရှုံးစေသကဲ့သို့ ခံစားရကြောင်း ကုသမှုခံယူသူများက ပြောသည်။

သို့သော်လည်း အချို့လူနာများအတွက်မူ ဆရာဝန်များအပေါ် ယုံကြည်ကိုးစားမှုနှင့် လေးစားမှုများကြောင့် မိမိသိလိုသမျှကို မေးရန်နှင့် ပြန်လည်ပြောဆိုရန် အခွင့်အရေးရှိသည်ကိုပင် မသိရှိသေးဘဲ ခေါင်းညိတ်နာခံတတ်သော မြန်မာ့ယဉ်ကျေးမှုများ ထွန်းကားနေဆဲဖြစ်ပြီး တစ်ဖက်တွင်လည်း ဆန့်ကျင်ဘက်အနေဖြင့် ဆရာဝန်များအား တရားစွဲဆိုမှုများလည်း ရှိလာသည်။

ထိုသို့ ယဉ်ကျေးမှုအခြေအနေပြောင်းလဲလာခြင်းအပေါ် ဆရာဝန်များဘက်မှလည်း လူနာများက တရားစွဲမည်၊ စောဒကတက်မည်ဆိုသည့် အခြေအနေတွင် ကုသပေးသူဘက်မှ အာမခံချက်ရရန်အတွက် လိုသည်၊ မလိုသည် အပထား စစ်ဆေးစရာရှိသည်များကို အလုံးစုံစစ်ဆေးခိုင်းလျှင် လူနာများ အကုန်အကျများသွားနိုင်သည်ဟု တုံ့ပြန်ပြောဆိုကြ သည်။

“နိုင်ငံခြားမှာဆိုရင် ကိုယ့်ကိုအချိန်မရွေး တရားစွဲနိုင်တဲ့အတွက် လူတစ်ယောက်လာရင် ကလေးပဲဖြစ်ဖြစ်၊ အကုန်လုံးစစ်ဆေးတယ်။ သူတို့ တရားစွဲမခံရဖို့အတွက် လိုတာထက်ပို အကုန်လုပ်ရတယ်။ အဲဒီတော့ ဆေးကုသစရိတ်တွေလည်း အကုန်ဈေးကြီးသွားတယ်” ဟု အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။

အချို့ကလည်း လူနာဘက်မှ ဆရာဝန်အပေါ် အထင်မှားမှုများရှိနေပါက ဆရာဝန်အလုပ်မှ အနားယူ၍ အခြားစီးပွားရေးလုပ်ငန်းများ ပြောင်းလုပ်မည်ဆိုပါက ထိခိုက်နစ်နာမည့်သူမှာ လူနာများပင်ဖြစ်သည်ဟု ခြိမ်းခြောက် သယောင် ပြောဆိုနေမှုများလည်း ရှိသည်။

မြန်မာနိုင်ငံဆေးကောင်စီ အထွေထွေဆေးကုသမှုဆိုင်ရာ ညွှန်ကြားချက်များ၌ လူနာများအပေါ် စာနာစိတ်ထား၍ ပြေပြစ် ယဉ်ကျေးစွာ ဆက်ဆံပြုမူဆောင်ရွက်ခြင်း၊ လူနာတင်ပြချက်များကို အလေးထားနားထောင်ခြင်း၊ လူ နာသဘောပေါက်လွယ်သော စကားအသုံးအနှုန်းများဖြင့် ကုသမှုဆိုင်ရာ အချက်အလက်ပေးခြင်း အစရှိသဖြင့် ဆရာဝန်များ လိုက်နာစောင့်ထိန်းရမည့် တာဝန်များကို ဖော်ပြထားသည်။

“လူနာနဲ့ဆရာဝန်ကြားမှာ စကားပြောဆိုနိုင်တဲ့ အခြေအနေနည်းနေသေးတာတော့ အမှန်ပဲ” ဟု နား၊နှာခေါင်းလည်ချောင်း အထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကံညွန့်က ပြောသည်။

“လူနာတွေအနေနဲ့ ဆရာဝန်ကို ရောဂါနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို မေးဖို့ကို ကြိုဆိုပါတယ်။ ၀မ်းသာစွာနဲ့လည်း ရှင်းပြချင်ပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး လေးစားမှု၊ ယုံကြည်မှုနဲ့ မေးလာတာကို ဆရာဝန်ဘက်ကလည်း ပြန်ဖြေပေးဖို့ ဆန္ဒကို ရှိပါတယ်။ တချို့ကျတော့လည်း မေးကတည်းက ပြဿနာရှာချင်တဲ့ ပုံစံလိုမျိုး၊ ရှင်းပြဖို့ တော်တော်လေးအချိန်ယူရမယ့် မေးခွန်းမျိုး၊ ပညာစမ်းတဲ့ ပုံစံမျိုးတွေ မေးလာရင်တော့ ဆရာဝန်တွေက တော်တော် ဖြေရခက်ပါတယ်” ဟု ဒေါက်တာ ကံညွန့်က လူနာနှင့် ဆရာဝန်ကြားမှ နားလည်မှုလွဲတတ်သည့် ဆက်ဆံရေးနှင့် ပတ်သက်၍ ရှင်းလင်းကြေညာသည်။

ဆေးပညာများ မည်မျှပင် ကျွမ်းကျင်ပါစေ၊ တွဲဖက်ပါလာရမည်က ဆေးပညာကျင့်ဝတ်ပင်ဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေသူ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

လူနာများအား မိမိလုပ်သမျှ ခံရမည်ဟူသော အချို့သော ဆရာဝန်များ၏ စိတ်ဓာတ်ကို ပြင်ရန် အရေးကြီးသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့်လည်း လူနာများနှင့် ထိတွေ့ဆက်ဆံရာတွင် ယုံကြည်ချက် စဉ်ဆက်မပြတ် တည်တံ့ရေးအတွက် မိမိ၏ ပြုစုကုသမှုကြောင့် လူနာအပေါ် မမျှော်လင့်သော ဆိုးကျိုးများ ကျရောက်ခဲ့ပါက အမှန်ဘက်သို့ ပြန်ရောက်အောင် အမြန်ဆုံးဆောင်ရွက်ပေးရမည်။ လူနာအား အဖြစ်မှန်ကို အသိပေးပြီး ဖြစ်ပေါ်လာနိုင်မည့် ရေတို၊ ရေရှည် အကျိုးအကြောင်းများကို ရှင်းပြရမည်။ လိုအပ်ပါက တောင်းပန်သင့်သည်ဟု ပြဋ္ဌာန်းသတ်မှတ်ပေးထားပြီးဖြစ်သည်။

ကျန်းမာရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲရန်အတွက် ပြည်သူ့လွှတ်တော်တွင်လည်း တောင်းဆိုမှုများ စတင်ပြုလုပ်နေပြီဖြစ် သည်။ ကျန်းမာရေးဘတ်ဂျက်မှ အစပြု၍ ၀န်ဆောင်မှုပိုင်းဆိုင်ရာများ အပါအ၀င် ကျန်းမာရေးကဏ္ဍတွင် အစစအရာရာ မြှင့်တင်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။

ကျန်းမာရေးသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်၍ မြန်မာ့ယဉ်ကျေးမှု ဓလေ့နှင့် ပညာရေး ချို့ယွင်းမှုများ မည်သို့ပင် ရှိစေကာမူ နွေးထွေးသည့် ဆွေးနွေးကုသမှု ရရှိရန် လူနာများဘက်မှ မျှော်လင့်လျက်ရှိသလို ဆရာဝန်များ အနေဖြင့်လည်း မိမိတို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ရသော ဆရာဝန်တစ်ယောက်၏ ကျင့်ဝတ်သိက္ခာပိုင်းကို ပိုမိုအလေးထားလာကြရန် လိုအပ်ပေ
သည်။ နိုင်ငံတော်ဘက်မှလည်း ဆေးပညာနှင့် အသက်မွေးဝမ်းကျောင်းမည့် ဆရာဝန်များအတွက် ၀ါသနာကို အရင်းခံသည့် ကျောင်းရွေးချယ်မှု စနစ်မျိုးအား ပြောင်းလဲကျင့်သုံးမည်ဆိုပါက ၀ါသနာကို အရင်းခံမည့် အသက် မွေးဝမ်းကျောင်းပြု ဆရာဝန်များနှင့် နွေးထွေးစွာ ပြုစုကုသမှု ခံယူလိုသည့် လူနာများအကြား ပိုမိုခိုင်မာသည့် ယုံကြည်မှု တည်ဆောက်နိုင်မည်ဖြစ်ပေသည်။ ။

ရေးသားသူ- သီဟ၊ ရဲနောင်၊ ၀တ်ရည်အောင်
7Day News Journal

ဓာတ်ပုံ- ကျော်ဇင်သန်း


Posted: 22 Jan 2013 11:37 PM PST
ရန်ကုန်၊ ဇန်နဝါရီ ၂ဝ

မြန်မာနိုင်ငံသည် သယံဇာတကျိန်စာဖြစ်ပေါ်နေပြီဟု ပညာရှင်အချို့က သုံးသပ်ကြောင်း Spectrum မြန်မာမှ Program Coordinater ကိုမော်ထွန်းအောင်က ပြောသည်။

နိုင်ငံတစ်နိုင်ငံသည် သယံဇာတ ရောင်းချမှု ၃၅ ရာခိုင်နှုန်းကျော်ဖြင့် တိုင်းပြည်ဝင်ငွေရှာဖွေပါက သယံဇာတ ကျိန်စာ ဖြစ်ပေါ်လာကြောင်း၊ မြန် မာ နိုင်ငံအနေနှင့် သယံဇာတရောင်းချမှုဖြင့် တိုင်းပြည် ဝင်ငွေ ၇ဝ ရာ ခိုင်နှုန်းကျော် ရှာဖွေနေခြင်းကြောင့် သယံဇာတကျိန်စာများ ဖြစ်ပေါ်နေပြီဟု ပညာရှင်များ သုံးသပ်ကြောင်း ၄င်းထံမှသိရသည်။

သယံဇာတအလွန်အကျွံထုတ်ယူ သောနိုင်ငံများသည် သယံဇာတ ကျိန်စာ များဟုဆိုသော လူမှပြုလုပ်သည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ခြင်း (ဥပမာ-မြေဖို့ထားသောတောင်များ ပြိုခြင်း၊ သယံဇာတထုတ်ယူမှုကြောင့် ကမ်းပါးများပြိုကျခြင်း)၊ နိုင်ငံတကာ ငွေကြေးနှင့်နှိုင်းယှဉ်ပါက ပြည်တွင်း သုံးငွေတန်ဖိုး တက်လာခြင်း၊ သယံ ဇာတထုတ်ယူမှု၏ ဘေးထွက်ဆိုးကျိုး များကြောင့် ဒေသခံကလေးများတွင် အင်္ဂါချို့တဲ့မှုများ ဖြစ်ပေါ်ခြင်း၊ သယံ ဇာတပိုင်ဆိုင်လိုမှုကြောင့် ပြည်တွင်းစစ် များဖြစ်ပေါ်ခြင်း၊ လူကုန်ကူးမှု များ ပေါ်ပေါက် လာခြင်းများကို တွေ့ရှိရ သည်ဟု သိရသည်။
ထို့အပြင်အစိုးရသည် သယံဇာတ များရောင်းချခြင်းဖြင့် အလွယ်တကူ ဝင်ငွေရရှိလာခြင်းကြောင့် တိုင်းပြည် အတွက် ငွေကြေးသုံးစွဲမှုတွင် ချင့်ချိန်မှု မရှိဘဲ မလိုလားအပ်သော စီမံကိန်း ကြီးများ ရေးဆွဲဖော်ဆောင်မှု ပြုလုပ် သည်။

(မြန်မာနိုင်ငံတွင်မူ နေပြည်တော်အစိုးရရုံး အခြေစိုက် မြို့တော်ကြီး တည်ထောင်ခြင်း) အစိုးရသည် ငွေကြေးသုံးစွဲမှု မဆင်ခြင်နိုင်သောကြောင့် နိုင်ငံတကာ ချေးငွေများကို လက်ခံကာ တိုင်း ပြည်တွင် အကြွေးထူပြောလာခြင်း များဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းအချက်အလက်များ အားလုံး ကိုက်ညီမှုရှိသည်ကို တွေ့ရှိရသည် ဟု ပညာရှင်များသုံးသပ်ကြကြောင်း ၄င်းကဆိုသည်။
မြန်မာနိုင်ငံ၌ လူကုန်ကူးမှုများ ပြားနေခြင်းမှာ သယံဇာတအလွန်အကျွံ ထုတ်ယူသုံးစွဲသောနိုင်ငံများ တွင်ဖြစ်လေ့ရှိသော အကြောင်းအရာဟု သိရသည်။

''သယံဇာတရောင်းတဲ့နိုင်ငံတွေက ရောင်းစရာကုန်ရင် လူရောင်း တာတွေ ဖြစ်လာတယ်''ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံ၌ ဖြစ်ပွားသည့် လူကုန်ကူးမှု၏ အများဆုံးရာခိုင်နှုန်းသည် တရုတ်နိုင်ငံသို့ လက်ထပ်ရန် ရောင်းစားမှုများဖြစ်သည်။ ပတ်ဝန်းကျင်နိုင် ငံများတွင် စီးပွားရေး ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ လစာငွေ နည်းပါးခြင်း ရပ်တည်ရန် ခက်ခဲခြင်း စသည့်အချက်များကြောင့် ဗီယက်နမ်၊ လာအို၊ မြန် မာတို့မှ အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ လူကုန်ကူးခံနေရကြောင်း သိရသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''သယံဇာတ ရှိတဲ့နိုင်ငံတွေဖြစ်တဲ့ ထိုင်းတို့၊ လာအိုတို့၊ ကမ္ဘောဒီးယား တို့မှာလည်း လူကုန်ကူးမှုတွေဖြစ်နေ တာပဲ။ တကယ်တော့ လူကုန်ကူးမှုဆိုတာ က နိုင်ငံရဲ့စီးပွားရေး၊ နိုင်ငံရေးပဋိပက္ခတွေကြောင့် ဖြစ်တာ''ဟု ပြောသည်။

ကမ္ဘာတွင် တစ်မိနစ်လျှင် ၅ ဦးနှုန်းဖြင့် လူကုန်ကူးခံနေရကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်က လူကုန်ကူးမှု ၁၃၆ မှုဖြစ်ပွားခဲ့ပြီး ၂ဝ၁၂ တွင်မူ ၁၂ဝ မှုဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တိုက်ဖျက် ရေးဗဟိုအဖွဲ့မှ သိရသည်။

ဝေယံမိုးမြင့် - Popular Myanmar News Journal


Posted: 22 Jan 2013 11:35 PM PST
လက်ထဲမှ စာရွက်ကို ဝေသီ နေသော မျက်လုံးများနှင့် ထိလု ခမန်းကပ်၍ အားစိုက်ကြည့်လိုက် ပြီး အနည်းငယ် တုန်ယင်နေသော လက်ဖြင့် ဗလာစာအုပ်တွင် တစ်စုံ တစ်ခုကို... ချရေးလိုက်သည်။အသက် ၈၉ နှစ်ရှိ ဒေါ်သိန်း ခင်အတွက်တော့ ဤအလုပ်က နေ့စဉ်မပျက်မကွက် ဆိုသည်ထက် မလုပ်ရမနေနိုင်ဖြစ်နေသော အစွဲ အလမ်း တစ်ခု၏ ညှို့ငင်မှုနောက် တကောက်ကောက်လိုက်နေမိခြင်း ဟု ဆိုနိုင်သည်။

”မရောင်းတဲ့နေ့ဆိုရင်လည်း ပျင်းဖို့ကောင်းတယ်” ဟု ကြမ်းပြင် တွင် ပြန့်ကျဲနေသော စာရွက်များနှင့် ဗလာ စာအုပ်ကိုစု၍ ထပ်လိုက်ရင်း မှ အဘွားအိုကဆိုသည်။ တကယ် တော့ ထိုစာရွက်များမှာ ချိုင်းဟု ခေါ်သည့်နှစ်လုံးထီ အတိတ်စိမ်း စာရွက်ဖြစ်သည်။ ”ပျင်းလို့ ဒါလေးကို တွက်ပြီး ထိုးရတော့ အပျင်းပြေတယ်။ ပြီး တော့ ဒီဘက် ကို စိတ်ပါနေတော့ နေမကောင်းချင်တာတွေ၊ စိတ် ပျက်တာတွေ၊ စိတ်တိုင်းမကျတဲ့ စိတ်တွေ သိပ်မဖြစ်တော့ဘူး။ ကလေးတွေပေးတဲ့ မုန့်ဖိုးလေးတွေ နဲ့ ထိုးတာ၊ တစ် ရက်ကို ၁ဝဝဝ ဖိုးတောင် မပြည့်ပါဘူး။ ချဲတွက်ပြီး ထိုးနေရရင် ပြီးရော” ဟု အဘွား ဒေါ်သိန်းခင်က ဒူးနှစ်ဖက်ကို လက် ဖြင့်ပိုက်လိုက်ရင်းမှအပြုံးဖြင့် ပြော လိုက်သည်။

တိကျစွာ ဆိုရပါလျှင် ထိုမြင် ကွင်းသည် သုံးလုံးဟု ခေါ်ကြသည့် ထိုင်းထီဂဏန်းမှ နောက်ဆုံးဂဏန်း သုံးလုံးကိုခန့်မှန်း လောင်းကစား ကြသည့် ချဲထီနှင့်ထိုင်း စတော့ ရှယ် ယာဈေးနှုန်းများကို ဖော်ပြသည့် ကိန်းဂဏန်းများကိုယူ၍ မြန်မာနိုင်ငံ တွင် နေ့စဉ်လောင်းကစားနေသော နှစ်လုံးထီ၏နက်နက်ရှိုင်းရှိုင်း အ မြစ်တွယ်ခံနေရသော သားကောင် များ၏ ပြယုဂ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ချဲထီလောင်း ကစားတွင်ကျယ်နေမှုသည် အာဂန္တု နှာစေးချောင်းဆိုး မဟုတ်ဘဲ ကင် ဆာရောဂါကဲ့သို့ ရိုးတွင်းချ ဉ်ဆီများ အထိ ကုပ်တွယ်ပြန့်ပွားနေသော မြစ်ပွားနာဖြစ်နေခဲ့သည်မှာ ဆယ်စု နှစ်များစွာ မကတော့။

မိုးမြင့်မှ ဘဝများစွာကို မြေ တွင် ပြားပြားဝပ်ကျအောင် လုပ်နိုင် သကဲ့သို့ ကောင်းကင်ကို မျှော်၍ ဖြတ်လမ်းနည်းဖြင့် အမြင့်ရောက် ချင်သူများစွာ ပထဝီအောက် သို့ ရောက်သလို ဘဝများကြွေ ပျက်ခဲ့ သည်မှာလည်းစာအုပ်ဖြင့်သာ မှတ် ထားပါက တောင်လိုပုံနေနိုင် သည်။သို့သော် ထိုကဲ့သို့ ဘဝပျက် သူ ပျက်၊ ထောင်နန်းသို့ စံသူစံ၊ စာရိတ္တ ယိုယွင်းသူ ယိုယွင်းစေ အောင် စွမ်းအားကြီးသော ထို လောင်းကစားအမှုသည် မြန်မာနိုင် ငံ၏ ခေတ်ပြောင်းစနစ်ပြောင်းဟု ဆိုကြသည့် ယနေ့ကာလအထိ မညှိုးသောပန်းအဖြစ် လန်းဆဲ။

မကြွေသောပန်းအဖြစ် ဝေဆဲ။

”ကျွန်တော်ကတော့ နှစ်လုံး သုံးလုံးကို လုံးဝမထိုးပါဘူး။ ဒါပေ မဲ့ မိန်းမကတော့ ကျွန်တော့်ကို သာ ဖြတ်ရင်ဖြတ်မယ်။ နှစ်လုံး သုံးလုံးတော့ ဖြတ်မယ့်သဘော မရှိဘူး။ ဒါကြောင့်လည်း ကျွန်တော့် မိသားစု တော်တော်လေး ဒုက္ခ ရောက်ခဲ့ပြီးပြီ။ အခုလည်း ရောက် နေဆဲပေါ့ဗျာ” ဟု စိတ်ပျက်လက် ပျက် ရင်ဖွင့်ခဲ့သူက အသက် ၃၅ နှစ် နီးပါးရှိပြီဖြစ်သော သန်လျင် မြို့မှ ကိုစိုးသန်း။အမျိုးသမီးက ဈေးသည်။ နေ့စဉ် ရောင်းရသည့် အမြတ်က သုံးသောင်း ဝန်းကျင်ခန့်ရှိသော် လည်း ၄င်း၏ နှစ်လုံးစရိတ်က တစ်နေ့လျှင် ၁၅ဝဝဝ အနီးတွင် ပြေးနေတတ်သည့် အပြင် အိပ်မက် ဆိုသည့် အရာကြီး ပါလာပါက အလွန်အကျူး ထိုးတတ်ကြောင်းသူက ပွင့်ပွင့်လင်းလင်းပင် ဖွင့်ချ သည်။

”သူ့ကြောင့်ပဲ နေ့စဉ်ဝင်ငွေ ကောင်းနေတဲ့ ကျွန်တော်တို့ မိ သားစုမှာ ကြွေးက ဆယ်သိန်း အထက် မကြာခဏ ရောက်တယ်။ ချေးတဲ့သူတွေကလည်း သူ့ဈေးဆိုင် ကို အထင်ကြီးပြီး ချေးကြတယ် လေ” ဟု သူကဇာတ်စုံကို ဆက် လက် ခင်းပါသည်။ထိုရလဒ်အရ ကြွေးပမာဏ ၂၅ သိန်းအထိ ဖြစ်ခဲ့စဉ်က ကိုစိုး သန်း အနေဖြင့် ကြွေးရှင် များအား တောင်းပန်ကာ ဆွေမျိုးသားချင်း များဆီမှပိုက်ဆံဆွဲ၍ ၅ သိန်း သမားကို ၂ သိန်းဆပ်၊ ၃ သိန်း သမားကို ၁ သိန်း ဆပ်စသည်ဖြင့် မျက်နှာအောက်ချ၍ တောင်း ပန် ဖြေရှင်းခဲ့ရသည်။ ဤကား အဦး အစ ပထမတည်း။ယင်းပြဿနာ၏နောက် ကျုပ် နောက်မလုပ်တော့ပါဘူး ဟူသည့် မိန်းမ၏ ဝေရာမဏိတရားကို နာခဲ့ ရသော်လည်း မကြာရေးချမကြာ ဒုတိယမ္ပိသောနှစ်လုံး ကြွေးဘေး ကြောင့် မိန်းမကို ဆွေမျိုးများရှိရာ တောအရပ်သို့ အပြေးအပ်ခဲ့ရသည် ဟု သူကမျက်နှာပျက်ပျက်ဖြင့် ဆို ပါသည်။

”ဒီတစ်ခါတော့ အမျိုးတွေ လည်း အပူမကပ်ချင်တာနဲ့ မိန်းမ ကိုတော ပို့ထားလိုက်ရတယ်။ ဈေး လည်းမရောင်းရတော့ဘူး။ အဲဒီ တုန်းက သမီးလေးက နို့မပြတ် သေး ဘူး” ဟု ဘေးနားတွင် ထိုင် နေသည့် သူငယ်တန်းကျောင်းသူ သမီး၏ ဦးခေါင်းကိုပုတ်လိုက်ရင်း ကိုစိုးသန်းက စိတ်မကောင်းသည့် လေသံဖြင့် ပြောသည်။ မိခင်နို့နှင့် နို့ဘူးအပြောင်း အလဲ၊ သမီးငယ်၏ သည်းထန် သော အငိုကာလများ၊ ကယ်တင် ရှင် ညီမများ၏ အကူအညီဖြင့် ကြွေးများရှင်းကာ နောက်ဆုံးတော့ သူတို့မိသားစုလည်း သန်လျင်သို့ မြန်းရသည့် အကြောင်းမလှသော ဇာတ်ကို သူက ဆက်ဆိုပါသေးသည်။

သို့သော် ဤမျှဖြင့် နိဋ္ဌိမတံ။ ဇာတိအလံ မလဲသော မိန်းမ၏ နှစ်လုံးသစ္စာရှိမှုကြောင့် ၁၂ သိန်း ဆိုသော ကြွေးအတွက် ခြစ်ခြုတ် ဝယ်ထားသော ဒီတီဆိုင်ကယ်လေး လည်း အခုတော့ အပေါင်ဆိုင်တွင် အိပ်စက်နေရပြီဟု သိခဲ့ရသေး သည်။အဆိုပါ နှစ်လုံးသုံးလုံးမှစ၍ တစ်လုံးဟု ခေါ်သည့် ဘောလုံးပွဲ လောင်းကစားခြင်း အပါအဝင် တရားမ ဝင် လောင်းကစားခြင်း များအတွက် ပြဋ္ဌာန်းထားသော ဥပဒေများရှိပြီးဖြစ်ရာ ကျူးလွန် သည့် မည်သူမဆို ဖမ်းဆီးပြစ်ဒဏ် ချခံရနိုင်ကြောင်း တကယ်တော့ အားလုံး သိရှိပြီး ဖြစ်ပါသည်။ချဲထီကဲ့သို့ လောင်းကစား အတွက် စီမံခန့်ခွဲခြင်း၊ လောင်းကြေး လက်ခံခြင်း၊ ဒိုင်အဖြစ် ဆောင်ရွက် ခြင်းနှင့် အားပေးကူညီခြင်း၊ ငွေ ကြေးအမြတ် ရယူခြင်းနှင့် ပါဝင် ကစားခြင်းသာမက လောင်းကစား ပြုလုပ်ရန်အတွက် ငွေချေးခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ အ တွက်ပါ ပြစ်မှုမြောက်ကြောင်း လောင်းကစား ဥပဒေတွင် ပြဋ္ဌာန်း ထားပြီး အနိမ့်ဆုံး ထောင်ဒဏ် ၆ လမှ ၁ နှစ်၊ ၁ နှစ်မှ ၃ နှစ်၊ ၃ နှစ်မှ ၅ နှစ်အထိ ပြစ်မှုအလိုက် ထောင်ဒဏ်ကျခံရနိုင်ကြောင်း ပါရှိ သည်။

သို့သော် လောကငရဲ ဟု သတ်မှတ်ကြပြီး ဆင်းရဲခြင်းများ စုစည်းနေသည့် မနေအပ်သော ထောင်ကိုမှ မကြောက်ဘဲ ဆက် လျှောက်နေကြခြင်းနှင့် ဥပဒေများ ရှိပါလျက်နှ င့် ယင်းလုပ်ငန်းများ မရပ်မနား ပွား၍သာ နေဆဲမှာ အဘယ်ကြောင့်နည်းဟူသော အမေးအတွက်မူ အဖြေရှိပြီး ဖြစ်သော် ငြား ကိုယ့်ပေါင်ကိုယ် ရဲရဲလှန် ထောင်းရဲသော အားအတွက်တော့ ခက်ခဲနေဦးမည်မှာ အမှန်တရား ဖြစ်သည်။”မပပျောက်ဘူး ဆိုတာက နေ့စဉ် ထိုးလို့ ရနေတယ်။ မြန်မာ ထီက တစ်လတစ်ခါမှ ဖွင့်တာ။ ပြီးတော့ ပေါက် ဖို့မလွယ်ဘူး။ သုံး လုံးကလည်း နှစ်ပတ်ဆိုတော့ ကြာတယ်။ နှစ်လုံးက မနက်ထိုး ညနေပေါက်ဆိုတော့ အောက်ခြေ ဆင်းရဲသားတွေအတွက်အဆင်ပြေ တယ်လေ”ဟု လေးဒေါင့်ကန်မှ အသက် ၆ဝ အရွယ်ရှိ အငြိမ်းစား ရဲဝန်ထမ်းတစ်ဦးဖြစ်သူ ဦးမောင် ကြီး (အမည်လွှဲ)က ပြောသည်။

ဦးမောင်ကြီးသည် ရဲဝန်ထမ်း ဘဝဖြင့် လုပ်သက်ပြည့်အငြိမ်းစား ယူခဲ့သူဖြစ်ပြီး နယ်ထိန်းတာဝန် ဖြင့် နှစ်ပေါင်းများစွာ ကျင်လည် လာခဲ့သည့်အတွက် အဆိုပါနှစ်လုံး သုံးလုံးပြဿနာကြား ထဲထဲဝင်ဝင် သိရှိသူလည်းဖြစ်ကြောင်း ၄င်းက ဆိုသည်။ ထိုအချက်ပို သေချာစေသည် က သူ၏ လက်ရှိ ဒုတိယအိမ်ထောင် မှာ နှစ်လုံးသုံးလုံး ရောင်းနေသူ ဖြစ်သည့်အပြင်သူကိုယ်တိုင်လည်း ထိုအလုပ်ဖြင့် အသက်မွေးနေခြင်း ကြောင့် ဖြစ်သည်။ ”ပပျောက်အောင် လုပ်လို့မရ ဘူး။ တရားဝင် လုပ်ပိုင်ခွင့် ပေး လိုက်ရင်လည်း မြန်မာလူမျိုးက မဟုတ်တဲ့နည်းနဲ့ အကြံအဖန်လုပ် လာမယ်။ အတင်း ဖမ်းရင်လည်း တခြားမဟုတ်တဲ့ ဘက်မှာ လျှောက် လုပ်ကုန်လိမ့်မယ်။ ဒါကြောင့် ရှဥ့် လည်း လျှောက်သာပျားလည်း စွဲသာ အခြေအနေတစ်ရပ်မှာ လုပ် ထားမှရမယ်” ဟု သူက သုံးသပ် သည်။ ”ရောင်းတဲ့သူဆိုတာ ဝင်ငွေ မကောင်းလို့ အလုပ်မရှိလို့။ နှစ် လုံးသုံးလုံး ရောင်းတယ်ဆိုတာ အိုးမကွာ၊ အိမ်မကွာနဲ့ ပိုက်ဆံ တစ်နေ့ ၄၊ ၅ ထောင်ရှာလို့ ရ တယ်။ တကယ်ဆို တခြား အလုပ် တွေ ရှိနေရင် မရောင်းတော့ဘူး ပေါ့။ အဲဒီလို ဝင်ငွေကောင်းတဲ့အလုပ်မှ မရှိတော့ ခက်တယ်” ဟု ဦးမောင်ကြီးက သူ့အတွေ့အကြုံ အရ သုံးသပ်သည်။တကယ်တော့ အငြိမ်းစား ယူပြီးနောက် သူကိုယ်တိုင် ဤ လုပ်ငန်းဖြင့် အသက်မွေးနေသော် လည်း ကြီးကြီးမားမား လုပ်ကိုင် နေသည်တော့ မဟုတ်ဟု ဆိုပါ သည်။ ”ရောင်းလို့ရတာ မဖြစ် စလောက်ပါကွာ။ အခု အချိန်မှာ က ဘောလုံးပွဲတွေ၊ ဖဲဝိုင်းတွေက ပို တောင်ဆိုးပါတယ်။ နောက် အဓိက က ဘောပွဲတွေမှာပဲ ကြေးကြီး လောင်းနေကြတာ။ ဒါက တစ်ရာဖိုး ငါးဆယ်ဖိုးပဲ လောင်းပါတယ်” ဟု သူက ပြောပြီး ယခုအချိန်တွင် လိုင်းကြေးပေးပေး မပေးပေး အမှု လိုပါက ရဲဖမ်းစမြဲ ဖြစ်ကြောင်းလည်း ဆက်၍ ပြောသည်။

အထက်တွင် ဆိုခဲ့သည့် အတိုင်း တရားမဝင်သော လောင်း ကစားဖြစ်သည်နှင့် အညီ အရေး ယူဆောင်ရွက်မှုများ တရစပ် ပြု လုပ်နေသော်လည်းပေါက်ပင် ဘာ ကြောင့် ကိုင်းရသည်ဆိုသော စာကဲ့သို့ အပေးအယူများကတော့ ရှိနေသည်က မငြင်းသာ။”နှစ်ပေါင်းများစွာ ဒီလုပ်ငန်း လုပ်တာဆိုတော့ အဖမ်းခံရတာ လည်း ရှိတယ်။ ထိုးကျွေး လိုက်ရ တာလည်း ရှိတယ်။ ယောက်ျား အဖမ်းခံရဖူးတယ်။ ထိုးကျွေးတယ် ဆိုတာက လက်ခွဲဒိုင်တွေ ရှိတယ် လေ။ ဒီလက်ခွဲတွေကို ထိုးကျွေး လိုက်ရတာလည်း ရှိတယ်။
သူတို့ ထောင်ကျသွားရင် သူတို့မိသားစု တွေကို ကျွန်မတို့က တာဝန်ယူပေးရ တယ်။ သူတို့ကလည်း သစ္စာ ရှိ တယ်” ဟု စမ်းချောင်းမြို့နယ်မှ ချဲဒိုင်လုပ်ငန်း လုပ်ကိုင်ေ နသူ အ သက် ၄ဝ ကျော်ခန့်ရှိ အမျိုးသမီးက ရှင်း ပြသည်။ဤအလုပ်ကို သူမ လုပ်ကိုင် နေသည်က နှစ်ပေါင်း ၂ဝ ကျော် ခန့်ရှိခဲ့ပြီဖြစ်ပြီး တခြား အလုပ်များ လုပ်ကိုင် မစားတတ်တော့သလို ယခုလုပ်ငန်းကိုလည်း မစွန့်လွှတ် နိုင်တော့ကြောင်း သူမက ဝန်ခံပါ သည်။ ”အဲဒီတော့ ဒီလုပ်ငန်းက တရားဝင် မဟုတ်ပေမယ့် တရား ဝင်သဖွယ် ဖြစ်နေတယ်။ ဟိုတုန်း ကတော့ ဘောက်ချာနဲ့ဆိုတော့ လက်ပူးလက်ကြပ်မိပြီး အဖမ်းခံရ တာတွေ ရှိတယ်။ အခုတော့ ဖုန်း နဲ့ လုပ်ကြတယ်။ ရဲတွေဘာတွေ ရန်ပုံငွေအ တွက် လိုအပ်ရင် တောင်းရင် ငွေကြေးကူညီရတာ တွေ ရှိပါတယ်။ ကျွန်မတို့က ကိုယ် တိုင် အမည်ခံမထားတော့ ရဲတွေ လာ တောင်းတာမျိုးတော့ မရှိပါ ဘူး” ဟု သူမက ပွင့်လင်းစွာ ပြော သည်။

ပြည့်စုံသူများအတွက်တော့ ငွေ လေးငါးထောင်သည် မပြော ပလောက်သော်လည်း နှစ်လုံး ၅ဝ ဖိုး ပေါက်၍ရသော ၄ဝဝဝ ကျော် ဖြင့် မိသားတစ်စုလုံး ပျော်ရွှင်စွာ စားေ သာက်နေကြသည့် မြင်ကွင်း မျိုးကို နေရာအနှံ့တွင် တွေ့နိုင်ပါ သည်။ သို့သော် ထိုလောင်းကစားကို မလုပ်ကြသူများနှင့် မလိုလားသူ များလည်း ရှိသည်။ ”မထိုးတာက ကိုယ့်ဘက်က အရှုံးချည်းပဲလေ။ အကွက် ၁ဝဝ မှာ ပေါက်နိုင်ခြေက တစ်ကွက် တည်း။ ပတ်ဝန်းကျင်မှာတော့ ချဲထိုးပြီး ဘဝပျက်သွားတဲ့သူတွေ တွေ့နေရတယ်။ လောဘနောက် လိုက်ပြီး ပျက်စီးကြတာတွေ မြင် နေရတယ်။ ဒီဟာတွေကို လုံးဝပျောက်သွားဖို့ ကြိုးစားခဲ့တာ နှစ် ပေါင်းမနည်းတော့ ဘူးလေ။ အခု ထိ မအောင်မြင် သေးတာပဲ ရှိ တယ်။ ပျောက်ကွယ် သွားဖို့က လွယ်မှ မလွယ်တာ” ဟု သာကေ တမှ အိုင်တီကုမ္ပဏီ ဝန်ထမ်း တစ်ဦးဖြစ်သူ အသက် ၂၈ နှစ်ရှိ ကိုရဲထွဋ်ဝင်းက ပြော သည်။ တောင်ဥက္ကလာပမြို့နယ်မှ အသက် ၅ဝ အရွယ်ရှိ ဒေါ်မြင့်သန်း ကတော့ ”ချဲထိုးတယ်။ ချဲထိုးတာ ကို ဝါသနာပါတယ်။ ပိုက်ဆံလည်း လိုချင်တယ်။ အဲဒါကြောင့် နှစ်လုံး ထီကို နေ့တိုင်းထိုးဖြစ်တယ်။ သုံးလုံးတော့ မထိုးဘူး။ ကျွန်မတို့ ရပ်ကွက်မှာက မိန်းမတွေပဲအများ ဆုံး ထိုးကြတာ။ မိန်းမတွေက ပိုက်ဆံများများ လိုချင်တယ်ေ လ။ ဒါပေမဲ့ ဆင်းရဲတဲ့ သူများတော့ များများစားစား မထိုးကြပါဘူး” ဟု ဆိုသည်။

ဒဂုံမြို့သစ် (အရှေ့) မှ ဘွဲ့ရ ပြီး အလုပ်ရှာနေသော အသက် ၂၆ နှစ်ရှိ ကိုထွန်းမင်းထိုက်ကတော့ ”ကျွန်တော် မထိုးပါဘူး။ အသိတွေ ထဲမှာတော့ ရှိခဲ့ဖူးတယ်။ လင်မယား ပေါ့။ ချဲနဲ့ဘဝပျက်သွားကြတာ။ ဒိုင်ကိုင်တယ်။ ပြီးတော့ မလျော် နိုင်တော့ဘူး။ ဒီတော့ နှစ်ယောက် စလုံး အဖမ်းခံရတယ်။ အိမ်လည်း ရောင်းလိုက်ရတယ်။ ဒါပေမဲ့ ထောင်က ပြန်ထွက်လာတော့ ဒါပဲ ပြန်လုပ်။ နောက်တော့ ကြီးပွား သွားကြတယ်” ဟု သူ့အတွေ့ အကြုံကို ပြောသည်။ထို့နောက် သူကပင် ဆက်၍ ”ဒါတွေ ပျောက်ဖို့ ကတော့ ရဲတွေ ကိုလည်း အရေးယူတာတွေ လုပ်ရ မယ်။ ဘာလို့လဲဆိုတော့ သူတို့ကို တစ်လ ၁၅ သိန်းလောက် ပေးရ တယ်။ အဲဒါမပေးတာနဲ့ လကုန်ပြီး ၂ ရက်၃ ရက်ေ နရင် လာဖမ်းတော့ တာပဲ။ အဲဒီတော့အုပ်ချုပ်ရေးပိုင်းက နေပြီး သေချာကိုင်တွယ်ရမယ်။ ပြီးတော့ လူတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖန်တီးပေး ဖို့လိုမ ယ်။ အလုပ်မရှိလို့ ထိုးနေကြ တာ။ အလုပ်ရှိရင် ဒါကို လှည့် တောင် ကြည့်နိုင်မှာ မဟုတ်ဘူး” ဟု သူ့ အမြင်ကို သုံးသပ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ ရရှိသော စာရင်းများအရ ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ် အတွင်း လောင်းကစား ဖမ်းဆီးမှု တွင် ၂ဝ၁၁ ခုနှစ်၌ အမှုပေါင်း ၉၆၅ မှု၊ တရား ခံကျား ၁ဝ၆၈ ဦးနှင့် မ ၅၂၆ ဦး၊ ဖမ်းဆီးရမိငွေ ကျပ် ၆၃၃၅ဝ၂၉၁ နှင့် ၂ဝ၁၂ ခုနှစ်တွင်အမှုပေါင်း ၁၂၃၉ မှု၊ တရားခံ ကျား ၁၂၉၇ ဦးနှင့် မ ၆၂၅ ဦးဖြစ်ပြီး ဖမ်းဆီးရမိငွေ ကျပ် ၉ဝ၂၃ဝ၄ဝဝ ဖြစ်ကြောင်း သိရ သည်။ ယခု ၂ဝ၁၃ အတွက် ပထမ လေးလပတ် ကာလအတွင်း ဝရဇိန် စီမံချက်ဖြင့် အရေးယူဆောင်ရွက် လျက်ရှိပြီး ပထမလေး လပတ် အတွင်း ဖော်ထုတ် ဖမ်းဆီးရရှိမှု အပေါ်မူတည်၍ ဒုတိယ လေးလ ပတ်၊ တတိယ လေးလပတ်များ အတွက်ဆက်လက်ဆောင်ရွက် သွားမည်ဟု ရန်ကုန်တိုင်းေ ဒသ ကြီး ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

”နှစ်လုံးထီ၊ ချဲထီ လောင်း ကစားတွေ အပေါ် ဖော်ထုတ် ဖမ်းဆီးရုံနဲ့တော့ အပြည့်အဝ မအောင်မြင်နိုင်ပါဘူး။ ပြည်သူ တွေ ကိုယ်တိုင် ဒီလောင်းကစား မှုတွေက အကျိုးမ ရှိတာကို သိဖို့ လိုအပ်ပါတယ်” ဟု ¤င်းက ဆိုသည်။ ထို့ပြင် လောင်းကစား ဒိုင်များအပေါ် ပြည်သူများမှ သတင်းပေးဖော်ထုတ်မှု နည်းပြီး မည်သည့် ဂျာနယ်၊ မဂ္ဂဇင်း၊ အဖွဲ့အစည်းများမှ စနစ်တကျ စစ်တမ်းကောက်ယူပြုစုထားခြင်း များလည်း မရှိသေးပါကြောင်း ၄င်းက ထပ်လောင်းပြောသည်။ မည်သို့ပင် ဆိုစေကာမူ ဟူ သော စကား လုံးသည် မပြည့်စုံ မှုနှင့် အားနည်းချက်ရှိသော အခြေ အနေများအတွက် ရှေ့မှ ခံသော စကားဖြစ်ပြီး နှစ်ကာလများစွာ အမြစ်တွယ်နေသော အဆိုပါ လောင်းကစား၊ ဘောလုံးပွဲလောင်း ကြေးနှင
...

[Message clipped]  View entire message

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...