Monday, May 9, 2016

***မြန်မာတွေမညံ့ပါဘူး***

မတူညီ ကွဲလွဲခြင်း

တနေ့က အတန်းထဲမှာ discussion လုပ်ရတယ်။
ခေါင်းစဉ်က အလွယ်ပြောရရင် မိမိနိုင်ငံ တန်ဖိုး အရှိဆုံး အဓိကထွက်ကုန် တဲ့။

ဂျာမန်၁ယောက်က စပြောတယ်။ သူတို့နိုင်ငံက ကားတွေသည် ဘယ်လောက် ကောင်းတယ် စိတ်ချရတယ် အမျိုးမျိုးပေါ့။ ဆရာကလည်း လက်ခံတယ်လေ။
ပြီးတော့ ဂျပန်တစ်ယောက်ကဝင်ပြောတယ်။ သူတို့ကတော့ နည်းပညာနဲ့ ပတ်သက်ရင် ကမ္ဘာကြီးကို ဘယ်လောက် အကျိုးပြူတယ်ပေါ့။
ကျွန်တော်ကတော့ စဉ်းစားထားတယ်။ ဆန်စပါးဖြစ်ဖြစ် ကျွန်းသစ်ဖြစ်ဖြစ် ပြောမယ်ပေါ့။
အဲ့မှာပဲ ဗီယက်နန်ကောင်မလေး ၁ယောက်က ထပြောတယ်။ သူတို့ဆီက ဆန်သည် ကမ္ဘာပေါ်မှာ စတုတ္ထနေရာကို ရောက်လာပြီတဲ့။
နိုင်ဂျီးရီးယားက ကျောင်းသားကပြောတယ်။ သူတို့က ကျွန်းသစ် ထုတ်တယ် ဘယ်လောက် အရေအသွေးမြင့်တယ်နဲ့ပေါ့။
ဆရာက အဲ့မှာ ဝင်ပြောတယ်။ သဘာဝ သယံဇာတ ဆိုတာ ဘယ်လောက် ထိန်းသိမ်း ထိန်းသိမ်း အချိန်၁ခု ရောက်ရင် ကုန်သွားမှာတဲ့။
သူလည်း တော်တော် အခက်တွေ့သွားပုံပဲ
ကျွန်တော်လည်း ဘာပြောရမှန်းမသိပဲ အခက်တွေ့နေပါတယ်။
ဒီလိုနဲ့ လူတွေဖြေလာလိုက်တာ လူ တော်တော်များများ ဖြေပြီးနေပြီ။
ဆရာကလည်း ကျွန်တော်ကို တည့်တည့်ကြည့်ပြီး "မင်းတို့ နိုင်ငံရော"တဲ့ မေးလာတယ်။
ကျွန်တော်တို့ တကျောင်းလုံးမှာ မြန်မာ ကျွန်တော် အပါအဝင် ၄ယောက်ပဲ ရှိတော့ လူထူးလူဆန်းလိုပဲ အားလုံးကလည်း စိတ်ဝင်တစား အာရုံစိုက်နေကြတယ်။
အထင်သေးတဲ့ အကြည့်တွေ,အရိပ်အရောင်တွေလည်း ရှိတယ်။
ကျွန်တော် ပြောလိုက်တယ်။
ကျွန်တော်တို့ နိုင်ငံက ထွက်တာ "လူ" လို့
အားလုံးက ဝိုင်းရယ်ကြတယ်။ ဆရာက အတန်းကို ထိန်းပြီး ရှင်းပြပါဦးတဲ့။
ကျွန်တော်တို့ နိုင်ငံကနေ အခန်းကဏ္ဍတိုင်းစီမှာ ထူးချွန်တဲ့ လူတော်တွေ ထွက်ပါတယ်လို့။
နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးမှာ ဆို ဒေါ်အောင်ဆန်းစုကြည်
ထိပ်တန်းခေါင်းဆောင်နေရာမှာ ဆို ဦးသန့်
နည်းပညာမှာဆို Peter Chou (HTC-ceo)
အမေရိကားမှာ ဆူရှီဆိုင် ၄၀၀ကျော်ထိ ဖွင့်ထားတဲ့ hissho sushi ပိုင်ရှင် Phillip Maung
သီတဂူ ဆရာတော် ဘုရားကြီး ဆိုလျှင်လည်း ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးတွေမှာတောင် မိန့်ခွန်း ပြောရတဲ့သူ။
ပုဒ်ရဟန်းမင်းကြီး အနားမှာလည်း မြန်မာ ခရစ်ယာန်ဘုန်းတော်ကြီးရှိတယ်။
အစအစ အခန်းကဏ္ဍ အရပ်ရပ်တိုင်းမှာ မြန်မာတွေရှိတယ်။
ကမ္ဘာအနှံ့က နေရာတိုင်းမှာ မြန်မာတွေ ရှိနေကျတယ်။
ထူးချွန်ပေါက်မြောက်နေတဲ့လူတွေ ဒုနဲ့ဒေး ရှိတယ်။
ထို့အတူ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သူတွေလည်း မြန်မာပြည်မှာ အများကြီးပဲ။
ဥပမာ- သက်တမ်းရှည် စစ်အစိုးရ
ဘိန်းဘုရင်တွေ
မှောင်ခိုဂိုဏ်းတွေ
လူကုန်ကူးဂိုဏ်းတွေ အများကြီးရှိနေတာဟာ မြန်မာနိုင်ငံကို ကမ္ဘာကြီးက သိသွားစေတဲ့ အချက်ပေါ့။
အတိုချုန်းပြောရရင်တော့ နိုင်ငံက ပညာရှင်တွေကို နေရာ မပေးဘူး။
ဒီအတွက် နေရာရမဲ့ဆီ ပညာရှင် အများစု ထွက်ကုန်ကြတယ်။
အခြေခံလူတန်းစားကလည်း တက်လမ်းမရှိဘူး။
အဲ့တော့ ပြည်ပထွက်ပြီး အိမ်အကူတွေ ကုန်ထမ်းတွေက အစဆင်းလုပ်နေရတယ်။
ဆရာက ဖြတ်မေးတယ်။ ဘယ်လို လုပ်ရင် ဒီအခြေအနေတွေကနေ ရုန်းထွက်နိုင်မယ် ထင်လဲ တဲ့။
ကျွန်တော်က ဒီလို ထင်ပါတယ်။
အောင်မြင်သွားတဲ့သူတွေက ကိုယ့်ပတ်ဝန်းကျင်ကို ဆွဲမခေါ်ဘဲ ကိုယ်ပဲ လက်ဝါးကြီးအုပ်နေသ၍တော့ မဖြစ်နိုင်ဘူး။
စည်းလုံးညီညွတ်ပြီး တဦးကိုတဦး ကိုယ်ချင်းစာစိတ်မွေးမှ ရမယ်လို့ ဖြေလိုက်တယ်။
ဆရာကတော့ ခေါင်းတွေငြိမ့်နေလေရဲ့။
ကျွန်တော်လည်း ထပ်ပြောလိုက်တယ်။
မြန်မာတွေက မညံ့ပါဘူး။ အခြေအနေမပေးသေးလို့ပါလို့***

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...