Monday, May 9, 2016

Leg cramps ကြွက်တက်တာ ဘာလုပ်မလဲ

Tint Swe

• ကျနော်အမေရဲ့ ကျန်းမာရေးအတွက်မေးချင်လို့ပါ။ အရင်က ဒူးခေါင်မှာ တခါတလေ ကြွက်တက်သလိုဖြစ်ပြီး နာပါတယ်။ အခုတော့ ဒူးခေါင်မှာမဖြစ်ပဲ ဗိုက်မှာကြွက်တက်သလို အကြောတွေ ထုံးသလိုဖြစ်ပြီး နာတယ်လို့ပြောပါတယ်။ အဲဒါ ဘာရောဂါဖြစ်နိုင်မလဲဆရာ။ ဓာတ်မှန်ရိုက်စရာ လိုပါသလား။ ကျနော်က အမေနားမှာမရှိပါဘူး။ အဝေးမှာပါ။ နောက်ပြီးဘာဆေးတွေသောက်သင့်လဲဆရာ။
• ဆရာ သမီးကမကြာခဏ ကြွက်တက်လေ့ရှိပါတယ်။ Calcium လဲစစ်ပြီးပါပြီ။

ဘာမှမဖြစ်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ကြွက်တက်တာနဲ့ အကြောတွေကတ်တာ ခဏခဏဖြစ်ပါတယ်။ အေးရင်ပိုဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်တာလဲ သိချင်ပါတယ်ဆရာ။
• အသက် ၃၆ နှစ်ပါဆရာ။့ နိုင်ငံမှာ အလုပ်လုပ်နေပါတယ်။ ကိုယ်ဝန်ဆောင်ထားတာ ၃ လကျော်ရှိပါပြီ။ အရင်ထဲက ခြေသလုံးကြောတက်တတ်တဲ့ရောဂါရှိပါတယ်။ အခုကိုယ်ဝန်ဆောင်ချိန်မှာ ပိုတက်ပါတယ်။
• ကျွန်မတွင် သား ၂ ယောက် သမီးတစ်ယောက်ရှိပြီး ယခု သားကြီးအသက် ၁၆ နှစ်ပြည့်ပါတော့မည်။ သားကြီးမှာ ငယ်စဉ်ကတည်းက အစားရွေးပါတယ်။ သင့်လျော်ရာအားဆေးများကိုလည်း အရွယ်အလိုက်တိုက်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက မကြာမကြာနှာခေါင်းသွေးယိုပါတယ်။ ကြွက်တက်တတ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ဇူလိုင်လအတွင်း သွေးလွန်တုပ်ကွေးဖြင့် ရန်ကုန်ဆေးရုံကြီးမှာ ၈ ရက် တက်ခဲ့ရပြီး platelet အရမ်းကျ၍ သွေးရည်ကျည် ၂ အိတ် သွင်းခဲ့ရပါတယ်။ ယခု နွေရာသီကျောင်းပိတ်ရက် ရေကူးသင်ပေးပါတယ်။ အဲဒီမှာကြွက်ခဏခဏတက်ပါတယ်။ တနေ့က ညအိပ်နေရင်း ကြွက်တက်ပြီး ၂ ရက် ၃ ရက် လမ်းလျောက်တိုင်းခြေသလုံးနာနေ၍ လိမ်းဆေးလူးရပါတယ်။ ခြေထောက် အရိုးမှာလည်း တခြားသူများ ခြေဆင်းထိုင်ပြီး ဆန့်သလို ကြမ်းတပြေးတည်းမဆန့်နိုင်ပါ။ မည်သို့ဂရုစိုက်ရမည်ကို အကြံတောင်းခံပါတယ်။
ဘောလုံးသမားတွေ ကြွက်တက်တာကို ဝါသနာအိုးတိုင်း မြင်သိကြတယ်။ ဘောလုံး မကန်ဘူးတဲ့သူတွေ အိမ်မှာနေရင်း၊ ကြွက်တက်တာတွေလည်း အများကြီးဘဲ။ ခြေသလုံးနဲ့ ပေါင်က ကြွက်သား အဖြစ်များဆုံးဘဲ။ အလွန်မတန် နာလှတယ်။ အိပ်နေရင်း နာတာမျိုးက ခြေ-လက်ကို အညောင်းဆန့်ရာကနေ ကြွက်သားမျှဉ် နည်းနည်းမှာ နာလာတာ။ ကြီးသူတွေမှာ အဖြစ်များတယ်လို့ မှတ်ကြပေမဲ့ ဆယ်ကျော်သက်တွေလည်း ဖြစ်တာဘဲ။ အေးတဲ့အချိန် ပိုဖြစ်တယ်။ ကိုယ်ဝန်ဆောင်ရင်လဲ ကြွက်တက်တယ်။
အလိုအလျှောက် ခြေထောက် ကြွက်သားတွေမှာ ကွက်ပြီး၊ ရုတ်တရက်နာတာကို ခေါ်တယ်။ ညပိုင်းမှာ ဖြစ်တာများတယ်။ ဘာလို့ဖြစ်သလဲ ရှင်းရှင်းလင်းလင်း မသိသေးပါ။ ဖြစ်နိုင်ခြေများတာတွေ ရှိတယ်။ ကိုယ်ဝန်ဆောင်၊ ကိုယ်လက်လှုတ်ရှာ အားကစား၊ ဓါတ်ဆား-မျှခြေပျက်ခြင်း၊ အဖျားပိုင်း အာရုံကြော-သွေးကြော-ကြွက်သား ရောဂါများ၊ ကျောက်ကပ်စစ်ယူမှု ချို့ယွင်းခြင်းနဲ့ တချို့ဆေးဝါးတွေကြောင့် ဖြစ်မယ်လို့ ထင်ရတယ်။ ဘာလို့ ဖြစ်မှန်းမသိတာလဲ ရှိတယ်။ အသက်ကြီးလာလေ အဖြစ်များလေ။
စနစ်တကျလေ့လာမှုလုပ်ထားတယ်။ Quinine ငှက်ဖျားဆေးကနေ သိသိသာသာသက်သာစေတယ်။ ဒါပေမဲ့ ဆေးကို ဘယ်လောက် အလေးချိန်နဲ့ ဘယ်လောက်ကြာကြာ ပေးရမယ်ဆိုတာ အတိအကျမသိရသေးဘူး။ ငှက်ဖျားဆေးနဲ့အတူ (သီယိုဖိုင်လင်း) ဆေးပါတွဲပေးရင် (ကွီနင်း) တမျိုးထဲပေးတာထက် ပိုပြီးသက်သာမယ်လို့ ယူဆတယ်။ ဆေးကြောင့် နှလုံးခုန်မမှန်တာ၊ သွေးမှုံနည်းတာ၊ ဆေးနဲ့ မတည့်တာတွေ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ လုံးဝမသင့်တာတော့ သိကြပြီးသားပါ။
၁။ Quinine ငှက်ဖျားဆေး
ပေးတာဟာ ညအချိန် ကြွက်တက်တာကို ၄ ပါတ်မှာ သက်သာစေတာ အတိအကျ သိရတယ်။
၂။ Quinine + Theophylline ဆေး ၂ မျိုးတွဲ
Quinine တမျိုးထဲပေးတာတထက် Theophylline နဲ့ပါတွဲပေးတာဟာ ပိုသက်သာစေတယ်ဆိုတဲ့ အထောက်အထား နည်းနည်းလေးသာ တွေ့ရသေးတယ်။
၃။ Analgesics အနာ-အကိုက် သက်သာဆေးတွေ
ဒီလိုဆေးတွေပေးလို့ ကြွက်တက်တာကို သက်သာစေတယ်ဆိုတဲ့ တိကျတဲ့ အထောက်အထား မရှိသေးပါ။
၎။ Vitamin E ဗီတာမင် (အီး)
ဗီတာမင် (အီး) ပေးလို့ ကြွက်တက်တာကို သက်သာစေတယ်ဆိုတဲ့ အထောက်အထားမရှိပါ။
၅။ Magnesium salts မက်ဂနီဆီယမ်
ကိုယ်ဝန်ဆောင်နေတုံး ကြွက်တက်တာအတွက် Magnesium lactate, Magnesium citrate ပေးတာ ၃ ပါတ်နေရင် သက်သာစေတယ်လို့ အထောက်အထား တွေ့ရတယ်။
၆။ Calcium Salts (ကယ်လ်စီယမ်)
ကိုယ်ဝန်ဆောင်နေတုံး ကြွက်တက်တာအတွက် (ကယ်လ်စီယမ်) ပေးရင် သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။
၇။ Multivitamins and minerals ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေ
ကိုယ်ဝန်ဆောင်နေတုံး ကြွက်တက်တာအတွက် ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေပေးတာနဲ့ သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။
ရေကူးနေစဉ်ကြွက်တက်ရင် အသက်ကိုပါသတိထားရပါမယ်။
Dr. တင့်ဆွေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...