Monday, May 9, 2016

အံ့သြတဲ့ဟန် လေးနက်တဲ့ပုံစံ စတဲ့ တင်စားချက်လေးတွေနဲ့ လှလှပပ ပြောဖို့

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူမျာ

Exclamation forms များ
.
ဒီအာမေဋိတ်ဝါကျပုံစံလေးတွေကို ကျနော်စုဆောင်းရေးသားခဲ့ပေမယ့် ဘာသာပြန်တဲ့အခါမှာတော့ မချောမွေ့ဘဲ အံ့အားသင့်တဲ့ ရသတွေပျောက်နေခဲ့ပါတယ် ၊ အဓိကအားဖြင့်တော့ လေ့လာသူတွေကို ဖတ်တဲ့အခါ ထောင့်နေတဲ့ ..ထောက်နေတဲ့ ၀ါကျတွေအစား ချောချောမွေ့မွေ့လေးနဲ့ မှတ်မိသွားစေချင်လို့ပါ ၊ သို့တိုင်အောင် နံပါတ် (၇)မှ အောက်ဆုံးထိ စာကြောင်းများကို ဘာသာပြန်ပုံ သဘောမကျသေးပါဘူး ၊ အားလုံး စိတ်တိုင်းကျမှ တင်တော့မယ်ဆိုလျင်လည်း အတော်ကြီးကို ကြာပါလိမ့်မယ် ၊

အဲဒီအတွက်ကြောင့်ပဲ ယခုကဲ့သို့ မေတ္တာရပ်ခံချက် ၀န်ခံချက် လေးနဲ့ တွဲပြီးတော့ တင်ဆက်လိုက်ရပါတယ် ခင်ဗျာ.. အင်္ဂလိပ်ဝါကျ ပုံစံ များကိုသာ အတည်ယူရမှာဖြစ်ပါတယ် … ပိုကောင်းသော .. ပို၍ အဓိပ္ပါယ်ထိရောက်သော ဘာသာပြန်ပုံလေးများ ပြောပြပေးပါကလည်း ကျေးဇူးတင်ရှိမှာ ဖြစ်ပါတယ်..
……………………………………………………………
(1) HOW + ADJECTIVE + SUBJECT + V-BE
……………………………………………………………
.
(1.1) How cold it is!
အေးလိုက်တာကွာ
.
(1.2) How beautiful the girl is!
လှလိုက်တဲ့မိန်းကလေးကွာ
.
………………………………………………………………
(2) HOW + ADVERB + SUBJECT + MAIN VERB
………………………………………………………………..
.
(2.1) How beautifully she dances!
သူကတာလှလိုက်တာဗျာ
.
(2.2) How cruelly we treat animals!
ငါတို့တိရိစ္ဆာန်တွေအပေါ်ရက်စက်မိလိုက်တာကွာ ..
.
…………………………………….
(3) HOW + SUBJECT + VERB
……………………………………..
.
(3.1) How you have grown!
ဟာထွားလာလိုက်တာ
.
(3.2) How you have changed!
(ဟားးး) ပြောင်းလဲသွားလိုက်တာကွာ
.
……………………………………………………………………………………….
(4) WHAT A/AN (+ ADJECTIVE) + SINGULAR COUNTABLE NOUN
………………………………………………………………………………………..
.
(4.1) What a lovely girl! ( a/an ပါရမယ် )
ချစ်စရာကောင်းလိုက်တဲ့ကောင်မလေးပါလား!
.
(4.2) What a surprise! ( adj မပါလည်း ရသေးတယ် )
အံ့သြောစရာပဲ
.
……………………………………………………………………….
(5) WHAT + ADJECTIVE + AN UNCOUNTABLE OR PLURAL NOUN.
………………………………………………………………………….
အထက်က ပုံစံနဲ့အတူတူပါပဲ ရေတွက်မရနာမ်ရယ် ၊ အများကိန်းနာမ်ရယ် ဖြစ်ခြင်းကြောင့် “a” မပါတော့ဘူး
.
(5.1) What lovely flowers!
ဟယ်! ချစ်စရာကောင်းလိုက်တဲ့ပန်းလေးတွေ
.
(5.2) What fools!
အရူးတွေပါလား
.
(5.3) What beautiful weather! (ရေတွက်မရနာမ်ဖြစ်လို့ “a” မထည့်ပါ ၊ ဒါမျိုး သတိထားပါ)
လှပတဲ့ ရာသီဥတုပါလား
.
…………………………………………………………..
(6) WHAT + OBJECT + SUBJECT + VERB
…………………………………………………………….
.
(6.1) What a beautiful smile you have!
လှလိုက်တဲ့မင်းအပြုံးလေး..
.
(6.2) What a cruel government we have!
ကျနော်တို့အစိုးရ ဆိုးဝါးရက်စက်လိုက်တာဗျာ
.
…………………………
(7) SO + ADJECTIVE
……………………………
.
(7.1) You are so sweet!
ခင်ဗျား သိပ်ပြီး ပြုံးချိုတာပဲနော်
.
(7.2) She is so smart!
သူ(မ)က သိပ်တော်တာပဲ
.
…………………………………………………………………………..
(8) SUCH A/AN (+ ADJECTIVE) + SINGULAR COUNTABLE NOUN
……………………………………………………………………………
.
(8.1) He is such a nice boy!
သူက လူတော်လူကောင်းလေး တစ်ယောက်ပါလား
.
(8.2) She is such a boyish girl!
သူမက ယောက်ျားလေးဆန်တဲ့ မိန်းကလေးပါလားနော်
.
…………………………………………………………
(9) SUCH + (ADJECTIVE) + UNCOUNTABLE/PLURAL NOUN
…………………………………………………...........
.
ဒီမှာလည်း အထက်ကလိုပဲ ရေတွက်မရနာမ်နဲ့ အများကိန်းနာမ်တွေမှာ “a” ဖြုတ်လိုက်တယ်
.
(9.1) They are such kind people!
သူတို့က ကြင်နာတဲ့ လူတွေလိုပါလား
.
(9.2) They talk such rubbish!
သူတို့ပြောကြတာ အမှိုက်လိုဟာမျိုးတွေပဲ
………………………….
ပုံစံတစ်ခုကို စာကြောင်း အသစ် (၅) ကြောင်းစီလောက် လေ့ကျင့်ပါ ..ပြီးလျင် exclamation တွေ ဝေေ၀ဆာဆာနဲ့ ရေလဲသုံးလို့ရပါပြီ
.
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...